Chapter (100-1) _ တကယ့် တရားခံအစစ်

4K 844 2
                                    

Chapter (100-1) _ တကယ့် တရားခံအစစ်



လီယွီက သူ လုပ်နေရသည့် မစ်ရှင် အလုပ်များ မည်မျှ တိုးတက်နေသည်ကို  မသိတော့ပေ။

တစ်ဖက်တွင် ဓားပြများ ရုတ်တရက် ရောက်လာလို့  လမ်းခုလတ်မှာ အရာအားလုံးကို လျစ်လျူရှုပြီး ပြေးထွက်လာရသည်။ သူသည် အခြေခံပုံဖျက်နည်းအချို့ကို ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ဦးမှ သူ့ကိုတွေ့ရှိခဲ့ပါက သူ ဘယ်လိုလုပ်ရမလဲ။  သို့သော် ထိုအချိန်တွင် သူသည် ထိုအရာကို စဉ်းစားရန် အာရုံမရှိနိုင်ပေ။  

အခြားတစ်ဖက်တွင်၊ system သည် မည်သည့်အကြောင်းကြားချက်မျှ သူ့ကို မပေးခဲ့သေးပေ။ လီယွီ ၏ အတွေ့အကြုံအရ၊ သူ့မစ်ရှင်လုပ်ငန်းမှာ ဆက်လက်တိုးတက်နေသေးကြောင်း ထင်ရှားသည်။ ဒါပေမယ့် သူ့မစ်ရှင်က မအောင်မြင်သေးပေ။ တကယ်လို့ သူ့ပင်မမစ်ရှင်တစ်ခု မအောင်မြင်ပါက ငါးအရိုးများနှင့် ငါးမှုန့်များအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း System က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင်၊ သူသည် လူငါးနှင့် ငါးလူသားကြားတွင် လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး၊ သူလည်း အခြေနေ  လုံးဝကောင်းမွန်နေသေးသမျှ  ဘယ်သတင်းမဆို အကောင်းဆုံးသတင်းပါပဲ။

ကျင်းဝမ် သည် လီယွီ ၏လည်ပင်းတွင် အကာအကွယ် အဆောင်တံဆိပ်ကို ထပ်မံချိတ်ဆွဲပေးပြီး ကျန်နာရီအနည်းငယ်အတွင်း သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လီယွီသည် လက်တွေ့ကျကျ ရေဘဝဲအဖြစ်သို့ ပြောင်းလဲသွားပြီး ကျင်းဝမ်၏နံဘေးတွင် နီးကပ်စွာ တိုးကာ တွယ်ကပ်နေခဲ့သည်။ မိုးနတ်မင်းသာ အပြင်မှာ ရှိနေရင်တောင်မှ သူ့လောင်ကုန်းနားမှာပဲ တွယ်ကပ်နေဖို့ လီယွီက ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။  ကျင်းဝမ် က သူ့အပေါ် ဒဏ်ပေးလိုက်တာက သူ့ခေါင်းကို ပွတ်သပ်ရုံလေးသာ ဖြစ်နေတာကြောင့် ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ပိုလို့တောင် အရှက်ရစေခဲ့သည်။




သူ့အတွက်မဟုတ်ရင် ကျင်းဝမ် က ဓားပြတွေကို တစ်ချက်တည်းနဲ့ ရှင်းပစ်နိုင်မှာ  သေချာသည်။ သူက ကျင်းဝမ် ကို ဒီမှာပြန်လာကယ်ဖို့ လုပ်သည့်အပြင် ကျင်းဝမ် ကို စိတ်ပူစေသည်။ ဒါကြောင့် လီယွီသည်ဒီအချက်တွက် အနည်းနှင့်အများ ဖြည့်ဆည်းပေးချင်သည်။

"ကောင်းပါပြီ၊ အရှင့်သား အဲဒီဗျူဟာမှုးကို စုံစမ်းဖို့ မမေ့နဲ့။"

လီယွီသည် ဓားပြများထံမှ ဗျူဟာမှူးနှင့် ပတ်သက်သည့် အချက်အလက်များစွာကို ခိုးဝှက်ကာ ရယူခဲ့သည်။ မျက်နှာဖုံးစွပ်ထားသော  အမည်မသိသော ဗျူဟာသမားသည် မွေးကင်းစကလေးများကို ရွှေရောင် အဝတ်စဖြင့် ထုပ်ပိုးကာ ငါးစာအဖြစ် အသုံးပြုတတ်ကြောင်း သိထားသောကြောင့် အခြားဓားပြများထက် ထင်ရှားပေါ်လွင်နေခဲ့သည်။ လီယွီ က ဒီလူက သူ့နဲ့ ကျင်းဝမ် ကို ပစ်မှတ်ထားလာတယ်လို့ ခံစားလိုက်ရသည်။

ကျင်းဝမ် သည် မကြာသေးမီက သားလေးယောက်ရှိကြောင်း အနောက်တောင်တန်းရှိလူတိုင်း သိကြသည်။ ရွှေအိုရောင် ချည်ထည်အဝတ်အစားက ပေါင်းရိ အထူးသုံးတဲ့ အရာဖြစ်သည်။ သာမန်မိသားစုတွေက ဒီလိုအရောင်မျိုးကို မသုံးဘူး။ တစ်စုံတစ်ယောက်က ဒီလို ထုပ်ပိုးချင်ရင် ဝိုင်းမေးခံရလို့ အလွယ်တကူ သိနိုင်မည်ဖြစ်သည်။  ဗျူဟာမှူးသည် အချိန်မတိုင်ခင်က ဒါနဲ့ပတ်သတ်ပြီး  စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာတာ ဖြစ်ရမည်။

လီယွီ၏ သံသယများအတွက် ခိုင်လုံသည့် အကြောင်းပြချက်မရှိပေ။ ကျင်းဝမ် လည်း အလားတူ အတွေးမျိုးရှိ နေခဲ့သည်။

ဒီတိုက်ပွဲအပြီးမှာတော့ ဓားပြတွေ အားလုံးနီးပါး သုတ်သင်ခံခဲ့ရသည်။  ကျင်းဝမ် သည် အစောင့်များအား ပုန်းအောင်းနေသည့် အသက်ရှင်ကျန်ရစ်သော ဓားပြအနည်းငယ်အား သေသေချာချာ စစ်ဆေးမေးမြန်းရန် နှင့်  ဗျူဟာမှူး၏ အထောက်အထားကို သိအောင် လုပ်စေလိုသည်။

ဒီဗျူဟာမှုးက သူ့ကို ထူးထူးဆန်းဆန်း ရင်းနှီးနေတဲ့ ခံစားချက်ကို ပေးနေသည်။


အဖြူမှုန့်တွေနဲ့လှမ်းပက်လို့ သူ့ မျက်လုံးကို ထိမိသွားသည်ဟု ထင်ကာ ခြေထောက်ကို တိုက်ခိုက်ရန် ထိုလူက လှည့်ကွက်တွေ လုပ်ခဲ့သည်။ ထိုလုပ်ရပ်သည် အရမ်းသေချာသည့် ပုံစံပေါက်နေသော်လည်း ဒါက တကယ် ထိရောက်သည်ကို ကျင်းဝမ် ကိုယ်တိုင်သိသည်။ တိုက်ပွဲတွင်း အရေးပေါ်အခြေအနေအတွက် သူ့ဖိနပ်တွင် ဓားမြှောင်တစ်ချောင်း ဝှက်ထားလေ့ရှိသည်။ ဒီတစ်ခါလည်း ဓားမြှောင်တစ်ချောင်း ယူလာခဲ့သည်။ သို့သော် သွေးလွှမ်းနေအောင် သူ သတ်ဖြတ်ခဲ့သဖြင့်  ဓားမြှောင်ကို သတိလက်လွတ်ဖြင့် သူ့င်္အကျီလက်ထဲသို့ ပြန်ထည့်လိုက်သည်။ သူသည် နောက်ပိုင်းတွင် တန်ပြန်တိုက်ခိုက်ရန်   ဓားမြှောင်ကို အလွယ်တကူ အသုံးပြုနိုင်ခဲ့သည်။

ဗျူဟာမှူးက ကျင်းဝမ် ရဲ့ ဓားမြှောင်ကို သာမာန်နေရာမှာပဲ ထားမည်ဟုတွက်ထားခဲ့သည်။ ဒါကြောင့် ကျင်းဝမ်ရဲ့မျက်လုံးကို အမှုန့်ဖြင့်ပက်ကာ ကျင်းဝမ်၏ခါးက   ဓားမြှောင်ကို ဆွဲထုတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်မလား။

မည်သို့ပင်ဆိုစေကာမူ ဗျူဟာမှူးက သူ့ကို သေချာပေါက် သိနေသည်။ မဟုတ်ရင် သူတို့ဟာ နို့စို့ကလေးတွေကို  ငါးစာအဖြစ် အသုံးမပြုနိုင်လောက်ဘူး။ ဒါ့အပြင် ကျင်းဝမ်က ဓါးမြှောင်ကို မည်သည့်နေရာတွင် ဝှက်ထားတတ်သည်ကို ထိုလူက သိနိုင်မလဲ။
 
ယခုတစ်ကြိမ်မှလွဲ၍ လူမြင်ကွင်းတွင် ဓားမြှောင်ကို တစ်ကြိမ်သာ အသုံးပြုခဲ့သည်။ ထိုအချိန်သည် နန်းတော်အတွင်း၌ ချုံခိုတိုက်ခိုက်ခံရပြီးနောက် ရှောင်ယွီဆီက ကယ်တင်ခြင်းခံရသည့်အချိန်ဖြစ်သည်။

ကျင်းဝမ် သည် ထိုအချိန်က ထိုလှည့်ဖြားမှုထဲ ကျရောက်သွားသောကြောင့် အနီးကပ်တိုက်ပွဲများကို ရင်ဆိုင်ရချိန်အတွင်း အလွန်သတိနေခဲ့သည်။ ထိုအချက်ကြောင့် ကျင်းဝမ်က မီးခိုးဗုံးကို အချိန်မီ ရှောင်ရှားနိုင်ပုံဖြစ်ပြီး၊ သူ၏မျက်လုံးများကို ထိခိုက်သွားဟန်ဆောင်ခြင်းဖြင့် ဗျူဟာမှုး၏ အစီအစဉ်ကို လက်တုန့်ပြန်ဖို့ အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။

ထို့အပြင်၊ ဗျူဟာမှူးသည် ယခင်က တိုက်ခိုက်ဖူးသည့် အတွေ့အကြုံကို ပြန်လည်အသုံးပြုနေပုံရသည်။   အမှုန့်ကိုလည်း အသုံးပြုခဲ့သည်။ ထို့အပြင် ကျင်းဝမ် သည် ဓားမြှောင်ကို ကိုင်ဆောင်သည့် အလေ့အထရှိကြောင်းကိုလည်း သိရှိခဲ့သည်။ ကျင်းဝမ် သည် ထိုဗျူဟာမှူးသည် ယခင်က သူ့ကို တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။

"အရှင့်သား အရင်က တိရိစ္ဆာန် အကိုက်ခံရသလိုမျိုး ဗျူဟာမှူးရဲ့ လက်မှာ အမာရွတ်ကို ကျွန်တော် မတော်တဆ တွေ့လိုက်ရတယ်။"

လီယွီက ထိုအချက်ကို ပြောပြလိုက်သည်။ ဆက်စပ်မှု ရှိ၊ မရှိ မသိသော်လည်း စိတ်ထဲတွင် ပေါ်လာသဖြင့် ပြောလိုက်သည်။

ဒါကိုပြောတဲ့အခါ ကျင်းဝမ် က နန်းတော်ထဲက တိုက်ခိုက်သူကို ချက်ချင်းပြန်သတိရတယ်... အဲဒီနေ့မှာပဲ ဒဏ်ရာရသွားသလိုမျိုး သူ့လက်ကို တော်တော်ကိုင်ထားတာဖြစ်သည်။

ကျင်းဝမ် သည် ထိုနေ့တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဂရုတစိုက် ချရေးခဲ့သည်။ ကျင်းဝမ် ရဲ့ မျက်လုံးဒဏ်ရာရစေသည့် ဖြစ်ရပ်နောက်ကွယ်မှာ ဒီလိုဇာတ်လမ်းမျိုးရှိမယ်ဆိုတာ လီယွီ က မသိခဲ့ဘူး။


"ဗျူဟာမှူးက အရှင့်သားကို အရင်တခါ တိုက်ခိုက်ခဲ့တဲ့လူနဲ့ အတူတူပဲလို့  သံသယရှိနေတာလား။" လီယွီသည် တိုတိုတုတ်တုတ် တွေးတောကာ မေးလိုက်သည်။

ကျင်းဝမ်က ခေါင်းညိမ့်လိုက်သည်။

ဒီအနောက်ဘက်တောင်တန်းဒေသတွင် ကျင်းဝမ်ကို ဓါးပြတွေထက် ပိုပြီး ဆန့်ကျင်နိုင်သူမရှိပေ။ ထိုဗျူဟာမှုးက အနောက်ဘက်တောင်တန်းဒေသသားမဟုတ်ပေ။ သူက အရင်က ဓါးပြလည်း မဟုတ်ခဲ့ပေ။ ဒါကြောင့် ဖြစ်နိုင်သည့်အချက်က ဗျူဟာမှုးက တော်ဝင်မြို့တော်က တစုံတစ်ယောက်နှင့် အဆက်သွယ်ရှိတာ ဖြစ်ရမည်။  လီယွီက ဗျူဟာမှုးရဲ့လက်ဖမိုးပေါ်က အမာရွတ်ကို မြင်တော့ တွေးနေမိသည်။ နန်းတော်ထဲတွင် ကျင်းဝမ်ရဲ့မျက်လုံး ဒဏ်ရာရသွားသည့်နေ့က လူသတ်သမားရဲ့လက် ထိုနေရာတွင် ဒဏ်ရာရသွားခဲ့သည်။

ထိုလူသတ်သမား ရဲ့ ဒဏ်ရာနဲ့ ဗျူဟာမှုးရဲ့ ဒဏ်ရာတူနေတာက  အရမ်း တိုက်ဆိုင်လွန်းမနေဘူးလား?



"အရှင့်သား အဲဒီနေ့က ကျွန်တော်လည်း မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တာ မှတ်မိသေးလား။ ငါးအစာထဲ အဆိပ်ခတ်တဲ့သူလည်း လက်ကို ရှုန်ဖုန်း ကိုက်တာကို ခံလိုက်ရတယ်။  !"

လီယွီသည် ရှုန်ဖုန်း ၏အမည်ကိုပြောသောအခါ၊ ကျင်းဝမ်က သူ့ဇနီးလေးက ငါးဘဝက  သူ၏အတွေ့အကြုံများကို ပြောနေမှန်း မသိမီ တစ်စက္ကန့်အတွင်း အေးခဲသွားခဲ့သည်။ ရှုန်ဖုန်း သည် ယဲ့ချင်းဟွမ် ၏ခွေး ဖြစ်သည်။

ရှောင်ယွီရဲ့ ပါးစပ်မှ အခြားသူရဲ့ နာမည်ကို ချစ်ခင်စွာပြောနေသည်ကို ရုတ်တရက်ကြားလိုက်ရသောအခါ ကျင်းဝမ်သည် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သို့သော် သူသည် လက်ထဲတွင်ရှိသော ပြဿနာကို အလွန်လျင်မြန်စွာ အာရုံစိုက်လိုက်သည်။

ထိုအချိန်တွင်၊ ငါးစာထဲ အဆိပ်ခတ်သူကို ယဲ့ချင်းဟွမ် ၏ ခွေးက ကိုက်ပစ်လိုက်သည်။ ဗျူဟာမှူးမှာလည်း တိရစ္ဆာန်ကိုက်ခံရသည့် အမာရွတ်ရှိခဲ့သည်။ ဒါက လုံးဝ ကွက်တိကျနေတာပဲ....

ဗျူဟာမှူးက တကယ်ပဲ တော်ဝင်မြို့တော်ကနေ လာတာပါ။ ထို့အပြင် သူတို့သည် ယခင်က တစ်ကြိမ်လည်း  ကြုံတွေ့ခဲ့ဖူးသည်။ ဒီလူက ငါးကို အဆိပ်ခတ်ဖို့ ကြိုးစားပြီး နောက် အခု သူတို့ကို ခိုးကြောင် ခိုးဝှက်  တိုက်ခိုက်သည်။

"အဲဒါက ဒုတိယမင်းသားပဲလား" လီယွီက ယူဆချက်ကို ပြောလိုက်သည်။  

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် ငါးအစာများကို အဆိပ်ခတ်သောအချိန်က ဒုတိယမင်းသားသည် ချန်အန်း အိမ်တော်ကို ဆန့်ကျင်ရန် ကြံစည်နေပါသည်။ လူတွေကို အဆိပ်ဝယ်ဖို့ သူက အမိန့်ပေးခဲ့သည်။ တယ်။ ထို့အတွက်ကြောင့်၊ ကျင်းဝမ် နှင့် ဝမ့်ကုန်းကုန်း တို့သည် ငါးအဆိပ်ခတ်ရန်ကြိုးစားသူအား  လုပ်ကြံရန် ဒုတိယမင်းသားမှ စေလွှတ်လိုက်ကြောင်း ယုံကြည်ခဲ့ကြသည်။

ထိုအချိန်တွင် ဒုတိယမင်းသားသည် သံသယအရှိဆုံးဖြစ်သည်။ သို့သော် ယခု ကြုံရသည့်အချက်ကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့သည်။ ကျင်းဝမ် သည်   ရယ်မောလိုက်ကာ ဒုတိယမင်းသားနှင့် နောက်လိုက်တွေ အားလုံး ပြစ်ချက်ပေါ်လာအောင် ဖြေရှင်းလိုက်သဖြင့် ဒုတိယမင်းသားရဲ့ သြဇာအာဏာက ကျဆင်းသွားကာ  ဆက်ဆံခဲ့သည်။   ထီးနန်းအတွက် တိုက်ပွဲဝင်ခွင့်ကို အချိန်အတော်ကြာ စွန့်လွှတ်ထားလိုက်ရသည်။ အခုတော့ ဒုတိယမင်းသား၏ ကြံရာပါတစ်ဦးသည် အဘယ်ကြောင့် နောက်တစ်ကြိမ် ပေါ်လာရသနည်း။ ထို့အပြင်၊ ထိုပုဂ္ဂိုလ်သည် ယခင်ကကဲ့သို့ မျက်နှာဖုံးစွပ် တိုက်ခိုက်သူလည်း ဖြစ်နေမလား။

ဒါက အဓိပ္ပာယ်မရှိဘူး။ ကျင်းဝမ် သည် ဒုတိယမင်းသား၏ အနားမှ လူများကို ထားခဲ့သည်။ ဒုတိယမင်းသား မုထျန်းကျောင်၏ လက်ရှိအခြေအနေကို သူ ကောင်းစွာ သဘောပေါက်ခဲ့သည်။ ဒုတိယမင်းသားက ဆက်ပြီး ဒုက္ခမပေးနိုင်တော့တာ သေချာသည်။  ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။ အဲဒီတုန်းက သူတို့အားလုံး မှားယွင်းတဲ့ ယူဆချက်တစ်ခု ချခဲ့မိသည်။ ငါးစာ အဆိပ်ခတ်သူကို ဒုတိယမင်းသားက မပို့ခဲ့ပေမယ့်  ဒုတိယမင်းသားသည် ထိုကိစ္စအတွက် ခေါင်းခံလိုက်ရဂသည်။

ဒုတိယမင်းသား မဟုတ်ရင် တတိယမင်းသား ဒါမှမဟုတ် ခြောက်ယောက်မြောက် မင်းသား ဖြစ်ရမယ်။

အကယ်၍သာ ယခင်ကအခြေနေအရဆိုလျှင် ကျင်းဝမ် သည် တတိယမြောက်မင်းသားက တရားခံ ဖြစ်သည်ဟု ထင်မှတ်မည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် တတိယမင်းသားသည် သူ့ကိုယ်သူ ထောက်ပံ့နိုင်စွမ်းပင် မရှိတော့ပေ။ တစ်စုံတစ်ယောက်သည် အနောက်တောင်တန်းနှင့် တော်ဝင်မြို့တော်အကြား သတင်း အချက်အလက် ပေးပို့ရန်အတွက် တတိယမင်းသား၏အမည်ကို အသုံးပြုခဲ့သည်။ ဒါကို ဧကရာဇ်ဘုရင်က ရှာဖွေတွေ့ရှိခဲ့ပြီး တတိယမြောက်မင်းသား ဒုက္ခရောက်သွားတော့သည်။

တတိယမင်းသားကို အပြစ်ရှာတဲ့နည်းလမ်းက ဒုတိယမင်းသားနဲ့ အတူတူပဲ မဟုတ်လား ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ကျင်းဝမ် သည် သူ၏ စုတ်တံကို မြှောက်လိုက်ပြီး မှင်တို့ကာ    စာရွက်နှင့်အပြည့် ပြင်းထန်လေးနက်စွာဖြင့်  "ခြောက်" ဟူသော စာလုံးကို ရေးခဲ့သည်။

ရှောင်ယွီ အရှေ့မှာပြောခဲ့တာတွေက မမှားဘူး။ မုထျန်းရှောင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူဖြစ်သည်။   ပြီးတော့ သူ့ကို တိုက်ခိုက်ဖို့ အချိန် အကြာကြီးကတည်းက မုထျန်းရှောင်က ကြံစည်ထားပြီးသားဖြစ်သည်။

"ဒါဆို သူပဲလေ......"
လီယွီက သက်ပြင်းချလိုက်သည်။ ထိုအရာအားလုံးကို အလွန်အမင်းတွက်ချက်သော ခြောက်ယောက်မြောက် မင်းသားက လုပ်ဆောင်ခဲ့မည်ဆိုလျှင်၊ အရာအားလုံးသည် အဓိပ္ပါယ်ရှိလာပြီ ဖြစ်သည်။

ဗျူဟာမှူးသည် ခြောက်ယောက်မြောက်မင်းသား၏လက်အောက်ခံဖြစ်သည်။ အခုအချိန်မှာ အနောက်တောင်တန်းမှာ ပြဿနာရှာဖို့ အားလပ်ချိန်ရသူကတော့ ခြောက် ယောက်မြောက် မင်းသားပဲကျန်ေတော့သည်။

ယင်းမတိုင်မီတွင်၊ ဆဌမမင်းသားသည် တတိယမင်းသား၏ နောက်ကွယ်တွင်ပုန်းအောင်းခဲ့ပြီး သူတို့၏ရှေ့တွင် ဒုတိယမင်းသားလည်းရှိသည်။ ဆဌမမင်းသားသည် မည်သူမျှမသိအောင် နောက်ကွယ်မှ တိတ်တဆိတ် လုပ်ဆောင်နိုင်ခဲ့သည်။ ပွင့်လင်းမှုမရှိသော ထိုမင်းသားကို မည်သူမျှ စဉ်းစားမိမည် မဟုတ်ပေ။  

ယခု ဆဌမမင်းသားသည် တတိယ မင်းသားကိုဖယ်ရှားပြီးနောက် ဧကရာဇ်မင်းအနား တော်ဝင် မြို့တော်တွင် ကျန်ရှိသော တစ်ဦးတည်းသောအရွယ်ရောက် မင်းသားဖြစ်လာသည်။ တရားရုံးမှာ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့အခွင့်လမ်းလည်း ပွင့်နေခဲ့သည်။ သူ့ရှေ့မှာ ပိတ်ပင်နေမည့် နောင်တော်တွေလည်း မရှိတော့ပေ။


*******-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now