Chapter (57-1)_ အလိမ်ပေါ်သွားပြီလား....

7.4K 1.4K 16
                                    

Chapter (57-1)_  အလိမ်ပေါ်သွားပြီလား....




လီယွီသည် ခဏတာ တစ်ရေးတစ်မော အိပ်ပျော်သွားပြီးနောက် အသွင်ပြောင်းချိန်ရောက်တာနဲ့ သူက  ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ကိုယ်ပူလည်း ကျသွားလို့   သူ၏ ဦးနှောက်သည် ယခင်ကထက် ပိုမိုကြည်လင်လာခဲ့သည်။



သူ ငါးကန်ထဲပြန်ရောက်တာနဲ့ လီယွီက ငွေရောင် ကျောက်ကုတင်အပြင်ဘက်မှာ သူ့ရဲ့ငါးခေါင်းအုံးပြုတ်ကျနေတာကို တွေ့လိုက်တယ်။



ဒါက ဘယ်လို ထွက်ကျလာတာလဲ။



သူ့ခန္ဓာကိုယ်ပြောင်းဖို့ အလျင်လိုနေပြီး ခေါင်းအုံးကို ပေါ့ပေါ့ဆဆထားခဲ့တာ ဖြစ်နိုင်တယ်။ သူ ဒီလို  သတိမဲ့စွာနဲ့ လျှောက်ပစ်ထားမိပေမယ့် ကျင်းဝမ်က ဒီဟာကို ငါးအတုဖြစ်တယ်ဆုတာ မသိခဲ့ဘူးပဲ။
 


တွေ့ရင်တောင်မှ ဘာမှမဖြစ်ပါဘူး။ အရင်က သူ့မှာ ငါးခေါင်းအုံးရှိတယ်လေ။ ကျင်းဝမ်က ဒါကို သံသယမဝင်ဘဲ ဒုတိယမင်းသားကို ကျီစားဖို့တောင် အသုံးပြုခဲ့သေးသည်။



ဒီငါးခေါင်းအုံးကို ကျင်းဝမ် တွေ့သွားတာက ပြဿနာက ကြီးကြီးမားမား မဟုတ်ဘူးလို့ လီယွီက ခံစားမိတဲ့အတွက် ငါးခေါင်းအုံးကို သူ့ နေရာလွတ်ထဲ ပြန်ဆွဲချ သိမ်းလိုက်ပြီး ငွေရောင်ကုတင်ပေါ်မှာ အိပ်လိုက်တယ်။ သူ့ရဲ့ အသွင်ကူးပြောင်းမှုစွမ်းရည်ကို ထပ်မံအသုံးပြုနိုင်ဖို့ အချိန်မည်မျှလိုမလဲဆိုတာ သူ ရေတွက်ထားခဲ့တယ်။ အပြင်းဖျားပြီးနောက် လီယွီက အားနည်းပြီး သူ့ကို အိပ်ငိုက်လာစတယ်။  သူ့အိပ်ရာက ကျောက်ခုတင်ထက် အများကြီး သက်တောင့်သက်သာရှိပြီး ကျင်းဝမ်က သူ နေမကောင်းရင် သူ့ကို ပြုစုစောင့်ရှောက်ပေးမှာ ဖြစ်ပေမယ့် ငါးတစ်ကောင်ကိုတော့ .....



ဟေး...နေဦး..ကျင်းဝမ်က အချိန်ရှာရရင် ပျောက်သွားတဲ့ ငါးလေးကို လိုက်ရှာမယ်လို့ မပြောခဲ့ဘူးလား။ !



လီယွီသည်  ငွေရောင်ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သဖြင့် ချော်ကျသွားခဲ့သေးသည်။ အဲဒါ မမှန်သေးဘူး။ ကျင်းဝမ်က ငါးကလေး နေမကောင်းဖြစ်လို့ သူက ငါးကိုကြည့်ချင်တယ် မဟုတ်လား။ အဲ့ဒီနောက် သူက သခင်လေးလီအဖြစ် ကူးပြောင်းသွားပြီး သတိမေ့သွားခဲ့တယ်။ ကျင်းဝမ်က သခင်လေးလီးကို ပွေ့ချီပြီး သမားတော်ကို ပြပေးခဲ့တယ်။ သူက ငါးကိုလည်း သမားတော် ပြပေးခဲ့သေးသလား။



 သခင်လေးလီ  ရေငုပ်ပြီး လွတ်မြောက်သွားတဲ့အတွက် ငါးက ဖျားသွားတယ်။ ကျင်းဝမ်က သခင်လေးလီကို ရှာဖို့ ရေငုပ်ရှာတဲ့အခါ အိပ်နေတဲ့ငါးကိုတွေ့ပြီး ငါးကိုပြန်ယူခဲ့ပေမယ့် သခင်လေးလီက ကော ဘယ်ကို ရောက်သွားတာလဲ..
 


...နောက်တော့ သခင်လေးလီ ဟာ ကျင်းဝမ် ရဲ့ အခန်းထဲမှာ ရေတွေ စိုစွတ်ပြီး ပြန်ပေါ်လာခဲ့တယ်။




 လီယွီသည် လှည့်ပတ်ကြည့်လေ၊ တွေးလေလေ၊ တခုခု မှားလေလေလို့ ခံစားလာရသည်။ သခင်လေးလီပေါ်လာတိုင်း ငါးကလေး ပျောက်သွားတာက တိုက်ဆိုင်တယ်လို့ ကျင်းဝမ်က မထင်မှတ်ပဲ  သိသွားပြီလား။



 သူကြုံခဲ့ရတဲ့ ဖြစ်ရပ်က ဟာကွက်တွေဖြစ်နေတယ်ဆိုတာ လီယွီက ရုတ်တရက်တွေ့လိုက်ရပြီး သူ့ခေါင်းထဲမှာ ! ! တွေနဲ့ ပြည့်သွားခဲ့တယ်။ ဒါကို ပြန်ဖာထေးဖို့ ဘယ်လိုပြန်ပြောရမလဲဆိုတာ  အမြန်စဉ်းစားသင့်တယ်။ မဟုတ်ရင် ကျင်းဝမ်က သူက ငါးကလေး လီယွီ ဖြစ်တယ်ဆိုတာ သိသွားခဲ့ရင်.....




သူ့စိတ်ထဲတွင် သေးငယ်သောအသံတစ်ခုက ဘာဖြစ်လဲ၊ ကျင်းဝမ်က လူတစ်ယောက်က ငါးဖြစ်နေတယ်ဆိုတာကို  လက်ခံနိုင်မှာ မဟုတ်ဘူး၊ စိတ်ပူစရာမလိုပါဘူး။


လီယွီ: "..."


လီယွီက သူ့ကိုယ်သူ လေးလေးနက်နက်ပြောလိုက်တယ်- ကျင်းဝမ် က အဖြစ်မှန်ကို သိသွားရင် ငါက အချစ်တော် အိမ်မွေးတိရစ္ဆာန် ငါးကလေး မလုပ်နိုင်လောက်တော့ဘူး။ ချစ်စရာ အိမ်မွေးတိရစ္ဆာန် System ရဲ့ အလုပ်တွေကို ပြီးအောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူ တကယ် အချိန်တန်လို့ လူ့လောကကို မပြန်နိုင်ခဲ့ရင် ဒီနေရာမှာ  ကျောထောက်နောက်ခံ ပစ္စည်းတွေ မရှိတဲ့ ငါးကြင်း တစ်ကောင်တောင် ဖြစ်နေတော့မယ်။ အခုကတော့  သူက တကယ့် koi  ငါး နဲ့ အတူတူပါပဲ၊ ဘယ်သူမှ အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ငါးတစ်ကောင်အနေနဲ့ သက်တမ်းစေ့ရင် သေသွား၇လိမ့်မယ်။


ထို့ကြောင့် ကျင်းဝမ် သည် သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ခွင့်မပြုလိုက်သင့်ဘူး၊ မဟုတ်ရင် ပြသနာကြီးတက်လိမ့်မယ်ဆိုတဲ့ ခံစားချက်ရနေသည်။


 
နောက်ဆုံးတော့ သူက ပြသနာကြီးကြီးရှာထားမိပြီဆိုတဲ့ အသိကြောင့် လီယွီက ဒေါသထွက်ထွက်နဲ့   သူ့အမြီးကို ပြင်းပြင်းထန်ထန် ယမ်းပစ်လိုက်သတယ်။ နောက်တခါ ကျင်းဝမ်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ....
 


လီယွီ တွေးနေစဉ် အခန်းအပြင်ဘက်တွင် တံခါးခေါက်သံပေါ်လာသည်။ ဒါပေမယ့် အခန်းထဲတွင် မည်သူမျှ တုံ့ပြန်ခြင်း မရှိသောကြောင့် ကျင်းဝမ်က တံခါးကိုဖွင့်၍ ဝင်လာခဲ့သည်။



သူက လီသခင်လေး နဲ့ ချိန်းထားတာကြောင့် ဒီကိုလာခဲ့တယ်။ အခု သခင်လေးလီက အပြင်ထွက်သွားတာဖြစ်နိုင်တယ်။ သခင်လေးလီပြန်လာတာကို စောင့်ရမယ်။




လီယွီသည် ချက်ချင်းပင် သလင်းကျောက်ကန်နံရံနားကို နာနာခံခံနှင့်  ရေကူးလာလိုက်သည်။



အရေးတကြီးဆုံးအချက်မှာ ကျင်းဝမ်က ရှောင်ယွီ ဆိုတဲ့ငါးကလေးနဲ့ သခင်လေးလီက တစ်ယောက်တည်းဆိုတဲ့အချက်ကို ရှာမတွေ့စေဖို့ဖြစ်တယ်။
 


ဥပမာ သခင်လေးလီ နေမကောင်းရင်လည်း ငါးက  မဖျားဘူးဆိုတာ ပြသရမယ်။ ငါးကလေးက ကျန်းမာ ဖြတ်လတ်နေမှာ ကျင်းဝမ်က နေမကောင်းဖြစ်နေတဲ့ သခင်လေးလီနဲ့ ငါးကို တစ်ယောက်တည်းလို့ မမြင်မှာဖြစ်သည်။

 


သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ငါးသည် ကျင်းဝမ်ကို စိတ်ကောက်နေဆဲဖြစ်ပြီး ကျင်းဝမ်ကို သူ့ကို ပွတ်တီးပွတ်တာ လုပ်ခွင့်မပေးခဲ့ပေ။
 


လီယွီ: "..."


အဲ့ဒီအချိန်တုန်းက သူက သေချာမစဉ်းစားပဲ ဘာတွေလုပ်ခဲ့တာလဲ။



ကျင်းဝမ်ရှေ့မှာ သခင်လေးလီက သခင်လေးလီ၊ ငါးက ငါးသာဖြစ်တယ်။ သူကိုယ်တိုင်တောင် ခုလို ရောနေရင် ကျင်းဝမ်က သူတို့နှစ်ဦးကို တစ်ယောက်တည်း ဖြစ်ကြောင်း မသိနိုင်တော့ဘူးတဲ့လား။

 

လီယွီသည် ကျင်းဝမ်ဆီကို ကူးခတ်လာပြီး ငါး အမြီးကို အလျင်အမြန် လှန်လိုက်ကာ   လျှို့ဝှက်ဆန်းကြယ်သော ပုံစံကို ကူးခတ်လိုက်သည်။



မျှော်လင့်ထားသည့်အတိုင်း ကျင်းဝမ် သည် သူ့အချစ်တော် ငါးကလေးကို အလွန်ဂရုစိုက်ဆဲဖြစ်သည်။ အခန်းထဲသို့ဝင်တိုင်း၊ သူသည် ကြည်လင်သော ငါးကန်ဆီသို့ တည့်တည့်သွားကာ ငါးလေးကို ကြည့်လေ့ရှိသည်။



ကျင်းဝမ်ရဲ့ မျက်နှာအမူယာက ကြည်လင်နေပြီး  စိတ်လှုပ်ရှားနေတဲ့ ငါးကလေး ရေကူးခတ်နေတာကို ကြည့်ရင်း သူ က ဘာမှ မလုပ်ပဲ ငြိမ်နေခဲ့သည်။  



လီယွီ: ? ? ?



အများအားဖြင့် သူက တဖက်သားကို အလွန်ချော့မော့တတ်သည်၊ ကျင်းဝမ်က သူ့ကို စိတ်ချလက်ချ လက်ခံရမည်မှာ သေချာသည်၊ သူ ဘယ်လောက် စိတ်ဆိုးသည်ဖြစ်စေ ခုလို ချစ်စရာ ပုံလုပ်ပြရင် သူက ငါးခေါင်းကို ထိလိမ့်မည်၊ သို့သော် ယခုတော့ သူသည် ဘယ်လောက်တော်င ချစ်ဖို့ကောင်းအောင် လုပ်နေပါစေ၊ ကျင်းဝမ်က သူ့ခေါင်းကို ပွတ်သပ်ပေးဖို့ လက်လေးပင် မလှုပ်ခဲ့ပေ။

 

လီယွီသည် လျင်မြန်စွာ တုန်လှုပ်သွားသည်။ ကျင်းဝမ်က သူ့ အပြစ်အနာအဆာ တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့လောက်ပါဘူးနော်....



ငါးကလေးက တွေးရင်း  ကြောက်ရွံ့လာစဉ် ကျင်းဝမ်က မျက်မှောင်ကြုတ်ကာ ငါးကန်ထဲသို့ လက်နှိုက်ပြီး ငါးလေးကို ဆုပ်ကိုင်ကာ ငွေကျောက်တုံးပေါ်တွင် ငါးကို ညင်သာစွာ ချပေးလိုက်သည်။ ပြီးတော့ ငါးကို ရွှေရောင်ပိုးထည်ဖြင့်  ထုပ်ပြီးနောက် ငါး၏ခေါင်းကို ပွတ်သပ်လိုက်သည်။



ကျင်းဝမ် က သူ့ကိုယ်သူ တွေးနေတယ်- တော်ဝင်သမားတော်က သူက  အအေးမမိလောက်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ငါးကလေး ချမ်းနေလောက်မလား။



လီယွီက ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။ ကျင်းဝမ်က တခုခုကို ရိပ်မိသွားခဲ့ပြီလား။



ကော်ပြန့်လိပ်လေးလို အဝတ်နဲ့ အထုပ်ခံလိုက်ရသည့် လီယွီ:? ? ?



လီယွီ သည် သခင်လေးလီကို ကျင်းဝမ်က ရွှေရောင်အနားကွပ်ထားသည့် ရေညှိစိမ်းရောင် စောင်ဖြင့် ထွေးပွေ့ရစ်ပတ်ပေးပြီး သခင်လေးလီရဲ့ နဖူးလေးကို ငြင်သာစွာ ပွတ်သပ်ပေးခဲ့တယ်။ အခုလည်း...... ငါးကလေးကို စောင်နဲ့ထုပ်ပြီး ခေါင်းလေးကို ပွတ်ပေးနေပြီ။  



သူ တကယ်တွေ့ ရှိသွားခဲ့တာလား။



ငါးနဲ့လူနဲ့ က တစ်ယောက်တည်းဆိုတာ.....
ငါးနဲ့ သခင်လေးလီက နှစ်ယောက်လုံး ရေညှိစိမ်းရောင် ကြိုက်တယ်ဆိုတာ ကျင်းဝမ်က ဘယ်လိုသိတာလဲ...



လီယွီ  သည် ဖြစ်နိုင်ခြေကို တွေးလိုက်သောအခါတွင် ငါးကန်အတွင်းရှိရေသည် ရေခဲကဲ့သို့ အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။


ထိုအချိန်တွင် ဝမ့်ကုန်းကုန်းသည် အပြင်ဘက်မှ လျင်မြန်စွာ ဝင်လာပြီး ကျင်းဝမ် အား လျှောက်တင်လိုက်သည်။



"အရှင်မင်းသား...ဝေါယာဉ် အသင့်ဖြစ်ပြီ၊ နန်းတော်လည်း ပြင်ထားပြီးပြီ၊ အရှင်မင်းသား နန်းတော်ထဲကို ဝင်တော့မှာလား"  



ကျုင်းဝမ်က  ခေါင်းယမ်းလိုက်သည်။



ရှောင်ယွီ ကို ဘယ်သူကမှ မကုသနိုင်လို့ နန်းတော်ထဲကို ဝင်သွားနိုင်ဖို့ ပြင်ဆင်ထားဖို့ သူ အမိန့်ပေးခဲ့တာဖြစ်သည်။ ဒါပေမယ့် သမားတော်က ရှောင်ယွီက အအေးမိတာဖြစ်ပြီး ရှောင်ယွီကို ဆေးသောက်ပြီး နားခိုင်းရင် ပိုကောင်းလာမယ်လို့ ပြောခဲ့တယ်။ အခု အလျင်စလို နန်းတော်ထဲ ဝင်ဖို့ မလိုသေးဘူး။   ဒါပေမယ့် အခြေအနေပေါ်မူတည်ပြီး ငါးလေးကို ခဏလောက် အနားယူခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်။



 နောက်ပြီးတော့ သူက ဆရာတော် လျောင်ခုန်း ဆီကို စာတစ်စောင်ပို့ထားသေးတယ်၊ လျောင်ခုန်း ကိုမေးပြီးတော့ သူလည်း လုံးဝစိတ်သက်သာရာရသွားတယ်။



ကျင်းဝမ်ရဲ့ အတွေးတွေက အနည်းငယ်ရှုပ်ထွေးသောကြောင့် ဝမ့်ကုန်းကုန်း  သိစေရန် သူ့အတွေးများကို စာရွက်ပေါ်တွင် ချရေးလိုက်သည်။ ထိုစဉ်  သူ့မျက်လုံးထောင့်ကနေ ငွေရောင်ကျောက်ကုတင်ပေါ်က ငါးကလေးက လိပ်ကလေးလို ထုပ်ပိုးခံထားရပြီး ငါးကန်တဖက်က သူ့ကို မျက်ဝန်းနက်နက်လေးတွေနဲ့ သနားစဖွယ် ကြည့်နေတာကို တွေ့လိုက်ရတယ်။

 

ကျင်းဝမ်က ရှောင်ယွီက လောင်ခုန်းကို တွေ့ရမှာကို ကြောက်နေတယ်လို့ ထင်လိုက်သည်။ များသောအားဖြင့် မိစ္ဆာတွေက ဘုန်းတော်ကြီးတွေကို တွေ့ရမည်ကို ကြောက်ကြသည်။

 

ကျင်းဝမ်က သွက်လက်စွာ စာရေးလိုက်ပြီး ရေးပြီးတော့ ဖတ်ရန် ဝမ့်ကုန်းကုန်းကို လက်ယပ်ခေါ်လိုက်သည်။
 

ဘာမှန်း မသိတဲ့ ဝမ့်ကုန်းကုန်း :? ? ?



အရှင်မင်းသားက ကျယ်ကျယ်ဖတ်ခိုင်းတဲ့ အမူယာကြောင့် သူက ကျယ်လောင်စွာ ဖတ်လိုက်သည်။


 "ရှောင်ယွီက  အဆင်ပြေနေတယ်၊ ငါ လျောင်ခုန်းကို သွားမတွေ့တော့ဘူး "



အောင်မြင်စွာ ခိုးနားထောင်နေသော လီယွီ က ထိုအသံကို ကြားလိုက်ရတော့ ဝမ်းသာသွားခဲ့သည်။


  - အိုး၊ အိုး၊ ကျင်းဝမ်  ကို သူက  အားကြိုးမာန်တက် ကြိုဆိုလိုက်တာ မှန်ပုံရတယ်။ ကျင်းဝမ်က ငါးကလေး မဖျားဘူးလို့ ထင်သွားခဲ့ပြီ။ ဒါဆိုရင် သခင်လေး လီ ဖျားနာသွားပေမယ့် အဲ့ဒါ ငါးကလေးလို့ မထင်နိုင်တော့ဘူး...

 

အမှန်တော့ ကျင်းဝမ်သာ ငါးကလေးနဲ့ သခင်လေးလီ တစ်ယောက်တည်းဆိုတာ သိရင် မကောင်းဆိုးဝါးကို သုတ်သင်ဖို့ ဘုန်းတော်ကြီးကို ပင့်လိုက်မှာပဲ မဟုတ်လား။

 

လီယွီသည် အခုမှ စိတ်အေးသွားပြီး သူ့ကို ခြုံပေးထားသည့် ရေညှိစိမ်းရောင် သစ်ရွက်ဒီဇိုင်းစောင်လေးကို ဖက်ထားလိုက်မိသည်။ တော်သေးတယ်။ သူ အခုလောလောဆယ် လုံခြုံနေသေးတယ်...



ဒါပေမယ့် ကျင်းဝမ်က သူနဲ့ သခင်လေးလီကို  ပုံစံတူ အစိမ်းရောင်စောင်တွေ ခြုံပေးခဲ့တာက.....

 

လီယွီသည် သူ့ကို လိပ်ထားသော ရေထဲက စောင်ကို တစ်ချက်ကြည့်လိုက်သည်။ ငါးရဲ့ အကြိုက်ကို လိုက်ရင်း ကျင်းဝမ်လည်း အစိမ်းကို ကြိုက်လာတာ ထင်ပါရဲ့။ ဒါကြောင့် သူက သခင်လေးလီကို အစိမ်းရောင်စောင်ကို ခြုံပေးတာ ဖြစ်နိုင်ပါတယ်..

 

သခင်လေးလီက ငါးတစ်ကောင်ဖြစ်တယ်ဆိုတာ ကျင်းဝမ် က ဘယ်လိုလုပ် တွေးနိုင်မှာလဲ။  အမှန်တော့၊ လူတွေက ငါးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။



လီယွီက ထိုအကြောင်းကို မတွေးတော့ပေ။ ကျင်းဝမ်က သူ့ကို သံသယ မရှိတော့ဘူးဆိုလို့ လီယွီလည်း စိတ်သက်သာရာရပြီး  အနားယူပြီး ပြန်လည်သက်သာလာဖို့ ပျော်ရွှင်စွာ စောင့်နေလိုက်သည်။

***********-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now