Chapter (124-2) - သမီးလေးတစ်ယောက် အရင်လုပ်ကြမလား...

4.3K 933 38
                                    


Chapter (124-2) - သမီးလေးတစ်ယောက် အရင်လုပ်ကြမလား...


လော့လွေ့စိန်း နှင့် တော်ဝင်အစောင့်များသည် ပူလျှို သေဆုံးရသည့်အကြောင်းရင်းကို ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။ အမှန်တရားကို မဖော်ထုတ်မီတွင် ဧကရာဇ်သည် ရန်သူကို မခြောက်လှန့်စေချင်သဖြင့် ကျင်းဝမ်ကို လျှို့ဝှက်ထားစေခြင်းဖြစ်သည်။

ကျင်းဝမ်နှင့် လီယွီတို့သည် ဧကရာဇ်၏အကြံအစည်များကို ခန့်မှန်းမိပြီး သဘောတူခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကလေးများ နန်းတော်၌ စာသင့် နေကြပြီ။ ကျင်းဝမ်၏ အဆိပ်က ပျောက်ကင်းသွားကြောင်း ဧကရာဇ်မင်းကြီး သိသောအခါ၊ သူသည် ကလေးများကို သူနှင့်အတူ ပြန်ခေါ်လာခဲ့သည်။

လီယွီက ကျင်းဝမ်ပါးပါး နေမကောင်းဖြစ်ပြီး ခဏတဖြုတ် မတွေ့နိုင်ဘူးလို့ ပြောခဲ့သည်။ ကလေးတွေက ဘယ်လောက်တောင် အခြေနေဆိုးသလဲ ဆိုတာကို ကောင်းကောင်းနားမလည်သေးပေမယ့် ငါးပါးပါးက သူတို့ကို မမြင်စေချင်ဘူး။ ဒါကြောင့် ကလေးတွေက ရက်အတော်ကြာ ငြိမ်သက်နေရသည်။ ဧကရာဇ်က သူတို့ကို တော်ဝင်စာသင်ဆောင်မှာ သွားလေ့လာဖို့ အမိန့်ပေးခဲ့သည်။ အကြောင်းရင်းတဝက်က ကလေးတွေဟာ တကယ်ကို ဉာဏ်ကောင်းတာကြောင့်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ ကလေးတွေရဲ့ အာရုံကို လွဲပေးရန်ဖြစ်သည်။

ကျင်းဝမ်ပးါပါး က ပိုကောင်းလာပြီလို့ သူတို့ကြားလိုက်ရတော့ ကလေးတွေက စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲကို တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်ကာ ကျင်းဝမ်ရဲ့ခြေထောက်ကို မလွှတ်ဘဲ တင်းကျပ်စွာ ဖက်ထားကြသည်။

ကျင်းဝမ်က ပြုံးပြီး တယောက်ပြီး တယောက် သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ လီယွီသည် ကျင်းဝမ်၏ ခန္ဓာကိုယ်က ကလေးတွေ အလေးချိန်ကို မထိန်းနိုင်တော့မည်ကို စိုးရိမ်သော်လည်း ကျင်းဝမ်က သူ့အား အဆက်မပြတ် ခေါင်းသာ ခါယမ်းပြနေသည်။

အိပ်ရာမထနိုင်တဲ့အချိန်တွေမှာ ကျင်းဝမ်က ကလေးတွေကို အရမ်းလွမ်းနေသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now