Chapter (87-1) - ကျင်းဝမ်အတွက် သတို့သမီးလိုက်ရှာခြင်း

4.3K 853 1
                                    

Chapter (87-1) - ကျင်းဝမ်အတွက် သတို့သမီးလိုက်ရှာခြင်း



ဧကရာဇ်သည် ထိုစာကို လက်ခံရရှိတော့ ပြင်းထန်စွာ အပြစ်ပြောခဲ့သည်။ လက်အောက်ငယ်သားကို ဆုပေးရုံပဲ မဟုတ်လား။ ဝမ်ဖေးအဖြစ် လက်ထပ်ခြင်းအဖြစ်ကို ဘယ်လိုပြောင်းလိုက်တာလဲ။

သို့သော်လည်း ကျင်းဝမ်သည် ထိုအိမ်ထောင်ရေးအား ဆုလာဘ်ဟု အတင်းအကျပ်ခေါ်ဝေါ်ခဲ့သော်လည်း လီယွီကို ဆုချခြင်းသည် ဧကရာဇ်မင်းမြတ်သည် ကျင်းဝမ်ကို သူ့ကိုယ်သူ ဆုံးဖြတ်ခွင့်ပေးခဲ့သည့် အရာဖြစ်သည်။ ဧကရာဇ်သည် ယခင်က ကျင်းဝမ်၏ စုံစမ်းမေးမြန်းမှုအများအပြားကို ပြန်လည်သတိရခဲ့ပြီး ကျင်းဝမ်သည် သူ့အတွက် ဤထောင်ချောက်ကို အဆင်သင့်ချထားခဲ့သည်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိကြောင်း သဘောပေါက်ခဲ့သည်။  

ဟိုတုန်းက ကျင်းဝမ်က လီယွီကို ဘယ်လို ဆုပေးမလဲဆိုပြီး စိတ်ပူနေချိန်မှာတော့ ဒါဟာ အတုအယောင်တွေ ဖြစ်နိုင်တယ်။ သူတကယ်လိုချင်ခဲ့တာက ဒီမင်္ဂလာပွဲကို အဆင်ပြေချောမွေ့ဖို့ပဲ။

ဧကရာဇ်သည် အလွန်တုန်လှုပ်သွားပြီး အလွန်အမျက်ထွက်ကာ ကျင်းဝမ်က သူ့အား အကွက်ချ အကြံအစည်ပြုသည့်အတွက် ဒေါသထွက်သည့်အပြင် ကျင်းဝမ်သည် သူ့ဝမ်ဖေးအတွက် ယောက်ျားတစ်ယောက်နှင့် လက်ထပ်လိုသည့်အတွက်လည်း ဒေါသထွက်ခဲ့သည်။

ဤမင်းဆက်သည် လိင်တူဆက်ဆံခြင်းကို တားမြစ်ထားခြင်းမရှိသော်လည်း၊ ရှေးယခင်ဧကရာဇ်များသည် ယခင်က ဝမ်ဖေးအမျိုးသားများ ရှိခဲ့ပြီး သူတို့အပေါ်တွင်လည်း အလွန်အလိုလိုက်ကာ ချစ်မြတ်နိုးခဲ့သည်။ လက်ရှိဧကရာဇ်ကိုယ်တိုင်ပင်လျှင် အသစ်အဆန်းကို စမ်းကြည့်ချင်ပြီး ယခင်က တော်ဝင်ကိုယ်လုပ်တော် အမျိုးသားတစ်ဦးရှိခဲ့သည်။ သို့သော် ယောက်ျားသည် အဓိက ဇနီး သို့မဟုတ် ကိုယ်လုပ်တော် ဖြစ်လာနိုင်သည်ဖြစ်စေ...... နောက်ဆုံးတွင်၊ အမျိုးသားကိုယ်လုပ်တော်များသည် ရုပ်သွင်မည်မျှ ချောမောပါစေ  အမျိုးသားများသည် ကလေးမမွေးနိုင်သောကြောင့် အဓိကဇနီးရာထူးကို သိမ်းပိုက်နိုင်မည်မဟုတ်ပေ။ ကျင်းဝမ်သည် လီယွီကို သူ၏ နံဘေးတွင် တရားဝင် မယား ဝမ်ဖေး အဖြစ် ခန့်အပ်ရန် စိတ်ပိုင်းဖြတ်ထားလျှင် ဧကရာဇ်သည် ကျင်းဝမ်၏ဆန္ဒကို လိုက်နာပြီး ခွင့်ပြုလိုက်ပေမည်သာ ဖြစ်သည်။ ဝမ်ဘွဲ့ရမင်းသားတစ်ပါး ရဲ့ အခြေအနေအရ သူ့မှာ အဓိက ဇနီးနဲ့ နောက်ထပ် မယားနှစ်ယောက် ထားရှိခွင့် ရတယ်။ လီယွီသည် လူသားတစ်ဦးလည်းဖြစ်ပြီး သာမန်လူတစ်ဦးလည်း ဖြစ်သည်။ ဇနီးမယားများများ ရယူခြင်းသည် သူ့အတွက် ရွှင်လန်းဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်။

သို့သော်လည်း ကျင်းဝမ်၏ အစီရင်ခံစာတွင် သူဖော်ပြခဲ့သည့်အရာမှာ အဓိက ဇနီးဖြစ်သည်။ လီယွီအား ပေးလိုသောရာထူးမှာလည်း အဓိက ဇနီးရာထူးလည်းဖြစ်သည်။ ဧကရာဇ်လည်း ဘယ်လိုမှ  သဘောမတူပေ။   အထူးသဖြင့် မည်သည့်နောက်ခံမရှိသူသည် ဝမ်ဖေးရာထူးကို မည်သို့သိမ်းပိုက် နိုင်မည်နည်း။ အကယ်၍ သူသာ ခွင့်ပြုခဲ့ပြီး၊ ကျင်းဝမ်သည် အနာဂတ်တွင် အဆင့်မြင့်အရာရှိ မိသားစုမှ မြင့်မြတ်သောအမျိုးသမီးတစ်ဦးနှင့် လက်ထပ်လိုပါက အလွန်ခက်ခဲမည်ဖြစ်သည်။ တကယ်တော့ ကလေးမမွေးနိုင်တဲ့ ဝမ်ဖေး အမျိုးသားတစ်ယောက်ရှိတဲ့အခါ ဘယ်အမျိုးသမီးက မယားငယ်ဖြစ်ချင်မှာလဲ။ ပြောစရာမလိုအောင်ပင်  သူတို့မွေးတဲ့ သားသမီးတွေက မယားငယ်ရဲ့သားသမီးအဆင့်သာ ရနိုင်တော့သည်။ တရားဝင် ဇနီးမှ မွေးသည့် "တိ သားသမီးအဆင့်"ကိုမရပဲ ကိုယ်လုပ်တော်မှ မွေးသည့် သားသမီး "ရှုအဆင့်"သာ ရတော့မည်ဖြစ်သည်။


အခိုက်အတန့်လေးမှာ ဧကရာဇ်ဘုရင်ဟာ တရားမျှတမှုဖြစ်စေမည့်အချက်ကို ရှာဖွေတွေ့ရှိနေပြီ ဖြစ်တယ်။ ဒီအိမ်ထောင်ရေးကို သူ တကယ်ထောက်ခံတာ မဟုတ်ဘူး။  ကျင်းဝမ်၏ ဈေးပေါသော အစီအစဉ်သည် လိမ္မာပါးနပ်သောပုံစံတစ်ခုမျှသာဖြစ်သည်။ ဧကရာဇ်၏ စိတ်သည် ဤမျှ လွယ်ကူစွာ ပြောင်းလဲနိုင်လျှင် သူသည် ဧကရာဇ်ဖြစ်လာတော့မည် မဟုတ်ပေ။

သို့သော် ဧကရာဇ်မင်းသည် စောစောကကတိပြုထားသောကြောင့် ပြန်ရုပ်သိမ်းရန်မှာ အဆင်မပြေလှပေ။ ဧကရာဇ်သည် ယင်းသို့ တွေးတောပြီး တုံ့ပြန်ရန် ငြင်းဆန်ကာ တောင်းဆိုမှုကို ရိုးရှင်းစွာ ဆုပ်ကိုင်ကာ ဒီအတိုင်းသာ ထားခဲ့သည်။

သူ ပြန်မဖြေရင် ကျင်းဝမ်က   အိမ်ထောင်မပြုနိုင်ပေ။

ဧကရာဇ်သည် ကျင်းဝမ်ကို အတွင်းစိတ်တွင် အလွန်စိတ်ဆိုးခဲ့ပြီး သူ့ရဲ့အခြားမျှော်လင့်ချက်များ မပြည့်မီသည့်အတွက် စိတ်ပျက်ခဲ့သည်။

ကျင်းဝမ်၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ တစ်ချိန်က သူသည် သေသည်အထိစိုးရိမ်ခဲ့သည်။ ကျင်းဝမ်သည် ဆန္ဒများပုံလည်း မပေါ်ပေ။ အခုတော့ သူလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မည်သည့်မိသားစုမှ အမျိုးသမီးတစ်ဦးဖြစ်ပါစေ ဧကရာဇ်ဘုရင်က သူ့ကို ငြင်းဆန်မည်မဟုတ်ပေ။ သို့သော်၊ ကျင်းဝမ်သည် ယောကျာ်းတစ်ဦးအား သူ၏ ဝမ်ဖေး ဖြစ်လာစေရန် တောင်းဆိုခဲ့သည်။ ဧကရာဇ်မင်းသည် သူ၏သားတော် ကျင်းဝမ်ကို အထင်ကြီးလောက်စရာဟု ထင်မြင်နေသော်လည်း မထင်မှတ်ပဲ၊ ကျင်းဝမ်က သူ့ကို ဤကဲ့သို့ နှလုံးသားကို ဓားဖြင့်ထိုးနေပြီဖြစ်သည်။

ဧကရာဇ်မင်းကြီးသည် အမှန်တကယ်ပင် စိတ်ဆိုးသွားပြီး ကျင်းဝမ်သည် သူ၏အမှားများကို ဆင်ခြင်သုံးသပ်နိုင်စေရန် အနည်းငယ်လျစ်လျူရှုရန် စီစဉ်ခဲ့သည်။ ဧကရာဇ်သည် ရာဇပလ္လင်အတွက် တန်းတူ အခွင့်အရေးပေးရန်အတွက် အနောက်တောင်တန်းဒေသတွင် အတွေ့အကြုံရရှိရန် ကျင်းဝမ်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ကျင်းဝမ်သည် ယောကျ်ားဇနီးသည်တစ်ဦးကို ကြုံသလို လက်ထပ်မည်ကို သူ ခွင့်မပြုနိုင်ပေ။

ဒေါသတကြီးဖြင့် ဧကရာဇ်မင်းသည် ကျင်းဝမ်၏မိခင် အဖိုးဖြစ်သူ ချန်အန်းမြို့စားအိုကြီး ယဲ့ချန်းကို နန်းတော်ထဲသို့ ခေါ်ယူ၍ သူနှင့်ဘာလုပ်ရမည်ကို ဆွေးနွေးခဲ့သည်။  

ယဲ့ချန်း သည် ယခင်က လီယွီနှင့် တွေ့ဆုံခဲ့ဖူးသည်။ ကျင်းဝမ်က သူ့ဆီပို့တဲ့ စာတွေက သူ့လက်ထဲကို ရောက်နေပြီ။ ဧကရာဇ်၏ မမျှော်လင့်ထားသော  အမျက်ဒေါသကို ရင်ဆိုင်ရာတွင် ယဲ့ချန်းက သူ့ကို ဆွဲဆောင်မှုရှိသော စကားအနည်းငယ်ကို ချောမွေ့စွာ ပြောပေးခဲ့သည်။

ကျင်းဝမ်သည် အမျိုးသားဝမ်ဖေး နှင့် လက်ထပ်ရန် တောင်းဆိုမှုကြောင့် နောက်ဆုံးတွင်  ကျင်းဝမ်သည် သူ့ကိုယ်ပိုင်မိသားစုကို စတင်ရန် အချိန်တန်ပြီဟု ဧကရာဇ်သဘောပေါက်စေခဲ့သည်။ သူ့ဘေးမှာ ဂရုစိုက်ဖို့ မိန်းမ မရှိတာ တကယ်ကို ဖြစ်သင့်တာ မဟုတ်ဘူး။ ဧကရာဇ်သည် ကျင်းဝမ်ကို အိမ်ထောင်ဖက်အဖြစ် ပထမဆုံး ခန့်အပ်နိုင်မည်ဟု တွေးထင်ခဲ့သည်။ ကျင်းဝမ်သာ အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ခဲ့လျှင် ကျင်းဝမ်သည် လီယွီအကြောင်းကို မတွေးနိုင်လောက်တော့ပေ။

လီယွီသည် သူ့အကြောင်းတွေးနေသေးလျှင်လည်း လီယွီအား ကိုယ်လုပ်တော်အဖြစ် ခန့်အပ်နိုင်သည်။ ယောက်ျားအဓိကမယားအဖြစ် လက်ထပ်တာထက် ဒါက ပိုကောင်းတာမဟုတ်ဘူးလား။

ယဲ့ချန်း သည် ဧကရာဇ်မင်း၏အကြံအစည်များကို နားလည်ခဲ့ပြီး လျှောက်တင်ခဲ့သည်။

"အရှင်မင်းကြီး မျက်စိကျသူ  တစ်စုံတစ်ယောက်ရှိပါသလား?"

ဤကဲ့သို့ မေးခွန်းထုတ်သောအခါ ဧကရာဇ်သည် စကားမပြောနိုင်တော့ပေ။ ကျင်းဝမ်၏အိမ်ထောင်ရေးသည် ဧကရာဇ်ဧကရာဇ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ စိုးရိမ်သောကိစ္စ မဟုတ်ပေ။ ကျင်းဝမ်က သိပ်ဂရုမစိုက်တာ အမှန်ဖြစ်ပေမယ့်လည်း ဧကရာဇ်က ကျင်းဝမ်နဲ့ထိုက်တန်သည့် မိန်းကလေးကို မတွေ့နိုင်တာလည်း အမှန်ပဲ။  

ဧကရာဇ်မြို့တော်ရှိ ဆွေတော်မျိုးကြီးမိသားစုများမှ မြင့်မြတ်သောအမျိုးသမီးများအားလုံးသည် အခြားမင်းသားများ၏ မယားဖြစ်လိုကြောင်း လိမ္မာပါးနပ်စွာ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဆွံ့အနေတဲ့ ကျင်းဝမ်ကို သူတို့ စိတ်မဝင်စားဘူး။


 အဆင့်နိမ့် မိသားစုမှ မွေးဖွားလာသူများထဲမှ မိန်းကလေးများက ကျင်းဝမ်နှင့် လက်ထပ်ရန် လိုလိုလားလား ရှိပေမယ့် သူတို့တွေက နာမည်ဆိုးရှိသူ သို့မဟုတ်  အလွန်ရုပ်ဆိုးသူ သို့မဟုတ် ကျင်းဝမ်ကဲ့သို့သော မသန်စွမ်းမှုမျိုး တခုခု ရှိနေတတ်သည်။

ထိုသို့ သတို့သမီးတွေက ကျင်းဝမ်နဲ့ သင့်လျော်သည်ဟု မင်းကြီး မယူဆပေ။ ဒါပေမယ့် သူက ကျင်းဝမ်အတွက် ခမ်းနားထည်ဝါပြီးမြင့်မြတ်သည့် မိသားစုမှ သမီးနှင့် လက်ဆက်ပေးပြီး မင်္ဂလာဆောင်နှင်းပေးတာကို ဘယ်တော့မှ လုပ်ပေးနိုင်မည် မဟုတ်ပေ။

ဘာကြောင့်လဲ ဆိုတော့ ကျင်းဝမ်က သာမန် အမျိုးသမီးကို လက်ထပ်ဖို့ မစွမ်းဆောင်နိုင် လောက်ပေ။

ဒါပေမယ့် မင်းကြီးက လက်မလျှော့ပဲ ကျင်းဝမ်အတွက် သင့်လျော်မည့် သတို့သမီးကို အလောတကြီး ဒေါသတကြီး ရှာဖွေနေတော့သည်။

ချန်အန်းမြို့စားအိုကြီး ယဲ့ချန်းက မင်းကြီးကို ဖျောင့်ဖျစည်းရုံးလိုက်သည်။

 "ဒီငယ်သားက မင်းကြီးကို လျှောက်တင်စရာရှိပါတယ်။ အရှင်မင်းသား ကျင်းဝမ်က မင်းကြီးဆီကို အရင်က အခုလို တောင်းဆိုတာ တစ်ခါမှ မလုပ်ဖူးပါဘူး။ အရှင်မင်းသားက အဆင်ခြင်မရှိ လုပ်မယ့်လူမျိုး မဟုတ်ပါဘူး။ အခုဖြစ်ရပ်မှာလည်း ဒါက မိုးနတ်မင်းက တွဲဖက်ပေးတဲ့ဖူးစာဖက်ဖြစ်ပြီး မြင်မြင်ချင်း ချစ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ပြီးတော့ အရှင်မင်းသားက သာမန်လူတွေနဲ့မတူပါဘူး။ အရှင်မင်းသားက မြင်မြင်ချင်း အချစ်ကို ကျန်အရာတွေထက် ပိုအရေးကြီးတယ်လို့ ထင်မြင်ကြောင်း ဒီငယ်သား ခံစားမိပါတယ် "  

ဒါကို ဧကရာဇ်က ဘယ်လိုလုပ် မသိတာ ဖြစ်နိုင်မလဲ။ ကျင်းဝမ်ပေးပို့သော အစီရင်ခံစာများစွာတွင်၊ သူသည် လီယွီကို ပြတ်ပြတ်သားသား  ချီးမွမ်းရေးသားခဲ့သည်။ ဧကရာဇ်သည် ဤလူငယ်လေးသည်   အရည်ချင်းရှိကာ အလွန်စိတ်ကောင်းရှိသော ကလေးတစ်ဦးဖြစ်ကြောင်း ဧကရာဇ် သတိပြုမိသည်။ တခြားသူသာဆိုရင် ဧကရာဇ်ဘုရင်က သူ့ကို ဖယ်ရှားခဲ့တာ ကြာပြီဖြစ်ကောင်းဖြစ်နိုင်တယ်။

ဤအချက်ကို ပြန်သတိရသောအခါ ဧကရာဇ်သည် ပို၍ပင် ဒေါသကြီးလာသည်။ ကျင်းဝမ်သည် အမှန်တကယ်ပင်   ပေါ့ပေါ့ဆဆ လုပ်ခဲ့တာ မဟုတ်ပေ။ သူ တလျှောက်လုံး ကြံစည်နေခဲ့တယ်။

ကျင်းဝမ်က သူ့ကို ထောင်ချောက်တွင်းထဲသို့ အဆင့်ဆင့် မြှူဆွယ်ခဲ့ပုံကို ပြန်ပြောင်းသတိရသောအခါ ဧကရာဇ်သည် အလွန်စိတ်ဆိုးသွားခဲ့သည်။ သို့တိုင် ကျင်းဝမ်သည် ခြေလှမ်းတိုင်းကို ကျိုးကြောင်း ဆီလျော်ပြီး ပိရိစွာ လုပ်ဆောင်ခဲ့သည်။ ဧကရာဇ်သည် ကျင်းဝမ်၏လုပ်ကြံမှုဆိုင်ရာ အထောက်အထားကို သတိမထားမိပေ။ အများစုမှာ ကျင်းဝမ်သည် ခေါင်းရှုပ်ခံပြီး အိမ်ထောင်ရေးကဲ့သို့ အရေးကြီးသောအရာကို ကစားပွဲတစ်ခုလို သဘောထားခြင်းအတွက် ကျင်းဝမ်ကိုသာ ပြစ်တင်ရှုတ်ချနိုင်သည်။

အကျင့်မကောင်းတဲ့ ကောင်ကလေးက သူ့ကိုဒီလို ဒေါသထွက်အောင်လုပ်ဝံ့တာပဲ။ ကျင်းဝမ်ကို သူက အနောက်တောင်တန်းတွင် ထာဝစဉ်နေရန်၊ တော်ဝင်မြို့သို့ ဘယ်တော့မှ ပြန်မလာရန် အမိန့်ပေးမည်ကို မကြောက်ဘူးလား။  

ဧကရာဇ်က ဒါကို ဘယ်တော့မှ မလုပ်ဘူးဆိုတာ သူ့စိတ်ထဲကနေ  သိနေတယ်။ ကျင်းဝမ်ရဲ့ အိမ်ထောင်ရေးနှင့်ပတ်သက်၍ မင်းကြီးက အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ့အမှားက ဒုတိယမင်းသားနဲ့ တတိယမင်းသား လုပ်ခဲ့တာနဲ့ မတူဘူး။ ထို့အပြင်၊ လက်ရှိတွင် ကျင်းဝမ်ကို ကုသိုလ်ကောင်းမှုပြုသော မင်းသားအဖြစ်လည်း ထည့်တွက်လို့ ရနိုင်သည်။ ဒီအတွက် ကျင်းဝမ်ကို အပြစ်ပေးရင် အစိုးရ အရာရှိတွေက ကန့်ကွက်လိမ့်မယ်။ ဧကရာဇ်သည် ချန်အန်းမြို့စားအိုကြီးရှေ့တွင် ကျင်းဝမ်ကို အနည်းငယ်သာ ဝေဖန်နိုင်သည်။

ယဲ့ချန်သည် ဧကရာဇ်မင်း၏ စိတ်နေစိတ်ထားကို အရမ်းကို သိသည်။ ဧကရာဇ်သည် ကျင်းဝမ်ကို ဝေဖန်နေချိန်တွင် ယဲ့ချန်သည် သူ၏စကားကို ရံဖန်ရံခါ အသိအမှတ်ပြုသော်လည်း အနှောင့်အယှက်မပေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နားထောင်ခဲ့သည်။ အချိန်အတော်ကြာအောင် ဝေဖန်ပြီးနောက် ဧကရာဇ်သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ ဧကရီ ရှောင်ဟွေ့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သော်လည်း၊ ဝါစဉ်အရဆိုလျှင် ချန်အန်းမြို့စားအိုကြီး ယဲ့ချန်က  သူ၏ယောက္ခမဖြစ်နေဆဲပင်။ ယောက္ခမရှေ့မှာ သူ့သားကို ဆူပူကြိမ်းမောင်းတာဟာ သိပ်ကို မသင့်တော်ဘူး။

နောက်ဆုံးတွင် ဧကရာဇ်သည် အနည်းငယ်ငြိမ်သက်သွားသည်။

ကျင်းဝမ်၏ နောက်ထပ်သတင်းတစ်ပုဒ်သည်လည်း လျင်မြန်စွာရောက်ရှိလာသည်။ ဧကရာဇ်သည် ယခင်သတင်းကို အကြောင်းမပြန်ဘဲ ရက်များစွာကြာသွားသောကြောင့် ကျင်းဝမ်က သူ၏စာလွှာကို  မရရှိသေးဟု ဧကရာဇ်က ထင်ခဲ့သော်လည်း၊ နောက်တစ်မျိုးကို တိုက်ရိုက်ပေးပို့ခဲ့ခြင်းဖြစ်လေသည်။  

ဧကရာဇ်သည် ဤအစီရင်ခံစာကို ကောက်ယူပြီး စစ်ဆေးဖတ်ရှုလိုက်သည်။ အစီရင်ခံစာသည် လီယွီ၏ အဆိုပြုချက်တစ်ခုအား ဂရုတစိုက်ပြောပြထားသည်။

အတိတ်တွင်၊ ဓားပြပြဿနာမှလွဲ၍ အနောက်တောင်တန်းသည် ဧကရာဇ်ကို ပူပန်စေသော နောက်ထပ်ဘေးဒုက္ခတစ်ခုက အမြဲတမ်းစိတ်အနှောက်ယှက်ဖြစ်ခဲ့သည်။ အနောက်တောင်တန်းဒေသရှိ မြို့အများအပြားတွင် ကျိုင်းကောင်များ အနည်းဆုံးတစ်နှစ် သို့မဟုတ်  နှစ်နှစ် တစ်ခါ ကျရောက်ခဲ့သည်။
 
အနောက်တောင်တန်းသည် တစ်နှစ်ပတ်လုံး စစ်ပွဲကြောင့် ဖရိုဖရဲဖြစ်ခဲ့ပြီး လယ်မြေကျဲကျဲသာရှိသည်။ ကျိုင်းကောင်များ ထပ်မံကျရောက်ပါက  အရပ်သားများသည် ငတ်မွတ်ခေါင်းပါးမှု ထပ်မံကြုံတွေ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရဖွယ်ရှိသည်။


******-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Tahanan ng mga kuwento. Tumuklas ngayon