Chapter (149-1) - မုဆိုးမများကို ကူညီပေးမယ့် ငါးကလေး

3.4K 720 6
                                    

Chapter (149-1) - မုဆိုးမများကို ကူညီပေးမယ့် ငါးကလေး


ယဲ့ချင်းဟွမ် စိတ်ကူးယဉ်နေတာကို ဘယ်သူသိနိုင်မလဲ၊ သူ့မျက်နှာပေါ်မှာ ဒီလို ထူးထူးဆန်းဆန်း အပြုံးကြီးပေါ်နေသည်။

"ဒါပေမယ့် သူက......ဒါမျိုးဆိုတော့။ သူ ဘာလို့ မှော်ပညာကို တိုက်ရိုက်အသုံးမပြုတာလဲ"

ယဲ့ချင်းဟွမ် သည် ရံဖန်ရံခါတွင် သူများနဲ့ မတူတဲ့ အတွေးများကို တွေးနေတတ်သည်။

အိမ်ရှေ့မင်းသားက "ရှောင်ယွီ မှာ သူ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ သူ့ကို အတင်းမတိုက်တွန်းနဲ့။"

ယဲ့ချင်းဟွမ် က ခေါင်းညိတ်လိုက်သည်။  လီယွီသည် အိမ်ရှေ့မင်းသားဘက်တွင်ရှိပြီး အိမ်ရှေ့မင်းသား အတွက် အန္တရာယ်မရှိသရွေ့တော့ ကောင်းပါသည်။

"ပြီးတော့ ပေါင်းရိ နဲ့ ကျန်တဲ့သူတွေရော ရွှယ်ပေါင်း  ရော။ သူတို့ရောပဲလား......"
 ယဲ့ချင်းဟွမ် က နောက်ထပ် အရေးကြီးပြီး ဆက်စပ်မေးခွန်းတစ်ခု မေးလိုက်သည်။

"မဟုတ်ဘူး၊ သူတို့က မဟုတ်ဘူး" အိမ်ရှေ့မင်းသားက ပြောလိုက်သည်။  

ရွှယ်ပေါင်း  သည် မွေးကတည်းက လူသားဖြစ်သည်။ အိမ်ရှေ့မင်းသားက မွေးခန်းထဲမှာ ရှောင်ယွီဘေးမှာ စောင့်ရတဲ့ နောက်ထပ်အကြောင်းရင်းကတော့ မတော်တဆဖြစ်မှာကို ကြောက်လို့ပဲ။ ရှောင်ယွီ ကို ကာကွယ်ရန် သူ ပြင်ဆင်ထားပြီးဖြစ်သည်။ တစ်ခုခုဖြစ်ခဲ့ရင် လူတော်တော်များများက ချက်ချင်း လက်ငင်းဖြေရှင်းကြလိမ့်မည်။

အိမ်ရှေ့မင်းသားက သူ့သမီးက ငါးမဟုတ်ကြောင်း ကောင်းကောင်းသိသည်။ သူ့ သားတွေ  မွေးဖွားစဉ်က ငါးကလေးများ ဖြစ်ကြသော်လည်း ယခုအခါ ကလေးအားလုံးသည် ငါးအဖြစ်သို့ မပြောင်းလဲနိုင်တော့ပေ။ အိမ်ရှေ့မင်းသားက ဘေးထွက်ဆိုးကျိုးတွေကို ဆက်မဖန်တီးချင်တော့သဖြင့်  သူက ထိုသို့ အပြတ်သာ ပြောလိုက်သည်။
 ရှောင်ယွီ က ကလေး လေးကောင်ဟာ ငါးအဖြစ် ပြန်မဖြစ်လာခင်မှာ အသက် (၇) နှစ်ထိ လူသားအသွင်ဖြင့် နေရမယ်လို့ ပြောခဲ့ဖူးသည်။ အခု ကလေးတွေက ငယ်သေးလို့ ငါးဖြစ်ဖို့က စောသေးသည်။ လိုအပ်ရင် အန်ကယ်ယဲ့ကို သူတို့ ကိုယ်တိုင် ရှင်းပြလို့ရသည်။

ယဲ့ချင်းဟွမ် သည် ထိုအဖြေကို လက်ခံလိုက်ပုံရပြီး အသက်ရှုရပ်လုနီးပါး ဖြစ်သွားပုံရသည်။

"ဒါဆို ငါက သူနဲ့ အနာဂတ်မှာ ဘယ်လို ဆက်ဆံရမလဲ။ တားမြစ်ထားတာ ဒါမှမဟုတ် ရှောင်ရမယ့် အချက်   ရှိသလား။"
 ယဲ့ချင်းဟွမ် က မေးလိုက်သည်။

လီယွီသည် ငါးနတ်ဆိုးတစ်ကောင်ဖြစ်သည်... ဟူသောအချက်ကို တွေးကြည့်ရုံဖြင့် အံ့သြစရာပင်။ ယဲ့ချင်းဟွမ် သည် ယခင်က ဘာမှမသိခဲ့ဘဲ လီယွီတွင် အလွန်ကောင်းသော အရည်အချင်း ရှိသည်ဟု ခံစားမိသည်။ ယခု သူ သိလိုက်ရတာက လီယွီက နတ်ဆိုးတစ်ကောင်အတွက်ပင် ထိုသို့သော အရည်ချင်းတွေရှိတာက ရှားပါတယ်လို့   ခံစားလာရသည်။

အိမ်ရှေ့မင်းသား- ".......မရှိဘူး!" ရှိခဲ့ရင်တောင် ငါ မင်းကို မပြောဘူး။

"ဒါဆို ရှုန်ဖုန်  က သူ့ကို တစ်ခုခု ခြောက်ခဲ့သေးလား"

ယဲ့ချင်းဟွမ် သည် လီယွီကသာ ခွေးကို ကြောက်လျှင် အနာဂတ်တွင် သူ့ချစ်သောခွေးကို ကြိုးဖြင့် ချည်နှောင်ထားရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု တွေးထင်ခဲ့သည်။

အိမ်ရှေ့မင်းသား၏အမူအရာမှာ အထင်သေးဟန်ပေါ်လာသည်။
 "မင်း တုံးနေတာလား"

ယဲ့ချင်းဟွမ် က သူ့ကိုယ်သူ ခေါင်းကို ဆတ်ခနဲ ရိုက်လိုက်ပြီး သတိရသွားသည်။

"ဟုတ်သားပဲ... သူက ရှုန်ဖုန်  နဲ့ အများကြီး တွဲဖက်ကစားခဲ့သေးတာကို ငါ  ဘယ်လိုမေ့နိုင်တာလဲ။ သေချာတာကတော့ သူ မကြောက်သင့်ဘူး။"

ဒါသေချာတာပေါ့.... လီယွီက ပြုံးလိုက်သည်။ ရှုန်ဖုန်  က သူ့ကို သူစိမ်းလို့ မယူဆတာကြာပြီ။ သူ့သခင် ယဲ့ချင်းဟွမ် ထက်တောင် စောစောကတည်းက သူ့ရဲ့ အဖြစ်မှန်ကို  သိခဲ့တယ်။

ယဲ့ချင်းဟွမ် သည် ဗဟုသုတနည်းပါးပြီး မေးခွန်းများစွာ မေးချင်နေသည်။ စကားစမြည်ပြောလိုက်သည်နှင့်  တားမရတော့ပေ။ အိမ်ရှေ့မင်းသားက   လုံလောက်ပြီလို့ တွေးကာ  သူ့ကို ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ကောင်းပြီ ကောင်းပြီ။ ငါကိုယ်တိုင်သွားပ့ါမယ်။ ငါ့ကို မဆွဲပါနဲ့။ ငါသိထားပြီးသားအရာကို  တခြားသူကို ဘယ်တော့မှ မပြောဘူးလို့ ကတိပေးပါတယ်။" ယဲ့ချင်းဟွမ် က အသနားခံသည့် အပြုံးဖြင့် တောင်းပန်လိုက်သည်။

အိမ်ရှေ့မင်းသားက ယဲ့ရှီးကျူ (သခင်လေးယဲ့)သည်  ယုံကြည်စိတ်ချရသူဖြစ်ကြောင်း အိမ်ရှေ့မင်းသားက သိသည်။ မဟုတ်ရင် သူ့အတွက် အမှန်တရားကို ဝန်ခံမှာ မဟုတ်ဘူး။

ယဲ့ချင်းဟွမ် က အတိုချုံး နှုတ်ဆက်လိုက်စဉ်  အိမ်ရှေ့မင်းသားက ရုတ်တရက် "ခဏနေဦး!" ဟု တားလိုက်သည်။

ယဲ့ချင်းဟွမ် က ခေါင်းကို လှည့်လိုက်သည်။ အိမ်ရှေ့မင်းသားသည် ယခင်က တစ်ခါမှမသုံးဖူးသော ပြင်းထန်သောလေသံကို အသုံးပြုခဲ့သည်-

"ငါပြောတာကို ဘယ်တော့မှ မမေ့ပါနဲ့။  သူက ငါပဲ။ မင်း သူ့ကိုကာကွယ်ရင်  ငါ့ကိုကာကွယ်သလိုပဲ" ဟု ပြောခဲ့သည်။

"နားလည်ပါပြီ မင်းသားလေး။" ယဲ့ချင်းဟွမ်လည်း သူ့အစ်ကိုဝမ်းကွဲ အိမ်ရှေ့မင်းသား၏ အဓိပ္ပါယ်ကို ချက်ခြင်းနားလည်ခဲ့ပြီး  လေးနက်လာ ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် ပြုံးလျက်  အိမ်ရှေ့မင်းသားအား လေးလေးနက်နက် အမူအရာပြလိုက်သည်။

အမှန်တရားကို သူ သိလာကတည်းက၊ သူ့ရင်ထဲ  ရှုပ်ယှက်ခတ်နေတဲ့ စိတ်ခံစားချက်တွေ  အများစုက အခု လုံးဝကို ပြေလျော့သွားကာ သက်သာရာရသွားစေခဲ့သည်။  ဒီကာလအတွင်းမှာ သူ့မိန်းမနဲ့ မိဘတွေ ရှောင်ယွီနဲ့ပတ်သတ်တာကို ဘာမှ မတွေ့နိုင်အောင် ဖုံးမိရသည့်အပြင် သူ့အတွင်းစိတ်ထဲက အတွေးနဲ့ ခံစားချက်တွေကို အပြင်းအထန် ဖိနှိပ်ခဲ့ရသည်။  ဒါက ယဲ့ရှီးကျူ (သခင်လေးယဲ့)ကို အတော်လေး စိတ်ဖိစီးစေသည်။


ယဲ့ချင်းဟွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကို တိုးတိုးချကာ အပြင်ကို ထွက်လာခဲ့သည်။ မထင်မှတ်ပဲ အပြင်မှာ လီယွီကို တည့်တည့်တိုးတော့သည်။

ဒါက အရင်ရင်နှင့်မတူပေ။ အရင်တုန်းက သူက လီယွီကို ငါးနတ်ဆိုးမှန်းမသိသေးပေ။ အခုတော့ သူက လီယွီရဲ့ သရုပ်မှန်ကို သိပြီးဖြစ်လို့ ဘယ်လို ဆက်ဆံရမှန်းမသိဖြစ်နေသည်။ ခါတိုင်းလို ပေါ့ပေါ့ပါးပါးပဲ ဆက်ဆံရမလား...ဒါက နည်းနည်းတော့... အင်း....ခက်သလားလို့....?!

"ယဲ့ချင်းဟွမ် !"

လီယွီက ယဲ့ချင်းဟွမ် တစ်ယောက် သူနှင့် ပတ်သတ်ပြီး ယခင်နှင့်မတူသည်ကို သိထားကြောင်း  သိလိုက်ပြီး သူ့ကို တမင်လက် ဝှေ့ယမ်းလိုက်သည်။ သူပုန် လော့လန် တပ်ကို သတ်လိုက်ချိန်မှာတောင် ယဲ့ချင်းဟွမ် ရဲ့ လက်တွေ မတုန်ဖူးဘူး။ သို့သော် ယခုအချိန်တွင် သူ့မျက်နှာသည် နီရဲနေကာ လက်တွေ တုန်ယင်လာသည်။

 "ပြောင်စောင်" ဟု နူတ်ဆက်ပြီးနောက် သူက နံရံနားတိုးကပ်ကာ ထိုနေရာမှ ချက်ချင်း  ထွက်ပြေးသွားခဲ့သည်။  
(ပြောင်စောင်- တစ်ဝမ်းကွဲ ခယ်မ/မရီး)

ငါ့ လုပ်ရပ်ကို အထင်မလွဲပါနဲ့။ အမွေဆက်ခံသူက ကြောက်လို့ ထွက်ပြေးလာတာ မဟုတ်ဘူး။   သူ့မှာ အရေးကြီးတာတွေ လုပ်စရာရှိတယ်။ ဥပမာအားဖြင့်၊ ငါးခေါင်းနှင့်လူဟုမြင်ခဲ့သော သာမန်လူတွေကြားက ကောလဟာလကို ငြိမ်အောင် ဖြေရှင်းဖို့ ပြန်သွားတာပါ......
လီယွီသည် ယဲ့ချင်းဟွမ်ကို နည်းနည်းခြောက်ရုံသာ ဖြစ်လို့ သူ့နောက်ကို လိုက်မသွားတော့ပဲ အခန်းထဲကို တစ်ခါတည်း ဝင်လာခဲ့သည်။
 
"ထျန်းချီ  ငါလာပြီ!" လီယွီက ပြုံးပြလိုက်ကာ လောင်ကုန်းဆီ တန်းလာလိုက်သည်။

သူ့ကိုမြင်လိုက်ရတော့ အိမ်ရှေ့မင်းသားရဲ့မျက်နှာပေါ်က လေးနက်တဲ့အမူအရာက ပျောက်ကွယ် သွားပြီး နူးညံ့တဲ့ ချစ်ခြင်း အရိပ်တွေသာ ကျန်ရစ်ခဲ့သည်။  ထိုငါးကလေးသည် အဘယ်ကြောင့် ဒီနေရာသို့ ပြေးလာသည်ကို သူ အံ့သြပုံမပေါ်ပေ။  

"ထျန်းချီ ၊ ယဲ့ချင်းဟွမ် နဲ့ ခင်ဗျား စကားပြောနေတာကို  ကျွန်တော် အခုမှ ကြားလိုက်တာပါ။" လီယွီ က ပြောလိုက်သည်။

အိမ်ရှေ့မင်းသား- ''......"

အိမ်ရှေ့မင်းသားက လီယွီ၏လက်ကို ကိုင်ထားလိုက်သည်-

"တောင်းပန်ပါတယ်။ ယဲ့ချင်းဟွမ်က အမှန်တရားကို ရှာဖွေတွေ့ရှိနေပြီ။  ငါတကယ် သူ့ကို ဖုံးကွယ်ထားလို့ မရတော့ဘူး။"

လီယွီက ခေါင်းကို အလျင်စလိုခါလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒါက ဘာမှမဖြစ်ပါဘူး။ ယဲ့ရှီးကျူ (သခင်လေးယဲ့)က အပြင်လူ မဟုတ်ဘူး။ ကျွန်တော်တို့ တစ်သက်လုံး အတူနေသွားမှာပဲလေ။ ဒါက  ကံကြမ္မာပဲ။  ခင်ဗျား သူ့ကိုပြောခဲ့တဲ့အချက်ကိုပဲ ကျွန်တော် အံ့သြနေမိတယ်..။"   

လီယွီသည် မူလက အိမ်ရှေ့စံမင်းသားအား မည်ကဲ့သို့ တွေးသည်ကို မေးချင်သည်။ မမျှော်လင့်ဘဲ အိမ်ရှေ့မင်းသားက သူ့ကို စူးစူးရဲရဲ အကြည့်တစ်ချက် ပေးလိုက်ကာ ပြောခဲ့သည်။  "ငါတို့ ဘယ်တော့မှ မခွဲဘူး မဟုတ်လား?"

အိမ်ရှေ့မင်းသား၏မျက်လုံးများထဲမှ တုန်လှုပ်ခြင်းနှင့် အထီးကျန်မှုကို မြင်လိုက်ရတော့  လီယွီ၏ နှလုံးသားလေးကို ဓားနှင့်ထိုးလိုက်သလို ခံစားလိုက်ရသည်။

"ကျွန်တော်တို့ တစ်သက်လုံး အတူတူ နေသွားနိုင်ပြီ!"

"ဒါဆို ပြေလည်သွားပြီ။ ဒါဟာ ကတိတစ်ခုပဲ။"

 အိမ်ရှေ့မင်းသား၏ နှုတ်ခမ်းများ ကွေးညွတ်ကာ ပြုံးလိုက်သည်။ ယဲ့ချင်းဟွမ် ကို သူ လိမ်လည် လိုက်တာကို ဘယ်သူက ဂရုစိုက်မှာလဲ။ သားလေးယောက်နှင့် သမီးတစ်ယောက်ရှိ နေပြီဖြစ်သော်လည်း အိမ်ရှေ့မင်းသားသည် ထိုငါးကြင်းနတ်ဆိုးလေးကို စွန့်လွှတ်မည်ကို စိုးရိမ်နေသေးသည်။ တကယ်လို့ သူတို့သာ တစ်သက်လုံး  အတူတူနေဖို့ ကံကြမ္မာ ရှိမယ်ဆိုရင်  ဒီငါးက သူ့ကိုထားခဲ့မှာကို ကြောက်နေစရာ မလိုတော့ပေ။

လင်မယားနှစ်ယောက်လုံး ချစ်ခင်စွာနဲ့ သေတပန် သက်တဆုံးအတူတူနေထိုင်သွားရခြင်းက ဂုဏ် ကျက်သရေရှိခြင်းပင်ဖြစ်လို့ လီယွီသည် အိမ်ရှေ့မင်းသား၏ စကား ထောင်ချောက်ထဲသို့ ချက်ချင်းကျသွားသည်ကို လုံးဝ သတိမထားမိခဲ့ပေ။  

ခင်ပွန်းသည်များသည် ထုံးစံအတိုင်း နှစ်ဦးတည်းရှိသည့်အခါ တစ်ယောက်ကို တစ်ယောက် ကြင်နာယုယလို့ မဆုံးတော့ပေ။
 

လီယွီသည် အလွန်သင့်လျော်မှုမရှိသော အပြုမူဖြင့် ခင်ပွန်းသည်၏ပေါင်များပေါ် တက် ထိုင်နေလေသည်။ သူ့လောင်ကုန်းနှင့် ချစ်ကြည်နူးတစ်တီတူးပြီးနောက် သူ လာရတဲ့ လေးနက်တဲ့ အကြောင်းရင်းကို သတိရသွားပြီး သူက လူချင်းခွာလျက် မေးလိုက်သည်။

 "ထျန်းချီ ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ အမျိုးသမီးတချို့ကို ကူညီပေးနိုင်မလား။ မုဆိုးဖိုနဲ့ မုဆိုးမတွေကို အခွင့်ရေး အတူတူရစေချင်တယ်... ကျွန်တော် သူတို့ဘဝသစ်မှာ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်စေချင်တယ်ဆိုရင် ခင်ဗျား သူတို့ကို ပံ့ပိုးပေးမလား"

ထိုသည်မှာ ယေဘူယျအစီအစဉ်သာဖြစ်သည်။ လီယွီ သည် ထိုအမျိုးသမီးများ လိုအပ်သည်များကို မသိသေးသောကြောင့် သူ မည်ကဲ့သို့ ဆောင်ရွက်လိုကြောင်း အတိအကျ မရှင်းပြနိုင်သေးပေ။ သို့သော် လီယွီသည် အနည်းဆုံး ထိုအမျိုးသမီးများ အကူအညီတောင်းနိုင်သည့် နေရာတစ်ခု ဖန်တီးရန် မျှော်လင့်ခဲ့သည်။ သူသည် သာမာန်ပြည်သူလူထုအား  သဘောထားကြီးစွာ ဖော်ပြလိုသည့်အချက်မှာ ထိုကမ္ဘာကြီးတွင် မုဆိုးမများကို ထောက်ပံ့ပေးသော လူများ ရှိတယ်ဆိုတာ သိစေချင်သောကြောင့်ပင်။
 

ဒါကိုပြောပြီးတာနဲ့ အိမ်ရှေ့မင်းသားက လီယွီပြောနေတာ ဘယ်သူလဲဆိုတာ သိသွားသည်။ သူ ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။


 "မင်း လျန်ရှီး ကိုကူညီချင်လား။ သူမရဲ့အိမ်ထောင်ရေးကို ဖခင်က ဆုံးဖတ်ထားတာကြောင့် ဒါက လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ဘူး။"  

"ကျွန်တော်နားလည်ပါတယ်။ သူမက ကျွန်တော့် အကူအညီကို အမှန်တကယ် လိုချင်ပုံမပေါ်ဘူး။ ကျွန်တော်ဆိုလိုတာက လျန်ရှီး လို အမျိုးသမီးတွေအားလုံးကို ကူညီချင်တယ်"

လီယွီသည် အမှန်တကယ်ပင် အမျိုးသမီးအဖွဲ့အစည်းတစ်ခုလုံးကို ကူညီပေးချင်သည်။ ဒီလိုအမျိုးသမီးမျိုးတွေ အကူအညီလိုရင် အကူအညီပေးခြင်းနဲ့ သက်သေပြမယ်။ လျန်ရှီး သည် ထိုအုပ်စုထဲသို့ ပါဝင်တာဖြစ်လို့ သူ့အကူညီလည်း သေချာပေါက် ရလိမ့်မည်။


******-*******

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now