Chapter (125-2) - လော့လန်ပြည်

3.6K 811 20
                                    

Chapter (125-2) - လော့လန်ပြည်

လီယွီက ကျင်းဝမ် တစ်ယောက် စကားလုံးအချို့၏ အသံထွက်ကို ရုတ်တရက် မေ့သွားမည်ကို စိုးရိမ်သောကြောင့် အရေးပေါ်အချိန်များတွင် ကြည့်နိုင်ဖို့ အသုံးများသော စကားလုံးများ၏ အသံထွက် ဖျင်းယင်း စာအုပ်ကို စီစဉ်ပေးခဲ့သည်။ ကျင်းဝမ်က သူနဲ့အတူ ထိုစာအုပ်ကို နေရာတိုင်းကို အမြဲ ယူဆောင်လာခဲ့တယ်။ မေ့သွားသည်ဖြစ်စေ မမေ့သည်ဖြစ်စေ တစ်ချက်လောက်တော့ သူ ဖွင့်ကြည့်ဖို့ လိုနေသေးသည်။

လီယွီတစ်ယောက်လုံး သူ့ဘေးတွင်ရှိနေသော်လည်း ကျင်းဝမ်က ဝမ်ဖေး အပေါ်ထားသည့်  ပြောင်မြောက်သော အချစ်ကို မရပ်တန့်နိုင်ပေ။
 

မင်းကြီး: "......"

ကျင်းဝမ်၏ ဆွံ့အခြင်းက ပျောက်ကင်းလာပြီးနောက် ကျင်း-ဝမ်ဖေး နှင့် ကျင်းဝမ်အကြား ချိုမြိန်သော ချစ်ခြင်းက အဆင့်တစ်ဆင့်သို့ တိုးလာသည်ဟု ဧကရာဇ်မင်းကြီး ခံစားခဲ့ရသည်။ ဧကရာဇ်သည် သူ့သားနှင့် သားမက်ကြား ချစ်ကြည်ရင်းနှီးသည်ကို မြင်ရပြီး သူက ပြုံးကာ မျက်နှာကို တဖက်သို့ လှည့်လိုက်သည်။ ဒါက  ခွေးအစာကို  ကြိမ်ဖန်များစွာ ကျွေးမွေးခံရသည့်  ခံစားချက်ဖြစ်သည်။
(ခွေးစာကျွေးခံရခြင်း = စုံတွဲတွေ ကိုယ့်အရှေ့မှာ ချစ်ကြည်နူးပြသည်ကို မြင်ရခြင်း)

အဓိကအကြောင်းအရာကိုပြန်သွားကာ ကျင်းဇနီးမောင်နှံနှင့် စကားအနည်းငယ်ပြောပြီးနောက် ဧကရာဇ်ဘုရင်က သူ၏လက်ရှိအခြေအနေများကို ရှင်းပြခဲ့သည်။

"ခမည်းတော်က တကယ့်ကို ပညာရှိပဲ။ ခမည်းတော်  သဲလွန်စတွေ အများကြီး ရှာတွေ့တာ မြန်လိုက်တာ။"

လီယွီက ပထမဆုံး မင်းကြီးကို ချီးမွမ်းစကားဆိုလိုက်သည်။ ဧကရာဇ်သည် ဤအချက်ကို အစွမ်းကုန် စုံစမ်းခဲ့ပြီး   သတင်းအချက်အလတ်များ လျင်မြန်စွာ ရောက်ရှိလာတယ်ဆိုတာ သေချာသည်။ လီယွီသည် ဤနေရာတွင် လျှို့ဝှက်ဇာတ်လမ်းကို သိလိမ့်မည်ဟု ထင်ထားပေမယ့် ပါဝင်သည့် လူအနည်းငယ်က အမှန်တကယ်ပင် သေဆုံးသွားလိမ့်မည်ဟု  လီယွီက မထင်ထားခဲ့ပေ။  

မထင်မှတ်ဘဲ ချီးမွမ်းခြင်းခံရသောအခါ ဧကရာဇ်က ချောင်းဟန့်လိုက်မိသည်။

"ဒါပေမယ့် ပြစ်မှုကျူးလွန်သူရဲ့  သဲလွန်စက လမ်းပျောက်သွားပြီလေ။  လောလောဆယ်  ဘာမှ ဆက်လုပ်လို့မရတော့ဘူး "

လီယွီသည် ဤစကားလုံးများကို စောင့်မျှော်နေတာဖြစ်သည်။

 "ဒီလူတွေက ဒီမှာမရှိတော့ပေမယ့် "သက်သေပစ္စည်း" တွေ ရှိနေတုန်းပါပဲ။ အချို့ "အရာတွေ"ကို ပြောင်းလဲလို့ မရပါဘူး ခမည်းတော်ဘုရား....ဒါကြောင့် ရွယ်ယား ဘယ်က လာတယ်ဆိုတာ မစုံစမ်းပဲ မနေပါနဲ့...."


လီယွီ၏ စကားလုံးများက တကယ့်အဓိက အချက်ကို ထိမှန်သွားခဲ့သည်။

ထိုနေ့တွင် ရွယ်ယားက နှင်းထူထပ်သော တောင်ထိပ်တွင်သာ ပေါက်ရောက်သည်ဟု သမားတော်အိုကြီး ပြောသည်ကို ကြားလိုက်ရသည်။ ယခု နိုင်ငံ၏   နယ်နိမိတ်အတွင်းတွင် နှင်းထူထပ်သော တောင်များ မရှိသောကြောင့် ရွယ်ယားကို မြင်ရဖို့ဆိုတာ အင်မတ် ရှားပါးလှသည်။ တော်ဝင်ဆေးကုသဆောင်မှာပင် ရွယ်ယားမရှိပေ။

"........ ဒါက သံသယဖြစ်စရာ တစ်ခုပဲ။  ပူလျှိုက တော်ဝင်သမားတော်တွေတောင် လက်လှမ်းမမီတဲ့ ဆေးကို ဘာကြောင့် ပိုင်ဆိုင်နိုင်တာလဲ။ ဒါ့အပြင် ရွယ်ယားက ပုံမှန်အားဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်စာဖြစ်တယ်။  ဂျင်ဆင်းနှင့်တွေ့ပြီးမှသာ အဆိပ်ဖြစ်လာလိမ့်မည်။  နောက်ကွယ်က တကယ့် တရားခံက ဒီ ဆေးအကြောင်းကို သေချာသိရမယ်။  ဒါမှမဟုတ် အနည်းဆုံးတော့ ရွယ်ယားရဲ့အဆိပ်အကြောင်း သိလိမ့်မယ်လို့ ထင်ပါတယ်။"

ဆေးဖော်မြူလာသည် မူလက ခန္ဓာကိုယ်အား သန်မာစေသော ဆေးညွှန်းဖြစ်သည်ဟု သမားတော်အိုက ပြောခဲ့သည်။ သို့သော် ရွယ်ယား ဆေးတမယ်ကို  ထပ်တိုးလိုက်ပါက ဖြစ်လာမည့် အကျိုးသက်ရောက်မှုကို   မသိသူများသည် ရွယ်ယားကိုထည့်ခြင်းဖြင့်  ဖြည့်စွက်စာထည့်လိုက်သကဲ့သို့ဖြစ်မည်ဟုသာ ယုံကြည် ကြမည်ဖြစ်သည်။ ဤအရာသည် လူတွေရဲ့ မျက်စိရှေ့မှာပင်  ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်သည်။

လီယွီ၏ စကားများသည် ဤနေရာတွင် ရပ်သွားသည်။ သူ့ရင်ထဲမှာ စိုးရိမ်စိတ်တွေ တရိပ်ရိပ်နဲ့ တိုးလာခဲ့သည်။ ရွယ်ယားဟာ ဒီနိုင်ငံမှာ ရှားပါးသည်။ ထိုအဆိပ်သည် တိုင်းတပါးသား များနှင့် ဆက်စပ် နေနိုင်မလား...

သို့သော် ဤနှစ်များအတွင်းတွင် ဧကရာဇ်၏ အနောက်နန်းဆောင်ထဲမှာ တိုင်းတပါးက ကိုယ်လုပ်တော်များ မရှိခဲ့ပေ။  

ဥပမာ ကျင်းကျွယ်ပြည်မျိုးပေါ့... ဧကရာဇ်သည် ကျင်းကျွယ်ပြည် နှင့် မဟာမိတ်ဖွဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးအောင် လက်ထပ်ပွဲ လုပ်ခဲ့သည့်တိုင် ဧကရာဇ်ဘုရင်သည် ကျင်းကျွယ်ပြည် မင်းသမီးကို  မင်းသားတစ်ပါးနှင့် လက်ထပ်ခွင့်ပြုပေမယ့်  သူကိုယ်တိုင်က ကျင်းကျွယ်ပြည်မှ မည်သူ့ကိုမျှ ကိုယ်လုပ်တော် အဖြစ်ကောက်ယူမည်မဟုတ်ပေ။

ဒါက ဧကရာဇ်မင်း၏ ပုံစံဖြစ်သည်။

ပူလျှို၏ ရွယ်ယားသည် တိုင်းတပါးမှ လာသည့် အရာ ဖြစ်မည်ဟု လီယွီသံသယရှိခဲ့သည်။ ရွယ်ယားက ဘယ်က လာတာလဲ။ ပူလျှို ကိုယ်တိုင်က တိုင်းတပါးသား တစ်ယောက်လား။

လီယွီ အကြောင်းကို ပိုတွေးလေလေ သံသယဖြစ်လေပင်။ သူ့ မသိစိတ်ကတွေးမိပြီး မင်းကြီးကို နူတ်မှ ထုတ်မေးလိုက်မိသည်။
 
ဧကရာဇ်သည် ထိုအမေးကြောင့် ခေတ္တမျှ အံ့အားသင့်သွားပြီး လေးလေးနက်နက် တွေးတောမိသွားသည်။ ခဏအကြာတွင်၊ သူသည် "လူတွေကို ရွယ်ယားအကြောင်းကို စတင်စုံစမ်းပြီး ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ဖို့ ကျန်း..အမိန့်ပေးမှာပါ" လို့ ပြောခဲ့သည်။

လီယွီသည် ဧကရာဇ်မင်း ဆက်မပြောချင်တော့သည်ကို မြင်လိုက်ရပြီး ဆက်မမေးတော့ပေ။


ကန်ချင်း နန်းတော်မှ ထွက်ခွာပြီးနောက် လီယွီသည် ကျင်းဝမ်ကို တံတောင်ဆစ်ဖြင့် အသာအယာထိကာ တီးတိုးမေးလိုက်သည်။

"ထျန်းချီ၊ နှင်းတောင်တွေရှိတဲ့နေရာကို သိလား"

အပြင်မှာ ကျင်းဝမ်က စကားပြောဖို့ အဆင်မပြေဘူး။ ထို့ကြောင့် သူသည် လီယွီ၏ လက်ဖဝါးကို အသုံးပြု၍ လော့လန်ဟူသော စကားလုံးနှစ်လုံးကို ရေးပြခဲ့သည်။  

"လော့လန်က ဘာလဲ...?" လီယွီ အံသြသွားသည်။ သူသည် ကူးပြောင်းလာသောငါး ဖြစ်သည်။ ဒီလို လူမျိုးနှင့်ပတ်သက်သော  ပထဝီဝင်ပညာက သူ့အတွက် သနားစရာကောင်းအောင်ပင် ဘာမှ မသိရပေ။  မူရင်းဝတ္ထုကြောင့် သူသည် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ကျင်းကျွယ်ပြည်ကိုသာ သိသည်။  လော့လန်အကြောင်းကို သူ  ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်ဖြစ်သည်။

ကျင်းဝမ်က လော့လန် မှာ နှင်းတောင်တွေရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ က ခမည်းတော်က လော့လန်ပြည်ကို ဖျက်ဆီးပစ်လိုက်တယ် ဟု တိတ်တဆိတ် ရေးပြခဲ့သည်။

လီယွီ: ".............................."

ဒါကြောင့် ဒီနိုင်ငံဟာ အမြစ်ပြတ်ပြီးခဲ့တာပေါ့... သူ တစ်ခါမှ မကြားဖူးတာ မဆန်းပါဘူး။  

ဒါဆို ရွယ်ယားက လော့လန်ကနေ လာတာလား။

ကျင်းဝမ်ကို အန္တရာယ်ပြုဖို့ နောက်ကွယ်ကတရားခံက ဧကရာဇ်ကို အာ ရန်ငြိုးရှိလို့ ဖြစ်နိုင်တယ်ဆိုပြီး သူတွေးနေခဲ့သည်။ ဒါဆို ကြေကွဲစရာကောင်းလောက်အောင် မျိုးသုဉ်းသွားခဲ့တဲ့ လော့လန်ပြည်က လူတွေက  ဧကရာဇ်ကို လက်စားချေဖို့ အခွင့်အရေးကို စောင့်စားဖို့အတွက်  နန်းတော်ထဲကို စိမ့်ဝင်လာတာလား။

ဒါမှမဟုတ် လီယွီက အခုပဲ ဧကရာဇ်ရဲ့ ရှောင်တိမ်းနေတဲ့ အကြည့်တွေကို ပြန်အမှတ်ရပြီး ဧကရာဇ်မင်းကြီးဟာ လော့လန်က အမျိုးသမီးတစ်ဦးနဲ့  လက်ထပ်ခဲ့ဖူးပြီး သူ့ အနောက်ဆောင်ထဲကို သွင်းခဲ့ဖူးတာ သေချာသည်။  သို့သော် ဧကရာဇ်မင်းသည် ဧကရီ ရှောင်ဟွေ့ကို အချစ်ဆုံးဖြစ်သောကြောင့် လော့လန်မှ ကိုယ်လုပ်တော်က အချစ်မရှိရလို့ မင်းကြီးကို စတင်မုန်းတီးလာလိမ့်မည်။ ဒါကြောင့် သူမက ကျင်းဝမ်ကို တမင်သက်သက် ခုလို နာကျင်စေခဲ့တာလား။

လီယွီ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ၏ အတွေးများသည် ပို၍ ပြင်းထန်လေလေဖြစ်သည်။ ကျင်းဝမ်က ပြုံးပြီး လီယွီ၏ အင်္ကျီကို ဆွဲကိုင်လိုက်သည်။  

ကိုယ့်နောက်လိုက်ခဲ့ပါ..... ကျင်းဝမ်က သူ့မျက်လုံးတွေနဲ့ အချက်ပြလိုက်သည်။

လီယွီသည် ကျင်းဝမ်နောက်သို့ ခဏလောက် လမ်းလျှောက်လိုက်သည်။ ကျင်းဝမ်က သူ့ကို အတော်လေး ရင်းနှီးတဲ့ ခြံဝင်းတစ်ခုဆီ ခေါ်ဆောင်လာခဲ့တာကို သူတွေ့ရှိခဲ့သည်။ လီယွီသည် ခြံဝင်း ကမ္ပည်းပြားကို တစ်ချက်ကြည့်လိုက်သည်။ ကျင်းထိုက် နန်းတော်။

သူ သည် ငါးတစ်ကောင်ဖြစ်စ အချိန်ကို ပြန်ပြောင်းသတိရကာ ကျင်းထိုက်နန်းတော်၌ ရက်အနည်းငယ် ကြာအောင်ပင် နေထိုင်ခဲ့သည်။ တစ်နှစ်ကျော်ကြာပြီးနောက် လီယွီသည် ယခုအခါ ကျင်းဝမ်အိမ်တော်တွင် ပိုမိုနေထိုင်လာခဲ့သည်။   ကျင်းထိုက် နန်းတော်သည် သူနှင့် သိပ် မရင်းနှီးသောနေရာတစ်ခု ဖြစ်လာခဲ့သည်။ အဲ့ဒါကြောင့် သူ ချက်ချင်းမမှတ်မိလိုက်ဘူး။  

ကျင်းထိုက် နန်းတော်တွင် အစေခံများရှိသည်။ သူတို့၏သခင် ကျင်းဝမ်ကိုတွေ့သောအခါ အားလုံးက ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

ကျင်းဝမ်က ထိုလူတွေကို အာရုံမစိုက်ပဲ  လီယွီကို ဆွဲခေါ်ကာ အိပ်ခန်းကို ဝင်လိုက်သည်။

လီယွီ: ???

လီယွီရဲ့ အတွေးတွေက မှောင်လာပြီး သူ့မျက်နှာလေးက အနည်းငယ်နီမြန်းလာသည်။ မကြာသေးမီက သူသည် သမီးလေးလိုချင်ကြောင်း ငြီးတွားနေခဲ့သည်။ သို့သော်၊ ကျင်းဝမ်ထံမှ အနှစ်တွေကို အကြိမ်ပေါင်းများစွာ စုပ်ယူပြီးနောက် ကျင်းဝမ်၏ မျက်လုံးအောက်တွင် မျက်ကွင်းမည်းတွေ ဖြစ်အောင် လုပ်ခဲ့ပေမယ့် သူ့ထံတွင်  သမီးတစ်ယောက်မျှ မရှိခဲ့သေးပေ။  

"စိတ်ဝိညာဉ်ထဲသို့ တစ်ချက်တည်းရောင်အောင် လုပ်ဆောင်ခြင်း" မစ်ရှင် မရှိသဖြင့် ကလေးရဖို့က ခက်ခဲလှသည်။  လီယွီသည် သမီးတစ်ယောက်၇ဖို့အတွက် စိတ်မရှည်စွာ ဆုတောင်းခဲ့ပြီး အနည်းငယ် အယူသီးလာခဲ့သည်။

 "တော်ဝင်မြို့တော်၊ ကျင်းအိမ်တော်" နှင့် "သမီး" ဟူသော စကားလုံးများ အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေသလားပင် သူက စတင် သံသယဖြစ်မိသည်။ နောက်တစ်ကြိမ် ကလေးရအောင် ကြိုးစားဖို့ နေရာကို ပြောင်းဖို့ လိုသလားလို့ပင် တွေးနေခဲ့သည်။ ကျင်းဝမ်သည် လီယွီ၏ အလွန် ထောက်ထားစာနာသော ခင်ပွန်းကောင်း ဟူသော နာမည်နှင့် လိုက်လျောညီထွေစွာပင် ခေါင်းညိတ်ပြလိုက်ကာ ခေါင်းအုံးတစ်လုံး ယူလာခဲ့သည်။

ကျင်းထိုက် နန်းတော်က ကောင်းတယ်။ သူတို့ အချင်းချင်း တွေ့ဆုံရာ နေရာအဖြစ်လည်း  ရေတွက်နိုင်သည်။ ဒီနေရာက နိမိတ်ကောင်းတဲ့နေရာဖြစ်လို့  ကလေးရနိုင်တယ်....
 
ကျင်းဝမ်သည် လော့လန်နှင့် ပတ်သက်သည့် အရာတစ်ခုကို သိပြီး ထိုစာကို ယူရန် လှည့်လိုက်သည်။ သူ ပြန်လှည့်ကြည့်လိုက်တော့ ဒီအချိန်တိုလေးအတွင်းမှာ ငါးကြင်းနတ်ဆိုးဟာ စောင်တွေထဲကို ချိုးငှက်တစ်ကောင်လို ဝင်နေပြီဖြစ်ပြီး စိုလက်တောက်ပနေတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ကာ လက်ယပ်ခေါ်ကာ သူ့ကို   ဆွဲဆောင်နေတာကို တွေ့လိုက်ရသည်။

ကျင်းဝမ်: "......"
*******-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now