Chapter (87-2) - ကျိုင်းကောင်အုပ် ကျရောက်ခြင်း

4K 832 0
                                    

Chapter (87-2) -  ကျိုင်းကောင်အုပ် ကျရောက်ခြင်း



ထို့အပြင် ဧကရာဇ်မင်းသည် ကျိုင်းကောင်အုပ်တွေ  ပိုကြီးလာမည်ကို စိုးရိမ်ခဲ့သည်။ အစပိုင်းတွင် ကျိုင်းကောင်များသည် အနောက်တောင်တန်း၌သာ ပေါ်လာသည်။ မကြာသေးမီကပင် သူတို့သည် အခြားနေရာများတွင်လည်း ပျံ့နှံ့ကာ တိုင်းသူပြည်သားများကို ဒုက္ခရောက်စေသည်။  

ဧကရာဇ်မင်းသည် ကျိုင်းကောင်များကို ထိန်းချုပ်ရန် နှစ်စဉ် ငွေကြေးအမြောက်အမြားလွှဲပေးခဲ့သော်လည်း သူတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိပေ။ အလုပ်သမားရေးရာဝန်ကြီးဌာနက တာဝန်ယူတဲ့ ပညာရှင်တွေထက် လူငယ်တွေရဲ့ စကားက ပိုအသုံးဝင်မှာလား။

သို့သော် ဤလူငယ်သည် တစ်ချိန်က ကျင်းဝမ်အား ဓားပြများကို အနိုင်ယူရန် ကူညီပေးခဲ့သော လူငယ်ဖြစ်သည်။ ဧကရာဇ်လည်း သိချင်လာသည်။ ကျင်းဝမ်သည် လီယွီအတွက် လမ်းခင်းနေမှန်း သူသိသော်လည်း ရှေ့ဆက်ဖတ်ရန် မအောင့်နိုင်တော့ပေ။

*********-****

မေပယ်လ်ဒေသ၊ ကျင်းအိမ်တော် ..........
 
လီယွီမွေးတဲ့ ငါးလေးကောင်ဟာ အခုဆို တစ်လရှိပါပြီ။ သူနှင့် ကျင်းဝမ်၏ စေ့စေ့စပ်စပ် ဂရုစိုက်မှုအောက်တွင် ငါးကလေးများ၏ ခန္ဓာကိုယ်များသည် ပြောင်းလဲသွားခဲ့သည်။ မူလအားဖြင့် အလွန်ပိန်ပါးကာ ဒိုးယိုပေါက် မြင်နေရသည့်  ခန္ဓာကိုယ်မှ ယခုအခါ ငါးကလေးလေးကောင်အနက် သုံးဦးသည် Koi ၏ ရောင်စုံအကြေးခွံများ ပေါက်ဖွားလာကြသည်။

ပေါင်းရိသည် ရွှေရောင်အဆင်းရှိပြီး ကြီးကျယ်ခမ်းနားသော ငါးတစ်ကောင်ဖြစ်သည်။ ပေါင်းအော့သည်လည်း ရွှေအကြေးခွံပါသော ငါးတစ်ကောင်ဖြစ်သည်။ သူ့အရောင်သည် လီယွီ၏ ငွေရောင်အောက်ခံတွင် ရွှေအကွက်များဖြင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပေါင်းစန်း သည် ရုပ်ထွက်အကောင်းဆုံးဖြစ်သည်။ သူသည် ငွေရောင်ဖြင့် ဖွေးဖွေးဖြူဖြူ ဖြစ်သည်။ အဝေးမှကြည့်လျှင် သူ၏ငါးအကြေးခွံများသည် လှပသောပုလဲများနှင့်တူသည်၊ တောက်ပပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။


ရွှေရောင်နှင့် ငွေရောင်နှစ်ရောင်သည် လီယွီ၏ လက်တလောရှိ ရောင်များဖြစ်သည်။ အစပိုင်းတွင် လီယွီသည် ရွှေငွေအကြေးခွံပါသည့် ငါးကလေးများကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့သည် Kois ဖြစ်လာမည်မဟုတ်ဟု သူ ထင်ခဲ့သည်။ သူတို့ရဲ့ငါးပါးပါးကိုယ်တိုင်က မစ်ရှင်တွေလုပ်ရင်းကနေ Koi ပဲဖြစ်လာတယ်။ သူ ဒီလိုမွေးတာမဟုတ်ဘူး။ ထို့ကြောင့် ငါးကလေးငယ်များထံ ခုလို မဖြစ်လောက်ဟု ထင်ခဲ့သည်။

သို့သော် တစ်လအကြာတွင် မထင်မှတ်ဘဲ၊ ငါးကလေးများသည် ကိုယ်ပိုင်အရောင်များ ရှိလာသည်။ သူ့ပိုင်ဆိုင်မှု အရည်ချင်းကို လွှဲပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့သည်။ သူ့  ငါးကလေးတွေက အရမ်းငယ်သေးတာပဲလေ။  

ငါးငယ်လေးကောင်ထဲက ပေါင်းရိ၊ ပေါင်းအော့နဲ့ ပေါင်းစန်းတို့ အားလုံးပြောင်းလဲသွားတယ်။ ပေါင်းဆုသာ နဂိုအတိုင်းကျန်ရစ်ခဲ့သည်။

လီယွီ သည် အနည်းငယ် စိတ်ပူနေသော်လည်း မတတ်နိုင်ပေ။  ပေါင်းဆု၏တုံ့ပြန်မှုသည် အခြားငါးကလေးများထက် အနည်းငယ်နှေးကွေးနေပြီဖြစ်သည်။ သူ၏အကြေးခွံများ ကြီးထွားလာခြင်းသည် အတူတူပင်ဖြစ်လိမ့်မည်။

သူတို့အားလုံးသည် တူညီသော အသုတ်မှမွေးဖွားလာသည်မှာ ထင်ရှားပေမယ့် ဘာကြောင့် ခုလောက် ကွာခြားနေရတာလဲ။
 
ငါးကလေးများသည် မည်သို့ပြောရမည်ကို ကောင်းစွာ မသိကြသေးပေ။ သူတို့သည် အရိုးရှင်းဆုံး စကားစုများကိုသာ သိကြသည်။ လီယွီက ပေါင်းဆုဘာတွေတွေးနေမှန်း လုံး၀ မသိနိုင်သေးပေ။   ပေါင်းရိ၊ ပေါင်းအော့နှင့် ပေါင်းစန်းတို့သည် Koi နှင့် ပိုတူသည်။ နောက်ထပ် တစ်လခွဲကြာပြီးနောက်၊  ပေါင်းဆုသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။

နောက်ဆုံးတော့ လီယွီ စောင့်နေသည့် နေ့ကို ရောက်လာလေပြီ။

သို့သော် ပေါင်းဆု၏အကြေးခွံများသည် သူ့အစ်ကိုများကဲ့သို့ ရွှေငွေမဟုတ်ပေ။ သူအစား အနက်ရောင်ဖြစ်သည်။ သူသည် လီယွီကို စတင်ပြောင်းရွေ့သည့်အချိန်နှင့် အလွန်ဆင်တူသော သာမန်ငါးနက်တစ်ကောင် ဖြစ်လာခဲ့သည်။

ဥက ပေါက်တာချင်း အတူတူပါပဲ၊ ဒါပေမယ့် ဘာကြောင့် ဒီလောက် ကွာခြားချက်ကြီးမားရတာလဲ။

မကြာသေးမီက ပေါင်းဆုသည် သူ၏ ခြားနားချက်ကို သတိပြုမိလာသည်။ သူ့အစ်ကိုတွေလို Koi လေးကို မပြောင်းနိုင်တော့ဘဲ ငါးနက်က နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ်။  

လီယွီက ဒါကိုမြင်ပြီး ချက်ချင်းဆိုသလိုပဲ ငါးနက်လေးကို သူ့ခေါင်းပေါ်တင်လိုက်ပြီး ပျော်ရွှင်အောင် စက်ဝိုင်းလိုက် လှည့်ပတ်ခိုင်းလိုက်တယ်။

"Koi အဖြစ်ပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ ပေါင်းဆု ကို ပါးပါးက ချစ်တုန်းပဲ!"

လီယွီသည် ထိုကဲ့သို့သော စကားမျိုးကို အကြိမ်အနည်းငယ် ကြားဖူးစဉ်က သူ အမြဲတမ်း တုန်လှုပ်သွားခဲ့သည်။ အခုဆို မျက်တောင်တောင်မခတ်ဘဲ သူ့ကလေးကို ပြောနိုင်ပါပြီ။

ငါးပါးပါးရဲ့ နှစ်သိမ့်မှုဖြင့် ပေါင်းဆုသည် အလွန်လျင်မြန်စွာ ပျော်ရွှင်လာပြန်သည်။

လှည့်ပတ်ကစားအပြီးတွင် လီယွီသည် သူ၏လူသားပုံစံသို့ ပြောင်းလဲကာ ကျင်းဝမ်ကို သွားကြည့်ရန် ဖန်ပုလင်းအတွင်းမှ ငါးကလေးများကို ထားရှိခဲ့သည်။  

ကျင်းဝမ်သည် လက်ရှိတွင် တရားဝင်လုပ်ငန်းကို ကိုင်တွယ်နေသည်။ လီယွီသည် နေ့တိုင်း အလုပ်တွင် အခြားအဖေ့ထံ အလည်လာရန် ငါးကလေးများကို ယူဆောင်လာခဲ့သည်။ အားလုံးက ညဘက်တစ်ခန်းထဲမှာ နေကြပေမဲ့ လီယွီက ငါးကလေးနဲ့ ကျင်းဝမ်ကြားက ဆက်ဆံရေးကို ပိုရင်းနှီးလာစေရန် လုံ့လစိုက်ထုတ်နေဆဲဖြစ်သည်။

သူတို့ကိုတွေ့တာနဲ့ ကျင်းဝမ်က သူ့စုတ်တံကို ချလိုက်တယ်။ ပေါင်းဆု သည် ငါးမည်းလေးအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသဖြင့် ကျင်းဝမ်သည် အလွန်ဝမ်းသာသွားသည်။ ပေါင်းဆု၏ ကိုယ်ရည်ကိုယ်သွေးသည် လီယွီနှင့် ခပ်ဆင်ဆင်တူသည်။ ယခုတွင် သူသည် ငါးနက်ငယ်လေး၏အသွင်အပြင်သို့ ပြောင်းလဲသွားသဖြင့် ကျင်းဝမ်သည် ပေါင်းဆုတွင် လီယွီ၏ မူလ အသွင်အပြင်အရိပ်ကို မြင်နိုင်ပြီး ပေါင်းဆုကို ပို၍ပင် သဘောကျသွားသည်။

လီယွီသည် သလင်းကျောက်ပုလင်းကို စားပွဲပေါ်တင်ကာ ထိုင်ချလိုက်ပြီး အစီရင်ခံစာများကို ခဏတာကြည့်ရှုရန် ကျင်းဝမ်နှင့်အတူ လိုက်ပါသွားခဲ့သည်။

အစီရင်ခံစာများတွင် သမားရိုးကျစကားလုံးများ အလွန်များပြီး သူသည် ရှေးခေတ်သုံး ဘာသာစကားဖြစ်သည်။ အချို့သော စကားလုံးများသည်လည်း မှားယွင်းစွာ ရေးသားခဲ့ကြသည်။ လီယွီသည် အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရသော်လည်း စာမဖတ်နိုင်သဖြင့် ပြန်အိပ်ပျော်သွားတော့သည်။  

စာအုပ်တွေဖတ်တာက လူကို အမြဲ ငိုက်မျဉ်းစေတယ်၊   အထပ်ထပ်အခါခါ ခေါင်းညိတ်နေသည်။ သလင်းကျောက်ပုလင်းအတွင်းမှ ငါးကလေးများသည် သူ့လှုပ်ရှားမှုကို လိုက်ကာ စိတ်အားထက်သန်စွာ ခေါင်းလေးတွေကို တက်လိုက်ဆင်းလိုက် လှုပ်ရှားလိုက်ကြသည်။

...... ဆူညံလွန်းတယ်။


ကျင်းဝမ်သည် သလင်းကျောက်ပုလင်းအတွင်းမှ ငါးကလေးများကို စိုက်ကြည့်ကာ  လက်ဟန်ပြသည်။ ထို ခိုအိ - Koi ငါးကလေးများ အားလုံးသည် သလင်းကျောက် ပုလင်းနံရံကို   ပတ်ကာ နာခံမှုဖြင့် လှုပ်ရှားရပ်တန့်ကာ မျက်လုံးများ ပြူးကျယ်စွာ ကြည့်နေကြသည်။

ကျင်းဝမ်သည် သူ့အပြင်ဘက်အကျီကို ချွတ်လိုက်ပြီး အိပ်ပျော်နေသော လီယွီကို ဖုံးအုပ်လိုက်သည်။ ထို့နောက် သူသည် လီယွီနှင့် သူ့ကိုယ်သူ ထုပ်ပိုးကာ သူတို့နှစ်ဦးအတွက်သာ နွေးထွေးပြီး သက်တောင့်သက်သာရှိသော နေရာကို ဖန်တီးလိုက်သည်။  

ကျင်းဝမ်သည် လီယွီကို ညင်သာစွာ ဖိထားပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူရေးခဲ့တဲ့ လက်ထပ်ခွင့်တောင်းချက်ကို ဧကရာဇ်မင်းထံ ပေးပို့ထားပြီးဖြစ်တယ်။ အားလုံးက အစီအစဉ်အတိုင်း သွားနေတာဖြစ်လို့  သူ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ လိုသေးတယ်။

သူ့ပါးပါးရဲ့ အင်္ကျီအပြင်ဘက် လှုပ်ခါနေတာကို မြင်တော့ ပေါင်းရိ လှည့်ကြည့်လိုက်တယ်။ ပေါင်းအော့နဲ့ ပေါင်းစန်းက ဘာကြောင့်လဲဆိုတာ နားမလည်ပေမယ့် ပေါင်းရိကို အတုခိုးပြီး လှည့်ကြည့်လိုက်ကြသည်။

ပေါင်းဆုက သူနည်းနည်း တုံးအ မှန်းသိတယ်။ ပေါင်းရိ လုပ်တာ မှန်လိမ့်မည်။ ထို့ကြောင့် ပေါင်းဆုသည် နှေးသော်လည်း ပေါင်းရိကဲ့သို့ နောက်သို့ လှည့်လိုက်သည် ။

သို့သော်လည်း ပေါင်းဆုသည် သူ့ဘေးနားကို လိုက်လံပြီး စူးစူးစိုက်စိုက်ကြည့်ကာ အနည်းငယ် ယိမ်းယိုင် နေသေးသည်။  

လီယွီသည် စကားလုံးများစွာကို မသိနိုင်လောက်အောင်ကို ငိုက်မျဉ်းလာသည်။ ခဏလောက် အိပ်ပျော်သွားပြီးနောက် နိုးလာကာ ခေါင်းပိုကြည်လင်လာသည်။ ထိုစကားအချို့ကို သူရုတ်တရက် သတိရသွားသည်။

ယင်းသည် 'ကျိုင်း' ဟူသော စကားလုံးအပြင် 'ဘေးဒုက္ခ' ဟူသော စကားလုံးဖြစ်သည်။

- ကျိုင်းကောင်အုပ် ကျရောက်ခြင်း

လီယွီက "အရှင်မင်းသား၊ တစ်နေရာရာမှာ ကျိုင်းကောင်ရှိနေလား"  

ကျိုင်းကောင်တွေက အလွန်ပြင်းထန်သော အင်းဆက်ပိုးမွှားဖြစ်သည်။ ကျိုင်းကောင်များသည် အသီးအရွက်များစွာကို မြင်မြင်ရာ အကုန် စားကြသည်။  ကျိုင်းကောင်များ ပျံဝဲလာပါက ထိုဒေသတစ်ခုလုံး တစ်နှစ်ပတ်လုံး လူများ စိုက်ထုတ်ခဲ့သော လယ်ယာသီးနှံများ တခဏချင်း ကုန်သွားသည်။

အနောက်တောင်တန်းအနီးရှိ မြို့အချို့တွင် ကျိုင်းကောင်များကို မကြာသေးမီက တွေ့ရှိခဲ့ကြောင်း ကျင်းဝမ်က လီယွီသို့ ပြောကြားခဲ့သည်။

ထိုအချက်ကို သိတော့ လီယွီ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ကျင်းဝမ်သည် သူက ကြောက်သွားလို့ ထင်ကာ မေပယ်လ်ဒေသတည်နေရာကို ညွှန်ပြပြီး အနောက်တောင်တန်း၏မြေပုံတစ်ခုလုံးကို လီယွီကိုပြသခဲ့သည်။  

မေပယ်လ်ဒေသသည် ကျိုင်းကောင်များဘေးဒဏ် ကြုံတွေ့နေရသော မြို့များနှင့် အလွန်ဝေးနေသေးသည်။ သူတို့ သေချာပေါက် ဘေးကင်းတယ်။ မကြောက်ပါနဲ့။

ကျင်းဝမ်က လီယွီကို နှစ်သိမ့်လိုက်သည်။ သူနှင့်အတူ ဤနေရာတွင် သူသည် လီယွီနှင့် ငါးကလေးများကို သေချာပေါက် ကာကွယ်လိမ့်မည်။

"မဟုတ်ဘူး အရှင်မင်းသား။ ကျွန်တော် မကြောက်ဘူး။ ကျွန်တော်ကတော့ သာမန်ပြည်သူတွေကို ကူညီပြီး ဒီကျိုင်းကောင်ကျရောက်တာကို ရပ်တန့်ဖို့ ကြိုးစားချင်ပါတယ်။" လီယွီသည် ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။  


**********-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now