Chapter (117-2) -ညီလေးတွေကို ကာကွယ်ပေးမယ့် အကိုကြီး

4.1K 855 11
                                    

Chapter (117-2) -ညီလေးတွေကို ကာကွယ်ပေးမယ့် အကိုကြီး


ပေါင်းရိက ငါးကို  ပါးပါး ကြိုက်သလို အဘိုးကိုလည်း သဘောကျတယ်။ စေတနာရှိတယ်။

ပေါင်းရိက သူ့ရင်ဘတ်လေးကို ပွတ်လိုက်သည်- "ကောင်းပြီ!"  

ဧကရာဇ်၏မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နှက်နေပြီး မေးလိုက်သည်။

 "နာကျင်ရရင်တောင်မှ ယဲ့ယဲ့ကို ကူညီမလား?"

ပေါင်းရိသည် သူ၏ ထွားကျိုင်းသော မျက်နှာလေးကို ပွတ်သပ်လိုက်သည်။ ငါးပါးပါးက သူ့ကို ကတိပေးထားတဲ့အတိုင်း လုပ်ရမယ်။ ပေါင်းရိက နာကျင်မှုကို ကြောက်ပေမယ့် အခုလည်း လက်စားချေလို့ မရသေးဘူး။

ပေါင်းရိက သူ့သတ္တိကို စုစည်းပြီး ခေါင်းညိတ်ပြသည်- "ဟုတ်ကဲ့"

လီယွီက ဘာလဲဆိုတာ ရိပ်မိသွားပေမယ့် ဒါက ဧကရာဇ်ရဲ့ အမိန့်ကြောင့် လီယွီနဲ့ ကျင်းဝမ် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။  

ကလေးတွေကို အနောက်တောင်တန်းမှာ မွေးဖွားခဲ့ကာ  သူတို့အကြောင်း ကောလာဟလတွေ ပျံ့နှံ့နေတာကို ရှောင်ဖို့ ခက်ခဲလှသည်။ ဧကရာဇ်၏ ဆုံးဖြတ်ချက်က ထို အတင်းအဖျင်းပြောသူများကို လုံးလုံး ပါးစပ်ပိတ်ထားရန် ဖြစ်သည်။

ဧကရာဇ်ပြောခဲ့တဲ့ နာကျင်မှုက တကယ်နာကျင်စရာမဟုတ်မှန်းလည်း သူ သိတယ်။ သို့သော် သားသမီးများ၏  ပါးပါးကဲ့သို့ပင် သူသည် ထိုသို့ဖြစ်ရခြင်းကို မုန်းတီးနေသေးသည်။

ဧကရာဇ်သည် ောတ်ဝင်သမားတော်များကို ဆင့်ခေါ်လိုက်သည်။ လီယွီသည် မကြည့်ရက်လို့ မျက်နှာလွဲလိုက်သည်။


ကျင်းဝမ် သည် သူ့င်္အကျီလက်အောက်မှ သူ့လက်ကို ဆုပ်ကိုင်ထားသည်။ လီယွီသည် ကျင်းဝမ်၏လက်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ကာ နည်းနည်း စိတ်သက်သာရာ ရလာသည်။  ကျင်းဝမ်က မျက်တောင်ပင် မခတ်ပဲ သူ့ကို ငေးကြည့်ကာ အားပေးနေသည်။

ဧကရာဇ်ဘက်၌။ ပေါင်းရိ နာကျင်မှာကို စိုးရိမ်တာကြောင့် ဧကရာဇ်က ပေါင်းရိကို သူ့ဒူးပေါ်မှာ ပွေ့ချီထားလိုက်သည်။

လော့လွေ့စိန်းသည် သွေးကိုရယူရန် လာရောက်ခဲ့သည်။ ဧကရာဇ်သည် လုပ်ငန်းစဉ်တစ်ခုလုံးတွင် လော့လွေ့စိန်းကို အေးစက်စွာ ကြည့်နေခဲ့သည်။ လော့လွေ့စိန်းသည် ဧကရာဇ်အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏လက်ချောင်းများသည် တုန်ယင်နေတော့ သည်။  တကယ်တော့ သူက ဧကရာဇ်ဒူးပေါ်ထိုင်နေတဲ့ ကျင်းဝမ် ရဲ့ အမွေဆက်ခံသူ ထက်တောင် ပိုစိတ်လှုပ်ရှားနေခဲ့သည်။

ပေါင်းရိက သူ မကြောက်ဘူးလို့ ပြောပေမယ့် သူလည်း ကြောက်နေတုန်းပါပဲ။ အပ်ကိုတွေ့တာနဲ့ မျက်လုံးကိုမှိတ်လိုက်တယ်။

ထို့နောက် သူ့လက်မပေါ် တခုခု စူးသွားသလို ခံစားလိုက်ရသည်။ ပေါင်းရိက လိုင်ချီးသီးကို အလွန်အကျွံစားဖို့ ကြိုးစားတဲ့ သူ့ပါးစပ်ကို နာကျင်တဲ့အချိန်ထက် အများကြီး  သက်သာတယ်လို့ ခံစားမိလိုက်သည်။   

သို့သော် သူမျက်လုံးကိုဖွင့်၍ ဘယ်ညာကြည့်လိုက်သောအခါ ပေါင်းရိသည် ငါးပါးပါးရဲ့ မျက်လုံးများ နီရဲနေကြောင်း တွေ့ရှိခဲ့သည်။ အဘိုးနဲ့ ကျင်းဝမ်ပါးပါး  နှစ်ယောက်စလုံးက တစ်ယောက်ယောက်ကို ရိုက်ချင်နေသလို ဖြစ်နေသည်။

ပေါင်းရိ"......"

လော့လွေ့စိန်းက  "အရှင်မင်းကြီး... တခြားသခင်လေးတွေကိုကော ဘယ်လိုလုပ်ရမလဲ" ဟု မေးရန် သတ္တိကို စုစည်းလိုက်ပါသည်။

လော့လွေ့စိန်းသည် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်နေကြောင်း သူနားလည်ခဲ့သော်လည်း လီယွီသည် ယခု လူသတ်ချင်နေခဲ့သည်။

တခြား ကလေးများ က သူတို့ရဲ့ အကိုကြီး အပ်နဲ့ ထိုးတာကို မြင်တော့ အားလုံး ထိတ်လန့်သွားပြီး  အသက်တောင် ရဲရဲ မရှူဝံ့ဘူး။

ပေါင်းရိက အလျင်စလိုပြောသောအချိန် ဧကရာဇ်မင်းသည် ခေါင်းခါတော့မည့်အချိန် ဖြစ်သည်။

" ဟုတ်ကဲ့၊ ခွင့်ပြုပါဦး။"

ပေါင်းရိက ဒါက အနည်းငယ် နာကျင်နေသေးကြောင်း သတိပြုမိသည်။ သူ့ညီငယ်များကို မနာကျင်စေချင်သဖြင့် အဘိုးက အပ်နဲ့ထိုးဖို့ လိုအပ်ရင် ပေါင်းရိက သူ့ညီလေးတွေအတွက် လုပ်ပေးဖို့ ဆန္ဒရှိတယ်။

ပေါင်းရိသည် နောက်လက်တစ်ချောင်းကို သတ္တိရှိရှိ ဖြန့်လိုက်သည်။  

မင်းကြီး: "......။"

ဧကရာဇ်၏မျက်လုံးများတွင် အပြုံးသည် ပို၍နက်ရှိုင်းလာသည်- "ကောင်းပြီ"

လော့လွေ့စိန်းက ဒါကို ခွင့်ပြုမယ်လို့ မမျှော်လင့်လို့  ရပ်လိုက်သည်။

ပေါင်းရိက သူနောက်တစ်ခါ အပ်ထိုး ခံရတော့မယ်လို့ တွေးပြီး ကြောက်စိတ်နဲ့ မျက်လုံးကိုမှိတ်ထား ပြန်သည်။ သို့သော်လည်း အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် အမှန်တကယ် ဖြစ်မလာပေ။ လျှိုကုန်းကုန်းက သူ့လက်ချောင်း သွေးထွက်လက်စ လက်ချောင်းမှ  သွေးအနည်းငယ်သာ ထပ်မံရယူ ခဲ့သည်။  

ဧကရာဇ်သည် ပတ်တီးများတောင်းကာ ပေါင်းရိ၏ဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျ ပတ်တီးကို အကြိမ်များစွာ  ပတ်ကာ လေးလံထူထပ်သော အလွှာတစ်ခု ဖန်တီးခဲ့သည်။

ပေါင်းရိသည် လီယွီထံသို့ ပြန်လာခဲ့သည်။ လီယွီ သည် ပေါင်းရိကို ဒုက္ခရောက်စေခဲ့သည်။ တခြား ကလေးများ က ငါးပါးပါးရဲ့ ပွေ့ဖက်မှုကိုမလုတော့ပေ။ ပေါင်းဆုကို ဦးဆောင်ပြီး သူတို့အားလုံးသည် ပေါင်းရိ၏ လက်ချောင်းလေးထံကို  လေမှုတ်ပေးကြသည်။

ကလေးတွေက အဲဒါကို မှုတ်ရင် မနာတော့ဘူးလို့ ယုံကြည်ကြသည်။

ဒါကိုမြင်တော့ ဧကရာဇ်ရဲ့ နှလုံးသားဟာ ဒီကလေးတွေကြောင့် ဗွက်အိုင်လေးလို  နူးညံ့ ပျော့ပြောင်းသွားတော့သည်။   

ထို့နောက် ဧကရာဇ်မင်းကြီးက လော့လွေ့စိန်းကို အဌမ မင်းသားအား ခေါ်ခိုင်းလိုက်သည်။

တော်ဝင်ကိုယ်လုပ်တော်လျှို၏ အဖြစ်အပျက်ဖြစ်သည့်ညက  နဝမမင်းသားနှင့် အဌမ မင်းသားတို့က    တဲတစ်လုံးတည်း၌ တည်းခိုကြသည်။ ညက အသံတွေ ဆူညံနေခဲ့တယ်။ အဌမမင်းသားသည် အလွန်ဆူညံနေသည်ဟု ခံစားမိသော်လည်း မည်သူမျှ သူ့ကို ဘာမှ မပြောရဲကြပေ။ အဲဒီကတည်းက သူ့အမေကို မတွေ့ရတော့ပေ။ သာမာန်အားဖြင့် သူနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးရှိသော နဝမမင်းသားပင်လျှင် သူ့ကို  ရှောင်ဖယ်နေတော့သည်။ တကယ်တော့ ဖြစ်ပျက်ခဲ့တာကို ကြင်နာစွာ ပြောပြခဲ့တဲ့ ဆဌမ  မင်းသားလေးပဲ ဖြစ်သည်။  သူ့မိခင်သည် လူစိမ်းတစ်ယောက်နှင့် ဆုံတွေ့နေသည်ကို သိရှိပြီးနောက် အဌမမင်းသားက လုံးဝအရှက်ကွဲသွားတော့သည်။

သူသည် အသက် ၇ နှစ်သာရှိသေးသော်လည်း ထိုရာဇဝတ်မှုမျိုးကို သူ သိထားပြီးဖြစ်သည်။ မယ်တော်အား တော်ဝင်နန်းတော်သို့ အလျင်အမြန်ပြန်ပို့လိုက်ရသည်။ အစေခံတွေအားလုံးက သူ့နောက်ကျောကို ညွှန်ပြပြီး တီးတိုးပြောနေကြသည်။ ခမည်းတော် ဧကရာဇ်မင်းသည် သူ၏သွေးကို စမ်းသပ်လို ကြောင်းပြော လိုက်ချိန် အဌမမင်းသားက အံကြိတ်ကာ သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထို စမ်းသပ်ခြင်းဖြင့် သူက ဘယ်သူဖြစ်တယ်ဆိုတာ အဖြေရှာနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ဧကရာဇ်မင်းသည် သူ့ဘက်၌ အလုံးစုံပြင်ဆင်ထားပြီး လော့လွေ့စိန်းအား မင်းသားလီ၊ သူ၏သားတော်များ၊ အရေးပါသော အရာရှိများနှင့် မျိုးနွယ်စုအကြီးအကဲများကို နဂါးတဲထဲသို့ ခေါ်သွားရန် အမိန့်ပေးခဲ့သည်။  

ဧကရာဇ်က ထိုသို့ကြေညာခဲ့သည်–

"မင်းသားလီက လျှို့ဝှက်အစီရင်ခံစာကို လက်ခံရရှိခဲ့တယ်။ တော်ဝင်မိသားစု၏ သွေးသားတွေမှာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။  စမ်းသပ်ဖို့ လျှို့ဝှက်နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပြီ။"

ဧကရာဇ်သည် စာတစ်စောင်ကို အမှန်တကယ် မဖော်ပြထားပေ။  ဘယ်သူက ဆေးစစ်ခံရတယ်ဆို တာလည်း မပြောပါဘူး။ ဒီလူတွေရဲ့သွေးတွေ ရနေပြီလို့သာ ပြောပြီး လျှို့ဝှက်နည်းလမ်းကို သိတဲ့ ဧကရာဇ် သမားတော်တွေကို စမ်းသပ်မှု အမြန်လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့သည်။

မျိုးနွယ်စုအကြီးအကဲများနှင့် အရေးပါသော အရာရှိများသည် ဧကရာဇ်မင်း၏ ကြေငြာချက်ကြောင့် အံ့ဩသွားကြသည်။ ပထမအချက်မှာ ဧကရာဇ်မင်းသည် မည်သူ၏သွေးကြောင်းကို အမှန်တကယ် ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။ ဒုတိယအချက်မှာ သမားတော်များ စစ်ဆေးရန် လိုအပ်သော ကျောက်စိမ်း ပုလင်းများသည် ထူးဆန်းသော အမှတ်အသားများ ပါရှိခြင်းမှလွဲပြီး ဒါက ဘယ်သူ့သွေးဆိုတာ မပြောနိုင်ပေ။

ဒီသင်္ကေတတွေရဲ့ အယူအဆဟာ တကယ်တော့ လီယွီ ရဲ့ ကူညီမှုတစ်ခုပဲ။ ဧကရာဇ်၏အစီအစဉ်များကို လေ့လာပြီးနောက် လီယွီသည် လူတို့၏အမည်များကို အစားထိုးရန်အတွက် သင်္ကေတများအသုံးပြုရန် အကြံပြုခဲ့သည်။ ဧကရာဇ်ကိုယ်တိုင်ကသာ ဘယ်သင်္ကေတက ဘယ်သူနဲ့ သက်ဆိုင်တယ်ဆိုတာကို သိနိုင်မည်ဖြစ်သည်။  

ဆဌမ  မင်းသားသည် မူလက ဧကရာဇ်မင်းမြတ်၏ ရလဒ်ကိုသိရှိပြီးနောက်  ဒေါသပေါက်ကွဲလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ဧကရာဇ်မင်းသည် ထိုနည်းလမ်းကို ကျင့်သုံးမည်ဟု လုံးဝ မထင်ခဲ့ပေ။

ပုံမှန်အားဖြင့် တော်ဝင်သမားတော်များသည် သွေးကို ဦးစွာရယူပြီးနောက် စစ်ဆေးမှုပြုလုပ်သည်။ သမားတော်များသည် မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ် သိရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း ယခုအခါ ဧကရာဇ်၏နည်းလမ်းဖြင့် သမားတော်များကလည်း ဘယ်သူ့သွေးဆိုတာ မသိကြပေ။ ဧကရာဇ်မင်းသည် တော်ဝင်သမားတော်များ သိမည်ကိုကာကွယ်ထားကြောင်း တွေ့မြင်နိုင်သည်။

သွေးနဲ့ပတ်သတ်ပြီး လှည့်ဖြားမှုလုပ်ဖို့ဆိုရင် အကောင်ဆုံးနည်းလမ်းမှာ တော်ဝင်သမားတော်တစ်ဦးကို လာဘ်ထိုးခြင်းဖြစ်သည်။

ထိုမင်းဆက်တွင် လျှို့ဝှက်ဖော်မြူလာအကြောင်း သိသော ဧကရာဇ် သမားတော် အများအပြား မရှိပေ။ ဆဌမမင်းသား၏မိခင် ကိုယ်လုပ်တော်ကျန်းက တစ်ချိန်က ဖန်းမျိုးရိုးနှင့် တော်ဝင်သမားတော် ၏ အသက်ကို ကယ်တင်ခဲ့ဖူးသောကြောင့် ဆဌမမင်းသားသည် ကျင်းအိမ်တော်တွင် "အမွေဆက်ခံသူ မင်းသားငယ်" ထံမှရရှိသောသွေးကို သီးသန့်စစ်ဆေးရန် ထိုသမားတော်ဖန်းကို စည်းရုံးနိုင်ခဲ့သည်။ သမားတော်ဖန်းအား ထိုကလေးက တော်ဝင်မျိုးရိုး၏ အမွေဆက်ခံသူ သွေးသားရင်း မဟုတ်ကြောင်း အကြိမ်ကြိမ် ကတိပြု ထားသောကြောင့် ဆဌမ  မင်းသားသည် ယခုတစ်ခါ လုပ်ဆောင်ချက်က အထစ်ငေါ့မရှိနိုင်ဟု ခံစားခဲ့ရသည်။

ကျင်းဝမ် ၏ အမွေဆက်ခံသူရဲ့ သွေးကို ဖောက်မည့်သူက တော်ဝင်သမားတော် အဖွဲ့ဝင်မဟုတ်ပေ။ တော်ဝင်သမားတော်များပင် ဘယ်သွေးက ဘယ်မင်းသားရဲ့ သွေးဆိုတာ   မသိကြသော်လည်း ဆဌမမင်းသား အတွက်မူ ထိုအရာသည် အတားအဆီးမဟုတ်ပေ။  ဆဌမမင်းသားက    ဧကရာဇ်မင်းအား အဘယ်ကြောင့် ထိုကဲ့သို့သော အစီအစဉ်မျိုး ပြုလုပ်ရသနည်းဟု မေးခွန်းထုတ်ဖို့လည်း မလုပ်နိုင်ပေ။

"အရှင်မင်းသား..ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

ဆဌမ  မင်းသားရဲ့ ကျွန်က လှည့်ပတ်ကြည့်ကာ မေးမြန်းလိုက်သည်။   ထိုကျွန်နှင့် တန်ပြန်လုပ်ဆောင်ဖို့  စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်တွင် ကျင်းဝမ်ဖေးသည် "ဒဏ်ရာရနေသော" လက်ချောင်းလေး ရှိသည့် အမွေဆက်ခံသူလေးကို ပွေ့ချီလာသည်ကို အလွယ်တကူမြင်လိုက်ရသည်။

ဧကရာဇ်မင်းမြတ်သည် ဒုတိယနှင့် တတိယမင်းသားမှလွဲ၍ အခြားမင်းသားအားလုံးကို ဆင့်ခေါ်ခဲ့သည်။ ကျင်းဝမ် သာ ပေါ်မလာခဲ့ပေ။ ဧကရာဇ်သည် ကျင်းဝမ် ကို သော့ခတ်ထားဆဲဖြစ်ပြီး၊ ကျင်း-ဝမ်ဖေး သည် အလွန်အမင်းစိုးရိမ်သွားပုံရသည်။  

ဆဌမ  မင်းသားက သူ့ကျွန်ကို နားထောင်ဖို့ အမိန့်ပေးလိုက်သည်။  ကျင်း-ဝမ်ဖေး က အရမ်းသတိရှိနေသည်။  ထိုကိုယ်ရေးကိုယ်တာအစေခံသည် အလွန်နီးကပ်စွာ မနေရဲပေ။ ကျင်း-ဝမ်ဖေး နူတ်မှ "ရှာမတွေ့ဘူး" "လဲလှယ်လို့မရဘူး" နှင့် အခြားထိုကဲ့သို့သော စကားစုများကို ဖျတ်ခနဲကြားလိုက်ရသည်။

ဆဌမ  မင်းသားလေးသည်  မဲ့ရွဲ့ပြီး ကျင်း-ဝမ်ဖေး သည်  ဘယ်လောက်  ထိတ်လန့်နေမှန်း ထိုစကားမှ တဆင့် သူ သိလိုက်သည်။ အမွေဆက်ခံသူလေးသည် မည်သည့်နေရာက လာသနည်း၊ ကျင်း-ဝမ်ဖေး သည် အခြားသူများထက် ကောင်းကောင်း သိနိုင်လိမ့်မည်။ ဧကရာဇ်၏ အစီအစဉ်ကို ဆဌမမင်းသား မစိုးရိမ်ခဲ့ပေ။ စိုးရိမ်နေရမည့်သူတွေကတော့ ကျင်းဝမ် ရဲ့ အဖွဲ့ပါပဲ...။

ထို့ကြောင့်၊ ကျင်းဝမ်သည် လိမ်လည်မှုကျူးလွန်မည်ကို စိုးရိမ်သဖြင့် ဧကရာဇ်၏ ဆုံးဖြတ်ချက်များအရ  ကျင်းဝမ် ကို သတိထားစောင့်ကြည့်နေတယ်ဆိုတာ သိသာနေသဖြင့်  ဆဌမမင်းသားကတော့  စိုးရိမ်မနေတော့ပေ။

ဆဌမမင်းသားသည် ဧကရာဇ်မင်းကြီးက အမှန်တရားကို  ဖော်ထုတ်နိုင်သည်ဟု ယုံကြည်ကာ   စိတ်အေးအေးထားပြီး သတင်းကို တိတ်တဆိတ် စောင့်နေသည် ။

တစ်ဖက်တွင်မူ ဆဌမမင်းသားကိုကူညီနေသော သမားတော်ဖန်းသည် အမှန်တကယ်ပင် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

တော်ဝင်သမားတော်များသည် တော်ဝင်သွေးတွေကို စစ်ဆေးရာတွင် အလွန်သတိထားရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဦးစွာသွေးကို တစ်ဦးချင်း စစ်ဆေးပြီးနောက် ရလဒ်ကို အတည်ပြုရန် အဖြေတွေကို စုစည်းခဲ့ကြသည်။ ထိုတွင် သမားတော်ဖန်းသည် သွေးအားလုံးသည် တော်ဝင်သွေးဖြစ်ကြောင်း အံ့အားသင့်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုရလဒ်သည် ဆဌမ  မင်းသားလိုချင်သောရလဒ်နှင့် အဘယ်ကြောင့်ကွာခြားနေသနည်း။ သမားတော် ဖန်း အံသြသွားသည်။

ထိုကိစ္စသည် ဆဌမမင်းသား၏ကြီးမားသော လုပ်ရပ် နှင့် ဆက်စပ်နေသောကြောင့်, သမားတော်ဖန်းက ဘာဆက်လုပ်ရမည်ကို အတည်ပြုရန် ဆဌမ  မင်းသားထံသို့ သတင်းပို့ရန်လိုအပ်ကြောင်းဆုံးဖြတ်ခဲ့သည်။  

ဒါကြောင့် သမားတော်ဖန်းက နေမကောင်းလို့ စစ်ဆးမှုကို ဆက်မလုပ်တော့ဘဲ အပြင်ထွက်ပြီး လက်ဆေးချင်တယ်လို့ ပြောလိုက်သည်။  

******-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now