Chapter (136-1)- အဖိုးကို နှစ်သိမ့်ပေးသည့် ဝတုတ်လေးများ

4.1K 898 16
                                    

Chapter (136-1)- အဖိုးကို နှစ်သိမ့်ပေးသည့် ဝတုတ်လေးများ

မင်းသမီး လန်ယာ ကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုများ အကုန် ဖြေရှင်းပြီးလေပြီ။ အခု မင်းသမီး လန်ယာ သည်လည်း "သွေးပုပ် အရည်"ဘဝကို ပြောင်းလဲနေပြီဖြစ်သောကြောင့် ဧကရာဇ်၏ ဒေါသအမျက်က သူမ၏ဆွေမျိုးများထံသို့ ကျရောက်ခဲ့သည်။

မင်းသမီး လန်ယာ ၏ဖခင်၊ သက်ကြီးရွယ်အိုဖြစ်နေပြီဖြစ်သော ဘုရင် ချန်အန်း သည် ကန်ချင်း နန်းတော်၏ရွှေပြားပေါ်တွင် နေ့ရောညပါ ဒူးထောက်ကာ ကျောကို ဖြောင့်အောင်ပင်မဆန့်နိုင်တော့ဘဲ နောက်ဆုံးတွင် မေ့လဲသွားခဲ့သည်။

သူ့သမီးကို တော်ဝင်နန်းတော်ထဲ ပို့ရတဲ့ မူလအကြောင်းရင်းက လော့လန်ပြည်မှ ကျန်ရစ်တဲ့ အသက်ရှင်သူတွေကို ကာကွယ်ဖို့ပါပဲ။ မာနကြီးပြီး မာန်ဟုန်ပြင်းလှတဲ့ သမီးလေးအတွက် နားခိုရာ အိမ်ကောင်းကောင်းလေး ရှိစေချင်ခဲ့မိသည်။ ဒါပေမယ့် မင်းသမီး လန်ယာ ဟာ ချန်အန်းဘုရင်ရဲ့ ရည်ရွယ်ချက်တွေကို လှည့်စားပြီး ဧကရီ ရှောင်ဟွေ့နဲ့ စတုတ္ထ မင်းသားကို သတ်ပစ်ရုံသာမက ဧကရာဇ်ထံမှ နန်းလုဖို့ ကြိုးပမ်းမယ်လို့ မထင်ခဲ့မိပေ။

မင်းသမီး လန်ယာ သည် ယခင်က ဧကရာဇ်မင်းကြီးကို လုပ်ကြံရန် ကြိုးပမ်းခဲ့ပြီးဖြစ်သောကြောင့် တော်ဝင် လော့လန်မျိုးနွယ်အားလုံး ကျွန်ဘဝရောက်ခဲ့ရသည်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ ကျူးလွန်မှုဟာ ခွင့်လွှတ်ဖို့တောင် မဖြစ်နိုင်တော့သလို ချန်အန်းဘုရင်အိုကြီး၏အသက်ဖြင့်ပင် ပြန်လည်ပေးဆပ်လို့ပင် မလောက်နိုင်တော့ပေ။

ဧကရာဇ်သည် မင်းသမီး လန်ယာ ၏လက်အောက်ငယ်သားအားလုံးကို ကွပ်မျက်ခဲ့သည်။ လော့လန်မျိုးနွယ်စုမှ တော်ဝင်မျိုးနွယ်များကိုတော့ မင်းကြီးက အမြစ်ပြတ်ချေမှုန်းခြင်းမပြုခဲ့ပေ။ ယင်းအစား၊ ဧကရီ ရှောင်ဟွေ့နှင့် စတုတ္ထ မင်းသားတို့၏ သင်္ချိုင်းဂူကို စောင့်ကြပ်ရန် သူတို့အားလုံးကို စေလွှတ်ခဲ့ပြီး သူတို့၏သားစဉ်မြေးဆက်အားလုံးထိပါ အပြစ်ပေးခဲ့သည်။

ဧကရာဇ်မင်းကြီးသည် အချိန်မတန်မီ ကွယ်လွန်ခဲ့သော ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့အား ဝမ်ဘွဲ့ကို အပ်နှင်းခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now