Chapter (98-1) - ပြင်ပမှ ကလေးငိုသံများ

4.2K 853 7
                                    

Chapter (98-1) - ပြင်ပမှ ကလေးငိုသံများ နှင့် ဓါးပြများ အလစ်ဝင်တိုက်ခြင်း


ကျင်းဝမ် က လီယွီ ကို လျှို့ဝှက်အစီရင်ခံစာတစ်ခု ပေးလိုက်သည်။ လီယွီသည် အကြမ်းဖျင်းအားဖြင့် တစ်ချက်ကြည့်လိုက်သည်။ ကျင်းဝမ် ၏မင်္ဂလာဆောင်ကြီးတွင် လာမယ့် ရက်အနည်းငယ်အတွင်း မေပယ်လ်ဒေသတွင် လုပ်ဆောင်ရန် ချမှတ်ထားသော အစီအစဉ်များနှင့် ထောင်ချောက်များအကြောင်း ရေးသားထားသည်။

ဓားပြများသည် သူ၏မင်္ဂလာပွဲကြီးတွင် ကျင်းဝမ် ၏ လွှမ်းမိုးမှုမှ ရုန်းထွက်ချင်ကြသည်။ သို့သော် ကျင်းဝမ် သည် ဤအချိန်ကို အခွင့်ကောင်းယူပြီး ဓါးပြများ ရှေ့တစ်လှမ်းတိုးလာရန် မျှော်လင့်ထားပြီးဖြစ်သည်။

မေပယ်လ်ဒေသ၏ အားသာချက်မှာ လျှို့ဝှက်မြေအောက်ဥမင်များဖြစ်သည်။ ကျင်းဝမ် သည် မေပယ်လ်ဒေသတွင် တစ်နှစ်နီးပါး နေထိုင်ခဲ့သဖြင့် မြေအောက်လှိုဏ်ခေါင်း တိုက်ပွဲများတွင် ကျွမ်းကျင်သူဖြစ်လာစေရန် သူ၏အစောင့်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ကျင်းဝမ် သည် သူ၏ မင်္ဂလာပွဲကြီးကြောင့် မေပယ်လ်ဒေသရှိလူတိုင်းအား အားလပ်ရက်များပေးသောကြောင့်၊ ခုခံကာကွယ်မှုများက ပေါ့လျော့သည့် ပုံဖြစ်အောင် တမင်သက်သက် အယောင်ပြခဲ့သည်။ တကယ်တော့ ခံစစ်ဖွဲ့စည်းပုံဟာ အပြင်ပန်းမှာသာ ပြေလျော့သွားပေမယ့် အတွင်းပိုင်းမှာတော့ တင်းကျပ်လျက်သာ ဖြစ်သည်။ ပြည်သူအများစုသည် အားလပ်ရက်ကို မြို့ပြင်ရှိ သူငယ်ချင်းများနှင့် မိသားစုများထံ သွားရောက်လည်ပတ်ခဲ့ကြသည်။ အကယ်၍ ဓားပြများသည် ယခုအချိန်တွင် အမှန်တကယ် မြို့ထဲ ဝင်ရောက် တိုက်ခိုက်ရန် ကြံစည်ပါက၊ သူတို့သည် အိုးထဲက လိပ်ကဲ့သို့ ထောင်ချောက်ထဲ ပိတ်မိနေပေလိမ့်မည်။

ကျင်းဝမ် က သူသည် အနောက်တောင်တန်းေးသတွင် ကြာကြာနေမည်မဟုတ်ကြောင်း သိသည်။ ထို့ကြောင့်လည်း သူသည် ဤဓားပြအုပ်စုကို တတ်နိုင်သမျှ မြန်မြန် ချေမှုန်းပစ်ကာ အနောက်တောင်တန်းဒေသအား ဓါပြ အန္တရာယ်မှ လုံးဝကင်းစင်သွားအောင် လုပ်ချင်ခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now