Chapter (59-1) - ငါးကလေးကို အချဉ်ဖမ်းချင်သည့် ကုန်သည်

6.6K 1.3K 6
                                    

Chapter (59-1) - ငါးကလေးကို အချဉ်ဖမ်းချင်သည့် ကုန်သည်



ပတ်ဝန်းကျင်ကလူတွေက ဝမ်ဖေးလို့ အော်ဟစ်ကာ အရိုသေပေးကြစဉ် ကျင်းဝမ် ရဲ့အမူအရာက ပိုတည်ငြိမ်လာပေမယ့် သူ့တို့ကို အမှား ပြင်ဖို့မရည်ရွယ်သလို လီယွီကိုလည်း ဘာမှ မပြောခဲ့ပါဘူး။

လီယွီက ကျင်းဝမ်က ဒီလိုကြားရင် ငြင်းမယ်ထင်ခဲ့သည်။ တကယ်တော့ သူတို့နှစ်ဦးဟာ ခင်ပွန်းနဲ့ လင်ယောက်ျား ကြားက ဆက်ဆံရေးမှာ မရှိခဲ့လို့ ပြည်သူတွေ ခုလို နားလည်မှုလွဲတာတော့ မဖြစ်သင့်ပါဘူး။ သို့သော် ကျင်းဝမ်က ဘာအမူယာမှ မပြလို့ သူလည်း ကျင်းဝမ်ကို ဒီအကြောင်း အစပြု ပြောလို့ မရပေ။ ကျင်းဝမ်တောင် ငြိမ်နေမှတော့ သူက လူတွေကို သူက ဝမ်ဖေး မဟုတ်ပါဘူးဆိုတာ ဘယ်လိုလုပ်ပြီး လိုက်ရှင်းပြလို့ရတော့မလဲ။

လီယွီသည် ဈေးဝယ် ထွက်လာခဲ့တာကို နောင်တရ မိသည်။ဒီလူယုတ်မာကြီးက ဘာလို့ တခွန်းမှ မပြောတာလဲ၊ သူက အားလုံး အထင်လွဲနေတာကို ဘာကြောင့် ငြိမ်ခံနေရတာတုံး.....

ဝမ့်ကုန်းကုန်းသည် အရင်က ဈေးကိုရောက်ဖူးသဖြင့် ကျင်းဝမ် စိတ်ဝင်စားမယ့် အရာတွေကို ရှင်းပြပေးနေသည်။ သူ့ သခင်စိတ်ဝင်စားရင် လမ်းပြပေးနိုင်ပါတယ်။ နန်းတော်ရဲ့ အစောင့်တွေက ကျင်းဝမ်ကို ကာကွယ်ဖို့ တာဝန်ရှိသလို သခင်းလေးလီကို ကျင်းဝမ်အရှင့်သားက စောင့်ရှောက်ပေးနေသည်။

သူတို့ပတ်ဝန်းကျင်တွင် လူများစွာရှိသော်လည်း ကျင်းဝမ်နှင့် သူ့အဖောကို အမှန်တကယ် သက်ရောက်မှုမရှိပါ။

ကျင်းဝမ်က ဝမ့်ကုန်းကုန်းပေးခဲ့သည့် ဈေးမြေပုံကို ရေးဆွဲထားတဲ့ စာရွက်ကို လီယွီကိုပဲ ပေးလိုက်ပြီးသူက လီယွီကိုပဲ ဦးဆောင်ခိုင်း လိုက်သည်။

လီယွီက လူသားအသွင်နဲ့ အချန် 2 နာရီပဲ နေခွင့်ရတာဖြစ်လို့ အချိန်မဖြုန်းနိုင်ပေ။ သူက မူ မနေတော့ပဲ မြေပုံကို ယူကာ ကြည့်လိုက်သည်။

ဝမ့်ကုန်းကုန်း ရေးဆွဲခဲ့သော မြေမျက်နှာသွင်ပြင် မြေပုံများသည် ရိုးရှင်းပြီး ဈေးကို မြောက်နှင့်တောင် ဟူ၍ နှစ်မျိုးခွဲထား ကြောင်း တွေ့ရှိရသည်။ အခု သူတို့က မြောက်ဘက် ဝင်ပေါက်မှာ ရှိနေတယ်။ လမ်းမကြီးတလျှောက်တွင် ဈေးဆိုင်များစွာရှိပြီး ကျင်းကျွယ်မှ စားဖိုမှုးများကို ဖိတ်ကြားထားကာ ဖွင့်ထားသည့် စားသောက်ဆိုင်လည်း ရှိပါသည်။ လီယွီသည် ယခုအချိန်တွင် ဈေး၏ထောင့်တိုင်းသို့ သွားရောက်ရန် မဖြစ်နိုင်ကြောင်း သိထားသောကြောင့် အစည်ကားဆုံး နေရာကို ကြည့်လိုက်သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now