Chapter (137-1) - ရှာလကာရည်သောက်နေသော ငါးကလေး

3.8K 850 23
                                    

Chapter (137-1) - ရှာလကာရည်သောက်နေသော ငါးကလေး

လီယွီက ရုတ်တရက် လန့် နိုးလာသည်။ သူ့ရင်က အဆက်မပြတ် ခုန်နေပြီး အတွေးတွေက ဝေ့ဝဲနေဆဲဖြစ်သည်။ သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ဝမ့်ကုန်းကုန်းက ကလေးတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားနေပြီး ဘယ်သူနဲ့မှ သူက စ ကားမပြောနေပေ။

ခုနစကားက လီယွီ အိပ်မက် မက်နေတာ ဖြစ်မယ်။

သို့သော် ဤအိမ်မက်သည် ဒီလက်ရှိဘဝအတွက် တကယ့်ကိုမှန်နေသည်။ အခု ကျင်းဝမ်ရဲ့ အနေထားအရ မကြာခင် လွှတ်တော်ထဲမှာ အရမ်းကို ဘုန်းတန်းခိုးကြီးလာတော့မည်။ မင်းကြီးက ကျင်းဝမ်ကို တိုင်းပြည်ရေးရာများတွင် ပါဝင်ခွင့်ပေးထားပြီး စီမံခန့်ခွဲရန် ခွင့်ပြုခဲ့သည်။ တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ကျင်းဝမ်၏ ရပ်တည်ချက်ကို သူ အသိအမှတ်ပြုကြောင်း ဆိုလိုသည်။

အိမ်ရှေ့မင်းသား ဖြစ်လုနီးပါးဖြစ်သော ဒုတိယမင်းသား အမတ်အန်း ပင်လျှင် ယခုလိုမျိုးမျက်နှာသာ ပေးမှုကို မခံခဲ့ရပေ။ ရာထူးကြီးရရှိခဲ့ပြီး အချိန်တိုအတွင်း ပြုတ်ကျသွားသည့် တတိယမြောက်မင်းသား အမတ်ဖင်းဆိုလျှင် မင်းကြီး နူတ်မှ ဖွင့်ဟချီးကျူးခြင်း ခံရတာ နည်းလှသည်။

သို့သော် ကျင်းဝမ်က မတူပေ။ သူက ဒီကမ္ဘာပေါ်တွင် နတ်ရွာစံသွားခဲ့သည့် ပထမ မိဖုရားခေါင်ကြီး၏ သွေးသားအရင်းချာ သားတော်ဖြစ်သည်။ တခြားသူတွေရဲ့ ဝေဖန်မှုကို အများဆုံးခံနေရသည့် မွေးရာပါ ဆွံ့အခြင်းလည်း ပျောက်ကင်းခဲ့လေပြီ။ သူက မင်းကြီးကို ကယ်တင်ရာမှာ အဓိက အခန်းကနေ ပါဝင်ခဲ့သည်။ ဒါပေမယ့် မင်းကြီးက ယခုထိ သူ့ကို တရားဝင် အိမ်ရှေ့စံရာထူးမပေးသေးတာ ဘာကြောင့်လဲ။

ယခင်ကဆိုလျှင်၊ အရာရှိများသည် ကျင်းဝမ်ကို ထောက်ခံရန် တုံ့ဆိုင်းနေသေးသော်လည်း ယခုအခါ ဧကရာဇ်၏ အလိုတော်ကိုသာ နားလည်ပြီးဖြစ်သည်။

လီယွီသည် ယခုအချိန်တွင် ကျင်းဝမ်က ဘယ်လောက်တောင် အထင်ကြီးစရာကောင်းကြောင်း ဝမ့်ရှီး တီးတိုးပြောနေသံကို ကြားဖူးသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now