Chapter (155) ကစားကွင်းမှာ အတူတူ ကစားမယ်

3.6K 685 13
                                    

Chapter (155-1) ကစားကွင်းမှာ အတူတူ ကစားမယ်


နောက်ဆုံးတော့ လီယွီသည် ခင်ပွန်းသည်ကို အဝတ် ဝတ်ပေးပြီးသွားသည် ။ အိမ်ရှေ့မင်းသားသည် လီယွီ ထံတွင် ရှိသမျှထဲမှ အကြီးမားဆုံးသော ကမ်းခြေဝတ် ရှော့ပင်အတိုလေးနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် တင်းကျပ်သော တီရှပ်ကို ဝတ်ဆင်ထားသည်။ ဒီဟာကို အွန်လိုင်းကနေ ဝယ်ခဲ့တာဖြစ်သည်။ အရွယ်အစားက မလိုက်ဖက်ဘဲ ကြီးလွန်းနေတယ်။ နောက်တော့ ပစ္စည်းပြန်ပေးဖို့ မေ့သွားခဲ့တယ်။ ပြောရရင်တော့ ဒါဟာ   အသစ်စက်စက်ပါပဲ။ နောက်ဆုံးတွင် အိမ်ရှေ့မင်းသားသည်  လီယွီ၏ အိမ်လေးထဲမှ  ထွက်နိုင်ခဲ့သည်။

ရှောင်ယွီ အရင်က ဝတ်ခဲ့တဲ့ ဘောင်းဘီတိုကို  မဝတ်နိုင်တော့တဲ့ အတွက် အိမ်ရှေ့မင်းသား က ဝမ်းနည်းစရာကောင်းတယ်လို့ ခံစားနေရသည်။  

အိမ်ရှေ့မင်းသားမှာ အဝတ်အစားတွေရှိနေပြီဆိုပေမယ့် လီယွီ က အိမ်ရှေ့မင်းသားကို နောက်ထပ်ဝယ်ပေးဖို့ ခေါ်ဆောင်ခဲ့သည်။ တကယ်တော့ အွန်လိုင်းမှာ ပစ္စည်းတွေကို ဝယ်ယူပြီးနောက် စတိုးဆိုင်တစ်ဆိုင်ကို လူကိုယ်တိုင်သွားခဲသည် ။  အွန်လိုင်းမှာ ပိုလွယ်တယ်လို့ လူတိုင်းပြောကြတယ်။ သို့သော်၊ ကိုယ့်ဆီကို အမြန်ချောပို့နဲ့ ပို့ဆောင်မှုအတွက် စောင့်ရန် အမှန်တကယ် အချိန်ပိုမရှိလို့  ကိုယ်တိုင် ဝယ်တာ ပိုကောင်းပါတယ်။

လီယွီ သည် အိမ်ရှေ့မင်းသားအား အမျိုးသားအဝတ်အထည်ဆိုင်သို့ ခေါ်ဆောင်ခဲ့သည်။ အိမ်ရှေ့မင်းသား၏ ချောမောလှပသော မျက်နှာသည် လူများစွာကို  ဆွဲဆောင်နိုင်ခဲ့သည်။ လီယွီသည် အိမ်ရှေ့မင်းသား၏ ရုပ်ဆင်း၏ဆွဲဆောင်မှုထဲ လူတိုင်း နစ်မြုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ခင်ပွန်းကို ခေတ်သစ်ကမ္ဘာတွင် ကျော်ကြားစေသည့်တိုင် သူ့အတွက် ပြဿနာမရှိပေ။ ကံမကောင်းစွာပဲ၊ သူတို့က သိပ်ကြာကြာမနေနိုင်ဘူးလေ။

လီယွီသည် အိမ်ရှေ့မင်းသားကို ကောင်းစွာ ဝတ်ဆင်ချင်ခဲ့သည်။ သူတို့သွားသည့် ဆိုင်ရဲ့ အဓိကစတိုင်က ခပ်မိုက်မိုက်နဲ့ အဆင့်အတန်းမြင့်သည်။  လီယွီ သည် ခေါင်းမှ ခြေဖျားအထိ အဝတ်တွေကို  ကောက်ယူပြီးနောက် ချောမောပြီး စတိုင်ကျသော ဝတ်စုံအချို့ကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားလိုက်သည်။
သူသည် အိမ်ရှေ့မင်းသားနှင့် ရှေးခေတ်ကမ္ဘာတွင် ရှိနေရန် လိုအပ်သည်။ ခေတ်သစ်ငွေကြေးသည် သူ့အတွက် အပိုသာ ဖြစ်သည်။ သူ့လောင်ကုန်း အတွက် သူ လိုအပ်တာတွေကို အကုန်ဝယ်ဖို့ ငွေကို ဖြုန်းလိုက်မယ်။ဒါအတွက်  လီယွီ နောင်တလုံးဝမရှိပေ။

များသောအားဖြင့် လူတွေက ဆိုင်မှာမဝယ်ခင် အဝတ်အစားတွေကို စမ်းကြည့်ကြတယ်။ လီယွီသည် သူနှစ်သက်သော ဝတ်စုံများကို အိမ်ရှေ့စံမင်းသားထံ ပေးအပ်ပြီးနောက် အဝတ်လဲခန်းထဲသို့ တွန်းပို့လိုက်သည်။

မုထျန်းချီ သည် ခေတ်မီကမ္ဘာသို့ရောက်လာပြီး ငါးတစ်ကောင်ဖြစ်လာပြီးနောက်၊ သူသည် စူပါမားကတ်ရှိ ငါးကန်အတွင်းတွင် ပထမဆုံးပိတ်မိပြီးနောက် လီယွီ က အိမ်သို့ ချက်ခြင်းခေါ်ဆောင်လာခဲ့သည်။ တကယ်တော့ သူ့မှာ ရှုခင်းတွေမြင်ဖို့ အခွင့်မရခဲ့ဘူး။ လီယွီသည် သူ့ကို အခန်းတစ်ခုထဲ တွန်းထည့်ကာ တံခါးအပြင်ဘက်သို့ ထွက်သွားသောကြောင့် ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော  အိမ်ရှေ့စံမင်းသားပင် နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့သည်။

ရှောင်ယွီ သည် လူသားတစ်ဦးဖြစ်ပြီး နတ်ဆိုးမဟုတ်ကြောင်း ယခု သူ သိရလေပြီ။  သို့သော်လည်း ဤကမ္ဘာသည် ငါးကြင်းနတ်ဆိုး၏ ဆန်းကြယ်သော တောင်မဟုတ်သော်လည်း၊   မှော်ဆန်သော တောင်များထက်ပင် ပို၍ တောက်ပနေသေးသည်။ အိမ်ရှေ့မင်းသားက စိုးရိမ်သာ သဘာဝကျပါတယ်။

လီယွီက အိမ်ရှေ့မင်းသားကို အဝတ်အစား စမ်းဖို့ သွားခိုင်းချိန်  အိမ်ရှေ့မင်းသား: ?


အိမ်ရှေ့မင်းသားသည် အထည်ကန့်လန့်ကာဖြင့် ဖုံးလွှမ်းထားသည့် သူ့ရှေ့ရှိ နေရာကျဉ်းကျဉ်းလေး အကြောင်းကို အလွန်သိချင်နေသည်။ အချိန်အတော်ကြာအောင် စိစစ်ပြီးသည့်တိုင် သူ မတုန်မလှုပ် ဖြစ်နေသေးသည်။

လီယွီ  ရုတ်တရက် သတိရသွားသည်။ အိုး ဟုတ်တာပေါ့...သူ့ ခင်ပွန်းသည်က ခေတ်မီအဝတ်အစားကို ဘယ်လိုဝတ်ရမှန်းမသိဘူး။

လီယွီသည် သူ့ကိုယ်သူ အမြန်ထလိုက်လာပြီး အိမ်ရှေ့မင်းသားအဝတ်အစားလဲရန် ကူညီရန် အဝတ်လဲခန်းထဲသို့ ဝင်လာလိုက်သည်။

အခု သူက  ကူညီပေးနိုင်ခဲ့ရုံသာမက သူ့လောင်ကုန်းရဲ့ ချောမောခန့်ညားသည့် ရုပ်သွင်ကို ပထမဆုံးမြင်တွေ့သူလည်း ဖြစ်နိုင်တယ်။ မကျေနပ်ရင် ကျေနပ်တဲ့အထိ ပြောင်းလဲနိုင်တယ်။

လီယွီ သည် အိမ်ရှေ့မင်းသားအတွက် အကြည့်ကောင်းဆုံး ဝတ်စုံနှစ်ခုကို ရွေးထုတ်ပြီး တူညီသော ပုံစံကိုလည်း ကိုင်ဆောင်ထားသည်။ သူတို့သည် ရှေးခေတ်က လိုက်ဖက်ညီသော ဝတ်စုံများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝတ်ဆင်ခဲ့ကြသည်။ အခုခေတ်နဲ့ လိုက်ဖက်တဲ့ စုံတွဲတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို ဝတ်ဖို့ အခွင့်အရေးရနေပါပြီ။

အိမ်ထောင်ကျခါစ ဇနီးမောင်နှံများသည် အားလပ်ချိန်တိုင်းတွင် ပူးကပ်ကာ ချစ်ကြည်နူးနေတတ်သည်။ အိမ်တွင်ပူးကပ်ချစ်ကြည်နူးပေမယ့် ပွေ့ဖက်နမ်းရှုံ့ခြင်းက ရှောင်လွှဲ၍မရပေ။

အမျိုးသားများသည် များသောအားဖြင့် အဝတ်အစားများပေါ်မူတည်ပြီး အလွန်လျင်မြန်စွာ ပြောင်းလဲ သွားလေ့ရှိသည်။ လီယွီနှင့် အိမ်ရှေ့မင်းသားတို့သည် အရှက်မရှိ အဝတ်လဲခန်းထဲတွင် တစ်နာရီနီးပါးကြာအောင် အတူ ပူးကပ်နေခဲ့ကြသည်။ ထွက်လာတော့ သူတို့ နှစ်ယောက်လုံးက တူညီဝတ်စုံတွေ ဝတ်ထားတယ်။ အနည်းငယ် ရောင်ရမ်းနေသော နှုတ်ခမ်းနှင့် မျက်လုံးထောင့်မှ နီရဲခြင်းမှလွဲ၍ လီယွီသည် အလွန်ကြည့်ကောင်းပုံ ပေါ်နေသည်။

လီယွီသည် သူ့ဖုန်းကိုထုတ်ကာ ဘီလ်ပေးချေလိုက်သည်။ ထို့နောက် အိမ်ရှေ့မင်းသားအား ပုံရိုက်နည်းကို သင်ကြားပေးပြီး ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ သူတို့ဖုန်း၏ နောက်ခံပုံအဖြစ် သတ်မှတ်သည်။ ဒီပုံက အရမ်းကောင်းတယ်။ အထဲမှာ လူနှစ်ယောက် ပါနေပြီး နှစ်ယောက်လုံး ပြုံးရယ်နေကြသည် ။ သူက တောက်ပစွာ ပြုံးလိုက်သည်။ အိမ်ရှေ့မင်းသားက နွေးထွေးစွာပြုံးနေတယ်။

အိမ်ရှေ့မင်းသားသည် သူ့ကိုယ်သူ ဆဲလ်ဖီ ရိုက်ရာတွင် အရမ်းတော်သည်။
  ပြီးသွားသော ဓါတ်ပုံကိုကြည့်ရင်း 'ဆဲလ်ဖုန်း' ဟူသော ဤသေတ္တာငယ်လေးအား ချီးမွမ်းစကားဆိုခဲ့သည်။ လီယွီသည် ဤအရာသည် နတ်ဆိုးမှော်တစ်မျိုးမဟုတ်ဟု ရှင်းပြကာ အိမ်ရှေ့မင်းသားအား ပုံရိုက်နည်းကို သင်ပေးရင်း ရယ်မောလိုက်သည်။

အရင်က ကျောင်းမှာ ဓာတ်ပုံပညာအခြေခံကို သင်ယူခဲ့ပေမယ့် ဗဟုသုတအားလုံးကို ဆရာ့ဆီ ပြန်ပေးလိုက်သလိုပဲ။  ဒါပေမယ့်လည်း ဖုန်းထဲက အပလီကေးရှင်းတွေကြောင့် အခု ဓါတ်ပုံတွေ ရိုက်ရတာ ပိုကောင်းလာတယ်။

ဝတ်စုံအသစ်ကိုဝတ်ပြီးနောက် အိမ်ရှေ့မင်းသားက ဖုန်းကိုကိုင်ကာ သူမြင်သမျှကို ဓာတ်ပုံရိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပုံတိုင်းမှာ လီယွီ အမြဲရှိနေသည်။

လီယွီ သည် ရှေးခေတ်က သူ့လောင်ကုန်းကို အသစ်အဆန်းကို ခံစားခွင့်ပေးလိုက်သည်။ မူလ နိုဝင်ဘာနှင်းစက်လို အေးစက်ကာ မျက်တောင်တောင်မခတ်ဘဲ သတ်ခဲ့တဲ့ အာဏာရှင်ကြီးလို့ သူ့ကို ဘယ်သူက ထင်တော့မှာလဲ။ အာဏာရှင်ကြီးက ဓာတ်ပုံရိုက်ရတာ  တကယ် ကြိုက်တဲ့သူ ဖြစ်နေတယ်။

လျှောက်လည်သည့် ခရီးအလယ်တွင် လီယွီ သည် အိမ်ရှေ့မင်းသားနှင့် အတူစားရန် ဆိုင်လေးတစ်ဆိုင်မှ ရေဘဝဲ အသားလုံးအချို့ကို ဝယ်ခဲ့သည်။

ပထမတော့ အိမ်ရှေ့မင်းသားက ဒီထူးဆန်းတဲ့ အသားလုံးလေးကို ပြင်းပြင်းထန်ထန် ခုခံပြီး "ဒါက ငါးအသားလား" လို့ တိတ်တဆိတ် ပြောလိုက်တယ်။

လီယွီ: ???


အိမ်ရှေ့မင်းသား စိုးရိမ်သည့်အချက်ကို ချက်ချင်း သိလိုက်သည့် လီယွီ: "စိတ်မပူပါနဲ့။ အဲ့ဒါက ရေဘဝဲပါ။ ကျွန်တော်တို့နဲ့ အမျိုးတူ မဟုတ်ဘူး"

အိမ်ရှေ့မင်းသားက လီယွီ၏ နူတ်ဖျားမှ "ကျွန်တော်တို့" ဆိုသည့် အသုံးနှုန်းကို ကြားလိုက်တော့ သဘောကျသွားကာ စိတ်အေးသွားခဲ့သည်။ ပြီးတော့ ဒီအသားကလည်း ငါး မဟုတ်ဘူးဆိုတော့ သူက ရေဘဝဲလုံးကြော်ကို နည်းနည်းကိုက်ကာ မြည်းလိုက်တော့.....အရသာက တကယ့်ကို ကောင်းတာပဲ......


အစားအစာတွင် ပါဝင်ပစ္စည်းများဖြစ်သော ငါးနှင့် ငါးနက်ကြီးများသည် ရေဘဝဲအသားလုံးများကို လျင်မြန်စွာ ခွဲထုတ်ပြီး အားလုံးကို လျင်မြန်စွာ စားသုံးနေကြသည်။

ထို့နောက် လီယွီ သည် အိမ်ရှေ့စံမင်းသားအား သမိုင်းပြတိုက်သို့ ခေါ်ဆောင်သွားခဲ့သည်။

လီယွီသည် ဤနေရာသည် အိမ်ရှေ့မင်းသားကို အလည်အပတ်ခေါ်ဆောင်ရမည့်နေရာဟု ဆုံးဖြတ်ထားခဲ့သည်။ ဖုန်းဖြင့်ရှာဖွေခြင်းမှလွဲ၍ နေရာတစ်ခု၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို နားလည်ရန် ကောင်းမွန်သောနည်းလမ်းမှာ သမိုင်းပြတိုက်သို့ သွားရောက်လည်ပတ်ခြင်းဖြစ်သည်။

လီယွီသည် ခေတ်သစ်ကမ္ဘာမှ အိမ်ရှေ့မင်းသားက မည်သို့သော အရာကို မှတ်သားမည်ကို  မသိခဲ့ပါ။ သူသည် သူနေထိုင်ခဲ့သော ကမ္ဘာကို အိမ်ရှေ့မင်းသားထံ ပြသပေးရန်သာ အစွမ်းကုန် စွမ်းဆောင်နိုင်သည်။

ပြတိုက်အတွင်းတွင်၊ လူသမိုင်းကြောင်းတစ်လျှောက် မင်းဆက်တွေ ပေါ်ပေါက်လာခြင်း၊ ပြိုလဲခြင်းနှင့် ကွဲပြားသော မင်းဆက်များ ထွန်းကားခြင်း၏ အကြွင်းအကျန်များ ဤကမ္ဘာပေါ်တွင် ရှိနေခဲ့သည်။ ရှေးဘုရင်မင်းမြတ်ပိုင် ဓားများအပြင် တောင်သူများလုပ်သော ဆားနယ်ထားသော ဟင်းသီး ဟင်းရွက်အိုးများလည်း ရှိသည်။ အီလက်ထရွန်းနစ်ဖြင့် ရှင်းပြသည့် အသံသည် ပြသမှုတိုင်းတွင် ပါဝင်ပြီး ပစ္စည်း၏အမည်၊ အသုံးပြုမှုနှင့် အဓိပ္ပါယ်တို့ကို  မိတ်ဆက်ပြောပြပေးနေည်။

မင်းဆက်တစ်ခု ထွန်းကားလာခြင်းသည် ပြိုလဲခြင်းနှင့် နောက်တစ်ခုပြိုကွဲခြင်း နှင့် အမြဲတွဲနေပါသည်။ အိမ်ရှေ့မင်းသားသည် သူကြားလိုက်ရသည့်အရာကြောင့် စွဲလန်းသွားပြီး လေးလေးနက်နက် နားထောင်ကာ တွေးတောရင်း မျက်ခုံးပင့်လိုက်သည်။

ပြတိုက်ကိုလည်ပတ်ပြီးနောက် လီယွီ သည် ခင်ပွန်းဖြစ်သူအား အပန်းဖြေဥယျာဉ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ဤသည်မှာ လီယွီ ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများထဲမှ တစ်ခုဖြစ်သည်။

အနာဂတ်မှာ သူတို့ ဒီကိ ုပြန်မလာနိုင်ရင် သူ ဒီမှာ တတ်နိုင်သလောက် ကစားပြီး သူ့ပိုက်ဆံကို တန်ဖိုးရှိအောင် လုပ်ချင်နေတာ သေချာတယ်။

လီယွီ က "ကျွန်တော် ငယ်ငယ်တုန်းက ဒီကို တစ်ခါမှ မရောက်ဖူးဘူး။ ကျွန်တော့်ရွယ်တူတွေက ဒီကို လာတိုင်း ကျွန်တော် အရမ်းမနာလိုဖြစ်ရတယ်။"

အပန်းဖြေဥယျာဉ်အတွက် လက်မှတ်က နည်းနည်းဈေးကြီးတယ်။ သူ ငယ်ငယ်တုန်းက သူ့မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေက ကျပ်တည်းသဖြင့် လီယွီ မှာ ဒီကိုလာဆော့ရန် ပိုက်ဆံ မရှိဘူး။ အသက်ကြီးလာသောအခါတွင် နောက်ဆုံးတွင် ဝင်ကြေး တတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် သူနှင့်တွဲကစားရန် မည်သူမျှ မရှိတော့ပေ။

အိမ်ရှေ့မင်းသားက "ငါ မင်းနဲ့လိုက်ခဲ့မယ်" လို့ အခိုင်အမာပြောခဲ့သည်။  

လီယွီ သည် ရိုလာကိုစတာပေါ်တွင် တက်ကာ ကစားချင်ခဲ့သည်။ လူနှစ်ယောက် အကြာကြီး တန်းစီရပ်လိုက်သည်။ ထို့နောက် သူတို့သည် မိနစ်အနည်းငယ်မျှသာ ဝင်ရောက်ပြီး စိတ်လှုပ်ရှားဖွယ်ရာ စီးနင်းမှုကို ခံစားခဲ့ကြရသည်။ လီယွီသည် အိမ်ရှေ့စံမင်းသားကို ပွေ့ဖက်ကာ မျက်နှာဖြူဖျော့သွားခဲ့သည်။ အိမ်ရှေ့မင်းသားသည် အခြေနေ ပိုကောင်းလာသော်လည်း ဒါက "ပြစ်ဒဏ်နှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရှာဖွေနေသည်" ဟု ခံစားလိုက်ရသည်။

လီယွီ က "ဒါက နှိပ်စက်တာမဟုတ်ဘူး။ ဒါဟာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ နည်းလမ်းတစ်ခုပါ။"

ဘာကြောင့်လဲ ဆိုတော့ ရိုလာကိုစတာစီးရင်း လူတိုင်းက ကြောက်လန့်တကြား အော်ဟစ်နေကြလို့ပါပဲ။ သူတို့ကြားထဲက တစ်ယောက်ယောက်က ဝမ်းနည်းပူဆွေးမှု နည်းနည်းလေး ခံစားနေရတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။

ရိုလာကိုစတာကို တွေ့ကြုံပြီးနောက် လီယွီသည် သူ့နောက်မှ လူအုပ်ကြီးကို လှမ်းကြည့်ကာ ဒီလိုအရာကို အတူမကစားခဲ့ရသည့် သူ့မိသားစုဝင်တွေနဲ့ ဝေးခဲ့ရသည့်အတွက် ဝမ်းနည်းလာခဲ့သည်။
 

အိမ်ရှေ့မင်းသားသည် ဤအရာအားလုံးကို သတိပြုကာ သူ့လက်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်သည်။ သူက တိုးတိုးလေးပြောတယ် "ကိုယ် ဒီမှာရှိတယ်လေ။  ကိုယ်က မင်းနဲ့ အတူတူ ရှိနေမှာပါ ။"

"နောက်ထပ်ကစားမှာက တိုက်ကား ဖြစ်တယ်။  ဒါကလည်း ကျွန်တော် ငယ်ငယ်က ကစားချင်ခဲ့တဲ့ အရာပဲ။" လီယွီက အကြိမ်ကြိမ် မျက်တောင်ခတ်လိုက်သည်။



**********-************

Chapter 155-2 - ချစ်ခြင်း ပြိုင်သည့် ငါးနှစ်ကောင်


ရှောင်ယွီ က "တကယ်ကို ကစားချင်ခဲ့တာ" ဟု နှစ်ကြိမ်ဆက်တိုက်ပြောခဲ့သည်။ အိမ်ရှေ့မင်းသားဟာ သေဘေးနဲ့တွေ့မယ်ဆိုရင်တောင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာ သေချာပါတယ်။

တိုက်ကားများသည် များသောအားဖြင့် ကလေးများအတွက် ဂိမ်းတစ်ခုဖြစ်သည်။ ကားအရွယ်အစားက တကယ်တော့ သိပ်မကြီးဘူး။ လီယွီနှင့် အိမ်ရှေ့မင်းသားတို့သည် ကားပေါ်တွင် ကျပ်တည်းစွာ ထိုင်ကြသည်။ နှစ်ယောက်စလုံး ကျောကို ကွေးပြီး ဒူးအချင်းချင်း  အနီးကပ် ဖိထားရန် လိုအပ်သည်။ လီယွီသည် ထိန်းချုပ်မှုများနှင့် သိပ်မရင်းနှီးဘဲ မည်သည့်ခလုတ်ကို နှိပ်ရမည်ကို မသိသဖြင့် အနည်းငယ် လှည့်ပတ်ကြည့်နေမိသည်။ တိုက်ကားက စက်ဝိုင်းလို ပတ်ချာလည် လှည့်နေသည်။
 

"ကျွန်တော့်ကို တစ်မိနစ်လောက်အချိန်ပေး၊ ကျွန်တော့်ဖာသာ မောင်းရမယ့် နည်းကို တွေ့အောင်ရှာဖို့ ကတိပေးတယ်။"

လီယွီ ထိတ်လန့်သွားသည်။ မူလက သူဘယ်လောက်ထိ အထင်ကြီးစရာကောင်းလဲဆိုတာကို ခင်ပွန်းသည်ကို မြင်စေချင်ပေမယ့် သူ့ကိုယ်သူ ရှက်ရွံ့မိပြန်တယ်။

"အလျင်လိုမနေနဲ့။" အိမ်ရှေ့မင်းသား ဘာတွေ တွေးနေတယ် ဆိုတာ မ သိနိုင် ပေမယ့် နှုတ်ခမ်းထောင့်မှာ အပြုံးတခု ပေါ်လာတယ်။

ဖြစ်နိုင်တာက  သူတို့နှစ်ဦးသည် တိုက်ကားကို မည်သို့လုပ်ဆောင်ရမည်ကိုပင် မသိနိုင်သောကြောင့် အခြားကစားသမားများ၏ အထင်အမြင်သေးခြင်းကို ခံခဲ့ရသည်။  ကားတစ်စီးသည် ကျော်တက်သွားပြီး လီယွီနှင့် အိမ်ရှေ့မင်းသား၏ကားကို ဝင်တိုက်ကာ နောက်တစ်ကြိမ် လှည့်ပတ်သွားစေခဲ့သည်။

အိမ်ရှေ့မင်းသား- "......"

အိမ်ရှေ့မင်းသား ဒေါသတကြီး ဖြစ်သွားသည်။

 ရဲတင်းလိုက်တာ! ရှောင်ယွီ ရဲ့ကားကို မင်းက ဘယ်လောက်တောင် သတ္တိရှိရှိ ဝင်တိုက်တာလဲ။

လီယွီက သူ့အား အမြန်ပြန်ဆွဲကာ ပြောလိုက်သည်။ " ထျန်းချီ ၊ ဒီဂိမ်းက ဒီလိုကစားရတာ ပုံမှန်ပဲ ။ ဒေါသမထွက်နဲ့!"

လီယွီသည် ထိန်းချုပ်မှုများကို ကောင်းစွာသိရှိပြီး အိမ်ရှေ့စံမင်းသားအား "ကျွန်တော် ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ပါ!"

လီယွီသည် သူ၏ဘန်ပါကားကို ထိန်းချုပ်ကာ သူတို့ကို ဝင်တိုက်ခဲ့သော ကားနောက်ကို တိကျစွာ လိုက်ခဲ့သည်။ သူလည်း အခြားတစ်ဖက်ကို ဝင်တိုက်မိပြီး သူတို့ကို ယိမ်းထိုးသွားစေသည်။

လီယွီ : "ဟား....ဟား...ဟား ငါလက်စားချေလို့ ရပြီ!"

အိမ်ရှေ့မင်းသားက ဘာကြောင့် ဒီလိုမျိုး အပြန်ပြန်အလှန်လှန် တိုက်ခိုက်ရတယ်ဆိုတာ တကယ်နားမလည်ဘူး။ သို့သော်လည်း ရှောင်ယွီ သည် အသက်ဝင်ပြီး စိတ်လှုပ်ရှားနေသည်ကို တွေ့တော့   အိမ်ရှေ့မင်းသား၏ သိမ်မွေ့သော စိတ်ဓာတ်များလည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း သူသည် ငြိမ်ငြိမ်ထိုင်နေရုံသာမက အရာအားလုံးကို လုပ်ဆောင်ရန် သူ၏ ဝမ်ဖေးကိုသာ    အားကိုးနေနိုင်သည်။ အိမ်ရှေ့မင်းသားသည် ရှောင်ယွီ အတွက် အနီရောင်ခလုတ်ကို နှိပ်ရန် အစပြုခဲ့သည်။ ဘမ်ပါကားသည် ချက်ချင်းပင် နံရံကို တိုက်မိသွားသည်။

လီယွီ က " ထျန်းချီ ၊ ကြုံသလို မနှိပ်နဲ့!"

လီယွီသည် ခင်ပွန်းဖြစ်သူအား အပန်းဖြေဥယျာဉ်တစ်ဝိုက်တွင် လမ်းပြကာ နှလုံးသားတစ်ခုနှင့် ရင်းကာ စိတ်ပါလက်ပါ ဆော့ကစားခဲ့သည်။ လူနှစ်ယောက်က ဘန်ပါကားပေါ်မှာ   ဓာတ်ပုံတွေ အများကြီးရိုက်ကြတယ်။

တစ်နေ့တာလုံး အမှတ်တမဲ့ ကုန်ဆုံးသွားတယ်။ လီယွီ၏အိမ်သို့ တစ်ဖန်ပြန်သွားရာ လူနှစ်ဦးသည် တူညီသောပုံစံနှင့် ရောင်စုံတီရှပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အိမ်ရှင်အဖြစ်  လီယွီသည် ညစာချက်ရန် စီစဉ်ခဲ့ပြီး ရေခဲသေတ္တာထဲမှ လတ်ဆတ်သော သခွားသီးများကို ရှာဖွေခဲ့သည်။

အိမ်ရှေ့စံ- "........."

လီယွီသည် သခွားသီးကို ထုတ်ကာ ခါတိုင်းကဲ့သို့ ပြုလုပ်ဖို့ ကြံလိုက်သည်။ ထို့နောက် ခေါက်ဆွဲပြုတ်ရန် မီးဖိုခန်းထဲသို့ လှည့်ဝင်လိုက်သည်။ ပြန်လာသောအခါ အိမ်ရှေ့မင်းသားသည် သခွားသီးကို အကုန်စားပြီးသည်နှင့် အရည်တစ်စက်မျှပင် မကျန်တော့ပေ။

လီယွီက သူ့ကိုယ်သူပြောလိုက်မိသည်- ခင်ပွန်းသည်က တကယ်ဗိုက်ဆာနေပြီ၊ ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ။

ပြီးတော့ အဲဒါကို သိပ်ပြီးတော့ မစဉ်းစားတော့ပဲ ခေါက်ဆွဲပြုတ်လိုက်သည်။

သူက ရိုးရိုးခေါက်ဆွဲ ပန်းကန်နှစ်လုံးကို ချက်ကာတစ်ယောက်  ပန်းကန်လုံးတစ်လုံးစီ စားလိူင်တယ်။ ထမင်းစားပြီးတာနဲ့ နှစ်ယောက်စလုံး ပူပူနွေးနွေးနဲ့ အတူတူ အိပ်ကြတယ်။ လီယွီသည် အီလက်ထရွန်းနစ် ပန်ကာငယ်လေးကို ဖွင့်လိုက်ပြီး သူတို့အား  လေ မှုတ်ထုတ်စေလိုက်သည်။

အိမ်ရှေ့မင်းသားသည် ဤအရာအားလုံးကို သူ့အလိုလို မှုတ်ထုတ်နိုင်သော အရာအား စူးစမ်းလေ့လာ နေခဲ့သည်။ ရှောင်ယွီ က ဒါကို အီလက်ထရွန်းနစ် ကိရိယာလို့ ခေါ်တဟု ပြောခဲ့သည်။  

အီလက်ထရွန်နစ် ကိရိယာငယ်လေးသည် လေပူအချို့ကို မှုတ်ထုတ်လိုက်သည် ။ လီယွီနှင့် အိမ်ရှေ့မင်းသားတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းစိုက်ကြည့်ကာ နားလည်မှုဖြင့် နီးကပ်လာကာ နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ဖိလိုက်ကြသည်။

လီယွီ သည် မူလက အိမ်ရှေ့မင်းသားအား ကုတင်သေးသေးလေးပေါ်တွင် တစ်ခုခုလုပ်ရန် တွန်းအားပေးရန် စီစဉ်ထားသည်။ သို့သော် စက္ကန့်ပိုင်းမျှ နမ်းရှိုက်ပြီးနောက်တွင် အိမ်ရှေ့စံမင်းသားသည် အနက်ရောင်ငါးကြီးအဖြစ်သို့ တစ်ဖန်ပြန်သွားခဲ့သည်။

ဒီလိုအချိန်မျိုးမှာ ဘရိတ်ကိုနှိပ်လိုက်သလို ဖြစ်ကာ  လီယွီ ပေါက်ကွဲလုနီးပါးဖြစ်သွားတယ်။

ဘာမဟုတ်တဲ့ System စုတ်.... မင်း အခုချက်ချင်း ထွက်လာစမ်း...ငါ မင်းကို အသေမသတ်ဘူးလို့ ကတိပေးတယ်။ အိမ်ရှေ့မင်းသားက ဘာကြောင့် ငါးအဖြစ် ပြောင်းလဲသွားတာလဲ။

System ၏ရှင်းပြချက်ကို မစောင့်ဘဲ လီယွီက ကိုယ်တိုင် ရှာဖွေခဲ့သည်။ အပြောင်းအလဲအတွက် အချိန်ကန့်သတ်ချက် ပြည့်သွားသောကြောင့်ဖြစ်သည်။ ဒါက သူ့အရင်တုန်းက ဖြစ်ပျက်ခဲ့တာနဲ့ တော်တော်တူတယ်။

အိမ်ရှေ့မင်းသားငါးနက်ကြီး ကို လူသားအဖြစ်သို့ ပြောင်းလဲစေသည့်နည်းလမ်းမှာ ငါးကို သုံးကြိမ်နမ်းခြင်း ဖြစ်သည်။ လီယွီသည် ငါးနက်ကြီးကို ကောက်ကိုင်ကာ နမ်းလိုက်သည်။ သို့သော် အလုပ် မဖြစ်ပေ။
 

System က "ကျေးဇူးပြုပြီး မနက်ဖြန် ထပ်စမ်းကြည့်ပါ၊ Host ။"

လီယွီ : ......

နားလည်ပြီ။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ် ကန့်သတ်ချက်တောင် သက်ရောက်နေသေးတာပဲ ။

လီယွီဘာမှ မလုပ်နိုင်ဘဲ အိမ်ရှေ့မင်းသားငါးနက်ကြီး ကို ရေချိုးကန်ထဲသို့ ပြန်ထည့်လိုက်သည်။ အနက်ရောင်ငါးက သူ့ကို လုံးထွေးပြီး စိတ်မပူဘဲ အနားယူစေချင်တယ်။

သို့သော် 'မနက်ဖြန်' တိုင်အောင် အချိန်အတော်ကြာနေသေးသည်။

လီယွီ သည် အိမ်ရှေ့မင်းသားနှင့် တစ်မိနစ်ပင် မခွဲခွာချင်ပေ။ ပင်မ မစ်ရှင်ကို ပြီးမြောက်ပြီးနောက်တွင် သူသည် အချိန်မရွေး ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ကြောင်း သူမှတ်မိသည်။ ဒီအရည်အချင်းကို ခေတ်သစ်ကမ္ဘာမှာ အသုံးချနိုင်မလား။

လီယွီ သည် ကျွမ်းကျင်မှုကို အသုံးပြုရန် ကြိုးစားခဲ့သည်။ သူ့အရည်အချင်းအတွက် အချိန် သို့မဟုတ် နေရာအတားအဆီးမရှိခဲ့ပါ။ ခဏအတွင်း သူ အောင်အောင်မြင်မြင် ပြောင်းလဲလိုက်ကာ အဖြူနှင့်ရွှေရောင် Koi အဖြစ်သို့ပြောင်းလဲခဲ့သည်။

လီယွီသည် ငါးကန်ထဲသို့ခုန်ဆင်းကာ အိမ်ရှေ့မင်းသားငါးနက်ကြီး ဘေးတွင် နှစ်ကြိမ်တိုင်တိုင် ကူးခတ်ခဲ့သည်။ အိမ်ရှေ့မင်းသားငါးနက်ကြီး က သူ့ကို ထိတ်လန့်တကြားကြည့်တယ်။

" ထျန်းချီ  ၊ကျွန်တော်လည်း ခင်ဗျားကို အဖော်ပြုဖို့ လိုက်လာပြီ  " လီယွီက ပြုံးပြသည်။

အိမ်ရှေ့မင်းသားငါးနက်ကြီး သည် လီယွီ ငါးထက်ပင် ကြီးမားသည်။ သူသည် ရေထဲတွင် ရေတွေကို ယက်ထုတ်ပြီး  လီယွီ အောက်တွင် တိုက်ရိုက် ကူးခတ်သွားသည်။

လီယွီ :အချစ် ဘာလုပ်နေတာလဲ။

အိမ်ရှေ့မင်းသားငါးနက်ကြီး သည် လွင့်ပျံလာကာ လီယွီ ကို သူ့နောက်ကျောပေါ် သယ်ဆောင်သွားသည်။



အိမ်အပြင်ဘက်က လရောင်က ပြတင်းပေါက်ကနေ လင်းလက်နေတယ်။ ရေချိုးကန်အတွင်းတွင်  အနက်ရောင်ငါးတစ်ကောင်နှင့်  တောက်ပနေသော လရောင်ကဲ့သို့ ငွေရောင်နှင့် ရွှေရောင် ရောစပ်နေသည့် ငါးတစ်ကောင်က အချင်းချင်း ပူးကပ်ရစ်တွယ်ကာ ချစ်ခြင်းပြိုင်နေကြသည်။



***********-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now