Chapter (145-2) - အချစ်နဲ့ အရာရာကို ရင်ဆိုင်မယ်

3.5K 779 7
                                    

Chapter (145-2) - အချစ်နဲ့ အရာရာကို ရင်ဆိုင်မယ်


"ဒါ ကျွန်တော်တို့ သမီးပဲ!" လီယွီက ခေါင်းညိတ်ပြပြီး သမီးချောချောလေးအတွက် ဂုဏ်ယူမိသည် ။

"ပါးပါး  ပါးပါး !"
ပေါင်းရိ ၊ ပေါင်းအာ့၊ ပေါင်းစန်း  နှင့် ပေါင်းဆု တို့သည် သူ့ပတ်ဝန်းကျင်တွင်ဝိုင်းလာပြီး ကလေးသံတွေနဲ့ စည်ကားနေသည်။ ကလေးတွေက ဘယ်လိုပြောရမလဲ မသိလို့  လီယွီရဲ့ဗိုက်ကို ဝိုင်းကာ ပွေ့ဖက်လိုက်ကြာ ခဏအကြာတွင် ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပျော်ရွှင်စွာ အော်ပြောသံတွေ ထွက်လာသည်။

 "ရွေ့တယ်! အထဲမှာ ရွေ့နေတယ်!"

လီယွီသည် အကြောင်းအရာကို မဖုံးထားပဲ  ဗိုက်ထဲက ညီမငယ်လေး လှုပ်နေတာ ဖြစ်ကြောင်း ပြောပြလိုက်သည်။ ကလေးတွေက သူတို့ ဖာသာ  တညီတညွတ်တည်း ထပ်ပြောလိုက်သည်။

 "ညီမလေး ရွှေ့နေတာ။"

ဒါတွေအားလုံးကို အဝေးကနေ မြင်လိုက်ရတော့ ဝမ့်ရှီး က သူ့မျက်လုံးတွေကို မသုတ်ပဲ မနေနိုင်တော့ပေ။
သူ တကယ်နားမလည်နိုင်တော့ပေ။  ဒါက ထိုက်ကျူဖေး ရဲ့ဒုတိယမြောက်ကိုယ်ဝန်ဖြစ်နေပြီဆိုတော့ သခင်နှစ်ယောက်က ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေသေးတာလဲ၊ ဒါပေမယ့် ဝမ့်ရှီး ကတောင်   အရမ်းစိတ်လှုပ်ရှားနေမိတယ်။

လီယွီတွင် ကလေးလေးယောက်ရှိနေပြီဖြစ်သော်လည်း သူသည် လူသားပုံစံဖြင့်မွေးဖွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဟုတ်တယ်၊ ဒါက သူ့အတွက် အရမ်းဆန်းသစ်တယ်လို့ ခံစားရတယ်။

ဧကရာဇ်ပင်လျှင် လီယွီ၏ကိုယ်ဝန်ကို အထူးစိုးရိမ်နေပါသည်။ ကိုယ်ဝန်အကြောင်းကို သူသိပြီးကတည်းက ထိုက်ကျူဖေး ၏ အခြေအနေကို အကဲဖြတ်ရန် တော်ဝင်သမားတော်များအား အိမ်ရှေ့မင်းသား၏ အိမ်ယာသို့ နေ့စဉ် သွားစစ်ဆေးဖို့ ညွှန်ကြားခဲ့သည်။

ချိုမြိန်သော မုန့်လုံးလေးက ထပ်မံ လှုပ်သွား၏။ နောက်နေ့မနက် တရားရုံးမှာ အိမ်ရှေ့စံမင်းသားက ပါးစပ်ကို အပေါ်ကို ကွေးပြီး ပျော်ရွှင်စွာ အလုပ်လုပ်နေခဲ့သည်။

ဧကရာဇ်သည် အလွန်အံ့သြသွားသည်။ အိမ်ရှေ့မင်းသားကို ဘွဲ့ပေးသည့်နေ့တွင်ပင် သူ့သားတော်က အခုလို ပျော်နေသည့် ပုံမပြပေ။ အဲဒီအကြောင်းရင်းကို မေးလိုက်တော့ အိမ်ရှေ့မင်းသားက  ပြန်ဖြေခဲ့သည်။


"ကျွန်တော့် သမီးလေး လှုပ်နေလို့ ကျွန်တော်ပျော်နေတာပါ ခမည်းတော် "

ထိုအကြောင်းအရာကို အမှန်အတိုင်းသိပြီးနောက် ဧကရာဇ်သည်   အနည်းငယ် တုန်လှုပ်သွားခဲ့သည်။  

ကလေး လေးယောက်ကို အနောက်တောင်တန်းမှာ နေစဉ်က မွေးဖွားခဲ့လို့  ဧကရာဇ်သည် သူတို့ကို မစောင့်ရှောက်နိုင်ပေ။ ပထမအကြိမ်ပွေ့ရချိန်က ကလေးတွေပင်  အသက်တစ်နှစ်နီးပါးရှိနေပြီ။ ယခုတစ်ကြိမ်တွင် ဧကရာဇ်မင်းသည် သူ၏ဂရုစိုက်မှုကို မည်သို့ပြသရမည်ကို  တစ်ချိန်လုံး တွေးနေခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ထိုက်ကျူဖေး တွင် ယောက်ျားလေး လား၊ မိန်းကလေး လားဆိုတာ သမားတော်များကပင် အတည်မပြုနိုင်သေးဘဲ၊ အိမ်ရှေ့မင်းသားသည် အဘယ်ကြောင့် ထိုမျှ ယုံကြည်မှု ရှိရသနည်း။

ဧကရာဇ်မင်းမြတ်သည် အိမ်ရှေ့မင်းသား လင်မယားတွင် သားလေးယောက်ရှိနေပြီဖြစ်သောကြောင့်၊ သူတို့သည် အမှန်တကယ် သမီးတော်လိုချင်ခြင်းဖြစ်နိုင်သည်ဟု ဧကရာဇ်က တွေးထင်ခဲ့သည်။ ထိုက်ကျူဖေး သည် ကလေးကို မုန့်ချိုလုံးလေး ဟုခေါ်ပြီး နာမည်ပြောင်ရွေးပြီးပြီဟု သူကြားသည်။

ဧကရာဇ်သည် ကလေးတွေ အကြောင်း တွေးသည်။ ဒီတခေါက် မြေးမလေးမွေးခဲ့ရင်လည်း  မဆိုးပါဘူး။  

အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်မင်းမြတ် ပေးအပ်ထားသော လက်ဆောင်ပစ္စည်းအစုံအလင်ကို ယူဆောင်ကာ အိမ်သို့ပြန်လာခဲ့သည်။ ဧကရာဇ်မင်းသည် တစ်ခု သို့မဟုတ် နှစ်ခုသာ ဆုချသည်ဟု  ပြောပေမယ့် ဧကရာဇ်သည် ကလေးလေးယောက်စလုံးအတွက် ပမာဏကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးချင်သည်။

သာမာန်လူတွေက ဧကရာဇ်ရဲ့လက်ဆောင်တွေကို လက်ခံရရှိတဲ့အခါ နည်းနည်းတော့ အတွေးလွန်သွားနိုင်သည်။  ကိုယ်ဝန်ရှိလာပြီးနောက် လီယွီ၏ တုံ့ပြန်မှုသည် များသောအားဖြင့် ခြေတစ်လှမ်းစာလောက် နှေးကွေးနေသည်။ သူ တွေးစရာ မလိုရင် တွေးမနေတော့ဘူး။

အခုဆို လတွေ  တစ်လပြီးတစ်လ ကုန်ဆုံးသွားပြီး  လီယွီသည် လှည့်ပတ်သွားလာရန် အခက်အခဲရှိ လာသည်။ အခြေအနေကို ဖြည်းညှင်းစွာ ထိန်းညှိရန် 10 လနီးပါး အချိန်ယူရမည်ဟု မူလက ထင်ခဲ့သော လီယွီ သည် မကြာသေးမီက ဝေဒနာနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်စပြုလာသည်။

ကျွမ်းကျွယ် မင်းသမီး  သည် သူ့ထံ မကြာခဏ လာလည်သည်။ လီယွီ၏ စိုးရိမ်ပူပန်မှုများကို သူမ နားမလည်တော့ပေ။ မင်းသမီး၏မျက်လုံးထဲတွင် လီယွီသည် ကလေး လေးယောက်ကိုပင် မွေးထားပြီးလို့ သူ့ထက် လုံးဝ အတွေ့ကြုံရင့်ကျက်နေပြီ မဟုတ်လား။ ဒါပေမယ့် ဒါက လီယွီရဲ့ ပထမဆုံး လူသား အသွင်နဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးတယ်ဆိုတာ သူမ မသိခဲ့ပေ။

သို့သော်လည်း မင်းသမီးသည် လီယွီ၏ တောင်းဆိုမှုအောက်တွင် သူမ၏ အတွေ့အကြုံများကို ပြောပြပေးဆဲဖြစ်သည်။ လီယွီက ကလေးမွေးသည့် အတွေ့ကြုံကို ကြားလေလေ ကြောက်ရွံ့လေလေဖြစ်သည်။ ဒါကိုနားထောင်တာက အကူညီဖြစ်မယ့်အစား သူ့ကို ပိုလို့တောင် စိတ်ပူစေတယ်။
 
ကိုယ်ဝန်ရှိလာပြီးနောက်တွင် သူသည် အလွန်ကောင်းမွန်စွာ အိပ်စက်လေ့ရှိသည်။ ယခုမူ သူ၏ စိုးရိမ်ကြောင့်ကြမှုမှာ လုံးဝ အိပ်မပျော်နိုင်ပေ။ လီယွီသည် မသက်မသာဖြင့် နှစ်ကြိမ်လှည့်ကာ အိမ်ရှေ့မင်းသားကို နှိုးလိုက်သည်။

"ရှောင်ယွီ....ဘာဖြစ်လို့လဲ ?" အိမ်ရှေ့မင်းသားသည် လီယွီ၏ခေါင်းထိပ်ကို ပွတ်သပ်လိုက်သည်။

လီယွီသည် သူ့ဘက်ကို လှည့်လာချိန် နိုးနေသင့်ပေမယ့် ရှောင်ယွီက လုံးဝ မလှုပ်ပေ။  မုထျန်းချီ သည် ထိုငါးကလေးကို ဂရုတစိုက် လှန်လိုက်ရာ ငါးကလေးက   မျက်ရည်များ ဖုံးလွှမ်းနေပြီး သူ့မျက်နှာတစ်ပြင်လုံးတွင် နှပ်ချေးများပင် စီးကျနေကြောင်း တွေ့ရှိခဲ့သည်။

"ဘာဖြစ်တာလဲ?" မုထျန်းချီ ထိတ်လန့်သွားပြီး သူ့ကို အလျင်အမြန် ပွေ့ဖက်လိုက်သည်။

လီယွီက သူ့ခေါင်းကို သူ့ရင်ဘတ်မှာ မြှုပ်လိုက်တယ်- "ကျွန်တော် ... ရုတ်တရက် ကြောက်လန့်သွားသလို ခံစားရတယ်။"  

သူ အံ့အားသင့်စွာ ခေတ္တရပ်လိုက်သည်၊ နောက်ဆုံး သူ ကလေးမွေးရမည့် အချိန် ဘယ်လောက် နာကျင်မည်ကို တွေးမိကာ အထိန်းအကွပ်မဲ့စွာ ငိုတော့သည်။

ဗိုက်ထဲကကလေးကို မလိုချင်တာကြောင့် မဟုတ်ဘူး။ သူသည် ခံစားချက်တွယ်တာမှုကို ကြီးထွားလာစေမည့် ချိုမြိန်သော မုန့်လုံးလေးကို သူ့ဝမ်းဗိုက်ထဲ တစ်ချိန်လုံး  သယ်ဆောင်ထားခဲ့သည်။ သမီး ချောချောလေး လှုပ်ရှားသွားတဲ့အခါ အပျော်ဆုံးသူကတော့ သူပါပဲ။ သို့သော် အကြောက်တရားသည် တကယ့်ကို စစ်မှန်နေဆဲဖြစ်သည်။

ထိုသည်မှာ သူတစ်ခါမှ မကြုံဖူးသော သားဖွားခြင်း အန္တရာယ်များကို ရင်ဆိုင်ရခြင်းမည့်အချိန် လူတွေမှာ ဖြစ်လာသည့် အလိုလို ကြောက်ရွံ့မှုတစ်ခုလည်း ဖြစ်သည်။

ငိုရတဲ့အကြောင်းရင်းက ပျော့ညံ့ခြင်းနဲ့ ဘာမှမဆိုင်ပေ။ ထိုသည်မှာ လီယွီ သည် သူ့စိတ်ပူပန်မှုများမှ လွတ်မြောက်နိုင်စေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်- ထိုခံစားချက်များကို အပြင်ပန်းထုတ်ဖော်ပြခြင်းဖြင့်...... သူ့ရင်ထဲက ပူပန်မှု နည်းနည်းတော့ လျော့သွားနိုင်တယ် မဟုတ်လား

လီယွီက သူ့ကိုယ်သူ မဆုတ်မနစ် အားပေးခဲ့သည်။ သူ ဒါကို သေချာပေါက် လုပ်နိုင်ပါတယ်။

အိမ်ရှေ့မင်းသားကို တွန်းထုတ်ချင်ပြီး အိမ်ရှေ့မင်းသားကို စိတ်မပူစေချင်ဘူး။ သူ့ကိုယ်ဝန်က ပိုရင့်လာလို့ အခု သူ ဒေါသထွက်လွယ်နေပြီ။ ယခုက ဟိုမုန်းအပြောင်းလဲကြောင့်  သူက ပို၍ ငိုချင်သလိုဖြစ်နေတာလည်း ဖြစ်နိုင်တယ်။
 
ဒါဟာ တိုက်ပွဲမစတင်မီ လွတ်မြောက်ဖို့ ကြိုးစားနေသလိုမျိုးလား။ အဲဒါက နည်းနည်းတော့ စိတ်လှုပ်ရှားစရာပါ။ သူ့ကိုယ်သူ နည်းနည်းလေးတောင် အထင်သေးသွားမိတယ်။  

"ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေရုံလေးပါ" လီယွီက ငိုယိုပြီးပြောသည်။

သို့သော်လည်း အိမ်ရှေ့မင်းသားသည် သူ၏ ငြင်းပယ်မှုကြောင့်သာ အမှန်တကယ် ထွက်ခွာသွားခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား သူသည် လီယွီကို ဆုပ်ကိုင်ကာ နှစ်သိမ့်သော ကျောကို အသာ  ပွတ်ပေးသည်။

"ရှောင်ယွီ၊ မင်းငိုချင်ရင် ငိုလိုက်ပါ။ ကိုယ့်ကိုကိုယ် အတင်းမတွန်းထုတ်ပါနဲ့။"

မုထျန်းချီ က ညင်သာစွာ ဖြေသိမ့်လိုက်သည်။ လီယွီသည် မူလက အနည်းငယ် ငြိမ်သက်သွားခဲ့သည်။ ဒီစကားကြောင့် သူ ထပ်ငိုတော့တယ်။

အိမ်ရှေ့မင်းသားသည် ဤနေရာ၌ မည်သို့မျှ မကူညီပေးနိုင်ပေ။  လီယွီသည် ထိုအချက်ကို စိတ်ထဲကနေ  နားလည်သည်။ ပြီးတော့ သူက "မကူညီနိုင်လို့" ဆိုတော့ နည်းနည်းတော့ "စက်ဆုပ်ဖွယ်ကောင်းတယ်" လို့ ခံစားလိုက်ရတယ်။

ကိုယ်ဝန်ဆောင်ရတာ တကယ်မလွယ်ပါဘူး။ ဇီဝကမ္မဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ်လည်း အများကြီး သက်ရောက်သည်။

လီယွီက ညည်းညူချင်လာတော့သည်။  ဒီကလေးက သူတို့နှစ်ယောက်ပိုင်တာ ထင်ရှားပေမယ့် ကိုယ်ဝန်ဆောင်ခြင်းရဲ့ ဆင်းရဲဒုက္ခကို သူတစ်ယောက်တည်း ဘာကြောင့် ခံနေရတာလဲ။
 
အိမ်ရှေ့မင်းသားက သူ့င်္အကျီလက်ကို လှန်ပြီး လက်ကို ဆန့်လိုက်ကာ  သူ့နှုတ်ခမ်းများ တွန့်ကွေးကာ စိတ်ဓာတ်ကျနေသည့် ရှောင်ယွီကို ချော့ရင်း အလုပ်များနေလေသည်။

အိမ်ရှေ့မင်းသားက "မင်း စိတ်မချမ်းသာရင် ငါ့ကို ကိုက်လိုက်ပါ" လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

လီယွီ : "......"

လီယွီသည် အသားများစွာရှိသော အိမ်ရှေ့မင်းသား၏လက်မောင်းတွင် ဧရိယာတစ်ခုကို ရှာတွေ့ခဲ့ပြီး လက်လွှတ်မခံဘဲ ဖိကိုက်ကာ ကြမ်းတမ်းစွာ ကိုက်ခဲ့သည်။

အိမ်ရှေ့မင်းသားက မျက်တောင်တစ်ချက် မခတ်ပေ။ လီယွီအကိုက်ခံရပြီးနောက် အိမ်ရှေ့စံမင်းသားက သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ နှစ်သိမ့်ပေးခဲ့သည်။

 "ကံဆိုးတာက ကိုယ်က မင်း ကြုံတွေ့နေရတဲ့ အခက်ခဲရဲ့ အပုံတစ်သောင်းပုံ တစ်ပုံကိုတောင် ကူပြီး ရင်မဆိုင်ပေးနိုင်ခဲ့ဘူး "

"မကြောက်နဲ့......" အိမ်ရှေ့မင်းသားက "ငါ မင်းနဲ့အတူနေပေးမယ်နော်"  

လီယွီသည် မျက်ရည်များစွာကျလာကာ သူ့မျက်လုံးများ ရှက်ရှက်ဖြင့် နီရဲလာပြန်သည်။

ဒီစကားတွေကို အိမ်ရှေ့မင်းသားက တကယ့်ကို စိတ်ရင်းနှင့် ချိုသာစွာ ပြောခဲ့တယ်။ လီယွီသည် ထိုမျှ ကြီးမားသော ကိုက်ရာကြီးထင်အောင် ကိုက်ပြီးသွားသည့်နောက် စိတ်ခံစားချက် ပိုကောင်းလာသည်။
 

"ကျွန်တော် အခုနေကောင်းပါတယ်- စိတ်မပူပါနဲ့" လီယွီက တိုးတိုးလေးပြောသည်။

တခါတရံ ကြောက်ရွံ့မှုသည် ကုန်းဆင်းတွင် လှိမ့်နေသော နှင်းဘောလုံးကဲ့သို့ ကြီးထွားလာတတ်သည်။ ဒါပေမယ့် သူ့လောင်ကုန်းက သူ့ကို ချစ်နေသေးတယ်ဆိုတာ သိနေသရွေ့တော့ အကြောက်တရားက အချစ်ကြောင့် လွင့်စင်သွားလိမ့်မယ်။

******-**********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now