Chapter (83-2)- ငါ့ဗိုက်ကို အမှတ်တမဲ့ မထိနဲ့လေ....

5.3K 940 14
                                    

Chapter (83-2)- ငါ့ဗိုက်ကို အမှတ်တမဲ့ မထိနဲ့လေ....



လီယွီ စိတ်ပူနေသေးပေမယ့် သူက နည်းနည်း လန့်သွားတယ်။ သူက ကိုယ်ဝန်ရှိပေမယ့်သူ့ဗိုက်တွေက ပြားနေသေးတယ်။

အိုး ကောင်းတယ် ကောင်းတယ် ။ လူပုံစံနဲ့ ဗိုက်ကြီးကြီး ဖြစ်သွားမှာကို သူတကယ်ကြောက်တယ်။

ကျင်းဝမ်သည် လီယွီကို တစ်ချိန်လုံး စောင့်ကြပ်နေခဲ့သည်။ သို့သော် တစ်စုံတစ်ခုကြောင့် ခေတ္တ ထွက်ခွာသွားခဲ့ရသည်။ သူပြန်လာသောအခါတွင် ရှောင်ယွီသည် သူ့ဗိုက်ကိုကြည့်သည်ကို မထင်မှတ်ပဲ မိသွားသည်။

ကျင်းဝမ်: "......"

သူ့ချစ်သူလေးက လူကိုယ်တိုင် ပေါ်လာဖို့ ဘာကြောင့် ငြင်းဆန်တာလဲ။ ဘာလို့ ပထမဆုံး သူ့ကို ရှောင်နေတာလဲ။

ကျင်းဝမ်သည် လီယွီ၏ နံဘေးတွင် တိတ်တဆိတ် လျှောက်သွားပြီး သူ့နှလုံးသားထဲတွင် မရေမတွက်နိုင်သော မေးခွန်းများပေါ်လာပေမယ့် ရှောင်ယွီကို ခြောက်မိမည်စိုးဖြင့် တုံ့ဆိုင်းသွားခဲ့သည်။ လီယွီသည် သူ့ဗိုက်ကိုကြည့်ပြီး အဝတ်အစားလဲရန် ကြံစည်နေပြီဖြစ်သည်။ လှည့်ကြည့်လိုက်တော့ သူ့နောက်ကလူကို ချက်ချင်းတွေ့လိုက်တယ်။

လီယွီ: "....!!!"

လီယွီသည် ကျင်းဝမ်ဆီကို အပြေးသွားပြီး ကျင်းဝမ်ကို သစ်သားနံရံတွင်ဖိကာ အကြိမ်ကြိမ် နမ်းလိုက်သည်။

ကျင်းဝမ်က သူ့ကို လုံးဝ အပြစ်မတင်ဘူး။ ရှောင်ယွီက သူ့ချစ်သူဖြစ်ကြောင်း ကြေငြာရန် ဤနည်းလမ်းကို အသုံးပြုခဲ့တာဖြစ်လိမ့်မည်။

လီယွီသည် ကျင်းဝမ်ကို အလွန်လွမ်းဆွတ်ခဲ့သည်။ သူသည် မနက်မှ ညအထိ ငါးတစ်ကောင်ဖြစ်နေစဉ် အပြန်အလှန် ဆက်ဆံကြသော်လည်း လူသားအသွင်ဖြင့် ပူးကပ်တာနဲ့ မတူပေ။ အတူတကွရှိခြင်း၏ အဆုံးစွန်သောပျော်ရွှင်မှုကိုမြည်းစမ်းပြီးနောက်၊ သာမန်လူအချင်းချင်း အပြန်အလှန်ပြောဆိုမှုကို သူက စိတ်မဝင်စားတော့တာ သဘာဝပဲလေ။

ပူပြင်းသော အသက်ရှုသံများဖြင့် ဝန်းရံထားသော လီယွီသည် ချက်ချင်းပင် ခုခံမှုကို ဆုံးရှုံးသွားသည်။ ထပ်ခါတလဲလဲ နမ်းနေသည့် မွတ်သိပ်သည့် အနမ်းများကြားတွင်၊ သူတို့က အခု အနမ်းတစ်ခုသာ နမ်းနေရုံဟု အမှတ်မထင် တွေးလိုက်မိသည်။ ဒါ ပြဿနာ မဖြစ်လောက်ဘူး မဟုတ်လား။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now