Chapter (89-2) - အရန်ကြင်ယာတော်အဖြစ် ခန့်အပ်ခြင်း

4.4K 859 5
                                    

Chapter (89-2) - အရန်ကြင်ယာတော်အဖြစ် ခန့်အပ်ခြင်း


အချို့သော အစီရင်ခံစာများတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ရယ်စရာကောင်းလောက်အောင် ဖော်ပြထားပါသည်။ ဧကရာဇ်သည် ရုတ်ရုတ်သဲသဲ မြင်ကွင်းကို လက်တွေ့ကျကျ မြင်နိုင်ပြီး သူ့ပါးစပ်ထောင့်က အထက်ကို တွန့်ကွေးသွားခဲ့သည်။

အနောက်နယ်ခြားခရီးစဉ်သည် ကျင်းဝမ်ကို လူအများထံမှ ထောက်ခံမှုရစေခဲ့သည်။ ဤအရာကို  ဧကရာဇ်မင်း ကြိုမသိခဲ့ပေ။

ကျင်းဝမ်၏အောင်မြင်မှုအပေါ်အခြေခံ၍ ကျင်းဝမ်ကိုဆက်လက်ကြီးထွားစေနိုင်သည်။ မဟုတ်ဘူးဆိုရင် သူ၏သားဖြစ်သူကလည်း သူ့ကိုရန်စကြံဆသောကြောင့် ကျင်းဝမ်ကို ဖိနှိပ်ရန် ဆုံးဖြတ်နိုင်သည်။ ဝမ်ဖေးတင်မြှောက်ဖို့ကို ကျင်းဝမ်က လုံးဝမဖြစ်နိုင်သောသူတစ်ယောက်နှင့် လက်ထပ်ရန် ဇွတ်အတင်းကြိုးစားခြင်းဖြင့် ကျင်းဝမ်က ဧကရာဇ်မင်းမြတ်ကို အလွန်အမျက်ထွက်စေခဲ့သည်။  

ဧကရာဇ်သည် တစ်စုံတစ်ခုကို သတိရပြီး ကျင်းဝမ်၏ အစီရင်ခံစာကို အဆုံးအထိ ပြန်လှန်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကျင်းဝမ်သည် လီယွီအား ထပ်မံအမွမ်းတင်ကာ ချီးကျူးခဲ့သည်။

ဒါတွေအားလုံးက လီယွီအတွက် လမ်းခင်းထားတုန်းပဲ။

လွယ်လွယ်ကူကူ စမ်းသုံးကြည့်တဲ့ အရာမဟုတ်ရင် ကျင်းဝမ်က မင်းသားရာထူး ဒါမှမဟုတ် ဝမ်ဖေးတို့ထဲက ဘယ်အရာကို ရွေးချယ်မည်ကို ဧကရာဇ်က တကယ်ပဲ သိချင်နေမိတယ်၊

ဧကရာဇ်သည် သက်ပြင်းချကာ တုံ့ပြန်မှုမပေးပဲ နူတ်ဆိတ်နေသည်။

အနောက်တောင်တန်းမှာ ကျင်းဝမ်လုပ်သမျှဟာ လျှို့ဝှက်ချက်မဟုတ်ပဲ လွှတ်တော်နှင့် တရားရုံးတစ်ဝိုက်တွင် ပျံ့နှံ့နေပြီဖြစ်သည်။

ကျင်းဝမ်ကို ဧကရာဇ်က အနောက်တောင်တန်းသို့ စေလွှတ်လိုက်ကြောင်း တရားရုံးက သိရှိသောအခါ၊ အစိုးရအရာရှိ အများအပြားသည် ကျင်းဝမ်ကို ဧကရာဇ်မင်းအား တမင် နှိမ့်ချနေသလို ခံစားခဲ့ရသည်။

သို့ပေမယ့် ဆဌမမင်းသားလေးဟာ စိုးရိမ်တကြီးနဲ့ တိုးတိုးတိတ်တိတ် တွေးနေခဲ့တယ်။ ကျင်းဝမ်သည် မွေးနေ့ပွဲကျင်းပစဉ်တွင် သူ့အပေါ် ထူးခြားသည့် လက်ဆောင်များနှင့်အတူ အနိုင်ရခဲ့သည်။ ဧကရာဇ်သည် ကျင်းဝမ်ကို အမှန်တကယ်ဒေါသထွက်ပါက၊ လူတိုင်းရှေ့မှာ သူ့ကို အဘယ်ကြောင့် အပြစ်တင်ခြင်း မပြုသနည်း။

ချန်အန်းမြို့စားအိမ်တော်....


 ချန်အန်းမြို့စားအိုကြီးအတွက် ယဲ့ချင်းဟွမ်နှင့် မင်းသား ကျင်းဝမ်က မြေးချင်း အတူတူဖြစ်သည်။ သူတို့သည် ကျင်းဝမ်၏ အကြီးမားဆုံးသော ပံ့ပိုးကူညီမှုဖြစ်သည်။ ကျင်းဝမ်သည် တော်ဝင်မြို့မှ ထွက်ခွာတော့မည့်အချိန်၌ပင် ဧကရာဇ်မင်းရှေ့တွင် သူ့အတွက် သက်ညှာမှုပေးရန် မတောင်းဆိုခဲ့ကြပေ။ ဖြစ်နိုင်သည်မှာ၊ ကျင်းဝမ်သည် သူတို့အား အခြားအရာတစ်ခုခုကို ကြိုတင်အကြောင်းကြားထားတာ ဖြစ်နိုင်သည်။

ဧကရာဇ်က ကျင်းဝမ်ကို အနောက်တောင်တန်းသို့ အဘယ်ကြောင့် စေလွှတ်လိုက်သနည်း၊ ဆဌမမင်းသား မုထျန်းရှောင်က ယခုထိ မသိနိုင်သေးပေ။  

သို့သော် ဧကရာဇ်၏နောက်ထပ်လှုပ်ရှားမှုကြောင့် သူ၏စိတ်နှလုံးမသာယာမှုမှာ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကလေးကဗျာနှင့် သံဃာအတုအယောင်များကြောင့် ဧကရာဇ်သည် တတိယမြောက်မင်းသားနှင့် ဆဌမမြောက်မင်းသားတို့ကို ဆဲဆိုကြိမ်းမောင်းခြင်းတို့ဖြင့် အပြစ်ပေးကာ ချုပ်နှောင်ထားစေခဲ့သည်။ တတိယမင်းသားကို ဧကရာဇ်မင်း၏ အပြစ်ပေးမှုသည် အလွန်ပြင်းထန်သော်လည်း ဆဌမ မင်းသားကို ကြံရာပါအဖြစ်သာ ဆက်ဆံခဲ့သည်။ ဒေါသတကြီးဖြင့် ဆဌမမင်းသား၏တရားဝင်ရာထူးကို ထိုအချိန်တွင် ဖယ်ရှားခဲ့သည်။ ဧကရာဇ်၏ယုံကြည်မှုကို ပြန်လည်ရရှိရန် မုထျန်းရှောင်သည် သီးသန့် လေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့သည်။ ပင်ပန်းတဲ့အလုပ်ကြောင့် သူက ပြန်လည် ပြေလည်သွားတယ်။ ကျင်းဝမ်ထွက်သွားပြီးနောက်၊ ဧကရာဇ်သည် ကျင်းဝမ်လုပ်နေသော တာဝန်ကို သူ့ကို ပေးခဲ့သည်။

ကျင်းဝမ်သည် ထိုတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်။ မုထျန်းရှောင်က အဲဒါကို အဆုံးသတ်ဖို့ပဲ လိုတယ်။ ဧကရာဇ်မင်းကလည်း သူ့ကိုကူညီဖို့ အလုပ်ဌာနရဲ့လက်ထောက်ကို အမိန့်ပေးတယ်။ အမှားတစ်ခုလုပ်မိဖို့ မဖြစ်နိုင်ပေ။ ဤအောင်မြင်မှုသည်  သူ့အား လွတ်လပ်စွာ လုပ်ခွင့်ကို  ပြန်လည် ပေးအပ်ခဲ့သည်။

အလုပ်ဝန်ကြီးဌာနသည် ဝန်ကြီးဌာနများထဲမှာ  နောက်ဆုံးဖြစ်သော်လည်း၊ နန်းတော် အဆောင်ဟောင်းကို ပြန်လည်မွမ်းမံခြင်းမှာ အထင်ကြီးစရာမဟုတ်ပေ။ ဒါပေမယ့် အနည်းဆုံးတော့ ဧကရာဇ်ရဲ့ နှလုံးသား ထဲမှာတော့ မိုင်ထောင်ချီဝေးတဲ့နေရာမှာရှိနေသည့် ကျင်းဝမ်ထက် ဆဌမ မင်းသားဖြစ်တဲ့ သူ့ကို ပိုအလေးထားသည်ဟု တွေးနေသည်ဟု ဆိုလိုလောက်သည်။
 
ဒီလိုတွေးပြီးနောက် မုထျန်းရှောင်က ပိုသက်တောင့်သက်သာရှိလာတယ်။ ကျင်းဝမ်သည် နောက်ဆုံးတွင် ဆွံ့အ နေသည်။ ထို့အပြင် အနောက်တောင်တန်းသည် အငြင်းပွားမှုနှင့် ပရမ်းပတာနေရာတစ်ခုဖြစ်သည်။ သူ တစ်ခုခုကို သင့်တင့် လျောက်ပတ်စွာလုပ်ခဲ့မယ်ဆိုရင် ကျင်းဝမ်ကို လုံးလုံးလျားလျား ရှင်းပစ်နိုင်လိမ့်မယ်...။

သို့သော်၊ သူသည် ဧကရာဇ်၏ယုံကြည်မှုကို ယခုမှ ရရှိသောကြောင့်၊ သူသည် မိုက်မဲစွာ ပြုမူလို့ မရနိုင်ပေ။  ကျင်းဝမ်ရဲ့ ကောင်းမွန်တဲ့ ရှိုးကို အရင်ကြည့်တာက ပိုကောင်းပါတယ်။ သူ ဘာမှ လုပ်စရာတောင်မလိုလောက်ဘူး၊ ကျင်းဝမ်က သူ့ဖာသာ အရင်အဆုံးသတ်သွားလိမ့်မယ်။

ဒါပေမယ့် ကျင်းဝမ်အတွက် အရှက်ရစရာတွေ ဖြစ်မလာခဲ့ဘူး။   ယင်းအစား ကျင်းဝမ်သည် ဓားပြများကို  အနိုင်ရပြီး ဝန်ကြီးအများအပြား၏ ချီးကျူးမှုကို ရရှိခဲ့သည်။ ဧကရာဇ်၏ စိတ်အခြေနေလည်း အလွန်တိုးလာသည်။ နှိုင်းယှဉ်ကြည့်လျှင် နန်းတော်ကို ပြန်လည်မွမ်းမံခြင်းဆိုတဲ့ သူ၏ သေးငယ်သော အောင်မြင်မှုမှာ ဘာမှတောင် မဟုတ်တော့ပေ။
 
တကယ်တော့ ကျင်းဝမ်ကို တရားရုံးမှာ အနည်းငယ်ဝေဖန်ခဲ့တဲ့ ဆဌမမင်းသားကို လျှို့ဝှက်ထောက်ခံတဲ့ အရာရှိတွေရှိပေမယ့် ကျင်းဝမ်ကို  ချီးကျူးသည့် စကားများအောက်မှာတော့ မြန်မြန်ဆန်ဆန် နစ်မြုပ်သွားခဲ့ရတယ်။  

နောက်ဆုံးတွင် မုထျန်းရှောင်သည် ကျင်းဝမ်သည် အနောက်တောင်တန်းတွင် ဝေးကွာနေသော်လည်း သူသည် ကြီးမားသော ရန်သူဖြစ်နေဆဲဖြစ်ကြောင်း နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၊ ကျင်းဝမ်သည် အနောက်တောင်တန်းရှိ ကျိုင်းကောင်များကို နှိမ်နင်းခဲ့ကြောင်း သူ ကြားသိရသည်။ ထိုသတင်းကြောင့် ဧကရာဇ်သည် ပို၍ပင် ပျော်ရွှင်ဖွယ်နေပြီး ကျင်းဝမ်ကို ကြီးကြီးမားမား ဆုချသင့်သည်။ သို့သော်၊ အစိုးရအရာရှိများသည် ကျင်းဝမ်ကို တစ်ဖန်ချီးမွမ်းသောအခါ၊ ဧကရာဇ်သည် သူတို့စကားကို စိတ်ဝင်စားပုံမပေါ်ပေ။ မုထျန်းရှောင် သည် ဤအချက်ကို ပြင်းပြင်းထန်ထန် သတိပြုမိပြီး လူများကို မေးမြန်းစုံစမ်းရန် ကန်ချင်း နန်းတော်နှင့် ကျင်းအိမ်ခြံမြေသို့ စေလွှတ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အတွင်းလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ ခဲ့သည်။

ကျင်းဝမ်သည် လုံးဝ ရဲတင်းပြီး အနောက်နယ်ခြားတွင် လူငယ်တစ်ဦးကို စိတ်ဝင်စားကာ ဧကရာဇ်မင်းအား သူ၏အဓိက ဇနီးအဖြစ် လက်ထပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့သည်မှာ ထင်ရှားသည်။

သူ့အဓိကဇနီးအဖြစ်လား....!

ကျင်းဝမ်သည် ဆွံ့အနေပြီဖြစ်သည်။ သူ့ရောဂါက သူ့သားသမီးတွေဆီ ကူးစက်နိုင်ချေ အရမ်းများတယ်။ အကယ်၍ သူသည် သူ၏ပင်မဇနီးအဖြစ် ကလေးမမွေးနိုင်သော ဝမ်ဖေးနှင့် လက်ထပ်ခဲ့မည်ဆိုလျှင်......  

ဒါဟာ ဆဌမ မင်းသားအတွက်အလွန်အကျိုးရှိခဲ့သည်။ မုထျန်းရှောင် သည် အိပ်ပျော်နေချိန်တွင်ပင် ပျော်ရွှင်စွာ ရယ်မောနေမိတော့သည်။ ဧကရာဇ်မင်းသည် ဤကိစ္စနှင့် ပတ်သက်၍ ခေါင်းကိုက်နေသေး ကြောင်း သိရှိပြီးနောက် မုထျန်းရှောင် သည် မည်သို့ပင် ဖြစ်စေကာမူ ဒါကို လက်တွေ့ဖြစ်အောင် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဧကရာဇ်သည် ဧကရီရှောင်ဟွေ့အပေါ် အပြစ်မကင်းစိတ် ရှိနေသည်ဆိုတာ သူသိသည်။ ထို့ကြောင့် သူသည် မုထျန်းရှောင်၏မွေးမိခင် ကိုယ်လုပ်တော်ကျန့်ကို နန်းတော်ထဲမှ ထွက်ခွာရန် တိုက်တွန်းခဲ့သည်။

မကြာသေးမီက ဧကရာဇ်မင်းကြီးသည် ဆဌမ မင်းသား လက်ထပ်ရန်စီစဉ်ခဲ့ပြီး "ဟို"အဆင့် အမတ်မင်း၏အဓိကသမီး နှင့် စေ့စပ်ခဲ့သည်။ ကိုယ်လုပ်တော်ကျန့်သည် ဧကရီ ရှောင်ဟွေ့၏ အစေခံ ဖြစ်ခဲ့ဖူးသည်။ ယနေ့သူမရောက်ရှိနေသည့်နေရာသို့ရောက်ရှိခဲ့သည်မှာ ဧကရီ ရှောင်ဟွေ့၏ကျေးဇူးကြောင့်  ဖြစ်သည်။ ထို့အတွက်ကြောင့် ကိုယ်လုပ်တော် ကျန့် သည် ဧကရာဇ်မင်းမြတ်အား ကျေးဇူးတင်စကားသွား ပြောသောအခါတွင်၊ သူမသည် ယခင်က အတိတ်ကို ပြန်လည်သတိရလာသည်။

ကိုယ်လုပ်တော်ကျန့်သည် ဧကရီ ရှောင်ဟွေ့၏အသက်ရှင်စဉ်က အကြောင်းအရာများကို ပြန်ပြောပြ သောအခါတွင် ကိုယ်လုပ်တော်ကျန့်သည် ကျင်းဝမ်သည် သူ့ဆန္ဒအတိုင်း ငြိမ်းချမ်းသောဘဝဖြင့် နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း တစ်ချိန်က ဧကရီက မကြာခဏပြောခဲ့ဖူးသည်ဟု လျှောက်တင်ခဲ့သည်။

ထိုစကားကိုပြောသူသည် ရည်ရွယ်ချက်ရှိရှိပြောတာဖြစ်သည်။ ဧကရာဇ်လည်း ဒါကို နည်းနည်းလေးတော့ စိတ်ထဲမှာ စဉ်းစားသွားမိသည်။  ကိုယ်လုပ်တော်ကျန့်၏ အဆင့်အတန်းနှင့် စိတ်ရင်းမှန်ဖြင့် ချစ်ခင်မှုများကြောင့် သူမက ထိုသို့သောစကားမျိုး ပြောရခြင်းမှာ ရှားသောကြောင့်၊ မင်းကြီးက ထိုကိုယ်လုပ်တော်ကို အတော်လေး ယုံကြည်ရပုံရသည်။ ထို့အပြင်၊ ယခင်က လီယွီအတွက် ကျင်းဝမ်လုပ်ခဲ့သော လမ်းခင်းခြင်းသည် အမှန်တကယ် ထိရောက်မှုရှိသည်။ ဧကရာဇ်သည် ကန်ချင်း နန်းတော်သို့ပြန်လာပြီးနောက်၊ သူသည် ထိုနေရာတွင် တစ်ယောက်တည်း နှစ်နာရီကြာ ထိုင်နေခဲ့သည်။ လေးလေးနက်နက် စဉ်းစားပြီးနောက်၊ သူသည် ကျင်းဝမ်၏ တောင်းဆိုချက်ကို နောက်ဆုံးတွင် စာပြန်ရေးခဲ့သည်။

"လီယွီမှာ အဓိက ဇနီးတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိတယ်၊ ဒါပေမယ့် သူက ယောက်ျားပီသပြီး ကလေးမမွေးနိုင်လို့၊ သူ့ကို အရန်ကြင်ယာတော် အဖြစ်ကို  ပေးအပ်သွားမည်"

လီယွီသည် ဤသတင်းကို သိပြီးနောက် ကျင်းဝမ်အား ဖြေသိမ့်ရန် ပြေးသွားခဲ့သည်။ အနည်းဆုံးတော့ ဧကရာဇ်က သူတို့နှစ်ယောက်ကို အတူတူနေခွင့်ပြုဖို့ သဘောတူခဲ့တယ်။ နေ့ရက်တွေက ရှည်လျားပြီး အချိန်တွေကို အတူတူကုန်ဆုံးနိုင်မည်။ အကယ်၍ သူသည် နောက်ထပ် ကောင်းတဲ့အချက်များ ထပ်လုပ်ပေးလျှင် ဧကရာဇ်မင်းသည် အမှန်တကယ် ပျော်ရွှင်လာပြီး သူ့ကို အဓိက ဇနီးအဖြစ် ပြောင်းလဲနိုင်မလား...

ကျင်းဝမ်က ထိုအမိန့်ကို ပြန်ကြားလာသောအခါတွင် သူ ရယ်မောခဲ့သည်။ သူ့ရဲ့ အကြံအစည်တွေ အားလုံးပြီးသွားတော့ သူ စောင့်မျှော်နေတဲ့ ဧကရာဇ်ရဲ့ ဒီစကားတွေက အတိအကျပါပဲ။  

ဧကရာဇ်မင်း က ရှောင်ယွီရဲ့ အဓိက ကြင်ယာတော် မဖြစ်လာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူ ကလေးမမွေးနိုင်လို့ လို့ ပြောနေသရွေ့တော့ ဒါက ပြဿနာ မဟုတ်ဘူး။

ရှောင်ယွီက သူ့ကို ငါးသားလေး လေးယောက်တောင် ပေးထားပြီးသားလေ။

  ငါးကလေးများသည် မကြာမီ လူသားအဖြစ်ကို ပြောင်းလဲလောက်သည်။ ယခုအချိန်သည် ကိုယ်ဝန်ကို ကြေငြာရမည့် အချိန်ဖြစ်သည်။

ကျင်းဝမ်သည် မူလက မရှိသော ကိုယ်လုပ်တော်တစ်ဦးကို ဖန်တီးပြီး 'သူမ' အမည်အောက်တွင် ငါးကလေးများကို ယာယီ 'ထားရှိ' ရန် စီစဉ်ခဲ့သည်။ ဧကရာဇ်သည် ယခုတွင် ကလေးရရန် လွယ်ကူမည်ဟု သူ ယုံကြည်သည်။ သို့သော်၊ ရှောင်ယွီသည် နောက်တစ်ကြိမ် ဖုံးကွယ်၍မရလောက်တော့ပေ။ နောင်အနာဂတ်တွင် ငါးကလေးအသစ်များ ရှိလာမည်ကို အရင်ဆုံး သူ စိုးရိမ်ခဲ့သည်။ ဒုတိယအချက်မှာ ရှောင်ယွီသည် ကိုယ်တိုင် ကလေးမမွေးနိုင်သောကြောင့် ဧကရာဇ်ဘုရင်က ငြင်းဆန်နေမည်ကို သူ ကြောက်နေမိသည်။  

တကယ်တော့ ကြုံရာကျပန်းလူတစ်ယောက်ကို လုပ်ကြံဖန်တီးဖို့ မလိုအပ်ပါဘူး။ ရှောင်ယွီသည် ထူးထူးခြားခြား ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ မွေးထုတ်ပေးနိုင်သည်ဟု ကျင်းဝမ်က ပြောနိုင်သည်။ ဒီလိုလူကို ဘယ်သူမှ မမြင်ဖူးရင်တောင် ဒါက လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ မယုံနိုင်လောက်ဘူးလို့ ထင်ရပေမယ့် ငါးလေးတွေ အသွင်ပြောင်းပြီးရင် သူတို့ဟာ အကောင်းဆုံး သက်သေတွေ ဖြစ်လာမှာပါ။

ရှောင်ယွီသည် 'ကလေးမမွေးနိုင်' သောကြောင့်သာ အဓိကမယားမဖြစ်နိုင်ကြောင်း ဧကရာဇ်က ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သောကြောင့် ဧကရာဇ်သည် ထိုအချိန်တွင် ရှောင်ယွီကို အဓိကဇနီးအဖြစ် ခန့်အပ်ဖို့ ဆန့်ကျင်နိုင်တော့မည်မဟုတ်ပေ။

အနောက်တောင်တန်းတွင် အဆင်မပြေမှုအမျိုးမျိုးရှိသော်လည်း တည်နေရာမှာလည်း အားသာချက် တစ်ခုဖြစ်သည်။

သခင်လေးလီ ကိုယ်ဝန်ရှိနေတယ်လို့ ကျင်းဝမ်ကပြောရင် သူ့ကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်ပါဘူး။ အကယ်၍ ဧကရာဇ်သည် ကလေးမွေးဖွားခြင်းဆိုင်ရာ အထူးကျွမ်းကျင်သော သမားတော်တစ်ဦးကို စေလွှတ်လိုပါက ခရီးဝေးလွန်းသည်။ သူတို့ရောက်ချိန်မှာတော့ ငါးကလေးတွေ အားလုံးဟာ လူအသား အသွင်ပြောင်းပြီး မွေးဖွားပြီးလောက်ပြီ။

ကျင်းဝမ်သည် အစပိုင်းတွင်ထိုလှည့်ကွက်ကို မကစားရသည့် အကြောင်းရင်းမှာ ဧကရာဇ်ဘုရင်က ငြင်းဆိုရန် အခြားအကြောင်းပြချက်များ ရှာတွေ့မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။ ကျင်းဝမ်သည် ဧကရာဇ် ရှောင်ယွီကို တားမြစ်နိုင်သည့် အခြားသော အရာအားလုံးကို ချေမှုန်းရန် လုပ်ဆောင်ပြီး အခြေနေ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဤတစ်ခုသာ ကျန်တော့သည်။ အနည်းငယ်အခက်အခဲရှိသော်လည်း သူက ဒါကိုလည်း ဖြေရှင်းနိုင်သည်။

ကျင်းဝမ်က လီယွီကို ခါးကိုထောက်ပြီး သူ့ဗိုက်ကို ထိလိုက်ကာ အတွင်းခေါင်းအုံးသေးသေးလေးတွေ ထည့်ဖို့ အချိန်တန်ပြီဟု ထင်သည်။

လီယွီ: ".....???"


********-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now