Chapter (66):"ငါ့ အနှစ်တွေကို စုပ်ယူစေချင်တယ်"

7.2K 1.2K 27
                                    

Chapter (66):"ငါ့ အနှစ်တွေကို စုပ်ယူစေချင်တယ်"


မုထျန်းရှောင်သည် မုထျန်းယန် ၏ အမိန့်ပေးတံဆိပ်ပြားကို ရရှိခဲ့သော်လည်း တတိယမင်းသား စိတ်ကူးထားသည့်အတိုင်း မလုပ်နိုင်ခဲ့ပေ။ သူက အပြင်မှာ တတိယမင်းသားအတွက် မလုပ်ပဲ သူ့ကိုယ်ကျိုးအတွက် အသုံးချတော့သည်။

အရိုက်ခံထားရသည့် ဒဏ်ရာတွေ ပြန်လည်သက်သာပျောက်ကင်းလာပြီးနောက် မုထျန်းရှောင်က နန်းတော်ထဲကို ဝင်ပြီး ခမည်းတော်မင်းကြီးကို သူ့ကိုအပြစ်ပေးခဲ့ပေမယ့် ကျေးဇူးတင်စွာ အပြုံးဖြင့် ဂါရဝပြုခဲ့သည်။

ဧကရာဇ်မင်းမြတ်သည် မုထျန်းရှောင်နှင့် တွေ့ဆုံခဲ့ပေမယ့် မုထျန်းရှောင်ကို အေးစက်စက်သာ ဆက်ဆံခဲ့သည်။ မုထျန်းရှောင်က မုထျန်းမင်၏ ခိုင်းစေသည့်အတိုင်းလုပ်ခဲ့ကာ အဓိက လူမဟုတ်ဘူးဆိုတာ အရိပ်သက်တော်စောင့်တွေက လျှောက်တင်ခဲ့ပေမယ့် မုထျန်းရှောင်ကို မင်းကြီးက သဘောမကျတော့ပဲ အလွန်အေးစက်သော သဘောထားရှိနေဆဲဖြစ်သည်။

မုထျန်းရှောင်က မင်းကြီးရှေ့တွင် အမြဲပွင့်လင်းသောသူကဲ့သို့ သရုပ်ဆောင်ပြခဲ့သည်။ မကြာသေးမီက မုထျန်းမင် နောက်သို့ အမြဲလိုက်နေကာ ဧကရာဇ်မင်းကြီး ရှေ့တွင် မကြာခဏ မျက်နှာပြလေ့ရှိသည်။ သူသည် ဧကရာဇ်မင်းမြတ်၏ အေးစက်သောမျက်နှာကို နှစ်ပေါင်းများစွာ ကျင့်သားရခဲ့ပြီး လေးလေးစားစား တုံ့ပြန်ခဲ့သည်။

မင်းကြီးကို ဂါရဝပြုပြီးနောက် မုထျန်းရှောင်က ဘုန်းကြီးအတုကြောင့် ကျင်းဝမ်ကို အထင်လွဲခဲ့မိသည်ကို ပြန်လည်ပေးဆပ်ဖို့၊ တောင်းပန်ဖို့ လက်ဆောင်စာရင်းပြင်ဆင်ထားကြောင့် လျှောက်တင်ခဲ့သည်။ မင်းကြီးက ထိုစာရင်းနှင့်ပတ်သတ်ပြီး သုံးသပ်ပေးရန် ဧကရာဇ်ထံ တင်ပြလိုကြောင်း လျှောက်တင်ခဲ့သည်။

ဧကရာဇ်မင်းကြီးသည် ယခင်ကလည်း ဒုတိယမင်းသားသည် အလားတူ အမှုကို ပြုခဲ့ဖူးသည်ကို သတိရပြီး ဆဋ္ဌမမင်းသားကို ကြည့်သောအခါတွင် သူ၏မျက်လုံးများသည် သံသယများ ပြည့်နှက်နေခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now