Chapter (111-1) - ဘာကြောင့် ကိုယ်ဝန်က မရသေးတာလဲ

3.8K 809 7
                                    


Chapter (111-1) -  ဘာကြောင့် ကိုယ်ဝန်က မရသေးတာလဲ



မှေးမှိန်သွားသည့် ခံစားချက်ဖြင့် လီယွီသည် ယခင်က လုံးဝမတွေးမိသည့် အနေအထားဖြင့် တစ်ကြိမ်ထပ် တောင်းဆိုလိုက်သည်။ System က  ဘာအကြောင်းကြားချက်မှ မပေးသေးတာကြောင့်၊ သမီးတစ်ယောက်အတွက် စိတ်အားထက်သန်နေတဲ့ စိတ်မရှည်တဲ့ငါးက ကျင်းဝမ် ကို ဆွဲဖက်ပြီး လွှတ်ဖို့ ငြင်းဆန်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်တောင်းဆိုခဲ့သည်။  အကြောင်းကြားစာ လုံးဝမရှိသော်လည်း လီယွီသည် ဒေါသူပုန်ထကာ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်က ရကိုရစေရမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ယခုရေကန်ထဲ ချစ်တင်းနှောခြင်းက ခါတိုင်းချစ်တင်းနှောခြင်းနှင့်မတူပေ။ ဒီတစ်ခါက  သူတို့ နှစ်ယောက်ရဲ့ သမီးလေးကို တကယ်ပဲ လိုချင်ခဲ့တာဖြစ်သည်။

ဤကဲ့သို့ပင် လီယွီသည် အကြိမ်မည်မျှပြုလုပ်ခဲ့သည်ကို အတိအကျမသိတော့ပေ။  နောက်ဆုံးတွင် ကျင်းဝမ်က သူ့ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့သည်။လီယွီသည် လက်ချောင်းတစ်ချောင်းကို တုန်တုန်ယင်ယင်ဖြင့် ဆန့်ထုတ်လိုက်သည်။ သက်ပြင်းချရင်း ကျင်းဝမ်က သူ့လက်ကို လီယွီ၏လက်ချောင်းတစ်ဝိုက်တွင် ရစ်ပတ်ကာ စောင်ထဲသို့ ထည့်လိုက်သည်။

လီယွီ: "......"

ကျင်းဝမ် သည် အဝတ်အစားများကို ချွတ်လိုက်ပြီး အိပ်ရာမှ ထလိုက်သည်။ လီယွီ သည် သူ့လောင်ကုန်း၏နောက်ကျောသည် ဖြောင့်ဖြောင့်တန်းတန်းဖြစ်နေသော်လည်း သူ၏ခြေလမ်းများ လှမ်းလိုက်စဉ် အနည်းငယ်တုန်ခါသွားသည်ကို လီယွီ  တွေ့ရှိခဲ့သည်။

လီယွီက ရယ်ချင်သော်လည်း တစ်ချိန်တည်းတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။  

သူက အခုပဲ အထွတ်ထိပ်ကိုရောက်ခဲ့တာလေ။ ကိုယ်ဝန်ဆောင်ချင်ပေမယ့် ဒီလိုအချိန်တိုလေးအတွင်းမှာ ဘယ်လိုအောင်မြင်နိုင်မလဲ။ သူက အကန့်အသတ်မရှိ တောင်းဆိုနိုင်သည့် System နဲ့ချိတ်ဆက်ထားသည့် ငါး ဖြစ်သည် ဆိုသည့် အချက်ကို အခွင့်ကောင်းမယူနိုင်ပေ။ သူတကယ် သမီးလိုချင်ပေမယ့် သူ့ခင်ပွန်းရဲ့ ကျန်းမာရေးကို လုံးဝလျစ်လျူရှုလို့ မရနိုင်ဘူး။

လီယွီက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ခင်ပွန်းသည်ကို လှမ်းခေါ်လိုက်ချင်သည်။ သို့သော် သူ့အသံသည် အက်ကွဲကာ အသံမထွက်နိုင်ပေ။ သူ လှည့်ပြီး ထချင်သည်။ ကျင်းဝမ် ၏ခြေလှမ်းများသည် အနည်းငယ် အားနည်းနေသော်လည်း သူ့ခါးအောက်ပိုင်း၌ ခံစားချက်မရှိသလို ဖြစ်နေသည်ကို ယခုမှပင် သူ တွေ့ရှိခဲ့သည်။

ဒီအချစ်တိုက်ပွဲမှာ ရန်သူ အယောက် 800 သတ်ခဲ့နိုင်ပေမဲ့ သူ့ဘက်က အယောက် 1000 လောက် ဆုံးရှုံးသွားပုံပဲ။

သူ့ကို ချထားသောနေရာတွင် ခေတ္တရုန်းကန်ရင်း ပင်ပန်းနွမ်းနယ်မှုကြောင့် လျင်မြန်စွာ အိပ်ပျော်သွားသည်။
 
ညသန်းခေါင်မှာ အိပ်ရာက နိုးလာတော့ ငါးတစ်ကောင်အဖြစ် ပြန်ပြောင်းနေပြီဆိုတာ သိလိုက်ရတယ်။ ကြည်လင်သောငါးကန်အတွင်း၌ ရေညှိစိမ်းရောင် စောင်ဖြင့် ဖုံးအုပ်ထားပြီး ငွေရောင်ကျောက်တုံးကြီးပေါ်  သူ အိပ်နေသည်။ အချိန်ကန့်သတ်ချက် ကျော်လွန်သွားတဲ့အတွက် ကျင်းဝမ် က သူ့ကို ဒီမှာ ထားခဲ့တာ ဖြစ်မည်။

ငါးပုံစံက သူ့ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေနိုင်တယ်။ သူ ဒီမှာ ဘယ်လောက်ကြာကြာနေရမလဲဆိုတာ မသိနိုင်ဘူး။ အနည်းဆုံးတော့ သူ သတိပြန်ရလာသည်။

လီယွီသည် မကျေမနပ်ဖြစ်ကာ ရေညှိစိမ်းရောင်စောင်ကို တွန့်ဆုတ်စွာဖယ်ချကာ ခင်ပွန်းသည်အား ကြည့်ရန် သလင်းကျောက်၏ နံရံဆီသို့ ကူးခတ်သွားသည်။ အခု သူ တော်တော်ကောင်းနေပြီ။ ခင်ပွန်းက ဘယ်လိုနေသေးလဲ။

ပြတင်းပေါက်များမှ တောက်ပသော လရောင်များ ဖြာကျလာသည်။ အခန်းက တိတ်တိတ်ဆိတ်ဆိတ်။ သို့သော် လီယွီမြင်လိုသော လူ မရှိပဲ  အိပ်ရာသည် လုံးဝဗလာဖြစ်နေသည်။  

လီယွီ: ?

ကျင်းဝမ် ခဏ အပြင်ထွက်သွားတာလား။

လီယွီသည် အချိန်အတော်ကြာအောင် စောင့်ခဲ့သည်။ ကျင်းဝမ် ပြန်လာသည်ကို မတွေ့ရတော့ဘဲ လီယွီ သည် မစောင့်နိုင်တော့ဘဲ သူ့ကိုရှာရန် လူသားအဖြစ်သို့ ပြောင်းလဲသွားသည်။

မနေ့ညက သူတို့ တကယ်လုပ်ခဲ့ကြလို့ လီယွီက သူ့ခြေထောက်နှစ်ချောင်းကို မြေကြီးပေါ်တင်လိုက်ကာ  ပျော့ခွေသွားသလို ခံစားရသည်။ လမ်းလျှောက်ရတာ လေထဲ မျောနေသလို ခံစားရတယ်။ သတိမထားမိရင် လွယ်လွယ်နဲ့ ပြုတ်ကျနိုင်တယ်။  

လီယွီသည် အနီးနားရှိ ပရိဘောဂများကို ကိုင်ကာ တံခါးဆီသို့ ပြေးသွားခဲ့သည်။ အပြင်မှာ တစ်ယောက်ယောက်က တိတ်တိတ်ဆိတ်ဆိတ် စကားပြောနေတာကို ရုတ်တရက်ကြားလိုက်ရတော့ တံခါးကို တွန်းဖွင့်လိုက်တော့စဉ် ကြားလိုက်ရသည့် စကားတွေက....

 "အရှင်မင်းသား၊ ဆေးတွေ အများကြီးသောက်ရင် အန္တရာယ်ဖြစ်နိုင်တယ်။ ဒါကို သေချာစဉ်းစားပါ....."

"ဟုတ်ကဲ့ပါ...ဒီငယ်သားက နားလည်ပါပြီ။  ကျွန်တော် မပြောတော့ပါဘူး၊ ဒါကို ဝမ်ဖေးကိုလည်း မသိစေရပါဘူး။"

လီယွီ: ?

လီယွီ သည် ကျင်းဝမ် နှင့် အပြင်မှ လက်အောက်ငယ်သားတစ်ဦးဖြစ်ပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေသည်ကို သိလိုက်သည်။  သာမာန်အားဖြင့် သူသည် မကြားသင့်သောအရာများကို တွေ့သောအခါတွင် သူဆန္ဒအလျောက် ထွက်ခွာသွားတတ်သည် ။ သို့သော်လည်း ဤရုတ်တရက် "ဝမ်ဖေးကို မသိစေရပါဘူး" ဆိုသည့် စကားကို ကြားတော့ ထွက်မသွားတော့ပေ။

 စကား နားမထောင်ခြင်း နှင့် သူ့အား အသိပေးခြင်း မပြုပဲ ခိုးလုပ်ခြင်းသည် လုံးဝကွဲပြားခြားနားသော အရာနှစ်ခုဖြစ်သည်။ ထို့အပြင်၊ ကျင်းဝမ် သည် သူ့ထံမှ  အချို့ကို ဖုံးကွယ်ထားရင်း ဆေးသောက်နေပုံရပြီး ဒါက ပထမဆုံးအကြိမ်အဖြစ် မဟုတ်လောက်ဘူး။

ထိုအရာက သူ့ကို အနည်းငယ် နိုးကြားစေခဲ့သည်။

လီယွီသည် တံခါးကို ခေတ္တခဏ တိတ်တဆိတ်ဖွင့်လိုက်သည်နှင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ကျင်းဝမ် သည် အနက်ရောင်ဝတ်ထားသော အစောင့်တစ်ဦးထံမှ ပန်းကန်လုံးတစ်လုံးကို လက်ခံလိုက်သည်။ သူက တချက်တောင် မကြည့်ဘဲ အနက်ရောင် အရည်ကို တခါတည်းမော့ချလိုက်သည် ။

ဆေးသောက်ပြီးနောက် ကျင်းဝမ် သည် အနည်းငယ် ချောင်းဆိုးကာ နှုတ်ခမ်းများကို သုတ်လိုက်ပြီး အစောင့်ကို   အမိန့်ပေးကာ လက်ကို ဝှေ့ယမ်းလိုက်သည်။  

လီယွီသည် အစောင့်၏စကားမှ ထဲမှ ကျင်းဝမ် ယခုဆေးသောက်နေမှန်း နားလည်လိုက်သည်။ သို့သော်   မည်သည့်ဆေးအမျိုးအစားဖြစ်သလဲ။ ဆေးအလွန်အကျွံသောက်ရင် ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် လိင်စိတ်အားတိုးဆေး အမျိုးအစားလား ...

ကြီးမားသော အချစ်တိုက်ပွဲကို ကြုံတွေ့ပြီးနောက်၊ သူ၏ဦးခေါင်းတွင် အမှိုက်များနှင့် ပြည့်နေသော ငါးသည် လိင်စိတ်နှိုးဆွမှုအတွက် အသုံးပြုသည့် ဆေးဝါးအချို့ကို မလွဲမသွေ ပြန်လည်သိမ်းဆည်းခဲ့သည်။ သူသည် ခင်ပွန်းသည်အား ခြောက်ကပ်သွားလုနီးပါး ညှစ်ထုတ်ခဲ့မိသည်လို့တော့  မပြောလိုက်နဲ့။

 ယခု သူ့ ခင်ပွန်းသည်သည်  တက်ကြွမှုနှင့် သန်စွမ်းမှုကို ထိန်းသိမ်းရန် ဆေးဝါးများကို အားကိုးနေရပြီလား...

သူနှင့် ကျင်းဝမ် တို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြပြီး ခင်ပွန်း-ခင်ပွန်း ဘဝသည်လည်း အလွန်လိုက်ဖက်ညီလှသည်။ အချိန်တိုင်း၊ သူတို့သည် အစီအစဉ်မရှိဘဲ လုပ်လေ့ရှိသည်။  လီယွီ လုံးဝ မသိလိုက်ခင်ကတည်းက ကျင်းဝမ် သည် ပုံမှန်အားဖြင့် လိင်ဆက်ဆံဖို့ အခက်အခဲများရှိပြီး ခံနိုင်ရည်ရှိရန် ဆေးဝါးအားကိုးရန် လိုအပ်နေတာ  ဖြစ်နိုင်မလား။

ကျင်းဝမ် ၏ တုန်လှုပ်ချောက်ချားသော ခြေလှမ်းများကို ယခုလေးတင် ပြန်သတိရသောအခါ လီယွီသည် ထိုအရာသည် အမှန်တကယ်ဖြစ်လောက်သည်ဟု သံသယဝင်လာသည်။

ယောကျာ်းတစ်ယောက်ရဲ့စွမ်းရည်အရ ဒီလိုအရာကို ဘယ်သူမဆို လုပ်နိုင်လောက်တယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ အရည်ချင်းနဲ့ မသက်ဆိုင်ဘူးမဟုတ်လား။ မင်းက အာဏာရှင်အုပ်စိုးသူဖြစ်ဖြစ်၊ သာမန် ပြည်သူပဲဖြစ်ဖြစ် အားလုံးက တန်းတူညီမျှ ခံစားရတာပဲလေ။

ဒါသာမှန်ရင် ကျင်းဝမ် က သူ့ကို ဖုံးကွယ်ထားမှာ အံ့သြစရာမရှိပါဘူး။ တကယ်တော့ ယောက်ျားတစ်ယောက်ဟာ တခြားသူတွေရှေ့မှာ မစွမ်းဆောင်နိုင်ကြောင်း ထုတ်ပြောနိုင်ပေမယ့် သူ့ဇနီးရှေ့မှာတော့ မစွမ်းဆောင်နိုင်ကြောင်း အသိမပေးချင်ဘူး။

လီယွီသည်  အတွေးရထားကို ဆက်မတွေးပဲ မနေနိုင်တော့ပေ။ ကျင်းဝမ် က အခန်းထဲဝင်တော့မယ့်ပုံပဲ။ လီယွီသည် ချက်ချင်း အိပ်ယာပေါ်ပြန်လှဲကာ ဘာမှမသိဟန်ဆောင်သည်။ သို့သော် ဤအရာမျိုးကို ခဏတာ ဖုံးကွယ်ထားနိုင်သော်လည်း တစ်သက်လုံး ဖုံးကွယ်ထားမည်မဟုတ်ပေ။ ကျင်းဝမ် ၏ ခန္ဓာကိုယ်ကို ထိခိုက်မှုဖြစ်စေသော ရေရှည်အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ သူ ပို၍စိုးရိမ်ခဲ့သည်။ အကယ်၍ ကျင်းဝမ် သည် အနာဂတ်တွင် ထိုသို့ဆေးမျိုးကို ပို၍ပို၍သုံးစွဲလာပါက၊ သူ့ကျောက်ကပ်ကို ထိခိုက်လာနိုင်တယ်မဟုတ်လား။
ဒီလို ဖြစ်မည်ကို သူ လုံးဝ ခွင့်မပြုနိုင်ဘူး!

ခင်ပွန်းသည်၏ဘဝနှင့် ကိုယ်ပိုင်မာနသည် အရေးကြီးသော်လည်း ခင်ပွန်းဖြစ်သူ၏ ခန္ဓာကိုယ်သည်လည်း အလွန်အရေးကြီးသည်။ မသန်စွမ်းခြင်းသည် ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါတိုင်းက ကုသဆေးရှိတာပဲလေ။ အချိန်ဆွဲနေရင် ရောဂါကို ပိုပြင်းထန်စေသည် ။

ဒါကို သူ သေချာပေါက် လျစ်လျူမရှုနိုင်ဘူး။ ကျင်းဝမ် ကို ဆေးကုသမှု အမြန်ခံယူရန် ဆွဲဆောင်ရန် လိုအပ်သည်။

လီယွီသည် တံခါးဝတွင် မလှုပ်မယှက် ရပ်နေသည်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့ ကျင်းဝမ် က သူ့ကို ချက်ချင်းမြင်ပြီး အေးခဲသွားခဲ့သည်။   

လီယွီရပ်နေတဲ့နေရာကနေ ပုံမှန်မဟုတ်တဲ့ လေးနက်တဲ့အမူအရာနဲ့ ကျင်းဝမ်က  တစ်ခုခုကို သဘောပေါက်သွားတယ်။ သူ့မျက်နှာရောင်က  ချက်ချင်းပြောင်းသွားသည်။

"ထျန်းချီ ၊ ကျွန်တော်..ကျွန်တော် အားလုံးကို မြင်ခဲ့တယ် ။ ကျွန်တော့်ကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့။"
လီယွီက စိတ်လှုပ်ရှားစွာပြောသည်။

ကျင်းဝမ် သည် ကုသမှုကိုလက်ခံရန် ဆွဲဆောင်နိုင်စေရန် အလိမ္မာဆုံးစကားလုံးများကို ရှာဖွေဖော်ထုတ်ရန်လိုအပ်သည်။

"ဒါက ဆွေးနွေးရခက်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်နိုင်ပေမယ့် ထျန်းချီရဲ့ခန္ဓာကိုယ်အတွက် ကျွန်တော် ပိုစိုးရိမ်တယ်။ ထျန်းချီ..."

ကျင်းဝမ်: "......"

ကျင်းဝမ် က ပင်ပန်းနေသည့်အမူအရာရှိနေသည်။ ရှောင်ယွီ က သူ ရှာဖွေတွေ့ရှိနိုင်သည့် အရာအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သည်၊ ကျင်းဝမ် သည် ခဏတုံ့ဆိုင်းသွားပြီး သူ့အင်္ကျီလက်မှ စာရွက်တစ်ရွက်ကိုထုတ်ကာ လီယွီထံသို့ လွှဲပြောင်းပေးလိုက်သည်။


*******-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now