Chapter (81-2) - ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ

4.9K 888 3
                                    


Chapter (81-2) -    ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ




ကျင်းဝမ်ဆိုလိုတာက ရှောင်ယွီက သူ့အဝတ်အစားတွေပြောင်းဖို့ ကူညီချင်ခဲ့တာ အရမ်းကောင်းပေမယ့် အရင်က အဝတ်အစားတွေက လိုက်ဖက်မှုမရှိဘူးလို့ ဆိုလိုတာဖြစ်သည်။

မေးခွန်းအမှတ်အသားများနှင့် ပြည့်နှက်နေသော လီယွီသည် ကျင်းဝမ်ကို အဝတ်သစ် ပြောင်းလဲရန် ကူညီပေးခဲ့သည်။ ဤဝတ်စုံသည် ကျင်းဝမ်၏ အလှပဆုံးဝတ်စုံဖြစ်နိုင်သည်။ အနီရောင် အောက်ခံမှာ ရွှေချည်ဖြင့် ဖောက်ထားတယ်။ ကျောက်စိမ်းခါးပတ်တွင် ပုလဲများဖြင့် မြှုပ်ထားသည်။ ကျင်းဝမ်က ဒါကို ဝတ်ပြီး ဆံပင်ကို အနီရောင် ဖဲကြိုးဖြင့် ပတ်ထားလိုက်ရင် ဒါက မင်္ဂလာဆောင်ရင် ဝတ်သည့် သတို့သားဝတ်စုံနှင့်ပင် တူနေတော့သည်။
 
လီယွီသည် ယခုအချိန်တွင် ကျင်းဝမ်သည် အနီရောင်ဆံပင်ဖဲကြိုးတစ်ချောင်းနှင့် ကျောက်စိမ်း ဘီးတစ်ချောင်းကို ထုတ်ယူကာ လီယွီအား အပ်ပေးသည်ကို မြင်သောအခါတွင် လီယွီသည် လျှို့ဝှက်စွာ ရယ်မောနေခဲ့သည်။

လီယွီ: "......"

လီယွီက သူ ဘာကိုဆိုလိုသည်ကို ယောင်ဝါးဝါးနားလည်ပြီး ပြုံးကာပြောလိုက်သည်-

 "ဆံပင်ချည်ထားတာ တော်တော်ဆိုးတယ်။ အရမ်း ရုပ်ဆိုးတဲ့ပုံပဲ။ အဲ့ဒါအဆင်ပြေရဲ့လား?"  

ကျင်းဝမ်က ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေတုန်းပဲ။

လီယွီက သူ့ကို အားလုံးပုံအပ်ထားလို့ လီယွီလည်း ကျင်းဝမ်အတွက် အတတ်နိုင်ဆုံး ဆံပင်ကို ဖြီးပေးကာ ချည်နှောင်ပေးခဲ့သည်။

နောက်ဆုံးတော့ ချစ်သူကို သပ်ရပ်အောင် သပ်သပ်ရပ်ရပ်ပြင်ဆင်ပေးပြီး လီယွီက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

"ကျွန်တော်လည်း အဝတ်အစားလဲချင်တယ်!"

သူ့ရဲ့ နေရာလွတ်ထဲမှာ သူ့အတွက် ကျင်းဝမ်ချုပ်ခိုင်းထားသည့် ဝတ်စုံအသစ်ကိုသိမ်းထားသည်။  ကျင်းဝမ်၏ ခံယူချက်က မည်သည့်နေရာတွင်ပင်ရှိစေကာမူ သူ၏ဇနီးသည်အတွက် လုံလောက်သော အဝတ်အစားရှိရမည်။ တော်ဝင်မြို့မှ မထွက်ခွာမီ ကျင်းဝမ်သည် လီယွီအတွက် အဝတ်များစွာကို  တစ်ခါတည်း ချုပ်ပေးခဲ့သည်။ ယခင်က ပြုလုပ်ခဲ့သော ပစ္စည်းများကိုပါ ထည့်ပေါင်းလိုက်လျှင်  လီယွီသည် ရှိသည့် အဝတ်စားကို ထပ်ခါတလဲလဲ ဝတ်ဖို့မလိုပဲ အဝတ်မထပ်အောင် လဲလှယ်ဝတ်နိုင်သည်။
 
ယခု သူထုတ်လိုက်သောဝတ်စုံကို လီယွီ အထူးနှစ်သက်သည်။

တစ်ချိန်က ကျင်းဝမ်သည် ထိုဝတ်စုံတွင် ကျောက်မျက်များစွာ မထည့်ခဲ့ပေ။ ယင်းအစား၊ သူသည် အလွန်သိက္ခာရှိသော ကြက်သွေးရောင် ပိုးထည်ဝတ်ရုံဖြစ်သည်။ ဝတ်လုံပေါ်တွင် (ပီအိုနီပန်း) ပျိုနီပန်းပွင့်များကို ပန်းထိုးထားကာ ထိုပန်းတွေနဲ့ ကစားနေသည့် ငါးရုပ်ပုံရှိသည်။ ရွှေချည်ထိုးထားသော  ပျိုနီပန်းများသည် အဝတ်၏   ခါးအထိ အလွှာအလိုက် အထပ်ထပ် ဖုံးအုပ်ထားသည်။ ခါးတစ်ဝိုက်တွင် ပျိုနီ ပန်းရနံ့ကို ရှုရှိုက်နေသည့် ငါးကြင်းလေးပုံကလည်း တကယ့်ကို အစစ်နှင့်တူလွန်းလှသည်။
(peony - ပီအိုနီ- ပျိုနီ= တရုတ်နှင်းဆီ သို့မဟုတ် လက်ဖက်နှင်းဆီ)

ဒီဝတ်စုံရဲ့ ချည်ထိုးထားတာက အလွန်ထူးခြားလှသည်။ ပျိုနီပန်းပွင့်တိုင်းသည် လှပပြီး ဆွဲဆောင်မှုရှိသည်။ ငါးကလေးရဲ့အမြီးဖျားက ငွေရောင်ဖြစ်ကာ ရွှေရောင်  ငါးအကြေးခွံများသည် အလင်းရောင်ဖြင့် လင်းလက်နေပုံရသည်။

ယခင်က လီယွီသည် သူ၏ငါးအသွင်အပြင်နှင့် အလွန်ဆင်တူသည့် ငွေရောင်ဝတ်ရုံတစ်ခုရှိသည်။ ဤအဝတ်အစားထဲက ငါးရုပ်လေးက သူ့ရဲ့ ငါးပုံစံကို လုံးဝ ပုံတူကူးထားပုံရသည်။ ငါး၏အရွယ်အစားသည်ပင်တူနေသည်။ လီယွီသည် တစ်ချက်ကြည့်ရုံဖြင့် သဘောကျသွားသည်။  

ကျင်းဝမ်က အနီရောင်ဝတ်ထားတာကြောင့် လီယွီလည်း ဝတ်ချင်ခဲ့တာ။ လိုက်ဖက်ညီတဲ့ စုံတွဲဝတ်စုံမျိုးပေါ့။ ယဲ့သခင်လေး ရဲ့ မင်္ဂလာဆောင်မှာလည်း သတို့သားနဲ့ သတို့သမီးက ဆင်တူဝတ်ဆင်ထားကြတယ်။

လီယွီသည် သူ့အဝတ်အစားကို ပြောင်းလိုက်သည်။ ကျင်းဝမ်က သူ့ဆံပင်တွေကို တိတ်တဆိတ် စည်းပေးပြီး လီယွီရဲ့ ခါးမှာ ငါးနှစ်ကောင်ပါတဲ့ ခါးပတ်ကို ပတ်ပေးခဲ့တယ်။

အဝတ်အစားဝတ်ပြီးနောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ တစ်ယောက်ကိုတစ်ယောက် ငေးမောကြည့်လိုက်မိသည်။
 

"အာ..ကျွန်တော်တို့  ဘာဆက်လုပ်ရမလဲ" လီယွီသည် မတော်တဆ လန့်သွားကာ မေးလိုက်သည်။ ပြုံးရင်း ကျင်းဝမ်က သူ့ကို လှမ်းကိုင်လိုက်သည်။

လီယွီ: "......"

လီယွီသည် စိတ်ထဲကနေ  မရပ်မနား အော်ဟစ်လိုက်သည်-

လာ....လာစမ်းပါ.... ဒီလူက  နောက်တဆင့်ကို တက်တော့မယ် ထင်တယ်...

ဒီတစ်ခါ ဘာဖြစ်လာမှပါလိမ့် ....
ရင်ခုန်စရာ အချစ် ငှက်ကလေးလိုလား... ဒါမှမဟုတ် ရွှေငါးလေးတစ်ကောင်က သူ့ကို ပျော်ရွှင်စေမှာလား။

- တကယ်တော့ အဲဒီလို မဖြစ်လာခဲ့ဘူး..
 

ကျင်းဝမ်က သူ့င်္အကျီလက်ထဲက ကျောက်တုံးတစ်တုံးကို ဆွဲထုတ်ပြီး လီယွီရဲ့ လက်ဖဝါးထဲ ထည့်လိုက်သည်။

လီယွီက သေသေချာချာကြည့်သည်။ ထိုကျောက်တုံးသည် ငါးပုံသဏ္ဍာန်ရှိပြီး အလွန်ရင်းနှီးပုံရသည်။

ဒါက ကျင်းအိမ်တော်ရှိ ငါးကန်ကြီးရဲ့အောက်ခြေမှာရှိတဲ့ ကျင်းဝမ်ရဲ့ ကျောက်စိမ်းရုပ်ကြီးရဲ့ဘေးမှာ သူက ပါးစပ်နဲ့ကိုက်ချီလာတဲ့ ငါးပုံသဏ္ဍာန်ကျောက်တုံး မဟုတ်ဘူးလား?

လီယွီသည် ထိုစဉ်က ရေကန်ထဲကို ဝုန်းဒိုင်းကြဲချလိုက်ပြီး  သူဖျားသွားသည်ကို ယောင်ဝါးဝါး သတိရလိုက်သည်။ အဲဒီနောက်မှာတော့ ကျောက်တုံးနဲ့ ကျောက်စိမ်းရုပ် ပျောက်ကွယ်သွားပြီး ဘယ်ရောက်သွားလဲဆိုတာ မသိတော့ဘူး။  လီယွီသည် ရေစီးကြောင်းနဲ့မျှောပါသွားသည်ဟု ထင်ကာ သူ   အတော်လေး ကံဆိုးသည်ဟု ခံစားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ သူက အဲ့ရုပ်တုတွေကို သိပ်ဂရုမစိုက်တော့ပေ။ ငါးပုံသဏ္ဍာန်ကျောက်တုံးသည် ကျင်းဝမ်၏ လက်ထဲတွင်ရှိမည်ကို သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။  

"အရှင်မင်းသား.... ဒါကို ဘယ်လို ရှာတွေ့တာလဲ။"

 လီယွီသည် ကျောက်တုံးလေးကို သဘောကျစွာ ငေးမောလိုက်သည်။ သူအရင်က ဒီလိုလူ့ပုံစံ အသေးလေးနဲ့ မကစားဖူးဘူး။

ကျင်းဝမ်က လီယွီကို ဤကျောက်တုံးလက်ဆောင်အဖြစ် ပေးချင်ရုံသာဖြစ်သည်။ သူဘယ်လိုရှာတွေ့ခဲ့လဲ ကျင်းဝမ်က မဆွေးနွေးချင်တာကြောင့် ရှင်းပြဖို့ အချိန်တော်တော်ကြာခဲ့တယ်။

လီယွီသည် ကျောက်ရုပ်လေးရဲ့ မျက်နှာပြင်ပေါ်ကို ငေးမောကြည့်သည်။ ထို့နောက် သူက လင်းလက်တောက်ပသော မျက်လုံးများဖြင့် ကျင်းဝမ်ကို ရုတ်တရက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဒီကျောက်စိမ်းရုပ်လေးလည်း အရှင့်မင်းသားဆီမှာလား"

ကျောက်စိမ်းရုပ်လေး...ဟုတ်လား?  

လီယွီပြောနေတာတွေကို ကျင်းဝမ်က မြန်မြန်နားလည်သွားတယ်။ မူလက လျှို့ဝှက်ထားရန် ကြံစည်ခဲ့ပေမယ့် ငါးကလေးက လိုချင်တဲ့အတွက် လီယွီရဲ့ လက်ဖဝါးထဲကို ကျောက်စိမ်းရုပ်လေး ထည့်လိုက်တယ်။

လက်တစ်ဖက်က ကျောက်စိမ်းရုပ်ကို ကိုင်ထားပြီး လက်တစ်ဖက်က ငါးပုံသဏ္ဍာန် ကျောက်တုံးကို ကိုင်ထားရင်း လီယွီက  အပြုံးကြီးကြီး ပြုံးပြရင်း မျက်လုံးများပင်  ကွေးညွတ်သွားခဲ့သည်။

ကျင်းဝမ်သည် ငါးကလေး က ထိုအရုပ်တွေ ကစားနောကို ခဏတာ တိတ်တဆိတ် ကြည့်နေသည်။ လီယွီသည် သူတို့ကို ဘေးကိုဖယ်ထုတ်ပြီးနောက် ကျင်းဝမ်သည် နောက်ကိုလှည့်၍ လျှို့ဝှက်စွာ သိမ်းထားသည့် ပုလင်းများစွာကို ထုတ်လာခဲ့သည်။

လီယွီ: "......"

ပုလင်းအဖုံးမှ တဆင့် လီယွီသည် ဇီးသီးစိမ်းဝိုင်၏ ရနံ့ကို ရနိုင်သည်။ ကျင်းဝမ်သည် ဤအရာအား ရွှေမြို့တော်မှ ယူဆောင်လာကြောင်း သူ မသိခဲ့ပေ-

 "အရှင်မင်းသားက ကျင်းအိမ်တော်မှာ ရှိတဲ့ အရာအားလုံးကို ရွှေ့လိုက်တာလား။"

ကျင်းဝမ်က ခေါင်းယမ်းပြီးနောက် ဝိုင်ပုလင်းကိုဖွင့်ရန် ငွေဓားကို အသုံးပြုခဲ့သည်။

ဒါက အရင်က တစ်ခါမှ မဖွင့်ဖူးတဲ့ ဝိုင်ပုလင်းဖြစ်ပြီး ဖွင့်လိုက်သည်နှင့် တပြိုင်နက် သင်းပျံ့သောရနံ့သည် လီယွီကို သွားရည်ကျစေခဲ့သည်။

ကျင်းဝမ်သည် လီယွီအား အရက်အကုန် မသောက်မိစေရန် ထုံးစံအတိုင်း ကျောက်စိမ်းခွက်ငယ်နှစ်ခွက်ကို ဆွဲထုတ်ကာ ထည့်ပေးလိုက်သည်။ ထိုဝိုင်ခွက်နှစ်ခွက်သည်လည်း အနည်းငယ်ထူးခြားပါသည်။ ခွက်တစ်ခုစီတွင် လက်ဝဲဘက်တွင် ငါးတစ်ကောင် ၊  ညာဘက်တွင် ငါးတစ်ကောင်စီ ထွင်းထုထားသည်။ ခွက်နှစ်ခုကို ပေါင်းစည်းလိုက်ပါက ပြီးပြည့်စုံသော စက်ဝိုင်းပုံတစ်ခု ဖြစ်လာအောင် ပြုလုပ်ခဲ့သည်။

ကျင်းဝမ်က ခွက်နှစ်ခွက်ကို ဝိုင် နဲ့ဖြည့်ပြီး ခွက်တစ်ခွက်ကို လီယွီကို ပေးလိုက်တယ်။

လီယွီသည် ကျင်းဝမ်ကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး ဝိုင်ခွက်ကို ပါးစပ်နားကို တိုးကပ်လိုက်ပေမယ့် ကျင်းဝမ်သည် ဝိုင်ခွက်ကို ကိုင်ထားသော်လည်း လုံးဝမလှုပ်ပါ။ အဲဒီအစားလီယွီရဲ့လက်ကို တည့်တည့် ဆုပ်ကိုင်ထားလိုက်တယ်။  

လီယွီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး သူ့လက်မောင်းကို ရွှေ့ကာ ကျင်းဝမ်ရဲ့လက်နှင့် ယှက်ကာ ဝိုင်ကို သောက်လိုက်ကြသည်။ လူနှစ်ယောက်ကို လက်တွေကို ရောယှက်ကာ ခွက်ထဲမှ ဝိုင်ကို တပြိုင်နက်တည်း မော့သောက်လိုက်သည်။

"......ဒီဝိုင်က တကယ်အရသာရှိတယ်"
လီယွီသည် ပထမအကြိမ်သောက်ဖူးသည်ထက် ပိုအရသာကောင်းသည်ဟု ခံစားမိသည်။

ကျင်းဝမ်သည် ခပ်မှိုင်းမှိုင်းပြုံးကာ မယ်တော်မိဖုရားခေါင်ကြီး နတ်ရွာမစံခင်ကတည်းက သိမ်းထားသည့် ဝိုင်ဖြစ်ပြီး ခရီးထွက်မလာခင် သူ့အဖိုး ချန်အန်းမြို့စားအိုကြီးက ပေးအပ်ခဲ့ကြောင့် နောက်ပိုင်း ရှောင်ယွီကို ပြောပြမည်ဟု ကျင်းဝမ်တွေးနေသည်။    ဒါက သူတို့မင်္ဂလာပွဲအတွက် ရည်ရွယ်ထားတဲ့ ဝိုင်ဖြစ်မယ်ထင်တယ်။  

သူတို့က  အဝတ်အစားလဲတာ မြန်တယ်။ အခု ဝိုင်ကိုလည်း အတူ သောက်သုံးခဲ့သည်။ ပြီးနောက်......အဘွားအိုဆီက ရလာသည့် ပန်းကုံးကို ကျင်းဝမ်ထံ ပေးအပ်ဖို့ လီယွီ မေ့လုနီးပါးဖြစ်နေသည်။

လီယွီက သူယူလာတဲ့ ပန်းကုံးကို ကျင်းဝမ်ကို ပေးအပ်ပြီး အဖွားအိုရဲ့ ဇာတ်လမ်းကို အတိုချုံး ပြောပြလိုက်တယ်။

"... အရှင့်သား တကယ်အဲ့လို လုပ်ခဲ့တာလား "

 လီယွီသည် ကျင်းဝမ် တကယ်လုပ်ခဲ့တာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သိသော်လည်း သူ အံ့အားသင့်နေဆဲဖြစ်သည်။ တကယ်တော့၊ ကျင်းဝမ်ဟာ ငါးကလေးကို ကယ်တင်တာအပြင်၊  အခြားလူကိုလည်းကယ်တင်ခဲ့သည်။

တကယ်တော့  ဒီအထဲမှာ နားလည်မှုလွဲတာ နည်းနည်းရှိပေမယ့် ကျင်းဝမ်က အနည်းငယ် မှင်တက်စွာ ခေါင်းညိတ်လိုက်သည်။

ကျင်းဝမ်ကိုယ်တိုင်က အနောက်တောင်တန်းဒေသမှ အရပ်သားတွေက သူ့အပေါ် ဘယ်လို ထင်မြင်နေတယ်ဆိုတာ လုံးဝ ဂရုမစိုက်ပါဘူး။ အဘွားကြီးကို ကယ်တင်ရတဲ့ အကြောင်းရင်းက တကယ်တော့ သနားခြင်း သို့မဟုတ် ကရုဏာကြောင့် မဟုတ်ပါဘူး။ သူသည် ငယ်စဉ်ကတည်းက အထီးကျန်နေပြီး အခြားသူများကို ဂရုမစိုက်တတ်သူဖြစ်သည်။ အခုချိန်ထိ သူ့နှလုံးသားက အေးစက်မာကျောနေဆဲ။ သို့သော်လည်း ရှောင်ယွီသည် အရပ်သားများကို စိတ်ပူပြီး သူတို့ကို မထိခိုက်စေလိုပေ။ ထို့ကြောင့်၊ ကျင်းဝမ်သည် ရှောင်ယွီ၏ဆန္ဒကို အကောင်အထည်ဖော်ရန်သာ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ကျင်းဝမ်က ဒါကို ရှောင်ယွီကို ရှင်းပြဖို့ခက်တယ်။ လီယွီက ပန်းကုံးကို ပေးလိုက်သည်။ ကျင်းဝမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လီယွီ၏ ခေါင်းပေါ် ပြန်တင်ပေးလိုက်သည်။ ရှောင်ယွီက ဒီကျေးဇူးတင်တဲ့ ပန်းကုံးကို  လက်ခံရတာ ပိုသင့်လျော်ပါတယ်။

သူ့ခေါင်းပေါ်တွင် ပန်းကုံးတစ်ခုနှင့် လီယွီသည် အလွန်ပျော်မြူးနေခဲ့သည်။ ပြုံးနေလျက် ပန်းကုံးထဲမှ အနီရောင် ပန်းတစ်ပွင့်ကို ဆွဲထုတ်ပြီး ကျင်းဝမ်၏ ရင်ဘတ်ပေါ်တွင် ထိုးပေးလိုက်သည်။  အနီရောင်ဝတ်ပြီး ဝိုင်သောက်ပြီး အခု ပန်းရင်ထိုးနဲ့ ကျင်းဝမ်က သတို့သားအသစ်တစ်ယောက်ပဲ။

လီယွီသည် 'မီးတောက်နေသောသစ်သားခြောက်ကဲ့သို့ စိတ်အားထက်သန်သော' မစ်ရှင်ကို မလွဲမသွေ ပြန်ပြောပြခဲ့ပြီး အာခေါင်တွေ ခြောက်လာခဲ့သည်။ သူ့ရင်ထဲ ပူလောင်လာတာကို သူ မခံစားနိုင်တော့ပေ။

"အရှင့်သား... ပင်ပန်းနေပြီလား" လီယွီက မျက်နှာနီမြန်းကာ မေးလိုက်သည်။

ဒီငါးကလေးနဲ့ ချစ်ရည်လူးဖို့  ထပ်ပြီး အခွင့်အရေး ဆုံးရှုံးမှာကို ကြောက်လို့  ကျင်းဝမ်က ဓားပြတွေကို ဆယ်ခါပြန်လောက် ဖြိုချဖို့ လုံလောက်တဲ့ စွမ်းအင်ကို ထုတ်လိုက်ပြီး ခေါင်းကို  ခါယမ်းလိုက်တယ်။  

လီယွီ: "အင်း...? မပင်ပန်းဘူးလား...ကျွန်တော်တို့ စကားုနည်းနည်းထပ်ပြောရအောင်..."


အဓိကအကြောင်းအရာကနေ ဝေးကွာသွားသလိုခံစားရတဲ့ ကျင်းဝမ်၊ "......"

ဒီအခွင့်အရေးကို လက်လွတ်ခံဖို့ မဖြစ်နိုင်သောကြောင့်  ကျင်းဝမ်သည် ငါးကလေးရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့နားကို  နီးကပ်လာစေသည်။

နူးညံ့စွာ ထိတွေ့နမ်းရှိုက်လိုက်သည့် နှုတ်ခမ်းများသည် အလွန်နူးညံ့ပြီး ရိုမန်တစ်ဆန်သော အနမ်းတစ်ခုဖြစ်လာခဲ့ကာ သူတို့စိတ်ထဲ ဇီသီးစိမ်းဝိုင်၏ရနံ့များဖြင့် ပြည့်နေသည်။ အနမ်းထဲ နှစ်မြှုပ်ပြီး လီယွီက တိတ်ဆိတ်စွာ ညည်းညူလိုက်သည်။ ကျင်းဝမ်က သူ့ခါးကို ဖက်ပြီး ပွေ့ချီလိုက်သည်။ လီယွီသည် ဘာဖြစ်မည်ကို သဘောပေါက်သွားပုံရပြီး  အနည်းငယ် ရုန်းကန်နေပုံရသည်။

ကျင်းဝမ်က သူ့ကို အနီရောင်တောက်တောက် စောင်နဲ့ အုပ်ထားတဲ့ ကုတင်ပေါ်ကို သယ်သွားတယ်။

လီယွီသည် စောင်ကို တစ်ချက်ကြည့်ကာ ရှက်ရွံ့သော်လည်း ဝမ်းသာသွားသည်။ ကျင်းဝမ်သည် စောစောက သူ့ဆံပင်ကို ကိုယ်တိုင်ကိုယ်ကျ ချည်ကာ အဝတ်ဝတ်ရန် ကူညီပေးခဲ့သည်။ ယခုလည်း လီယွီရဲ့ အဝတ်ကို  ပြန်ဖြေလျှော့ပေးရာတွင်လည်း အလွန်အမင်း စိတ်ရှည်သည်းခံနေခဲ့သည်။

တစ်စုံတစ်ခုကို ဆုံးရှုံးရမှာစိုးလို့ ဒီညမှာ လီယွီက နိဂုံးချုပ်အနေနဲ့ ချိုမြိန်သည့် ချစ်စကားကို ပြောသင့်တယ်လို့ ခံစားရတယ်။  

ဒါကို သူအရင်က အကြိမ်တစ်သန်းလောက် စိတ်ကူးယဉ်ဖူးတယ်။ ကျင်းဝမ်ကို   ဆွဲဆောင်နိုင်တဲ့ စကားလုံးတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျင်းဝမ်ဘယ်တော့မှ မမေ့နိုင်တဲ့ အရာတစ်ခု ဖြစ်စေချင်ခဲ့သည်။

ကျင်းဝမ်သည် ငါးကြင်းနတ်ဆိုးက လူသားရဲ့ ယန်စွမ်းအားကို စုပ်ယူခြင်း ဆိုတဲ့ ရယ်စရာ ဇာတ်လမ်းကို နှစ်သက်ပြီး သူ့အကြောင်းကို အဆက်မပြတ်တွေးတောနေခြင်းကို သတိရသောအခါ လီယွီသည် စိတ်လှုပ်ရှားလာပြီး ထိုအချစ်ဝတ္ထုထဲက နတ်ဆိုးများကဲ့သို့ လေသံဖြင့် သူ့ကို စနောက်ကာ ပြောဆိုခဲ့သည်-

"လောင်ကုန်း....ကျွန်တော်တို့  ငါးကြင်းနတ်ဆိုးတွေလည်း ယန်စွမ်းအားကို စုပ်ယူကြတာပဲ-"


စကားတောင်မဆုံးသေးခင် လီယွီက ကျင်းဝမ်ရဲ့ အကြည့်တွေ မည်းမှောင်သွားသလို ခံစားလိုက်ရတယ်။


********-**********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now