Chapter (134-2) - အလုံးစုံပျက်သုဉ်းခြင်း အဆိပ်နှင့် မင်းသမီး လန်ယာ

3.5K 865 15
                                    

Chapter (134-2) - အလုံးစုံပျက်သုဉ်းခြင်း အဆိပ်နှင့် မင်းသမီး လန်ယာ


အစောင့်တွေအားလုံးက  ထိုဖြစ်ရပ်ကို မြင်တော့ အရည်နဲ့တွေ့တိုင်း ဒိုင်းတွေကိုသုံးကာ ကာခဲ့သည်။    မည်သို့ပင်ဆိုစေကာမူ အချို့သောသူများက ထိုအရည်ဖြင့်  မတော်တဆပက်မိလိုက်သေးသည်။ ဒါပေမယ့် သူတို့ကိုယ်ပေါ်တွင် အဝတ်တွေ အထပ်ထပ်   ဝတ်ထားသောကြောင့် 'အလောင်းပျော်ရည်' ကြောင့် ထိခိုက်ဒဏ်ရာမရအောင် ချက်ချင်းပင် အဝတ်အစားများကို ဖယ်ရှားလိုက်ကြသည်။

လော့လန်တပ်ဖွဲ့များနှင့် ထပ်မံတွေ့ဆုံသောအခါ၊ ယဲ့ချင်းဟွမ် သည် လေးတစ်ချောင်းကို တိုက်ရိုက်ဆွဲထုတ်ပြီး မြှားများဖြင့် တရစပ် ပစ်ကာ ညစ်ပတ်သောလှည့်ကွက်များ ထပ်မလုပ်နိုင်စေရန် တားလိုက်သည်။
 
ထူးခြားသော လော့လန်တပ်ရဲ့ တိုက်ပွဲနည်းဗျူဟာက လုံးဝ သုံးမရတော့ပေ။  အလွန်လျင်မြန်စွာပင်  ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ကန်ချင်း နန်းတော်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

မင်းသမီး လန်ယာ က ကယ်ဆယ်ရေးတပ်တွေ ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။ သူမသည် ဧကရာဇ်မင်းကြီးကို နန်းစွန့်ရန် သဘောတူဖို့ ချုပ်နှောင်ထားသည်။ မင်းကြီး သေချာတွေးရန် အချိန်တချို့ပေးထားလိုက်သည်။
 
မင်းသမီး လန်ယာ သည် ဧကရာဇ်မင်းကြီးအား တိုက်ရိုက်သတ်ပစ်ရန် ဆန္ဒရှိသော်လည်း လက်တွေ့မှာ မင်းကြီးကို မသတ်နိုင်သေးပေ။

ဧကရာဇ်မင်းကြီး ကွယ်လွန်သွားလျှင် ကျန်မင်းမျိုးမင်းနွယ်မင်းသားလက်ထဲ တိုင်းပြည်အုပ်ချုပ်ခွင့် ရောက်သွားလိမ့်မည်။ နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ထားသည့် သူမ အကြံကို နောက်ဆုံး ခြေလှမ်းရောက်မှ မကျရှုံးစေချင်ပေ။

တော်ဝင်စစ်တပ်ကို မည်သူ ဦးဆောင်ပြီး နန်းတော်ထဲ ဝင်လာသည်ကို သိလိုက်ရစဉ်   မင်းသမီး လန်ယာ ရဲ့ အမူအရာက မှောင်မိုက်သွားခဲ့သည်။

သူမသည် ဧကရာဇ်မင်းကြီး၊  ကျင်းဝမ်နှင့် ကန်ချင်း နန်းတော်၏ဘေးဘက်ခန်းမအပြင်ဘက်တွင် ချုပ်နှောင်ထားသော မင်းသားငယ်နှစ်ဦးကို ခေါ်ဆောင်ရန် သူ၏လက်အောက်ငယ်သားများအား အမိန့်ပေးခဲ့သည်။

ရာဇပလ္လင်ကို သူမ မရယူနိုင်ခဲ့ရင် ဧကရာဇ်မင်းကြီးနှင့်တစ်ကွ သူ့သွေးသားအားလုံးကို သတ်ပစ်ရလိမ့်မည်...

မင်းသား လီ နှင့် ချန်အန်းအိမ်တော်က စစ်သည်တော်တွေ ကန်ချင်းနန်းတော်ထဲ ဝင်လာစဉ်   မင်းသမီး လန်ယာ သည် ဧကရာဇ်မင်းကြီးအား ဓားစာခံအဖြစ် အသုံးပြုကာ အမိန့်ပေးလိုက်သည်။

"မင်းတို့ နောက်ထပ် ခြေတစ်လှမ်းလှမ်းဝံ့ရင်   မင်းကြီးကို သတ်ပစ်မယ်!"  

မင်းသားလီသည် ဧကရာဇ်မင်းကြီး၏ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့သည်။ ကန်ချင်း နန်းတော် အပြင်ဘက်တွင် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ပင်မ ခန်းမထဲသို့ မဝင်ဝံ့ဘဲ ရပ်နေကြသည်။ နှစ်ဖက်သော လေးသမားများသည် တိုက်ပွဲဝင်ခဲ့ရာ နောက်ထပ် စစ်သည်တစ်ဦး ကျဆုံးခဲ့သည်။

မင်းသမီး လန်ယာ ၏တပ်များသည် ကယ်ဆယ်ရေးတပ်သားများထက် အဆပေါင်းများစွာ နည်းပါးသည်။  လျင်မြန်စွာပင်  သူမ၏ လက်ကျန်လေးသမား တချို့ ထပ်ကျသွားပြန်သည်။

မင်းသမီး လန်ယာ သည် သူမ၏ဓားကိုဆွဲထုတ်ကာ  မင်းကြီး၏လည်ပင်းတွင် ချိန်ရွယ်ထားသည်။  

ထိုစဉ် အချိန်ကွက်တိပင်   ကျင်းဝမ်က ဧကရာဇ်မင်းကြီးရှေ့မှာ ရုတ်တရက် ရပ်လိုက်ပြီး  ချွန်ထက်တဲ့ဓားမြှောင်တစ်ချောင်းကို သူ့ င်္အကျီ လက်ထဲက ဆွဲထုတ်လိုက်တယ်။ သူသည် မင်းသမီး လန်ယာ ၏ဓားကို ပင့်ခုတ်ကာ သူမ၏ လည်ချောင်းဘက်ကို တိုးကပ်လိုက်သည်။

မင်းသမီး လန်ယာ ၏လှပသောမျက်နှာက ပျက်ယွင်းသွားခဲ့သည်။

 "ဟင့်အင်း...မင်းက လက်နက်မရှိတော့ဘူး မဟုတ်လား"

ကျင်းဝမ်၏ဓားကို တော်ဝင်နန်းတော်သို့မဝင်မီ သိမ်းသွားခဲ့ပြီးဖြစ်သည်။ ဖိနပ်ထဲတွင် ဝှက်ထားသော ဓားမြှောင်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် ကျင်းဝမ်နှင့် မင်းကြီးကို တစ်နေရာတည်းတွင် သော့ခတ်ထားခဲ့သည်။  ဒါဆို ကျင်းဝမ်က နောက်ထပ် လက်နက်ကို ဘယ်ကရခဲ့တာလဲ။

ကျင်းဝမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဖြေလိုက်သည်။

"ကျွန်တော့်ကို ကာကွယ်ဖို့  ဓားမြှောင်တစ်လက်ကို ဆောင်ထားပြီးသား။ ဒီကိုမလာခင် ဝမ်ဖေး က နောက်ထပ်တစ်လက် ပေးခဲ့တယ်။"

သူ့လက်နက်ကို တစ်ကြိမ် မစွန့်လွှတ်လိုက်ဘူးဆိုလျှင် မင်းသမီး လန်ယာက သတိ သိပ်မထားမိအောင် ဘယ်လုပ်လို့ ရနိုင်မလဲ။ ဒါဆို မင်းကြီးဆီကို ချဉ်းကပ်ပြီး ကျားတံဆိပ် အမိန့်ပြားကို ဘယ်ယူနိုင်လဲ။
 
ကျင်းဝမ်သည် သူ့ဓားမြှောင်ကို စွန့်လွှတ်လိုက်ရသလို ဟန်ဆောင်ပြီး ရန်သူကို နောက်ကွယ်မှ ဖြိုခွင်းရန် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။

မင်းသမီး လန်ယာ သည် ရင်ကွဲမတတ် အော်ဟစ်ရယ်မောလိုက်မိသည်။

မင်းကြီး သူမ လက်က လွတ်သွားသည်ကို မြင်တော့ ယဲ့ချင်းဟွမ် သည် အခွင့်ရေးကို အရယူလျက်  မင်းသမီး လန်ယာဆီသို့ မြှားတစ်စင်း ပစ်လိုက်သည်။

 

ကျင်းဝမ်၏ ဓားမြှောင်သည်လည်း တစ်ချိန်တည်းတွင် သူမကို ထိုးသွင်းလိုက်သည်။  မင်းသမီး လန်ယာ သည် အပြင်းအထန်ဖိအားပေးခံလိုက်ရသည်။ မြှားကို ရှောင်လျှင် ဓားမြှောင်ကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။

မင်းသမီး လန်ယာ သည် ထူးဆန်းသောအပြုံးကို ထုတ်ဖော်လိုက်သည်။ သူမသည် မြှားကိုရှောင်လိုက်ပြီး ကျင်းဝမ်၏ဓားမြှောင်ဖြင့် သူမ အထိုးခံလိုက်သည်။  

"ဧကရာဇ်ကိုသတ်ဖို့အချိန်မရှိတော့ဘူးဆိုတော့ ..ငါနဲ့အတူ သေသင့်တာကြာနေပြီဖြစ်တဲ့ ကျင်းဝမ်ကို သတ်ပစ်နိုင်ရမယ်။  " မင်းသမီး လန်ယာ က တိုးတိုးလေးပြောလိုက်သည်။

"လော့လန်ပြည်က ငါတို့လို မင်းမျိုးမင်းနွယ်တွေက ကိုယ်ထဲမှာ အပြင်းထန်ဆုံး အဆိပ်ကို ဝှက်ထားတတ်ကြတယ်။ ဒီအဆိပ်နဲ့ယှဉ်ရင် ရွယ်ယားဆိုတာ ဘာမှ မဟုတ်ဘူး။   ဒီအဆိပ်က လော့လန်က  အစွမ်းထက်ဆုံး အဆိပ်ဖြစ်ပြီး  'အလုံးစုံပျက်သုဉ်းခြင်း'လို့ခေါ်တယ်..."
 

သူမ  က ဝမ်းနည်းစွာ ပြုံးပြပြီးနောက် သူမ၏ ခန္ဓာကိုယ်အတွင်းကို ဓားက ရုတ်တရက် စိုက်လိုက်မိသည်နှင့် အရည်များ ပန်းထွက်လာခဲ့သည်။

"ထျန်းချီ-!"

လီယွီသည် အဝေးတွင်ရှိပြီး ယဲ့ချင်းဟွမ်၏ လက်အောက်ငယ်သားများက တင်းကျပ်စွာ ဝန်းရံထားခြင်းခံရလို့ ထျန်းချီရှိရာ ပြေးမလာနိုင်သဖြင့် ကျယ်လောင်စွာသာ အော်လိုက်မိသည်။

မင်းသမီး လန်ယာ ၏ လှုပ်ရှားမှုသည် လျင်မြန်သော်လည်း ကျင်းဝမ်က သူမကို မျက်ခြေမပြတ် စောင့်ကြည့်နေသဖြင့် သူမက ဓါးကို ဆုပ်ကိုင်ကာ သူမကိုယ်ထဲ ပြန်ထိုးသွင်းဖို့ လုပ်လိုက်ကတည်းက ဒါက ထောင်ချောက်ဆိုတာ သိလိုက်သည်။ ကျင်းဝမ်က  ခြေထောက်ကိုဆန့်ကာ ဘေးဘက်ရှိ စားပွဲတစ်ခုကို  ကန်ကျောက်ကာ 'အလုံးစုံပျက်သုဉ်းခြင်းအဆိပ်ရည်'တွေ သူ့ဆီ စင်လာမည်ကို တားဆီးလိုက်သည်။

ထိုလုပ်ရပ်ကိုမြင်တော့ မင်းသမီး လန်ယာ က မယုံနိုင်အောင် ဖြစ်ကာ မျက်လုံးပြူးသွားသည်။    လော့လန်က သူမ အလွန်ဂုဏ်ယူခဲ့သော အသေခံပြီး ရန်သူကို ဆွဲခေါ်သည့် လုပ်ရပ်က လုံးဝ အသုံးမဝင်တော့ပေ။

ချက်ခြင်းပဲ၊ကျင်းဝမ်က သူ့ကို ဓားမြှောင် ပစ်လွှတ်လိုက်တယ်။

မင်းသမီး လန်ယာ မသေဆုံးမီတွင် သူမက မင်းကြီးမြတ်အား မုန်းတီးစွာ  ဆက်လက်စိုက်ကြည့်နေပြီး  ် ကျိန်စာများကို ရေရွတ်ကာ သေဆုံးသွားခဲ့သည်။

အလုံးစုံပျက်သုဉ်းခြင်း အဆိပ်က ထွက်လာသည်နှင့် သူမရဲ့ ကိုယ်က ချက်ချင်း အရည်ပျော်ကျကာ သွေးအိုင်အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။
ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ကန်ချင်း နန်းတော်အား ဖြတ်ကျော်ကာ လော့လန်တပ်ဖွဲ့ဝင်များကို သုတ်သင်ရှင်းလင်းခဲ့သည်။ ဧကရာဇ်မင်းကြီး၏ ကျန်းမာရေးကို စစ်ဆေးရန် တော်ဝင်သမားတော် တစ်စုသည် အပြေးအလွှား လာခဲ့သည်။

ရက်အတော်ကြာ အကျဉ်းချခံထားရသော လော့လွေ့စိန်းသည် အနီးနားရှိ နန်းတော်မှ ကယ်တင်ခံရပြီး ဧကရာဇ်မင်းကြီးထံသို့ အပြေးလေးလာခဲ့ကာ အရိုသေပြလျက် ပျော်ရွှင်စွာ ရယ်မောရင်း တစ်ချိန်တည်း ငိုကြွေးနေမိသည်။

ကျင်းဝမ်သည် ဒီရေကဲ့သို့ ရောက်လာသည့် လူလှိုင်းလုံးများကြားတွင်   ထိုရင်းနှီးသော လူငယ်လေးကို အဆက်မပြတ်  ရှာဖွေခဲ့သည်။  


တစ်ချက်ကြည့်လိုက်ရုံဖြင့် လီယွီကို မြင်ပြီး လီယွီ၏အသံကိုလည်း ကြားလိုက်ပုံရသည်။ သို့သော်လည်း မင်းသမီး လန်ယာ နှင့် တိုက်ခိုက်ပြီးနောက်   လီယွီကို မတွေ့တော့ပေ။

ကျင်းဝမ်သည် မဆုတ်မနစ် ဆက်လက်ရှာဖွေခဲ့သည်။

အစောင့်အချို့က သူ့ကို သတိပြုမိပြီး သူ့အတွက် လမ်းဖယ်ပေးခဲ့သည်။ ကျင်းဝမ်သည် ချက်ချင်းပင် ဂနာမငြိမ်ဘဲ ချာချာလည်နေသော မြည်းတစ်ကောင်ကို တွေ့လိုက်ရသည်။ မြည်းပေါ်မှာ လူတစ်ယောက်ထိုင်ပြီး ထိုလူက သူ ရှာနေသည့် သူ့ချစ်ဇနီးလေး  လီယွီဖြစ်နေသည်။

"ထျန်းချီ ....ခင်ဗျား ရောက်လာပြီလား...ကျွန်တော့်ကို  မြန်မြန်လာ ကူညီပါဦး။ ဒီမြည်းက မရပ်ဘူးဖြစ်နေတယ်။"  

သူ့ကြာပွတ်လေးကို ဝှေ့ယမ်းပြီးနောက် မြည်းက ရပ်တန့်ရန် ငြင်းဆန်ခဲ့ကြောင်း လီယွီက တွေ့ရှိခဲ့သည်။

လီယွီက စိတ်ပျက်လက်ပျက် ခေါင်းကုတ်နေတာကို မြင်လိုက်ရတော့ ကျင်းဝမ်က မပြုံးပဲ မနေနိုင်တော့ပေ။


ရှောင်ယွီသည် မြင်းကို မည်သို့စီးရမည်ကို မသိပေ။ ဒါကြောင့် သူ့ မြည်းက မရပ်လို့ သူက မြည်းပေါ်က ဆင်းမရဖြစ်နေပုံရသည်။
 


********-**********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now