Chapter (116-1) - မင်းကြီး၏ယုံကြည်မှုှု

3.7K 801 15
                                    

Chapter (116-1) - မင်းကြီး၏ယုံကြည်မှုှု 


အကယ်၍ ထိုသို့စွပ်စွဲချက်က  အခြားသော တော်ဝင်မြေးတော်များ ဖြစ်ပါက ဧကရာဇ်က ဖြစ်နိုင်သည်ဟုတွေးလိမ့်မည်။   သူသည် ဒါကို အခွင့်ရေးလို သဘောထားကာ သွေးသားစမ်းသပ်ရန် သဘောတူလိမ့်မည်။  လူဆိုတာ  အမြဲတစေ မရင်းနှီးသူများနှင့် မရင်းနှီးသော အရာများအပေါ်တွင် သံသယထားတတ်သည်။  သို့သော်လည်း ကျင်းဝမ်၏ကလေးများအတွက်မူ သူတို့သုံးဦးသည် ငယ်စဉ်က  ကျင်းဝမ်နှင့် အလွန်ဆင်တူကြောင်း ဧကရာဇ်က လုံးဝ မှတ်မိနေလို့ သူ့ကို မျက်ကန်းများ မှတ်နေတာလား။

ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို သံသယဖြစ်စေတဲ့အရာကတော့ မင်းသားလီထံ ဒီလျှို့ဝှက်ချက်ကို သတင်းပေးခဲ့တဲ့ သတင်းပေးသူ၊ ကိုယ်လုပ်တော် လျှို ရဲ့ အရှုပ်တော်ပုံနဲ့ တစ်စုံတစ်ဦးနဲ့ ဆုံတွေ့နေတာကို ဖမ်းမိခြင်းဖြစ်ရပ်သာ  ဖြစ်သည်။  ဧကရာဇ်မင်းသည် လော့လွေ့စိန်းကို ထိုသတင်းကို ထိန်းချုပ်ရန်   အမိန့်ပေးထားပြီးဖြစ်သည်။ ဒါနဲ့ မင်းသားလီက ဒီအကြောင်းကို ဘယ်ကနေ သိခဲ့တာလဲ။

မင်းသားလီအပေါ် ဧကရာဇ်မင်း၏ယုံကြည်မှုသည် ခဏတာပေါ်လာတာမဟုတ်ပေ။ ယင်းအစား ငယ်စဉ်ကတည်းက တဖြည်းဖြည်း ယုံကြည်လာခဲ့တာဖြစ်သည်။  ဒီလိုမှမဟုတ်ရင် ဒီညီငယ်ကို တော်ဝင်မိသားစုမျိုးနွယ်ကို ထိန်းချုပ်ဖို့ ခွင့်မပြုဘဲ တော်ဝင်မျိုးနွယ်ဆက်နွယ်တဲ့ ပြဿနာအားလုံးကို ဂရုစိုက်ဖို့ တာဝန်ပေးမှာ မဟုတ်ဘူး။ ဒါက မင်းသားလီရဲ့ အကြံအစည်တစ်ခု မဟုတ်ဘူးဆိုတာ သူ သေချာပေါက် သိသည်။  အဲဒီအခါမှာ တစ်စုံတစ်ယောက်က ဒီအချက်အလက်ကို မင်းသားလီထံ တမင်တကာ လွှဲပေးခဲ့တယ်လို့ ဆိုလိုခြင်းဖြစ်သည်။

ပထမတော့ လျှို့ဝှက်စာတစ်စောင်ရှိတော့ မင်းသားလီကို ကိုယ်လုပ်တော် လျှို ရဲ့ ယောကျာ်း တစ်ယောက်နှင့် တွေ့ဆုံကြောင်းကို  မင်းသားလီကို  စစ်ဆေးခွင့် ပေးလိုက်သည်။  ထုံးစံအတိုင်း မင်းသားလီသည် ဧကရာဇ်မင်းအား သတိပေးရန် အမဲလိုက်စခန်းသို့ ပြေးရလောက်အောင် ရေးထား သောစာထဲကပါသည့် အကြောင်းအရာများအတွက် ပို၍ စိုးရိမ်ပူပန်မိသည်။ ဧကရာဇ်သည် အခြေအနေ အများစုတွင် မင်းသားလီ၏အကြံဉာဏ်ကို နားထောင်လေ့ရှိသည်။ ကျင်းဝမ် ရဲ့ ကလေးတွေအပေါ် နားလည်မှု မပေးခဲ့ဘူးဆိုရင် အဲဒီကလေးတွေနဲ့ အဌမမင်းသားတို့ဟာ သူတို့ရဲ့ သွေးသားမျိုးဆက် အထောက်အထားတွေကို အတည်ပြုဖို့ အတင်းအကြပ် စစ်ဆေးဖို့ ခိုင်းစေခံရနိုင်သည်။



အဲဒါတွေနဲ့ပတ်သတ်ပြီးရင် ဘာဖြစ်မယ်ဆိုတာ သတင်းပေးစာထဲမှာ ရေးထားပြီးဖြစ်သည်။ သူတို့သည် "ကျင်းဝမ်" နှင့် တော်ဝင်မိသားစုဝင်မဟုတ်ကြောင်း သက်သေပြဖို့ပဲ မဟုတ်လား။

ဧကရာဇ်မင်းသည် လွန်ခဲ့သည့်နှစ်များစွာက ထီးနန်းတိုက်ပွဲကို တွေ့ကြုံခဲ့ဖူးပြီး ရှက်ဖွယ်ကောင်းသော အကြောင်းရာစွာကိုလည်း သိခဲ့သည်။ အဲဒါကြောင့် သူက အခုဖြစ်ပျက်သည့်အပေါ်  ဒေါသအရမ်းထွက် နေခြင်းဖြစ်သည်။

အဌမမင်းသား၏ သွေးစစ်ချက် ရလဒ်သည်မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်လုပ်တော် လျှို ကြောင့် အဌမမင်းသားကို အမြဲတမ်း မကြည်သာခြင်း၊ သံသယဝင်ခြင်းဖြင့်သာ အဆုံးသတ်သွားလိမ့်မည်။ တစ်ချိန်တည်းတွင်၊ ကျင်းဝမ် ၏ကလေးများနှင့် ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက၊ သူ နှင့် ကျင်းဝမ်၏ ဆက်ဆံရေးလည်း အဆုံးသတ်သွားဖွယ်ရှိသည်။

ထိုသည်မှာ ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ဖို့ စီစဉ်ထားသည့် အန္တရာယ်ပင်ဖြစ်သည်။  အကယ်၍သာ ထိုအစီစဉ် အမှန်တကယ်အောင်မြင်ခဲ့ပါက အဌမမင်းသားနှင့် ကျင်းဝမ် တို့ကို သူက စွန့်ပစ်ရမည်ဖြစ်သည်။

ကံကောင်းစွာပဲ၊ ဒီကလေးတွေအပေါ် သူ့ရဲ့ယုံကြည်မှုကြောင့် ဒီအဆိပ်ပြင်းတဲ့အစီအစဉ်ကို ချက်ခြင်းမြင်လိုက်နိုင်သည်။  မဟုတ်ရင် သူ လှည့်စားခံရရင် ပေါင်းရိ ဘာဖြစ်သွားမလဲ။

ဧကရာဇ်သည် ထပ်၍မတွေးဝံ့တော့ပေ။

"ထျန်းချီ မင်းမှာ အကြံရှိလား"
ဧကရာဇ်က ကျင်းဝမ်ကို မေးလိုက်သည်။ ကျင်းဝမ် လည်း သူ လုပ်သလိုမျိုး ဒီနေရာမှာ ပြဿနာတွေကို မြင်နိုင်မယ်လို့ မျှော်လင့်မိသည်။

ကျင်းဝမ် လည်း လေးလေးနက်နက် တွေးနေမိသည်။ ပေါင်းရိအပေါ် ဧကရာဇ်၏ အကာအကွယ်ပေး သောခံစားချက်သည် သူ၏မူလအစီအစဉ်များကို အနည်းငယ်ပြောင်းလဲရန် လိုအပ်နိုင်ကြောင်း ကျင်းဝမ် သဘောပေါက်သွားခဲ့သည်။

ကျင်းဝမ် ခဏစဉ်းစားပြီးနောက် ဧကရာဇ်မင်းထံမှ စုတ်တံနှင့်စာရွက်ကိုတောင်းကာ မြန်မြန်ဆန်ဆန် ရေးသားခဲ့သည်။

ကိုယ်လုပ်တော် လျှိုက ငါးစာဖြစ်တယ်။ တစ်စုံတစ်ယောက် သားတော်ကို မှားယွင်းတဲ့ စွဲချက်တစ်ခု ဖန်တီးဖို့ ပေါင်းရိကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာဖြစ်တယ်...


ဧကရာဇ်သည် ခေါင်းညိတ်လိုက်ည်။ ကျင်းဝမ် က တော်တော် ဉာဏ်ကောင်းပြီး ထိုးထွင်းမြင်နိုင်တဲ့ပုံပဲ။

ဧကရာဇ်က မေးလာတဲ့အတွက် ကျင်းဝမ် က တခြားအရာတွေကို ထုတ်ပြောဖို့ အခွင့်အရေးရခဲ့သည်။  

လွန်ခဲ့သောရက်အနည်းငယ်က သူခိုးတစ်ယောက်က ပေါင်းရိရဲ့ သွေးကိုခိုးယူဖို့ ကျင်းအိမ်တော်ကို တိတ်တဆိတ်ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် သူက အခြားသူရဲ့ သွေးကိုပဲ ရရှိခဲ့တယ်ဆိုတာ မသိကြဘူး။

ကျင်းဝမ် သည် ဧကရာဇ်၏ တန်ပြန်တိုက်ခိုက်ခြင်းက သူ့ အစီစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို ဧကရာဇ်မင်း မသိစေဘဲ ယင်းကို လိမ္မာပါးနပ်စွာ ရှင်းပြရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ထိုသူခိုးနောက်ကွယ်တွင် မည်သူရှိနိုင်မလဲ....ဆိုတာ  ကျင်းဝမ် က တိုက်ရိုက်ပြောလိုက်ရင် မင်းကြီးက သူ့ကို သံသယဝင်သွားနိုင်သည်။
  ဤနေရာတွင် မည်သူက အကျိုးအရှိဆုံးဖြစ်မည်ကို ဖော်ပြရန် မလိုအပ်ကြောင်း ကျင်းဝမ် က ယုံကြည်သည်။ ဧကရာဇ်တစ်ယောက် ဒါကို သူ့ဘာသာသူ အဖြေထုတ်နိုင်သည်။

မင်းကြီး: "......"

ဧကရာဇ်မင်းသည် နောက်ဆုံးတွင် ပေါင်းရိသည် ကျင်းဝမ် ငယ်ရွယ်စဉ်ကနှင့် အလွန်ဆင်တူသော အကြောင်းရင်းကို နားလည်ခဲ့သည်။ သူ့ကိုယ်သူလည်း အပြစ်တင်လိုက်မိသည်။  ကျင်းဝမ် ၏စကားများက အခုဖြစ်နေသည့်အဖြစ်ပျက်က ကြိုတင်ကြံစည်မှုဖြစ်ကြောင်း ပိုမိုသက်သေပြခဲ့သည်။  


ဒါဆို ကိုယ်လုပ်တော် လျှို ရဲ့အဖြစ်ပျက်ကော ဘယ်လိုလဲ။

ယခုတော့ ဧကရာဇ်မင်းသည် ကိုယ်လုပ်တော်လျှိုတစ်ယောက် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး သူ့ကို အသဲအသန် တောင်းပန်နေပုံကို ပြန်သတိရလာသည်။ ကိုယ်လုပ်တော်လျှို ၏တဲအတွင်း၌ ထူးဆန်းသောလူ တစ်ဦးကို ဖမ်းမိခဲ့သည်။ ကိုယ်လုပ်တော် လျှို ကလည်း သူမသည် တစ်ချိန်က ထိုလူကို သိကြောင်း ဝန်ခံခဲ့သည်။ သို့သော်လည်း ကိုယ်လုပ်တော်လျှိုသည် နန်းတော်သို့ ဝင်ရောက်ပြီးနောက် သူတို့ နှစ်ဦး ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ခဲပြီးကြောင်း အကြိမ်ကြိမ် ကျိန်ဆိုခဲ့သည်။ ထိုလူသည် အမဲလိုက်ကွင်းအတွင်း ရုတ်တရက်ပေါ်လာပြီး သူမ၏တဲထဲသို့ အဘယ်ကြောင့် ဝင်လာသည်ကို သူမပင်မသိခဲ့ေ။

ဟိုမှာ- ဒီမှာ လူတွေ ဝင်ချင်သလို ဝင်နိုင်အောင် လုံခြုံရေးက ဘယ်လိုတွေဖြစ်ကုန်ပြီလဲ...

ကံကောင်းစွာနဲ့ပဲ မနေ့က သူ့ဒေါသကြောင့် လူကိုတစ်ခါတည်း မသတ်ခဲ့မိပေ။ မဟုတ်ရင် ဒီအဖြစ်ပျက်မှန်ကို ပြန်ပြောနိုင်မယ့်  အသက်ရှင်နေမယ့်သူ မရှိနိုင်တော့ဘူး။

ကိုယ်လုပ်တော် လျှို ကို ဧကရာဇ်နန်းတော်သို့ ညတွင်းချင်း ပြန်ပို့ပြီးဖြစ်သည်။ ဧကရာဇ်သည် ထိုလူကို စစ်ဆေးမေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။ဟိုအစောင့်တွေက သူ့အသက်ရှုသံ ရပ်တန့်လုနီးပါးထိ ရိုက်နှက်ခံခဲ့ရလို့  သဲလွန်စအသစ်များ ရှိကောင်းရှိနိုင်လောက်မည်ထင်သည်။

"မင်း ဒီမှာနေ။ တဲကိုပြန်ဖို့ မလိုဘူး။ အမှန်တရားကို စုံစမ်းပြီးတဲ့အထိ စောင့်နေ။" ဧကရာဇ်က ကျင်းဝမ် ကို ပြောလိုက်သည်။

ဧကရာဇ်က ကျင်းဝမ်ကို မယုံကြည်တဲ့အတွက်ကြောင့် မဟုတ်ပေ။ ယင်းအစား၊ ဧကရာဇ်သည် ယခုဖြစ်ရပ် နောက်ကွယ်ရှိတရားခံအား  မှားယွင်းသောသဲလွန်စကို ပေးကာ မြှားခေါ်ချင်သဖြင့် တမင်လုပ်နေခြင်း ဖြစ်သည်။   ကျင်းဝမ် က ပိတ်လှောင်ခံထားရသည်ဟု အခြားသူများက ယုံကြည်စေခြင်းဖြင့် စုံစမ်းစစ်ဆေးမှုကို ပိုမိုချောမွေ့စေမည်ဖြစ်သည်။



ဧကရာဇ်သည် အခြားအစီအစဉ်အချို့ရှိရမည်ကို ကျင်းဝမ် နားလည်ပြီး ဒူးထောက်လိုက်သည်။

"ထျန်းချီ မင်းဘာဖြစ်နေတာလဲ" ဧကရာဇ်သည် ကျင်းဝမ်၏ အဓိပ္ပါယ်ကို နားမလည်ပေ။

ကျင်းဝမ် သည် သူ့တဲဆီသို့ လက်ညှိုးညွှန်ပြပြီး ဧကရာဇ်ကို ကြည့်လိုက်သည်။

ဧကရာဇ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။

 "လီယွီနဲ့ ကလေးတွေကို စိတ်ပူနေတာလား။ မပူပါနဲ့။ လော့လွေ့စိန်းက မင်းအတွက် နှုတ်ကတိစကား ပေးလို့ရတယ်။"

စိတ်ပူရုံသာမက ကျင်းဝမ်က ခေါင်းကို ငြင်သာစွာ ယမ်းလိုက်သည်။

မင်းကြီးက ကျင်းဝမ်နှင့် သူ့ဝမ်ဖေးကြား အတော်လေးကို ချစ်ခင်ကြသည်ကို ပြန်သတိရလိုက်ကာ ပြောလိုက်သည်။
"မင်းရဲ့ဝမ်ဖေးဆီကို စာရေးပြီး မင်းတံဆိပ်ကို ခပ်နှိပ်ပြီး လော့လွေ့စိန်းကို သွားပို့ခိုင်းမလား?"  

ကျင်းဝမ်က ခဏတုန့်ဆိုင်းသွားပြီးမှ ခေါင်းယမ်းလိုက်ပြန်သည်။

မင်းကြီး: "......"

"မင်းဘာလိုချင်တာအမှန်လဲ"

 ကြိမ်ဖန်များစွာ မှန်းဆသော်လည်း မှန်ကန်စွာ မရနိုင်သောကြောင့် ဧကရာဇ်သည် အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။ သူ မသိစိတ်က အသံထွက်လာသည်-

"သူတို့ကို ငါ ခေါ်လာပြီး မင်းနဲ့ အတူတူ နေခိုင်းရမှာလား"

ဧကရာဇ်သည် မူလက ထိုအရာကို ပေါ့ပေါ့ဆဆပြောထွက်ခဲ့ပေမယ့်  မထင်မှတ်ပဲ၊ ကျင်းဝမ် က သူ့လက်ကို လေးလေးနက်နက် ဆုပ်ကိုင်လိုက်ပြီး သူ့ကို ကျေးဇူးတင်နေမိသည် ။  
မင်းကြီး: "......"

ဧကရာဇ်သည် ကျင်းဝမ် ကြောင့် သေလုနီးပါး ဒေါသထွက်ခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းပြီး အမြန်ပြောလိုက်သည်။

"ကောင်းပြီ။ ငါ လော့လွေ့စိန်းကို ကိုယ်တိုင် သွားခေါ်ခိုင်းလိုက်မယ်"

လော့လွေ့စိန်းက ချက်ချင်း သဘောတူပြီး ကျင်းဝမ် ကို သူ ဘယ်လိုပြောခဲ့ရမလဲလို့ မေးခဲ့သည်။
ကျင်းဝမ် သည် ခေါင်းငုံ့ကာ အနီရောင်ကြိုးဖြင့် ချည်ထားသော ငွေရောင်ပုလဲလုံးကို ဆွဲထုတ်လိုက်သည်။  

ဧကရာဇ်သည် လက်တွေ့တွင် ကိုယ်လက်မအီမသာဖြစ်ခဲ့ပြီး ကျင်းဝမ်ကို နောက်ထပ်အနှောက်အယှက် မပေးလိုကြောင်း ထုတ်ဖော်ခဲ့သည်။ ကျင်းဝမ် ၏လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ထိုအရာတစ်ခုပဲ   မရည်ရွယ်ဘဲ မြင်လိုက်သေးတယ်။ ငွေရောင်ပုလဲလုံးအပြင် အခြားအရာ ရှိနေသေးသည်။

ဧကရာဇ်သည် တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်သည်။ အဲဒါ ဘာကြီးလဲ။

ကျင်းဝမ် သည် ငွေရောင်ပုလဲကို လွှဲပေးတော့မည်။ မင်းကြီး တွေးကြည့်နေစဉ် ကျင်းဝမ်က ထိုအရာကို  ဖယ်လိုက်ပြီး ဒူးထောက်လိုက်ပြန်တယ်။

"မင်း အခု ငြင်းနေတာလား?" ဧကရာဇ်က မကျေမနပ်နဲ့ပြောလိုက်သည်။


ကျင်းဝမ် ၏ မျက်လုံးများက တောက်ပနေသည်။ ဧကရာဇ်မင်းအား တောင်းပန်ပြီး သူ့တောင်းဆိုချက် အမှန်ကို ထုတ်ပြခဲ့သည်။

ကျင်းဝမ်သည် ဧကရာဇ်မင်းထံသို့ သွားပြီးနောက် လီယွီနှင့် ကလေးများ တဲထဲတွင် ကျန်ခဲ့သည်။ ကျင်းဝမ် ယခုနေရာတွင်မရှိသောကြောင့် သူနှင့်စကားပြောမည့်သူမရှိပေ။ လီယွီသည် အနည်းငယ် စိတ်ရှုပ်သွားသည်။


***********-*********


(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now