Chapter (105-2) - အချစ်ပြိုင်ဖက် ဖက်တီးလေး

4.6K 907 10
                                    

Chapter (105-2) - အချစ်ပြိုင်ဖက် ဖက်တီးလေး


...... ဒါဆို ဒီလူက အဖိုးလား?

"အာ.....အာ....!" ဟုတ်တယ် ဟုတ်တယ် !

အလျင်စလိုဖြစ်နေသဖြင့် ပေါင်းဆု၏တံတွေးသည် အပြင်သို့ ဖြန်းခနဲ ထွက်သွားသဖြင့် သူ့ဖာသာ ခေတ္တမျှ အံကြိတ်လိုက်မိသည်။

ဧကရာဇ်က သူ့ရယ်ချင်စိတ်ကို ပြင်းပြင်းထန်ထန် မျိုသိပ်ထားရသဖြင့် အတွင်းဒဏ်ရာရလု နီးနီးဖြစ်လာသည်။

ဤကလေးသည် မျက်လုံးဖွင့်လိုက်သည်နှင့် ဧကရာဇ်မင်းကြီးက သူလေးက လီယွီ နှင့် တကယ့်ကို တူကြောင်း သတိပြုမိလိုက်သည်။ ဧကရာဇ်သည် ယခင်က လီယွီက ဒီကလေးတွေ တကယ် မွေးထားတာ ဟုတ်ရဲ့လားလို့ အနည်းငယ်သံသယရှိခဲ့ပေမယ့် ယခု ဤအငယ်ဆုံးကလေးကို မြင်လိုက်ရတော့ သံသယလုံးဝ ပျောက်ကွယ်သွားပေပြီ။

ကလေးတွေက မိဘတွေနဲ့တူတယ်။ဒါက ခေတ်အဆက်ဆက် မပြောင်းလဲသော ဥပဒေဖြစ်သည်။

ဧကရာဇ်သည် မူလက ကျင်းဝမ်အား ပြောစရာစကားများ ရင်နှင့်အပြည့်ရှိပေမယ့် အခု သူ့သားက သူတို့ကလေးများကို ခေါ်ဆောင်လာပြီးနောက် ဧကရာဇ်ဘုရင်သည် အခြားအရာအားလုံးကို မေ့သွားကာ ဤကလေးလေးယောက်နှင့် ကစားရသည်ကိုပဲ စိတ်ထဲ တွေးနေခဲ့သည်။

လော့လွေ့စိန်းက အကြိမ်ကြိမ် အရိပ်အမြွက်ပြောပြီးနောက်၊ ဧကရာဇ်မင်းသည် ကျင်းဝမ် နှင့် သူ့မိသားစုသည် ဧကရာဇ်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ချက်ခြင်းပင် သူ့ကို တွေ့ရန်လာခဲ့ကြောင်း ဧကရာဇ်က နောက်ဆုံးတွင် အမှတ်ရခဲ့သည်။ ကျင်းဝမ် နှင့် လီယွီနှစ်ဦးစလုံးသည် ခရီးအရောက်မဆိုက် အခစားဝင်ရသည့်အတွက် ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာတွေဖြစ်နေကြသည်။

ဧကရာဇ်မင်းသည် သူတို့ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီး အနားယူရန် ပြန်ခွင့်ပြုလိုက်သည်။ သူသည် ကလေးတွေကို ခဏလောက် ခေါ်ထားချင်သော်လည်း သူ၏ကြီးမားလှသော နန်းတော်ထဲတွင် ဤသေးငယ်သော ကလေးများကို နေရာချရန် သင့်လျော်သော နေရာမရှိပေ။ ထို့အပြင် ကလေးများသည် လူကြီးများနှင့်အတူ ကြမ်းတမ်းသောခရီးကို ကြုံတွေ့ရပြီး ပင်ပန်းနေမည်ဖြစ်သည်။ ဧကရာဇ်မင်းသည် သူတို့ကို ကြာရှည်ဆွဲထားရန် အကြောင်းပြချက်မရှိတော့သဖြင့် ပြုံးလျက် မချိတင်ကဲ ပြောလိုက်ရသည်-

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now