Chapter (130-2) - လောင်ကုန်းနဲ့ပြန်ဆုံပြီ

3.7K 846 20
                                    

Chapter (130-2) - လောင်ကုန်းနဲ့ပြန်ဆုံပြီ


QQ၊ ငါးရဲ့ဘဝက ငါး ဖြစ်ချင်သလို မဖြစ်ပါလား....အခု သူ့ရဲ့ တိုက်ပွဲအစီအစဉ်တွေကို ပြောင်းလဲဖို့ လိုနေပြီ။ ခင်ပွန်းဖြစ်သူနဲ့ ပြန်ဆုံရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

လီယွီ၏ခင်ပွန်း- ကျင်းဝမ်သည် ယခုအချိန်တွင် ကန်ချင်း နန်းတော်အတွင်း အမွှေးတိုင်တစ်တိုင်စာ လောက် ထိုင်စောင့်နေရသည်။ သူသည် ဧကရာဇ်မင်းကြီးကို မတွေ့မြင်ရသေးပေ။ ကျန်တဲ့ မောင်းမမိဿံတွေလည်း နန်းဆောင်ထဲ အတူရောက်နေကြသည်။

နဝမ နှင့် အဌမမင်းသားတွေလည်း ထိုနေရာကိုရောက်နေသည်။ နန်းဆောင်ထဲ လူတွေအများကြီးရှိပေမယ့် ဘယ်သူမှ စကားမပြောကြပါဘူး။ သူတို့နှင့်ရင်းနှီးသော လူများဘေးတွင်ထိုင်ကာ တစ်ယောက်ကိုတစ်ယောက် မကျေမနပ်ကြည့်နေကြသည်။

ကျင်းဝမ်သည် အေးစက်ပြီး ဝေးကွာသော ကိုယ်ရည်ကိုယ်သွေးရှိပြီး မည်သူနှင့်မျှ မနီးချင်ကြပေ။

"ပဉ္စမနောင်တော်ကြီး..ကျွန်တော် နောင်တော့်ဘေးမှာ ထိုင်လို့ရမလား"

အဋ္ဌမ မင်းသားလေးသည် သနားစရာကောင်းလောက်အောင် တုန်လှုပ်နေသည်။ အမဲလိုက်ကွင်းမှာ ဖြစ်ပျက်ခဲ့တာကို တွေ့ကြုံပြီးနောက် အဋ္ဌမ မင်းသားက ကျင်းဝမ်ရဲ့ဘေးမှာ အလုံခြုံဆုံးနေရာလို့ ခံစားနေရသည်။

ကျင်းဝမ်က ခပ်ဖျော့ဖျော့ပြုံးရင်း ခေါင်းညိတ်လိုက်ပြီး သူ့ကို ထိုင်ခွင့်ပြုလိုက်သည်။

သိပ်မကြာခင်မှာပဲ နဝမမင်းသားက ကျော်သွားပြီး အဋ္ဌမ မင်းသားရဲ့ နံဘေးမှာ ထိုင်ချလိုက်သည်။

ထိုအချိန် နန်းတော်အတွင်းမှ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။ အပါးတော်မြဲအစေခံတစ်ယောက်က

"ဧကရာဇ်မင်းကြီး ကြွချီတော်မူလာပြီ..." လို့ကြေငြာလိုက်သည်။

ကျင်းဝမ်က စူးစိုက်ကြည့်လိုက်စဉ် သိပ်မကြာခင်မှာပင် ဧကရာဇ်မင်းသည် အစေခံ အစောင့်အကြပ်များနှင့်အတူ လျှောက်လာခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now