Chapter (124-1) - ဝမ်းသာဝမ်းနည်း

3.5K 850 14
                                    

Chapter (124-1) - ဝမ်းသာဝမ်းနည်း

ကျင်းဝမ်သည်လီယွီ၏ နာမည်ကို မကြာခဏ စိတ်ထဲတွင် တိတ်တိတ်လေး ခေါ်နေတတ်သည်။ ဒီတစ်ခါ အကျယ်ကြီး ထုတ်ပြောလိုက်ဖို့ဆိုတာမျိုးကို ကျင်းဝမ်ကိုယ်တိုင်ပင် မယုံနိုင်အောင်ဖြစ်နေမိသည်။ သူ့ဖာသာ ခေါ်လိုက်မိပြီး တစ်စက္ကန့်လောက် အေးခဲသွားသည်။

လီယွီက ကျင်းဝမ် ထံမှ အသံကို ကြားတော့ ဝမ်းသာအားရ ငိုကြွေးရင်း မေးလိုက်သည်။

"ထျန်းချီ နိုးပြီလား။ ခင်ဗျား စကား ...ပြောလို့ရပြီမဟုတ်လား!"

System ၏ တိတ်ဆိတ်မှုကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ဒီလိုဖြစ်မည်ကို လီယွီ ခန့်မှန်းမိခဲ့သော်လည်း ခန့်မှန်းချက်တစ်ခုမျှသာဖြစ်သည်။ ကျင်းဝမ်က ပိုကောင်းလာမှာ သေချာပါတယ်လို့ တချိန်လုံး သူ့ဖာသာ တွေးနေမိသည်။ ကျင်းဝမ်သည် အဆိပ်ဖြေဆေးသောက်ပြီးနောက် အိပ်ရာက နိုးထခြင်း မရှိသည့်တိုင်လီယွီသည် ရင်တွင်း၌ မျှော်လင့်ချက်များဖြင့် ပြည့်နေသေးသည်။

အခုမှပဲ ကျင်းဝမ် သူ့အမည်ခေါ်တာကို သူ တကယ်ကြားခဲ့ရပြီမို့ ဝမ်းသာမျက်ရည်များက တားမနိုင်ဆီးမရ ကျဆင်းလာတော့သည်။

လီယွီသည် သူ ပေါင်ကို ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်စဉ် အရမ်းနာသွားခဲ့လို့သာ ဒါက အိပ်မက် မဟုတ်မှန်း သိလိုက်သည်။

ကျင်းဝမ်လည်း ဘာကြောင့်မှန်းမသိပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီရက်ပေါင်းများစွာ အိပ်ရာကမထနိုင်ပေမယ့် ပြင်ပကမ္ဘာမှာ ဖြစ်နေသမျှ အသံေျွှါကို ရှင်းရှင်းလင်းလင်းကြားနိုင်ခဲ့သည်။ ရှောင်ယွီသည် အချိန်တစ်လျှောက်လုံး သူ့နားမှာ စကား ပြောနေခဲ့သည်ကို အားလုံးကြားနေရသည်။

ရှောင်ယွီက သူနဲ့စကားပြောတိုင်း သူ့နှလုံးသားထဲမှာ ထပ်တူထပ်မျှ တုံ့ပြန်ကာ ပြန်ပြောနေမိပေမယ့် ရှောင်ယွီက လုံးဝ မကြားရပေ။ ရှောင်ယွီစိတ်ပူမသွားစေဖို့အတွက် နိုးလာနိုင်ဖို့အတွက် သူ့ရဲ့စွမ်းအားအားလုံးကို အသုံးပြုခဲ့ရသည်။ နောက်ဆုံးတွင် သူ မျက်လုံးဖွင့်လိုက်သောအခါတွင် သူ့နူတ်ခမ်းမှ ရှောင်ယွီ၏အမည်ကို မသိစိတ်ဖြင့် အော်ခေါ်လိုက်မိတော့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now