Chapter (78-2) - နားလည်လက်ခံပေးတဲ့ချစ်သူ

4.3K 911 2
                                    

Chapter (78-2) – နားလည်လက်ခံပေးတဲ့ချစ်သူ


မေပယ်ဒေသတွင် အစိုးရအရာရှိကြီးများ မရှိပေ။ ကျင်းဝမ်ရောက်ရှိလာပြီးသည်နှင့် သဘာဝအတိုင်း၊ သူသည် စွမ်းအားအရှိဆုံး အုပ်ချုပ်သူ ဖြစ်လာသည်။ အသက်ရှင်ကျန်ရစ်သော လူသတ်သမားများကို အခြားနေရာသို့ ခေါ်ဆောင်သွားရန် မလိုအပ်ပေ။ သူတို့အား စစ်ဆေးမေးမြန်းရန်အတွက် အစောင့်များထံ တိုက်ရိုက်လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝမ့်ကုန်းကုန်းကို ကူညီရန် ခေါ်ဆောင်လာသူများတွင် တော်ဝင်အစောင့်တပ်နှစ်ဖွဲ့ရှိသည်။ အဖွဲ့ခေါင်းဆောင်သည် ကျင်းဝမ်ကို နှုတ်ဆက်ရန် ရောက်ရှိလာပြီး ကျင်းဝမ်ကို ကာကွယ်ရန် ဧကရာဇ်မင်း၏ အမိန့်အရ ဤနေရာတွင် ရှိနေကြောင်း သတင်းပို့ခဲ့သည်။

သူ့မျက်ခုံးတွေကို ပွတ်သပ်ရင်း၊ ကျင်းဝမ်က ဝမ့်ကုန်းကုန်းကို သူ့အတွက် ဒီလူတွေကို ကျေးဇူးတင်ဖို့ အရင်ပြောစေပြီး ဧကရာဇ်မင်းဆီ ပေးပို့ဖို့ အစီရင်ခံစာကို ရေးဆွဲဖို့ ကူညီပေးခဲ့တယ်။ ကျင်းဝမ်သည် ထီးနန်းအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ဧကရာဇ်မင်းသည် ထိုသို့ လုပ်ကြံခံရသည့် ကြီးကျယ်သော အဖြစ်အပျက်ကို အကြောင်းကြားရမည်ဖြစ်သည်။

ကျင်းဝမ်သည် ကိုင်တွယ်ရမည့် အရေးကြီးဆုံးကိစ္စများကို ရွေးထုတ်ခဲ့သည်။ သူက လေပေါ် ပျံသန်းသွားသလိုမျိုး အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရှောင်ယွီ ကို ရှာရန် လာခဲ့သည်။

 အခန်းထဲမဝင်ခင်မှာ ဘယ်သူမှ ဝင်ခွင့်မပြုကြောင်း သူက အမူယာပြခဲ့တယ်။ ထို့နောက် သူသည် ငါးကန်အတွင်းမှ ငါးကလေးကို ကြည့်ရန် တံခါးခုံမှ တိတ်တဆိတ် လျှောက်လာခဲ့သည်။  

ကျင်းဝမ်သည် ခါတိုင်းနဲ့မတူ ခြားနားချက်ကို သတိပြုမိပြီးနောက် အခန်းထဲသို့ အမြန် ဝင်လိုက်သည် ။ ရှောင်ယွီ တစ်ယောက် ကျင်းဝမ် ထွက်သွားတုန်းကလို စိတ်ဓာတ်မကျတော့ဘူး။ အဲဒီအစား ငါးကလေးက သူ့ဆန္ဒအလျောက် ကူးခတ်လာပြီး သူ့ကို နှုတ်ဆက်ဖို့ အမြီးက သူ့ကို မရပ်မနား လှုပ်ယမ်းပြီး ကျင်းဝမ်ကို မော့ကြည့်နေသည်။
 

......ဒါဆို ငါးကြင်းနတ်ဆိုးက အဲဒါကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့ပြီလား....

ပြုံးလျက်၊ ကျင်းဝမ်သည် ငါး၏ကျောလေးကို လက်ချောင်းနှင့် အသာထိလိုက်သည်။
 

မမျှော်လင့်ဘဲ လီယွီသည် ဘေးဘက်သို့  ခုန်ဆင်းကာ ရေနေ မှော်ပင် တစ်ပင်၏ နောက်ကွယ်တွင် ပုန်းလျှိုကာ ကျင်းဝမ်ကို ချောင်းကြည့်လိုက်သည်။  

ရှောင်ယွီသည် သူ့ကို ကြောက်ရွံ့ပြီး သတိထားနေမှန်း ကျင်းဝမ်သိလိုက်သည်။ သူ့ကိုအနှောက်အယှက်မပေးရက်တော့သဖြင့် ကျင်းဝမ်က သူပြင်ဆင်ထားတဲ့ စာရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး ဖွင့်ပြီး ငါးမြင်နိုင်တဲ့ နေရာမှာ ထားလိုက်တယ်။

စာရွက်ပေါ်တွင်ရေးထားသော အံ့ဩစရာစကားလုံးများကို လီယွီမြင်လိုက်ရသည်- မကြောက်ပါနဲ့။

လီယွီ: "...."

ကျင်းဝမ်သည် ယခင်က ငါးကလေးကို ငွေစက္ကူများစွာ ပေးခဲ့ပြီး၊ ယခင်က ငါးအတွက် ဒဏ်ရာရရှိခဲ့ရုံသာမက အခုလည်း ငါးကလေးကို အပြစ်မယူပဲ ခွင့်လွှတ်ကာ နှစ်သိမ့်ပေးခဲ့သည်။ လီယွီသည် ရုတ်တရက် မျက်ရည်ကျလာသည်။  

တောင်းပန်ပါတယ် အရှင်မင်းသား။ ငါ မင်းကို အစကတည်းက ပြောပြခဲ့သင့်တယ်...
 

လူနှင့်ငါးတို့သည် မျက်နှာချင်းဆိုင်ကြည့နေ်ကြသည်။ အရင်ကတော့ လီယွီက သူ့ရဲ့အသွင်ပြောင်းမှုကို ညအချိန်တွင် လုပ်ဆောင်ခဲ့သည်။ အခုတော့ သန်းခေါင်ကျော်သွားပြီ။ လီယွီသည် သူသည် လူသားအဖြစ် တစ်ဖန်ပြောင်းလဲနိုင်သည်ကို သိလိုက်သည်။

သူ ဝီရိယစိုက်ထုတ်ခဲ့တဲ့ ဖုံးကွယ်ရေး အစီအစဉ်ကနေ  အခုတော့ အမှန်တရားကို ဝန်ခံဖို့ အသုံးပြုနေရလေပြီ။
 

လီယွီက ကျင်းဝမ် တစ်ယောက်  သူ့ကို မုန်းတီးမှာကို တွေးကာ   ရုတ်တရတ် အသွင်ပြောင်းဖို့ မဝံ့ရဲခဲ့သေးဘူး။  ယခု သူသည်  သတိထားတာတွေကို လေထဲသို့ ပစ်ချလိုက်သည်။ ထိုမှတ်စုသည် သူ့အား အကန့်အသတ်မရှိသော သတ္တိကိုပေးခဲ့သည်။ လီယွီသည် ကျင်းဝမ်ရှေ့တွင် သူ အသွင်ပြောင်းလေ့ရှိသည့် ကျောက်စိမ်းအသွင် ပေါ့ပါးသွက်လက်သည့်  ငါးကလေးရဲ့ကျွမ်းကျင်မှုကို ပြသလိုက်သည်။
 ကျင်းဝမ်၏အကြည့်အောက်တွင် သူသည် လူသားအဖြစ်သို့ တစ်ဖန်ပြန်ပြောင်းသွားခဲ့သည်။  

လီယွီက သူ့ကိုယ်သူ အမြန်အဝတ်နဲ့ ခြုံလိုက်ပြီး ကျင်းဝမ်ကို ရှင်းပြလိုက်သည်။

"အရှင်မင်းသား၊ ကျွန်တော် အရှင်မင်းသားကို ပြောစရာတစ်ခုရှိတယ်။ ကျွန်တော် ဘာလို့ငါးတစ်ကောင်အဖြစ်ပြောင်းလဲနိုင်သလဲဆိုတဲ့အကြောင်းပါ"


သူ ဘယ်လိုရှင်းပြရမှာလဲ??

ထိုတိုက်ပွဲမစတင်မီတွင် လီယွီသည် ရှင်းပြရန် လွယ်ကူသော ကိစ္စမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ သူသည် ကျင်းဝမ်ကို မူလက လူသားဖြစ်သည်ဆိုတာ ပြောပြချင်ပေမယ့် ကျင်းဝမ် ၊ နားမလည်နိုင်သော အကြောင်းပြချက်အချို့ကြောင့် System ဖြင့် ချိတ်ဆက်မိကာ ငါးအဖြစ်သို့ ကူးပြောင်းသွားသည်ကို  ကျင်းဝမ်ကို တိုက်ရိုက်ပြောပြသင့်သလား။ ကျင်းဝမ်က သူ ယခင်က ဖတ်ဖူးသော ဝတ္ထုထဲက ဇာတ်ကောင် တစ်ဦးဖြစ်တယ်ဆိုတာ ဘယ်လို ပြောပြနိုင်မှာလဲ။
 

ကျင်းဝမ်သည် လူသားတစ်ဦးကို ငါးအဖြစ်ပြောင်းလဲခြင်းကို လက်ခံနိုင်သော်လည်း၊ သူသည် စာအုပ်ထဲတွင် ဇာတ်ကောင်တစ်ဦးသာဖြစ်သည်ဟူသောအချက်ကို သူ လက်ခံနိုင်မည်မဟုတ်ပေ။ သူ့လောကအမြင်က ပြောင်းလဲကုန်လိမ့်မည်။ ။ လီယွီတကယ်သာ အမှန်အတိုင်းပြောပါက၊ ကျင်းဝမ်က သူ လိမ်ပြောနေသည်ဟု   ထင်ကောင်းထင်နေပေမည်။  

System နှင့် transmigration ဝိဉာဉ်ကူးပြောင်းလာသည့် အကြောင်း မပါပဲ သူက ဘယ်လို ရှင်းပြနိုင်မှာလဲ။   ဒါမှလွဲရင် သူဘာကြောင့် ငါးအဖြစ်ပြောင်းလဲနိုင်တယ်ဆိုတာ ရှင်းပြဖို့ တခြားဘာပြောနိုင်ဦးမှာလဲ။

လီယွီ: "......"


လီယွီသည် သူ့ကိုယ်သူ ရုတ်တရက် ဖော်ထုတ်ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။ နောက်ပိုင်းတွင် သူ့ကိုယ်သူ ရှင်းပြနိုင်စွမ်းမရှိဟုလည်း မထင်ခဲ့ပေ။ ကျင်းဝမ်လက်ခံနိုင်တဲ့ အကြောင်းပြချက်ကို သူရှာဖို့ လိုတယ်...။

သူ အကြံရပြီ!  

လီယွီသည် ထိုအရေးပေါ်အခြေအနေတွင် လိမ္မာပါးနပ်စွာ တွေးတောနေခဲ့သည်။ ကျင်းဝမ်က သူ့ကို ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို ကိုယ်တိုင်မြင်ဖူးတယ်။ လီယွီသည် နတ်ဆိုးတစ်ကောင်ဟု သူ ထင်မည်မှာ သေချာသည်။ ဒါတောင်မှ ကျင်းဝမ်က သူ့ကို တခြားသူတွေရှေ့မှာ ကာကွယ်ဖို့ ရွေးချယ်တုန်းပဲ။ ထိုသည်မှာ ကျင်းဝမ်၏နှလုံးသားထဲတွင် သခင်လေးလီသည် နတ်ဆိုး တစ်ကောင်ဖြစ်ကြောင်း တွေ့ရှိပြီးနောက်တွင်ပင် ကျင်းဝမ်က ဒါကို လက်ခံနိုင်တယ်ဆိုတာ ပြသနေတယ်။

လီယွီသည် အချိန်ကာလတစ်ခုအထိ ကျင်းဝမ်သည် ကျင့်ကြံမှု စာအုပ်ငယ်များကို အဆက်မပြတ်ဖတ်ကာ နတ်ဆိုးများအကြောင်း ပုံပြင်များကို နှစ်သက်ခဲ့ကြောင်း သတိရမိသည်။ ကျင်းဝမ်က သူ့ကို နတ်ဆိုးဆိုပြီး သံသယရှိခဲ့ပေမယ့် အလွယ်တကူ လက်ခံနိုင်စေခဲ့တဲ့အတွက် သူ ကံကောင်းတာပဲ။ ဒီကောင်းတဲ့ ကံကြမ္မာကနေ သူ အကျိုးကျေးဇူးတွေ ရခဲ့တာ ဖြစ်နိုင်တယ်။

ကျင်းဝမ်လျင်မြန်စွာတုံ့ပြန်ရသည့်အကြောင်းရင်းမှာ ကျင်းဝမ်က သူ့ကိုကာကွယ်လိုသောကြောင့်ဖြစ်သည်။ ကျင်းဝမ်ကိုယ်တိုင်က စိတ်တည်ငြိမ်မှု အလွယ်တကူ ပျောက်ကွယ်သွားနိုင်တဲ့ လူစားတော့ မဟုတ်ဘူး။

ကျင်းဝမ်လည်း အလွန်အမင်း တုန်လှုပ်သွားပြီး လီယွီ ရဲ့မူလဇစ်မြစ်ကို ဝမ့်ကုန်းကုန်း နှင့် အခြားသူများကို ပြောပြခဲ့မယ်ဆိုရင် အခု အားလုံးသိပြီးသား ဖြစ်လိမ့်မည်။ ဒါပေမယ့် သူက တည်ငြိမ်စွာ လက်ခံပြီး သူ့ကို ဖုံးကွယ်ပေးထားတယ်။

ဒီလူက ဘယ်လိုလုပ် ဒီလောက်ကောင်းရတာလဲ.....

လီယွီသည် ထိုအချက်ကို ရုတ်တရက် သတိပြုမိပြီး QQ ငိုချင်လာသည်။ သူက ကျင်းဝမ်ရဲ့ အယုအယနဲ့ အကြင်နာကို ထပ်ပြီး လိုချင်လာသည်။ ကျင်းဝမ်က သူ့ကို ကောင်းကောင်း ဆက်ဆံနေပြီလို့ အမြဲ  ခံစားမိပေမယ့် အချိန်တိုင်း၊ ကျင်းဝမ်က ပိုပို ကောင်းပေးလာတယ်။

ကျင်းဝမ်သည် သူက ငါးကြင်းနတ်ဆိုးဖြစ်တယ်ဆိုတာ လက်ခံနိုင်သောကြောင့် လီယွီသည် ဆင်ခြေအတွက် စိတ်ပျက်နေစရာ မလိုတော့ပေ။ သူက ငါးကြင်းနတ်ဆိုးအဖြစ် ဟန်ဆောင်နိုင်ပါတယ်။ System နဲ့ ချိတ်ဆက်ထားတဲ့ အချစ်တော် အိမ်မွေးငါးနှင့်  ငါးကြင်းနတ်ဆိုး ဆိုသည့် အဖြစ်နှစ်ခုမှာ ငါးကြင်းနတ်ဆိုးက လူနဲ့ ငါးအသွင်   အပြန်ပြန်အလှန်လှန်ပြောင်းလဲနိုင်တယ်ဆိုတာ ပို ဖြစ်နိုင်တယ် မဟုတ်လား။
 

အကယ်၍ သူသည် ငါးကြင်းနတ်ဆိုးဖြစ်ခဲ့ပါက၊ System က သူ့ကို ကျင့်ကြံနည်းကို သင်ပေးတဲ့ မသေးမျိုး ဖြစ်နေမည် မဟုတ်လား။   ထို့အပြင်၊ မစ်ရှင်များလုပ်ဆောင်ခြင်းက ကျင့်ကြံခြင်းကို လုပ်ကာ အဆင့်တက်အောင် လုပ်နေတာနဲ့ အတူတူပဲ မဟုတ်လား။
 

ဒါတွေအားလုံး လိုက်ဖက်တယ်။ ဒါဆို သူ ကူးပြောင်းလာရတဲ့ အကြောင်းရင်းက ဒါက မိုးကောင်းကင် စမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ လုပ်တာနဲ့အတူတူပဲ မဖြစ်နိုင်ဘူးလား။

တစ်နေ့လျှင် နှစ်နာရီသာ အသွင်ပြောင်းနိုင်ရခြင်းမှာ ......သူ၏ ကျင့်ကြံမှု မမြင့်မားခြင်းကြောင့်ပင်။

လီယွီသည် အရာအားလုံး ချက်ချင်းရှင်းလင်းသွားသလို ခံစားလိုက်ရသည်။ စိတ်လှုပ်ရှားမှုကြောင့်  သူက ကခုန်ပြီး ဝမ်းသာအားရ လက်ဟန်ခြေဟန် လုပ်လုနီးပါးပါပဲ။ ကျင်းဝမ်က သူ့ကို လက်ကို ပုတ်ပြီး သူ့ကို အာရုံစိုက်လာချင်တယ်။ လီယွီသည် အရာအားလုံးကို အနည်းနှင့်အများဆိုသလို စ ဉ်းစားပြီးနောက်   နောက်ဆုံးတွင် ဖြည်းညှင်းစွာပြောခဲ့သည်-

 "အရှင်မင်းသား၊ ကျွန်တော်...အရှင့်ကို ပြောချင်တယ်။ တကယ်တော့ ကျွန်တော်က ငါးကြင်းနတ်ဆိုးပါ။"  

ကျင်းဝမ်သည် အလိုက်တသိ ခေါင်းညိတ်လိုက်သည်။ ငါးကြင်းနတ်ဆိုးနှင့် ပတ်သက်သော ကိစ္စရပ်များကို သူ သိသည်မှာ ကြာပြီဖြစ်သည်။

လီယွီက ကြီးကျယ်ခမ်းနားသော အသွင်အပြင်ဖြင့် သူ ကြိုတွေးထားသည်ကို ရှင်းပြလိုက်သည်။ သူပြောပြီးတဲ့အခါ ကျင်းဝမ်ကို စိုးရိမ်တကြီးနဲ့ ကြည့်လိုကသ်ည်။ ကျင်းဝမ်က သူလိမ်နေတာကို သိသွားမှာကို ကြောက်တယ်။ ကျင်းဝမ်သည် ရုတ်တရက် စိတ်ပြောင်းသွားကာ လီယွီသည် ငါးတစ်ကောင်ဖြစ်သည်ကို သတိပြုမိသွားသည်ကိုလည်း သူ ကြောက်ရွံ့ခဲ့သည်။

ကောင်းတာပေါ့၊ ကျင်းဝမ်ကဘာမှ  ပြန်မပြောဘူး။

မကြိုက်တဲ့ အရိပ်အမြွက် တစ်ခုခုကို မပေးခဲ့သည့်အပြင် လီယွီ၏ ကြုံရာကျပန်းစကားများကို တုံ့ပြန်ရန် လက်နှစ်ဖက်ကိုပင် ကြင်နာစွာ ဆုပ်ကိုင်ထားသည်။

ဆိုလိုတာက ကျင်းဝမ်က သူ့ကို လက်ခံဖို့၊ သူ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ သူ့ရဲ့ ချစ်သူအဖြစ် ဆက်ရှိနေဖို့ ဆန္ဒရှိနေတယ်လို့ ဆိုလိုတာပဲ။  

လီယွီသည် ကျင်းဝမ်၏ကြင်နာမှုကို ခံစားလိုက်ရသည်။ သူ့ဖာသာရှင်းပြခဲ့တာကို သူတောင်  မယုံဘူး။ ဒါပေမယ့် ဒီလူက သူ့ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်။

"အရှင်မင်းသား၊ ကျွန်တော် အရှင်မင်းသားကိုဒုက္ခမပေးဘူး။ ကျွန်တော်တို့ အရင်အတိုင်းပဲ နေနိုင်မယ် မဟုတ်လား" လီယွီက ခံစားချက်တွေဖြင့် ရင်တုန်စွာ မေးလိုက်သည်။
 

ကျင်းဝမ် က ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်က ဘယ်တော့မှ မပြောင်းလဲဘူးဆိုတော့ သူတို့ အတူတူရှိနေမှာ သေချာပါတယ်။

လီယွီသည် ဖြည်းညှင်းစွာ နီးကပ်လာကာ ကျင်းဝမ်အား သူ့ခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း ထိမိကာ တစ်ဖက်သား၏အမူအရာကို ရံဖန်ရံခါ သတိထားပြီး ကြည့်နေသည်။ တစ်ဖက်က လုံးဝ စိတ်မကွက်သည်ကို မြင်တော့ လီယွီက နောက်ဆုံးတော့ စိတ်အေးလက်အေးဖြစ်သွားသည်။

လီယွီ(Li Yu) သည် သူ၏ ဖုံးကွယ်မှု ဆုံးရှုံးသွားသည့် အဖြစ်အပျက်ကို ကျော်ဖြတ်နိုင်ခဲ့သည်ကို မယုံဝံ့လောက်အောင်ပင် ဖြစ်နေသည်။သူက  ခေတ္တမျှ ပင့်သက်ရှိုက်ရင်း ကျင်းဝမ်၏ လက်ကို ပွေ့ဖက်ကာ လွှတ်ရန် ငြင်းဆန်နေသည်။

ကြည့်လိုက်တော့ နာရီမှန်ထဲမှာ သဲအများကြီး မကျန်တော့ဘူး။ မူလက ကျင်းဝမ် နဲ့ အဲ့ဒါကို လုပ်ဖို့ စိတ်ကူးထားပေမယ့် အခုတော့ အဖြစ်မှန်ပေါ်သွားသည့်အပြင် ရှင်းပြလိုက်ရလို့ အချိန် မလောက်တော့ဘူး။    မည်သို့ပင်ဆိုစေကာမူ လီယွီသည် ကျင်းဝမ်နှင့် လုံးဝမခွဲချင်ပေ။
 ယခုအချိန်တွင် သူ့တွင် နတ်ဆိုးဖြစ်နိုင်သည်ဟုပင် စိတ်မဝင်စားသော ချစ်သူတစ်ယောက်ရှိနေပြီဖြစ်သည်။


"အရှင်မင်းသား...ကျွန်တော် နည်းနည်းပင်ပန်းတယ်။ ခဏလောက်အိပ်ပါရစေ။"

အရှင်သခင် ငါးကြင်းနတ်ဆိုးသည် ကျင်းဝမ်၏လက်များကြားတွင် သက်တောင့်သက်သာရှိပြီး နွေးထွေးသော အနေအထားကို တွေ့ရှိပြီး ငြိမ်းချမ်းစွာ အိပ်မောကျကာ  ဟောက်ပင် ဟောင်နေတော့တယ်။

ကျင်းဝမ်က သူ့နဖူးကို နမ်းလိုက်ပြီး စောင်နဲ့ သပ်သပ်ရပ်ရပ်လွှမ်းခြုံပေးလိုက်သည်။ ပြီးတော့ လီယွီကို ပွေ့ဖက်ကာ    အတူအိပ်လိုက်ရင်း၊ ကျင်းဝမ်က ငွေရောင်နာရီ ဖန်ခွက်ထဲကို သဲတွေအကုန် ယိုကျလာတဲ့ အထိ စောင့်ခဲ့တယ်။ သူ့လက်ထဲတွင် အိပ်ပျော်နေသောလူသည် ငါးတစ်ကောင်အဖြစ်သို့ ပြန်ပြောင်းသွားတော့  ကျင်းဝမ်က ထပြီး ငါးကန်ထဲကို ငါးကလေးကို ပြန်သွင်းပေးလိုက်တယ်။  

သလင်းကျောက်ငါးကန်ကို ဤနေရာသို့ ယူဆောင်လာခြင်းမရှိသော်လည်း၊ ငွေရောင်ကျောက်တုံးနှင့် ရွှေပိုး မြက်ခင်းစောင်များ ရှိနေပါသည်။ ကျင်းဝမ်သည် ငွေကျောက်တုံးကြီးပေါ်တွင် ငါးကလေးကို ချထားပြီးနောက် ငါးကလေးကို စောင်ဖြင့် အုပ်ထားသည်။

ငါးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကာ သူ့အမြီးကို မသိစိတ်က ဖြန့်ကာ ကျင်းဝမ်၏ လက်ချောင်းများတဝိုက်တွင် မြတ်နိုးစွာ ရစ်ပတ်ထားသည်။

******-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now