Chapter (64-2) _ အလုပ်တက်သည့် ရည်းစားနောက် လိုက်နေရသည့် ငါးကလေး

6.6K 1.2K 45
                                    

Chapter (64-2) _ အလုပ်တက်သည့် ရည်းစားနောက် လိုက်နေရသည့် ငါးကလေး




ကျင်းဝမ် သည် ခေါင်းကို မော့ကာလီယွီကို စိုက်ကြည့်လိုက်သည်။

ရှောင်ယွီ ၏ နားလည်နိုင်စွမ်းကို တွေးတောရင်း သူက ပြုံးပြီး ရိုးရှင်းသည့် ကဗျာတစ်ပုဒ်ကို လက်တန်းစပ်လိုက်သည်။

တစ်ညတာ အတူရှိခွင့်

မင်းပေါ်မှာပဲ မူတည်တယ်။

သွားသွားလာလာ...မင်း သဘောအတိုင်းပဲ...

မင်းကို ငါ စိတ်မဆိုးဘူး..

ဒီဘဝမှာ မင်းတစ်ယောက်တည်းကိုပဲ ငါချစ်မယ်။

လီယွီ အံ့အားသင့်သွားပြီး စုတ်တံချလိုက်သည်နှင့် ထိုကဗျာနားကို တိုးကပ်ကာ ဖတ်လိုက်သည်။

အရှင်မင်းသားက တကယ့်ကို အရည်ချင်းရှိတာပဲ...

အထူးသဖြင့် ကဗျာနဲ့ နောက်ဆုံး စာကြောင်းပဲ...သူ မင်းသားကို ဆုချီးမြှင့်တဲ့အနေနဲ့ ဖက်လိုက်ရမလား..

ဒါကိုတွေးရင်း နောက်ပိုင်း သူတို့နှစ်ယောက်ကြား ချစ်သူသဘာဝ ပွေ့တာ၊ ဖက်တာ၊ နမ်းတာတွေ ပါလာမည်ကို လီယွီ တွေးလိုက်မိသည်။

လီယွီသည် ရှေ့သို့ တိုးကာ ကျင်းဝမ်ကို ဖက်လိုက်သည်။

ပထမ ကျင်းဝမ်က ကြောင်သွားပေမယ့် သူက လီယွီကို ပြန်ဖက်ပြီး နှစ်ဦးသားရဲ့ နူတ်ခမ်းတွေ ပူးကပ်သွားခဲ့သည်။

တစ်ဘဝလုံး သူချစ်တဲ့ ရှောင်ယွီကို ခုလို ပွေ့ဖက်နမ်းလိုက်ချင်သည်။ အနမ်းလေးတပွင့်က တဖြည်းဖြည့်ပြင်းပြလာခဲ့ပြီး နှစ်ယောက်သား တသွေးတည်း တသားတည်းဖြစ်သွားချင်သလို တင်းကျပ်စွာ ပွေ့ဖက်နေကြသည်။

ကျင်းဝမ်က သူ့နူတ်ခမ်းတွေကို နူးညံ့သောအရာတစ်ခုက တိုးဝင်ပွတ်သပ်နေသည်ကို ခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်ယွီက သူ့ကို စနောက်ဟန်ဖြင့် ပြုံးကြည့်နေတာ တွေ့လိုက်ရသည်။

"...နာနေသေးလား"

လီယွီက သူ့နှုတ်ခမ်းကို ထိသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now