Chapter (79-2)-"အချစ်မီးပုံကြီး တောက်လောင်သလို စွဲလန်းခြင်း" မစ်ရှင်

4.6K 839 1
                                    

Chapter (79-2)-"အချစ်မီးပုံကြီး တောက်လောင်သလို စွဲလန်းခြင်း" မစ်ရှင်



လီယွီသည် ထိုအချက်ကို အလေးအနက်ထားပြီး အချိန်အတော်ကြာ စဉ်းစားကာ "ကျွန်တော်  တကယ် မသိဘူး" ဟု ရိုးရိုးသားသား ပြောခဲ့သည်။

အံ့သြစရာကောင်းတာက သူက ဒီကိစ္စအတွက် ကျင်းဝမ်ကို မလှည့်စားချင်ဘူး။  

ထိုစကားကိုကြားပြီးနောက် လီယွီ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သောအခါ ကျင်းဝမ်၏မျက်နှာမှာ အရောင်ဖျော့သွားသည်။ လီယွီသည် ဆုပ်ကိုင်ထားရာမှ နာကျင်မှုအချို့ကိုပင် ခံစားခဲ့ရသည့် ခွန်အားကို အသုံးပြုခဲ့သည်။

"အရှင်မင်းသား ဘာဖြစ်လို့လဲ" လီယွီက အံ့အားသင့်စွာ မေးလိုက်သည်။ ကျင်းဝမ်ရုတ်တရက် စိတ်လှုပ်ရှားနေသည်ကို သူမသိ။

ကျင်းဝမ်က လီယွီကို သူ့ရင်ခွင်ထဲ အတင်းဆွဲသွင်းကာ ဖက်ထားပြီး  အသံမထွက်နိုင်ပေမယ့် သူ့နူတ်ခမ်းမှ ထပ်ခါထပ်ခါ ပြောနေသည် ၊

ငါ့ကို မထားခဲ့ပါနဲ့...... ငါ့ကို မထားခဲ့ပါနဲ့


"အရှင်မင်းသား တခုခုဖြစ်နေတာလား?"

လီယွီသည် ကျင်းဝမ် ဖြစ်နေသည်ကို နားမလည်ဘဲ တစ်ဖက်လူ၏ပခုံးကို ဖက်ထားကာ စိတ်အေးအောင် လုပ်ပေးချင်နေသည်။  

လူနှစ်ယောက်သည် ဒီအတိုင်းပွေ့ဖက်ထားကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် ဝမ့်ကုန်းကုန်းသည် လုပ်ကြံသတ်ဖြတ်သူဖြစ်ကြောင်း ဝန်ခံပြီးဖြစ်ကြောင်း ကျင်းဝမ်ကို ဘာဆက်လုပ်ရမလဲဆိုတာ အမိန့် တောင်းခံလာခဲ့သည်။ ကျင်းဝမ်က သူတို့ကို ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ လိုတယ်။ ဒါက ရှောင်လွှဲလို့ မရတဲ့အရာပါ။ ကျင်းဝမ်က လီယွီကို လွှတ်လိုက်ပြီး သူ့ မျက်နှာအရောင်က ပိုကောင်းလာသည်။

သူ့ကို သေချာဂရုစိုက်ပါ....

ကျင်းဝမ်က ဝမ့်ကုန်းကုန်းကို အကြည့် ဖြင့် လှမ်းအမိန့် ပေးလိုက်သည်။

ဝမ့်ကုန်းကုန်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။ လုပ်ကြံသတ်ဖြတ်သူတွေက အနည်းဆုံး တစ်ချက်တော့ အမှန်ကို ခန့်မှန်းနိုင်ကြတယ်။ သခင်လေးလီနှင့် အရှင်မင်းသားက ယခု ပို၍ပင် ရင်းနှီးပူးကပ်နေသည်က ထင်ရှားသည်။

ကျင်းဝမ်ထွက်သွားပြီးနောက် လီယွီက ဝမ့်ကုန်းကုန်းကို ထွက်သွားရန် စည်းရုံးကာ အခန်းထဲ ဘယ်သူမှ မရှိတော့မှ လှည့်၍ system ထဲသို့ ဝင်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်သူများရောက်လာသောကြောင့် ကောင်းအတူဆိုးအတူ မစ်ရှင် တာဝန်ပြီးဆုံးကြောင်းသွားခဲ့သည်ကို သူ သတိရမိသည်။   သူရဲ့ ရုပ်ဖျက်မှု ပျောက်သွားပြီးကတည်းက သူရမယ့်ဆုကို စစ်ဆေးဖို့ အခွင့်အရေး မရှိလို့ပါပဲ။

သူ အခုပဲ ဘာဆုရခဲ့သလဲ ဆိုတာ ကြည့်ရမယ်။

လီယွီသည် system ထဲသို့ဝင်ကာ ပင်မ မစ်ရှင်ကို ချက်ချင်းစစ်ဆေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊   အလုပ်ပြီးသွားလို့ ဆုရခဲ့သည်။ ထိုဆုသည် ကျင်းဝမ်၏လျှို့ဝှက်ချက်များထဲမှ တစ်ခုကို သိခွင့်ရှိခြင်း ဖြစ်သည်။

လီယွီသည် ရွေးချယ်မှုလေးခုကို ခဏကြာကြည့်ကာ  သူက ရုတ်တရက်   မေးလိုက်သည်။
- system၊ အရင်က ရွေးထားတဲ့ လျှို့ဝှက်ချက်ကို ပြန်သွားကြည့်လို့ ရမလား။  

အဝတ်ကျားရုပ်လေး နှင့်အတူ၊ ချန်ချွမ်း နန်းတော်၏လျှို့ဝှက်ချက်က ထိုစဉ်တခဏ လီယွီ၏မျက်စိရှေ့ ပြန်ပေါ်လာခဲ့သည်။

လီယွီ သည် ထိုအရာကို ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် နောက်မှတွေးမည်ဟု စဉ်းစားကာ ထိုစဉ်က သေချာသိအောင်လုပ်ဖို့ ငြင်းဆန်ခဲ့သည်။

 စဉ်းစားနေသလိုမျိုး  System က ခဏငြိမ်သွားတယ်။ လီယွီက ဒါက တွေ့ရဖို့ မျှော်လင့်ချက်မရှိဟု ထင်ခဲ့သည်။ သို့သော်လည်း သူ ရွေးချယ်နိုင်သည့် ရွေးချယ်မှုလေးခုထဲမှ တစ်ခုက မှိန်ဖျော့သွားကာ သူ့ရှေ့က မြင်ကွင်းက နန်းတော်ထဲက မြင်ကွင်းအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲခဲ့သည်။

...... ချန်ချွမ်း နန်းတော်လား။ ကောင်းပြီလေ!  

System - "Host.... သင့်ကို ဆုလာဘ်များပြောင်းရန် ခွင့်ပြုထားပါတယ်။  ကျေးဇူးပြု၍ ရွေးချယ်မှုပြုလုပ်ပါ။"

လီယွီ နားလည်သွားသည်။ ဆိုလိုသည်မှာ ထိုအကြိမ်ဆုအတွက်၊ သူ မသိသော အခြားလျှို့ဝှက်ချက်သုံးခုထဲမှ တစ်ခုကို ရွေးနိုင်သည် သို့မဟုတ် ချန်ချွမ်း နန်းတော်ကို ထပ်မံရွေးချယ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

အခြားမစ်ရှင်များ ပြီးဆုံးပြီးနောက်တွင် သူသည် ကျင်းဝမ်၏ အခြားသောလျှို့ဝှက်ချက်များကို ရယူနိုင်စွမ်းရှိသေးသည်။ အဲ့ဒါတွေက အရေးတကြီးမဟုတ်ခဲ့ပေ။ ဒါကို အရင်ဖြေရှင်းပြီးမှ စကားပြောတာ အကောင်းဆုံးပဲ။

လီယွီသည် ချန်ချွမ်း နန်းတော်ကို နှိပ်လိုက်သည်။ ချက်ခြင်းပဲ၊ ချန်ချွမ်း နန်းတော်အတွင်းက လျှို့ဝှက်ထားတဲ့ နေရာကို ရောက်သွားတယ်။  

ဒီတစ်ခါတော့ သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ပတ်ပတ်လည်ကို အရမ်းဂရုစိုက်ကာ ကြည့်လိုက်သည်။  အမျိုးသမီး၏ သားချော့တေး ညည်းနေတာနဲ့ မကြာခင် နန်းတော်ထဲက ကိုယ်ရေးကိုယ်တာအစေခံများ ပေါ်လာမည်ကို စောင့်နေရင်း ထိုမြင်ကွင်းကို လီယွီ အနည်းနဲ့အများ မှတ်မိနေသေးသည်။ ထိုစဉ်  အမျိုးသမီးရဲ့နောက်မှာ ကုတင်ပေါ်မှာ အထည်ထုပ်တစ်ထုပ် ရှိနေတာကို သူတွေ့တယ်။ လီယွီက ယခင်တကြိမ်က ထိုအရာကို သတိမထားမိပေ။ ဒီတစ်ခါတော့ သေသေချာချာ စမ်းကြည့်လိုက်တော့ ထိုအထည်ထုပ်သည် တခုခုကို ထုပ်ထားသည်နှင့် အနည်းငယ်တူသည်။

အမျိုးသမီးနှင့် ကိုယ်ရေးကိုယ်တာ အစေခံတို့ ငြင်းခုံကြစဉ်  လီယွီက ထိုအထုပ်လေး အနည်းငယ်ရွေ့သွားသည်ကို သတိပြုမိသည်။ အနက်ရောင်စပျစ်သီးနဲ့တူတဲ့ မျက်လုံးတစ်စုံက အဲဒီကနေ အပြင်ကို လှမ်းကြည့်လိုက်ပြီး ဘာတွေဖြစ်နေလဲ သိချင်စိတ်နဲ့ ကြည့်နေတာကို လီယွီ တွေ့လိုက်ရသည်။

ဒါကြောင့် ဒီအခန်းထဲမှာလည်း ကလေးတစ်ယောက်ရှိနေသည်ကို လီယွီ သိလိုက်ရသည်။  ထိုကလေး ရှိနေသည့် မြင်ကွင်းကို အမျိုးသမီးက အစကတည်းက ကွယ်ထားသောကြောင့် ရှေ့တခေါက်က လီယွီက     ငြင်းခုံနေသူနှစ်ဦးအပေါ် အာရုံစိုက်လာသောကြောင့် အိပ်ယာပေါ်ရှိ ကလေးငယ်ကို မတွေ့ခဲ့ပေ။

တကယ်တော့ ဒီကလေးငယ်ဟာ ဒီမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာပေါ့.... ခဏနေဦး.... ဒီကလေးက.....
 

လီယွီကို ချက်ချင်း သဘောပေါက်သွားသည်။

ဒါက ကျင်းဝမ်ရဲ့ လျှို့ဝှက်ချက်ဖြစ်ပါလျက် သူက ဒီကို လာကြည့်ချိန် ဘာကြောင့် ကျင်းဝမ်ကို လုံးဝ မမြင်ရသလဲလို့ တွေးနေမိသည်။     

တကယ်တော့ ကျင်းဝမ်က ဒီကို တစ်ချိန်လုံး နေခဲ့တာပဲ။ လီယွီသည် ယခင်က သူ့ကို သတိမပြုမိခဲ့ရုံလေးပဲ။

ကျင်းဝမ်က အဲ့ဒီကလေးဖြစ်နေလို့ပဲ။

အခု မြင်ကွင်းက ကျင်းဝမ်ငယ်ငယ်က မြင်ခဲ့သည့် မြင်ကွင်းတစ်ခု ဖြစ်နိုင်သည်။ ကျင်းဝမ်သည် အသက်ကြီးလာသောအခါတွင် ထိုအရာကို မမှတ်မိတော့တာက အံ့သြစရာမဟုတ်ပေ။ သို့သော် ထိုမှတ်ဉာဏ်သည် သူ့ စိတ်အာရုံရဲ့ အနက်ရှိုင်းဆုံးတွင် ကျန်ရှိနေခဲ့သည်။

လီယွီသည် ကျင်းဝမ်ငယ်စဉ် ဖက်တီးသေးသေးလေးဘဝကို မြင်ဖူးသည်။ ဖက်တီးလေး၏ ကလေးေပေါက်စပုံစံကိုလည်း အလွန်လျင်မြန်စွာ မှတ်မိသည်။ ဒါက သူ၏ ခန့်မှန်းချက်ကို အတည်ပြုခဲ့သော်လည်း ပို၍ပင် လျှို့ဝှက်ချက်များကို အစပြုနေသလိုပင်။   

ကျင်းဝမ်သည် မွေးကင်းစကလေးငယ်ဖြစ်နေသည့်အပြင် ချန်ချွမ်း နန်းတော်တွင် သေဆုံးသူကို အောက်မေ့သည့် အခမ်းအနားအတွက် နေရာအနှံ့ချိတ်ဆွဲထားသည့် တူညီသောအထည် ကန့်လန့်ကာများကို လီယွီ   မတွေ့ခဲ့ရသောကြောင့်၊ ထိုအချိန်တွင် ဧကရီ ရှောင်ဟွေ့ မသေသေးဘူး ဆိုသည့် သဘောပင်။ ဒါဆို ဧကရီ ရှောင်ဟွေ့က မင်းသားငယ်လေးနဲ့ အမျိုးသမီးတစ်ဦးကို ဘာကြောင့် ေနေခွင့်ပြုတာလဲ။ ထိုမိန်းမ၏အသက်အရွယ်အရ သူမက သာမန်နန်းတော်ထဲက အစေခံနဲ့ မတူပေ။
 
လီယွီသည် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် သာမန်နန်းတော် အိမ်ဖော်များထက် ပိုမို၍ လုံးဝန်းပြီး ဖွံ့ဖြိုးသည်ကို မြင်လိုက်ရပြီး ရုတ်တရက် တုန်လှုပ်သွားသည်။

ဒီ ကျင်းဝမ်ရဲ့ နို့ထိန်းလား။
 

သူမရဲ့ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ မင်းသားငယ်လေးနဲ့ တစ်ယောက်တည်း အတူနေနိုင်မှုအရ ဒါက နို့ထိန်းတစ်ယောက်ဖြစ်နိုင်လောက်သည်။

ကျင်းဝမ်ဟာ မွေးကင်းစကလေးငယ်တုန်းက သူ့ရဲ့နို့ထိန်းကို ကိုယ်ရေးကိုယ်တာ အစေခံတစ်ယောက် သတ်တာ ခံလိုက်ရတာကို အမှတ်မထင်တွေ့လိုက်ရတဲ့ အဖြစ်က လျှို့ဝှက်ချက်ပဲလား။  

သို့သော် ကျင်းဝမ်ကိုယ်တိုင်ပင် လူများစွာကို ကွပ်မျက်ခဲ့သည်။ ဒါကို လျှို့ဝှက်ချက်လို့ ဘာကြောင့် ယူဆရသလဲ။

လီယွီသည် သေးငယ်သော ဖြတ်ကျော်မှုများကို လုပ်နိုင်ခဲ့ပြီး နက်ရှိုင်းသည့် အတွေးထဲ နစ်မြုပ်နေပြီဖြစ်သည်။

လီယွီသည် လျှို့ဝှက်ချက်နဲ့  ပတ်သတ်ပြီး အတွေးလွန်နေရာမှ သတိဝင်လာချိန် System က သူ့ကို ချက်ခြင်းအကြောင်းကြားခဲ့သည်-

 "Host ပင်မမစ်ရှင်ဖြစ်တဲ့ "ဘဝသစ်စတင်ခြင်း" ကို ပြန်လည်စတင်လိုက်ပါပြီ။ နောက်တစ်ဆင့်မစတင်မီ၊ ထိုအချက်အလက်ကို အတည်ပြုပါ။"

လီယွီထံမှ အသိအမှတ်ပြုသံ ထွက်လာသည်။ သူ့ရဲ့ အတွေးက  ပိတ်ဆို့နေပြန်ပြီမို့ မစ်ရှင်ကို ဆက်လုပ်တာက  အကောင်းဆုံးပါပဲ။

အကြောင်းကြားချက်တစ်ခုသည်  System မှ ချက်ချင်းထွက်ပေါ်လာသည်- "Host .... အာဏာရှင်ကြီးနဲ့  သင်၏ဆက်ဆံရေးကို အတည်ပြုပါ။"

လီယွီ: ???

ဘာမဟုတ်တဲ့ System က မင်းတို့ရဲ့ဆက်ဆံရေးကို အတည်ပြုပါလို့ပြောပြီး ရွေးစရာပေါ်လာခဲ့သည်။
   - အိမ်မွေးငါး ဒါမှမဟုတ် ချစ်သူ၊ နှစ်ခုထဲက တစ်ခုကို ရွေးလိုက်ပါ။

အိမ်မွေးငါးကလေးဆိုသည့် အချက်ကနေ အဆင့်တက်နေပြီဖြစ်လို့ လီယွီသည် ပါးစပ်ကို နားရွက်တက်ချိတ်လုမတတ် ပြုံးဖြဲပြီး   ချစ်သူကို   ရွေးချယ်ခဲ့သည်။

System က "Host... နောက်အလုပ်တစ်ခုပြီးအောင်လုပ်ဖို့ သင်ရွေးချယ်ထားတဲ့ ချစ်သူအဆင့်အတန်းကို ကျေးဇူးပြု၍ သုံးလိုက်ပါ။"

တစ်ချိန်တည်းမှာပင်၊ System-  "ဘဝသစ်စတင်ခြင်း" ၏နောက်ထပ်အဆင့်ကို မွမ်းမံပြင်ဆင်ခဲ့သည်-  "အချစ်မီးပုံကြီ တောက်လောင်သလို စွဲလန်းခြင်း" မစ်ရှင်၊ သစ်သားခြောက်ပုံကြီး တောက်လောင်လာသကဲ့သို့ အာဏာရှင်ကြီးရဲ့ အချစ်စိတ်တွေ ထက်သန်လာအောင် လုပ်ဆောင်ပါ။


လီယွီ: "......"

system၊ အခုချက်ချင်းထွက်လာစမ်း... ငါ မင်းကို မသတ်ပါဘူးလို့  ကတိပြုတယ်!  

"ကောင်းအတူ ဆိုးအတူမစ်ရှင်" ပြီးမြောက်ရန်၊ ကျင်းဝမ်အတွက် ကိုယ်ကျိုးမဖက်ဘဲ သူ့အသက်ကိုစွန့်ရန် လိုအပ်သည်။ "အချစ်မီးပုံကြီး တောက်လောင်သလို စွဲလန်းခြင်း" ပြီးအောင်  သူဘာလုပ်ရမည်နည်း။

အစောပိုင်းအဆင့်တွေမှာ နက်နဲလွန်းတဲ့ ဆက်ဆံရေးကို မတော်တဆ လုပ်နိုင်ပေမယ့် ဒီနေရာမှာ ပြဿနာပါပဲ။

လီယွီက ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ System က သူ့ကို ကျင်းဝမ် နဲ့ ဟိုဟာကို လုပ်စေချင်တာတော့ မဟုတ်ဘူး မလား...

...... အခုက နွေဦးရာသီလား? သူက အများကြီးစားပြီး အများကြီးသောက်ပြီး ကျင်းဝမ်ရဲ့ ခန္ဓာကိုယ်ကို ပိုပိုပြီးတောင့်တလာခဲ့တယ်။  


********-******

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now