Chapter (106-2) - မနာလိုစိတ်အားကြီးသည့် ဆဌမ မင်းသား

4.7K 975 11
                                    

Chapter (106-2) - မနာလိုစိတ်အားကြီးသည့် ဆဌမ မင်းသား


လီယွီသည် ငါးကလေးများသည် အလွန်ငယ်နေသေးသည်ဟု ကောက်ချက်ချခဲ့သည်။ သူတို့သည် သာမန်ကလေးများနှင့်မတူဘဲ တစ်ချိန်က ငါးငယ်များအဖြစ် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ကြသော်လည်း အာဏာနှင့် အဆင့်အတန်းကဲ့သို့သော ရှုပ်ထွေးသောအရာများကို နားမလည်ကြသေးပေ။

ပျော်ရွှင်စရာ ကလေးဘဝလေး ပိုင်ဆိုင်ကြပါစေ။ အနာဂတ်ကိစ္စများကို နောင်ကာလများတွင်မှ ဆွေးနွေးလိမ့်မည်။

သူတို့အဖေ ကျင်းဝမ် က နန်းမတက်သေးဘူး။ သူတို့အတွက် ဒါကို အခု စိတ်ပူစရာမလိုသေးဘူး။

လီယွီသည် နောက်ထပ်မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်လာသောအခါတွင် ဤကိစ္စကို အေးအေးဆေးဆေး ရှင်းပစ်လိုက်သည်။ ဘာအကြောင်းကြောင့်မှန်းမသိတဲ့ ငါးကလေးတွေဟာ တစုတစည်းတည်း ဝုန်းဒိုင်းကြဲ ပစ်လိုက်ပါတော့တယ်။

လီယွီ သတိရမိသည်မှာ နောက်ဆုံးအကြိမ် ဝုန်းဒိုင်းကြဲခြင်းမှာ နို့ဖြတ်ချိန်ဖြစ်သည်။ သူ လုံးဝ နားမလည် နိုင်တော့ပေ။ တော်ဝင်မြို့တော်ကို ပြန်ရောက်ပြီးနောက် သူတို့ရဲ့ နေထိုင်မှု အခြေအနေ ပိုကောင်း လာတယ်ဆိုတာ ထင်ရှားပါတယ်။ ကလေးတွေ ပိုပျော်နေသင့်တယ် မဟုတ်လား?

မည်သို့ပင်ဆိုစေကာမူ လီယွီက ပိုပျော်နေသူ ဖြစ်သည်။ ပြန်လာပြီးနောက်၊ ကျင်းဝမ် သည် အနောက်ဘက် တောင်တန်းဒေသတွင် သူတို့ဖွင့်ခဲ့သည့် ဘဲကင်ဆိုင်မှ ဘဲကင်ကျွမ်းကျင်ပညာရှင်တစ်ဦးကို ခိုးယူလာကာ ဒီကို ခေါ်လာကြောင်း ဝမ့်ကုန်းကုန်း က 'မရည်ရွယ်ဘဲ' ပြောနေသည်ကို ကြားလိုက်ရသည်။ တော်ဝင်မြို့တော် မှာ နောက်ထပ်ဘဲကင်ဆိုင်ဖွင့်ဖို့ ဒီအစီအစဉ်က လီယွီကို ပျော်ရွှင်စေဖို့အတွက်ပဲ မဟုတ်လား။

လီယွီသည် ကျင်းဝမ်က သူ့ကို ဘဲကင်စားရန် ခေါ်လာမည့်နေ့ကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။

...... အာ........ အစားအသောက်အကြောင်း မထင်မှတ်ဘဲ သူ ဘယ်လို တွေးလိုက်မိတာလဲ။ လီယွီက ပါးစပ်က ယိုစိမ့်ကျလာသည့် သွားရည်ကို အမြန်သုတ်လိုက်သည်။ သူသည် ယခုအချိန်တွင် ငါးကလေးများအတွက် စိုးရိမ်ပူပန်နေရန် လိုအပ်နေသည်လေ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now