Chapter (55-2)_ ဖျားသွားသော ငါးကလေး

8.1K 1.6K 29
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)


Chapter (55-2)_ ဖျားသွားသော ငါးကလေး


ကျင်းဝမ်က ငါးကြင်းလေးက ကျင့်ကြံရေးထဲ နစ်မြှုပ်သွားပြီဟု ထင်လိုက်သည်။ အနည်းဆုံးတော့ ငါးလေးက သူ့ကို ခေါင်းမာမာနှင့် ရှောင်ပုန်းလို့မရတော့တာ ကောင်းသည်ဟု ယူဆလိုက်သည်။

ကျင်းဝမ်သည်  ခဏစဉ်းစားလိုက်ပြီး သူ၏အင်္ကျီကိုဖွင့်ကာ ငါးကိုသူ့လက်မောင်းနှင့် ရစ်ပတ်လျက် ရေကန်အပေါ်ကို ရေကူးခတ်ကာ တက်လာခဲ့လိုက်သည်။

"အရှင်မင်းသား..အရှင်မင်းသား...ရေအောက်မှာ ဘာဖြစ်ခဲ့လို့လဲ"

ဝမ့်ရှီးက စိုးရိမ်တကြီး မင်းသားနားကို သွားလိုက်ပေမယ့် ကျင်းဝမ်ရဲ့လက်မောင်းကြားထဲမှာ ပွေ့လာသည့် ငါးကြင်းလေးကို တွေ့လိုက်ရလို့ အံ့သြသွားသည်။

 အိပ်ခန်းထဲက ကြည်လင်သော သလင်းငါးကန်ထဲမှာ ငါးလေးရှိနေပါလျက် အရှင်မင်းသားက ဘာကြောင့် ငါးကို ရေအောက်ကနေ ခေါ်လာ၇တာလဲ။ အရှင်မင်းသားက ရေအောက်ကို ဆင်းသွားတာ သခင်လေးလီကိုရှာနေတာ မဟုတ်ဘူးလား၊ ဘာကြောင့် ငါးဖမ်းလာတာလဲ။

ကျင်းဝမ်က သူ့ကို  အမှတ်တမဲ့ မော့ကြည့်ကာ ဝမ့်ကုန်းကုန်းကို စကားများများပြောခွင့်မပြုပေ။

ဝမ့်ရှီးသည် ခဏစဉ်းစားရန်ကြိုးစားပြီး ပြောလိုက်သည်။

"ဒီကျွန်အိုကြီး အမှတ်မှားသွားမိပါတယ်။  သခင်လေးရှောင်ယွီက  အပျော်သဘောနဲ့ ရေကန်ထဲသို့ ဆင်းသွားခဲ့တာပါ။ အဲ့ဒါ သခင်လေးလီ မဟုတ်ပါဘူး။အရှင်မင်းသားက သခင်လေးရှောင်ယွီကို ရေထဲဆင်းပြီး လိုက်ရှာခဲ့တာပါ..."

ကျင်းဝမ်က တည်ငြိမ်စွာဖြင့် ဝမ့်ရှီး၏စကားကို ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

 ဒါကြောင့် ဝမ့်ရှီးလည်း အခုဖြစ်ပျက်တာကို လက်ခံသွားခဲ့သည်။ သခင်လေးလီက တခြားကို ထွက်သွားခဲ့ပြီလေ။ သခင်လေးလီသာဆိုရင် ရေအောက်မှာ ဒီလောက်ကြာကြာ နေနိုင်ပါ့မလား။  
  သူ နားလည်မှု လွဲသွားတာ ဖြစ်လိမ့်မယ်။  အရှင်မင်းသားက သခင်လေးရှောင်ယွီကို စိတ်ပူလို့ ရေထဲဆင်းရှာတာကိုး....



ဝမ့်ရှီးသည် ကျင်းဝမ်ရဲ့ အဆောင်ထဲကို နောက်မှ လိုက်ဝင်ခဲ့သည်။ ကျင်းဝမ်က အဆောင်ထဲက ငါးကန်နားကို အမြန်သွားလိုက်ပြီး ငါးခေါင်းအုံးလေးကို ဘေးကို တွန်းချကာ ကျောက်သားခုတင်ထက်မှာ ငါးလေး ရှောင်ယွီကို အသာလေး တင်ပေးလိုက်သည်။

 
ဝမ့်ရှီး: "... "

သို့မှသာ ကျောက်ခုတင်ပေါ်က ငါးလေးက ငါးရုပ်ဖြစ်တယ်ဆိုတာ ဝမ့်ရှီးက သဘောပေါက်ခဲ့ သည်။ ဝမ့်ရှီးက နဖူးက ချွေးကို တိတ်တဆိတ်သုတ် လိုက်မိသည်။

အရှင်မင်းသားက ချူးရန့်ရီကို လှည့်စားဖို့ ငါးရုပ်လေးကို ထည့်ခဲ့တာကိုး....    သူဘာလို့ မတွေးခဲ့မိတာပါလိမ့်လဲ။


သခင်လေးရှောင်ယွီကို ရေကန်ကြီးထဲ ထည့်ခဲ့ထားတာဖြစ်လို့ အရှင်မင်းသားက ရေကန်အောက်ကို ဆင်းပြီး သခင်လေး ရှောင်ယွီကို လိုက်ရှာခဲ့တာကိုး...

 
ဝမ့်ရှီးသည် ကျင်းဝမ်အတွက်အဝတ်အစားလဲပေးဖို့ ကူပေးရန် လုပ်ခဲ့သည်။ ကျင်းဝမ်က  ငါးကို စိုးရိမ်တကြီးငေးကြည့်ပြီး သူ့လက်ကို ဝှေ့ယမ်း လိုက်သည်။ ဝမ့်ရှီးသည်ခြောက်သွေ့သောပုဝါတစ်ထည်ကို ယူလာပြီး ကျင်းဝမ် သူ့ခန္ဓာကိုယ်ပေါ်မှ ရေစက်များကို အမှတ်တမဲ့သုတ်ပေးခဲ့သော်လည်း ငါးက လုံးဝ မနိုးလာသေးပေ။

အတိတ်က သူ့နေရာလွတ်ထဲကို ဝင်သွားပြီးနောက်  တစ်နာရီအတွင်း ပြန်နိုးလာခဲ့သည်။

အခုတော့ ရှောင်ယွီက ကျင်းဝမ် သူ့ကိုပွေ့ချီကာ သယ်လာခဲ့သည့်တိုင် မနိုးလာပဲ ဆက်လက်အိပ်ပျော်နေ ခဲ့သည်။

ကျင်းဝမ်က တခုခုမှားနေပြီဆိုတာ သဘောပေါက်ခဲ့သည်။  ရှောင်ယွီ နိုးမလာလို့ စိတ်ပူပြီး တော်ဝင်သမားတော်ကို အခေါ်လွှတ်စေပြီး ငါးကို လာကြည့်ခိုင်းလိုက်သည်။

 တော်ဝင်သမားတော်ရဲ့ အိမ်မှာ koi ငါးတွေ  အများကြီးမွေးထားခဲ့ပေမယ့် ငါးတွေကိုကုသရာမှာ သူလည်း မတော်ပေ။ သူက ကျင်းဝမ်ရဲ့ ိအိပ်ပျော်နေတဲ့ ငါးလေးကို အကြာကြီး ငေးကြည့်နေခဲ့ပေမယ့် ဘာဖြစ်နေတယ်ဆိုတာ မပြောနိုင်ခဲ့ဘူး။

 ဒါပေမယ့် ဘာ ပြသနာမှ မရှိပါဘူးလို့ လျှောက်တင် ခဲ့သည်။

ကျင်းဝမ်ကတော့ တကယ်စိုးရိမ်နေသည်၊ ဒါက ငါးကြင်းမိစ္ဆာဖြစ်တယ်ဆိုတာ သူ သိနေသည်၊ ငါးလေးက ကြာရှည်စွာ အိပ်နေရာကနေ မနိုးထနိုင်မှာကို စိုးရိမ်နေသည်။ ငါးကြင်းလေးက ကျင့်ကြံရေးမှာ တခုခု ဒုက္ခကြုံခဲ့ရခြင်းကြောင့်ပဲ အခုလို ဖြစ်နေတာလား။

ကျင်းဝမ်သည်  ငါးကြင်းလေးကို ကြည့်ပေးရန် ဆရာတော် လျောင်ခုန်းကိုပင် ပင့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ့်ရှီးက အရှင်မင်းသားကို အလျင်အမြန်ဖျောင်းဖျလိုက်ရသည်။

အရှင်မင်းသားနဲ့ ဆရာတော် လျောင်ခုန်းတို့  ကြားက ဆက်ဆံရေးကို ဘယ်သူမှမသိနိုင်ပါဘူး။ သခင်လေး ရှောင်ယွီအတွက် ဆရာတော် လျောင်ခုန်းကို ပင့်ဖိတ်မယ်ဆိုရင် မင်းကြီးက သတိထားမိပါလိမ့်မယ်..ဟု လျှောက်တင်လိုက် ရသည်။
 

လျောင်ခုန်းသည်မည်သည့်မင်းသားနှင့်မဆို မပတ်သတ်ဘူးဟု မင်းကြီးက ယုံကြည်ထားသည်။ ဒါကို သိသွားရင် မင်းကြီးက ဆရာတော်လျောင်ခုန်းကို ယုံကြည်တော့မည် မဟုတ်ပဲ ဆရာတော်ပြောခဲ့သည့် စကားတွေကို  ဧကရာဇ်က သံသယဖြစ်လိမ့်မည်။

ကျင်းဝမ်က က ဒါကိုသိတယ်၊ ဒါပေမယ့် ငါးလေး ရှောင်ယွီကို ကယ်တင်ဖို့ကအရေးကြီးတယ်၊ သူ ဘာကိုမှ ဂရုမစိုက်နိုင်ခဲ့ဘူး။

ဘုန်းတော်ကြီး လျောင်ခုန်းက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်ရှိပြီး ရှောင်ယွီ၏ လက္ခဏာကို သိနေသည်။ တခြားသူတွေက ကူညီနိုင်မှာမဟုတ်ဘူးလို ကျင်းဝမ်က အရမ်း ကြောက်နေတယ်။

ထို့ကြောင့် ဧကရာဇ်သည် သံသယဖြစ်လျှင် သူတော့ သွားပြီ။ ဒါပေမယ့် ရှောင်ယွီက သူ ငယ်စဉ်က သူကအသက်ကို တစ်ခါ ကယ်ပေးခဲ့ဖူးသည်။
အခု ရှောင်ယွီ အတွက် သူပြန်ကယ်ပေးသင့်တယ်။

သူ့အသက်နဲ့လောင်းကြေးထပ်ရမယ် ဆိုရင်တောင်မှ ရှောင်ယွီကို ကယ်ပေးဖို့ ထိုက်တန်ပါတယ်။


သို့သော် ဝမ့်ကုန်းကုန်းပြောသည်ကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ကျင်းဝမ် ယူဆသည်။

 

ကျင်းဝမ်က ပြောလိုက်သည်။
္ဆ္ဆ
 "ငါ့ကို နန်းတော်ကို စာပို့ပေးဖို့ စီစဉ်လိုက်ပါ။  ငါးလေးက ဖျားနေတယ်၊့ငါးကို ကုပေးဖို့ ဆရာတော် လျောင်ခုန်းကို ရှာဖို့ လိုတယ်လို့ မင်းကြီးကို အသနားခံစား တင်သွင်းဖို့ လုပ်လိုက်....  "

ဝမ့်ရှီး၏မျက်လုံးများအရောင်တောက်လာပြီး ဧကရာဇ် ခွင့်ပြုချက်ရနိုင်လျှင် ဆရာတော်လျောင်ခုန်း နှင့် တွေ့သည့်အတွက် စိတ်ပူစရာမလိုတော့ပေ။

ဝမ့်ရှီးသည်သူ့ စိတ်ချရသည့် လူယုံတော်များကို နန်းတော်ထဲကို အမြန် စာပို့ဆောင်စေပြီး ကျင်းဝမ်ကို နန်းတော်ထဲ သွားဖို့ ပြင်ဆင်ပေးလိုက်သည်။

ကျင်းဝမ်က ငါးကြင်းလေးကို ကြည်လင်သောပုလင်းထဲသို့ ထည့် ကိုယ်တိုင်ထည့်လိုက်သည်။ ပြီးတော့ အသနားခံစာလွှာကို သူကိုယ်တိုင် ရေးလိုက်သည်။

  ညဉ့်နက်နေပြီ ဖြစ်ပေမယ့် ကျင်းဝမ်က နန်းတော်ထဲကို ဝင်ဖို့ လိုအပ်နေသည်။

 
လူတိုင်းခဏတာအတွင်း အလုပ်ရှုပ်နေကြသည်၊ ဤလှုပ်ရှားမှုကြောင့် နောက်ဆုံးတွင် လီယွီ ိုနိုးလာခဲ့သည်၊လီယွီသည် သူ့ကို သယ်မနေသည်ကို အကြိမ်ကြိမ်ခံစားခဲ့ရပေမယ့် ဘယ်လိုမှ မနိုးနိုင်ဖြစ်နေ သည်။
 
ဒီတခါတော့သူ့မျက်လုံးတွေကို အားတင်းကာ ဖွင့်ကြည့်လိုက်တော့ သူက  ကြည်လင်တဲ့ပုလင်းထဲ ရောက်နေသည်ကို တွေ့ခဲ့တယ်။

လီယွီသည် သူဘာဖြစ်နေသည်ကိုမသိသောကြောင့် သူ၏အမြီးကို မယမ်းပစ်လိုက်ပေ။

လီယွီသည် System ဆီက  သူ၏အခြေအနေကို မေးလိုက်ရင် ရမှာပဲဟု တွေးကာသူ၏စိတ်ထဲရှိ Systemကိုခေါ်ရန် ကြိုးစားခဲ့သည်။

နောက်ဆုံးအကြိမ်တုန်းက သူက System နဲ့ စကားများ ရန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် System က သူ့ကို ပြန်ဖြေပေးခဲ့မယ်လို့ ဘယ်သူက သိမှာလဲ...

 
System က ချက်ချင်းဖြေခဲ့သည်။

 "မင်္ဂလာပါ Host  မင်း...ဖျားနေတယ်"

လီယွီ:? ? ?

လီယွီက ချက်ချင်းလှုပ်ရှားလိုက်တော့ သူ့ကိုယ်က နာကျင်မှု ပေါ်ထွက်လာတယ်

ဖျားနာခြင်းကြောင့် သူ၏ခန္ဓာကိုယ်အားနည်းနေပြီး ငါးသည်လည်း ဖျားနာရင် လူသားတွေလိုဖြစ်တတ်တာ ပဲလား...ဟုတွေးနေသည်။

 
System က ဖြေလိုက်သည် -

" မင်းက လူသားပုံစံနဲ့ ရေထဲမှာအကြာကြီးနေခဲ့လို့ အအေးမိခဲ့တာ"  

လီယွီ: "... "

ဒါဆို ငါ ဘာလုပ်ရမလဲ။ ငါ ဖျားရင် System က ကုပေးနိုင်မလား ...

 

System ကလေးနက်စွာပြောကြားခဲ့သည်။

 "ချစ်စရာအိမ်မွေးတိရစ္ဆာန်System က ကုသမှုပေးဖို့ တာဝန်မရှိပဲ မစ်ရှင် ပြီးမပြီးကိုပဲ ဂရုစိုက်ရပါတယ်။ Hostရဲ့ အခြေနေက အရေးကြီးတဲ့ အခြေအနေဖြစ်နေပါတယ်။  ကျေးဇူးပြုပြီး လူသားကို အမြန်ဆုံး အကူအညီတောင်းပါ။ "

လီယွီ: "... "

လီယွီသည် လေးနေးနက်နက် တစ်ခုကို သတိပြု လိုက်မိသည်။ System  နဲ့ချိတ်ဆက်မိ ကတည်းက သူက ရေထဲမှာ  လူသား အဖြစ်အသွင်ပြောင်းရန် မည်သည့်အခါမျှ  လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ဒီတခါ သူ တကယ်ဖျားနေ တာလား။

တကယ်တော့ ငါ အကြိမ်ကြိမ်မနိုးနိုင်ခဲ့တာက ဖျားနေလို့ကိုး....။ ငါ့ခန္ဓာကိုယ်ကပျော့ညံ့လိုက်တာ....  

ထို့ပြင် System က သူ့ကိုလူသားတစ် ဦး ကို အကူညီတောင်းစေခဲ့တယ်။ လီယွီက   အနည်းငယ်လန့်သွားသည်၊ နောက်နေ့ဖြစ်နေပြီလား။

လီယွီ သည်ပတ်ဝန်းကျင်ကို တချက် ကြည့်လိုက်သည်။ ကျင်းဝမ်သည်နန်းတော်သို့ သွားသောအခါ သူ၏ အဝတ်အစားများကိုပြောင်းလဲရန် လိုအပ်သည်။ ဝမ့်ရှီးက သူ့ကိုစောင့်ပေးရင်း အလုပ်ရှုပ်နေကြတယ်။ လောလောဆယ် အိမ်ခန်းထဲမှာ ဘယ်သူမှမရှိဘူး၊  ပုလင်းအဖုံးကို မပိတ်ထားတာက   သူထွက်လို့ရမယ့် အခွင့်အရေးတစ်ခုပဲ။

လီယွီသည်  အံကြိတ်ကာ ကြည်လင်သောပုလင်း၏ နူတ်ခမ်းဝသို့ရေကူးသွားပြီး အခက်အခဲများစွာဖြင့် လှိမ့်ထွက်ဖို့ လုပ်လိုက်သည်။
 

သူသည်နောက်ထပ်နာကျင်မှုကို မခံစားနိုင်တော့ဘဲ သူ့ရေယပ်တွေက ခတ်ရတာ   အားနည်းလာသည်။

လူသားတစ် ဦး အသွင်သို့ပြောင်းလဲသွားချိန်တွင် သူသည် ငါးတစ်ကောင်ထက်ဆိုးသည်။ သူသည် တစ်ကိုယ်လုံးအေးစက်နေပြီး သွားများ တဆတ်ဆတ် တုန်ယင်နေသည်။

ငါးပုံစံကမှ သူ့ကို  အဆင်မပြေမှု တစ်စိတ်တစ်ပိုင်းကို ခံနိုင်ရည်ရှိစေသေးသည်။ ဒါပေမယ့် ငါးပုံစံနဲ့ သူ့အဖျားရောဂါကို ရသည်၊  မကုသနိုင်ခဲ့ပေ။ လူသားတစ် ဦး ဖြစ်လာပြီးနောက် အဆင်မပြေ ပေမယ့်လည်း ဆေးကုသပြီး အဖျားပျောက်အောင် လုပ်နိုင်သေးသည် မဟုတ်လား။

 
လီယွီသည် သူ၏ အဝတ်အစားများကို နေရာလွတ်ထဲမှထုတ်ကာ ပြီးစလွယ်ဝတ်ပြိးနောက် သူ၏နောက်ဆုံး ခွန်အားတွေ အားလုံး ကုန်ဆုံးသွားခဲ့သည်။ သူက အကူအညီတောင်းဖို့လိုတယ်။ ဒါပေမယ့် ဘယ်သူကိုသွားတွေ့ပြီး အကူညီတောင်းရမလဲ။

ကျင်းဝမ်ကို အဝတ်မြန်မြန်ပြောင်းလဲပေးပြီး နန်းတော်ထဲ ဝင်ဖို့ ပြင်ဆင်ပေးနေသည့် ဝမ့်ရှီးက မင်းကြီးဆီက ခွင့်ပြုချက်ရသည်နှင့် ကျင်းဝမ်ကို ဘုရားကျောင်းဆီကို တိုက်ရိုက်ခေါ်သွားပေးရန် စီစဉ်နေသည်။

 
ကျင်းဝမ်က ဖန်ပုလင်းကိုယူဖို့ တံခါးကိုတွန်းလိုက်ပြီး အခန်းထဲ ဝင်သွားတော့ တစ်စုံတစ်ယောက်က စိုစွတ်နေတဲ့မြေပေါ်မှာ လဲကျနေတာကို တွေ့လိုက် တယ်။

ဒါက ... ရှောင်ယွီပဲ! !

ကျင်းဝမ်သည် လီယွီကို သတိပြုမိကာ ချက်ချင်း ပွေ့ဖက်ရန် ရှေ့တိုးလာခဲ့သည်။ လီယွီကို  ၏ လက်မောင်း ကို မတော်တဆထိမိလိုက်ချိန်မှာ ရှောင်ယွီ က ကိုယ် အရမ်းပူနေသည်ကို သတိထားလိုက် မိသည်။

 
လီယွီက ကျင်းဝမ်ရဲ့ကိုယ်ကို မှီနေရသည်။ သူက ကျင်းဝမ်ကို ဒေါသထွက်ပြီး ဒီလူကို မမြင်ချင်ဘူး။ ဒါပေမယ့် သူ က မလှုပ်နိုင်သလို မျက်လုံးတောင် မဖွင့်နိုင်အောင် ဖြစ်နေသည်။

ဝမ့်ကုန်းကုန်နှင့် အစေခံတွေ၊ သမားတော်တွေက သခင်လေးလီက ဖျားနေသည်ဟု ပြောပေမယ့် ကျင်းဝမ်က လက်မခံပေ။. သူက ရှောင်ယွီကို လျောင့်ခုန်းဆီကို ခေါ်သွားဖို့ပဲ ပြောနေခဲ့သည်ကို ကြားလိုက်ရသည်။

 ကျင်းဝမ်က သူ့ကိုရှာဖို့ ရေထဲကို ကိုယ်တိုင်ဆင်းခဲ့သည်ကို လီယွီ သိလိုက်ရသည်။

သူက အခု အိပ်ရာကမထနိုင်ရင်တောင် ကျင်းဝမ်ရဲ့ကိုယ်အပေါ်မှီခိုနေရလို့ ကျင်းဝမ်ရဲက ရင်ဘတ်ကပြင်းထန်တဲ့နှလုံးခုန်သံကိုတောင် လီယွီ ူကြားလိုက်ရတယ်။ ပူနွေးတဲ့ ကျင်းဝမ်ရဲ့ ကိုယ်ကြောင့် လီယွီလည်း  သက်တောင့်သက်သာနေနေ ရသည်။

"အရှင်မင်းသား..ကျွန်တော် နေရတာ အရမ်း အဆင်မပြေဘူး ... "

လီယွီက လည်ချောင်းနာခြင်း၊ တကိုယ်လုံး အားလျော့ကာ ချမ်းတုန်နေခြင်းကြောင့်  ကိုလွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ ဘာဖြစ်ခဲ့သည်ကို ခဏလောက် မှဂရုမစိုက်ချင် တော့ဘူး။ အခု သူ့ကို ဂရုစိုက်ပေးနေသည့်လူကို အားကိုးတကြီး ပြောလိုက်မိသည်။

ထိုစကားများကိုကြားရသောအခါ ကျင်းဝမ်က သူ့အားစိတ်ပူပန်စွာ အလျင်အမြန်ပွေ့ဖက်လိုက်ပြီး တကိုယ်လုံးကို ရင်ခွင်ထဲ ပွေ့ချီကာ  တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ အပြင်ကို ထွက်လာခဲ့သည်။

 
ရှောင်ယွီ သည်အဖျားကြီးလို့ သမားတော် ခေါ်ရမည်ကို သိပေမယ့် အခု သူက    ချောင်းဆိုးနေ လို့ ကျင်းဝမ်လည်း စိတ်ပူလွန်းကာ   ရှောင်ယွီကိုပွေ့ကာ ထွက်လာတော့သည်။

ဘုရင်ဂျင်ချွေးတွေအရမ်းထွက်နေသည်။

"အရှင်မင်းသား"

ဝမ့်ရှီးသည် မင်းသားက တံခါးကို ဆောင့်ကန် လိုက်သည့် အသံကိုကြားပြီး အမြန်ပြေးထွက်လာ ခဲ့သည်။

 
ရှောင်ယွီသည်လူသားတစ် ဦး ဖြစ်လာသည့်အခါ သမားတော်က ရောဂါရှာဖွေ ကုသနိုင်သည်။ ကျင်းဝမ်က လမ်းဖွင့်ပေးရန် ဝမ့်ရှီးကို အချက်ပြပြီး ရှောင်ယွီကိုပွေ့ကာ သမားတော်ဆီကို သွားဖို့ ကိုယ်တိုင် ထွက်လာတော့သည်။

 


***-***

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now