Chapter (58-2) _ ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်

7.5K 1.5K 20
                                    

Chapter (58-2) _ ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်



ရှက်သွေးဖြာနေရင်း လီယွီ က ကျင်းဝမ်ကို ခိုးကြောင်း ခိုးဝှက်လှည့်ကြည့်လိုက်သည်။

ဒီ လူယုတ်မာက ဝမ့်ကုန်းကုန်းကို အသုံးချပြီး သူ ဖြစ်ချင်တာကို တဖက်လှည်နဲ့ လုပ်ခဲ့ပြန်ပြီ။ အခုဆိုရင် သူတို့ အပြင်မှာ အတူတူ ထွက်ကြလည်း ကျင်းဝမ်က သူ့ကို အတင်းအကျပ် တိုက်တွန်းတာ ဘယ်ဟုတ်တော့မလဲ။


လီယွီက တိတ်တိတ်လေး ဆဲလိုက်သည်။ ဒီလူယုတ်မာက အရင်က မာမာတင်းတင်းပေမယ့် အခုတော့ သူ့ကို လိုက်ချင်နေတယ်ဆိုတာ သူ သိလိုက်သည်။   သူ ဒီလောက် အရှိန်အဟုန်နဲ့ တိုးတက်နေပြီလား။

ဒါပေမယ့် ဈေးကို သွားလို့တော့ ရပါတယ်။


 လီယွီသည် ငြင်းဆန်ရန် လုပ်မနေတော့ပဲ   နှုတ်ခမ်းကို ကိုက်ကာ ဒီလို ဈေးကိုသွားတာကလွဲရင် ချိန်းတွေ့တာ လုံးဝ မဖြစ်စေရဘူးလို့ သူ့ဖာသငာ ပြောလိုက်သည်။ ပြီးတော့ သူလည်း လုံးဝ အရှုံးမရှိနိုင်ပါဘူးလေ...နော...


 

လီယွီက ခေါင်းညိတ်ကာ တရားဝင် သဘောတူ လိုက်သည်။


ဝမ့်ကုန်းကုန်းက အရှင်မင်းသား အကြံစည် အောင်မြင်သွားလို့ တိတ်တဆိတ် ဂုဏ်ပြုလိုက်မိသည်။


မင်းညီမင်းသားတွေ အပြင်ထွက်တာ ချက်ချင်း ထွက်လို့မရပေ။ အရင်ဆုံး ဈေးဖွင့်ပြီးနောက် လုံခြုံရေးကို စီစဉ်ရဦးမည်။ ဒါကြောင့် ဈေးသွားဖို့က အချိန်လိုသေးသည်။


လီယွီ အပြင်ထွက်တဲ့အခါ ဝတ်ဖို့ သင့်တော်တဲ့ အဝတ်စား ချုပ်ပေးဖို့ လိုအပ်တဲ့အတွက်  သင့်လျော်သော  အဝတ်အစားပုံစံအချို့ကို သီးသန့်ညွှန်ပြပြီး ဝမ့်ကုန်းကုန်းကို စိုက်ကြည့်ကာ စေခိုင်းလိုက်သည်။ မင်းသားလေးကြောင့် ဝမ့်ကုန်းကုန်းလည်း မကြာသေးမီက အလုပ်များ လွန်းနေသည်။

ရှောင်ယွီ၏စိုးရိမ်ပူပန်မှုများကို  ဖြေရှင်းနိုင်ရန် ငါးကို ချစ်မြတ်နိုးသော ကျင်းဝမ် သည် ငါးကို အတူတူခေါ်လာပြီး ဈေးဝယ်ထွက်ရန် စီစဉ်လိုက်သည်။  ငါးကိုပြုစုရန်တာဝန်အားလုံးကို သခင်လေးလီအား ပေးအပ်ခဲ့သည်။

လီယွီက သူဖြစ်ချင်တာနဲ့ကွက်တိ ဖြစ်လာလို့ ကျေနပ်သွားသည်။ ကျင်းဝမ်က သူ့ကို ငါးကို စောင့်ရှောက်ခိုင်းတယ်။ ဒါဆိုရင် ငါးဖန်ဘူးလေးထဲ  ငါး အတုကို ထည့်ဖို့က သူ့ အတွက် အသာယာလုပ်ရုံပဲ မဟုတ်လား။

ဘယ်ဟာ ငါးအစစ်  ဘယ်ဟာက ငါးအတုဆိုတာ ဘယ်သူမှ အလွယ်တကူ မဆုံးဖြတ်နိုင်တော့ဘူး။

ဈေးကို ထွက်ဖို့ ကျင်းဝမ်နှင့်  ချိန်းဆိုခဲ့ပြီး လူသား အသွင်ပြောင်းပြီးနောက် ချက်ချင်း တွေ့ဆုံခဲ့တယ်။

သူက ကျင်းဝမ်  ဒီဇိုင်းဆွဲကာ ချုပ်ခိုင်းခဲ့သည့်  နှင်းဆီနှင့် ငွေရောင်ကြာပန်းတို့ ပါဝင်သည့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။

 သူ့ခါးတစ်ဝိုက်တွင် ကျောက်စိမ်းအဆင် တန်ဆာတစ်ခုကို ချိတ်ဆွဲထားသည်။ ဝမ့်ကုန်းကုန်းက သခင်လေးလီ နေကောင်းလာတာဖြစ်လို့ အရမ်းဝမ်းသာပြီး တောက်ပသော အရောင်ပါသည့် ဝတ်စုံကို ဝတ်သင့်သည်ဟု ပြောဆိုနေခဲ့သည်။

 လီယွီသည် ရှေးခေတ်လက်ရာများကို နားမလည်ပေ။ ဝမ့်ကုန်းကုန်းပြောတာကို နားထောင်ပြီးနောက်    ဝတ်ခွင့်ပေးလိုက်သည်။ ရှေးခေတ် အဆင်တန်ဆာများကို  မည်သို့ဝတ်ဆင်ရမည်ကို မသိသေးသော်လည်း ကျင်းဝမ် သည် သူ့အဝတ်အစားများတွင် အလွန်ပါးလွှာသော ခါးပတ်များကိုသာ ထည့်သွင်းထားစေသဖြင့်  ခါးပတ်ကြိုးချည်နည်းအတွက် အလွန်အမင်း စိတ်ပူနေစရာ မလိုတော့ပေ။

အနီရောင်သည် ရွှင်လန်းစေပြီး လီယွီ၏ အသားအရေကို ပိုမို ဖြူဖွေးလာစေနိုင်သည်။ လီယွီသည် သူ့တကိုယ်လုံးက နီနေပြီဟု ခံစားရပြီး သူ့အသားအရည်လည်း များစွာ တိုးတက်ကောင်းမွန် လာသည်။ ကြေးဝါမှန်မှတဆင့် သူ့ပါးပြင်များသည်   အနီရောင်ပြေပြေလေး စွန်းထင်းနေသည်ကို သူ တွေ့မြင်နိုင်သည်။ ဒါကို ခဏခဏ မဝတ်သင့်ဘူး။

ဒီလို စွဲမက်ဖွယ်ကောင်းသော ဝတ်စုံနှင့် လီယွီကို ကျင်းဝမ်က အကြာကြိး စိုက်ကြည့်နေပြီး မျက်လုံးလွှဲအောင် မနည်း ကြိုးစားလိုက်ရသည်။


 
လီယွီက အောင်ပွဲခံစွာ ပြုံးလိုက်သည်။ လူမှာ အဝတ် တောင်းမှာ အကွပ်ဆိုတာ တကယ်မှန်တာပဲလို့ လီယွီ ကတွေးနေသည်။

ကျင်းဝမ်ရဲ့ အဝတ်ဟောင်းတွေက သူ့ပုံစံကို လုံးဝ တခြားလူတစ်ယောက် ဖြစ်အောင် ပြောင်းလိုက်သလိုပဲ။ ဒါတွေက သူနဲ့ လိုက်ဖက်လွန်းနေသလိုပဲ...

 
လီယွီသည် ဇာတ်လမ်းထဲ ဝင်ရောက်လာကာ   ငါးတစ်ကောင်ဖြစ်လာသည်။ လူသားအဖြစ် နေထိုင်ခွင့်ရဖို့  အခွင့်အလမ်းများစွာ မရှိပါ။ ယေဘူယျအားဖြင့်၊ သူက  အဝတ်ဝတ်စရာရှိ ရင်တောင်   ဘုရားသခင်ကို ကျေးဇူးတင်ရမည်။ သူ ဘယ်တော့မှ အရမ်း မတွေးမိပေမယ့် ဒီတစ်ခါတော့ နည်းနည်း ပိုစဉ်းစားလိုက်မိတယ်။

ကျင်းဝမ်ရဲ့ အဝတ်ဟောင်းတွေက သူနဲ့ ဘာကြောင့့်ကွက်တိ တော်နေရတာလဲ...


ပြီးတော့ ကျင်းဝမ်က အခုလို အရောင်တောက်ပသည့် အဝတ်စားကို ဝတ်လေ့မရှိပေ။ လီယွီက စေ့စေ့တွေးပြိး သတိဝင်လာသည်။



"ဒီဟာတွေက အရှင်မင်းသားရဲ့ အဝတ်ဟောင်းတွေ မဟုတ်ဘူး မလား။ အရှင်မင်းသားက အဲ့ဒါကို တမင်ချုပ်ခိုင်းထားတာလား။"

 လီယွီက မထင်မှတ်ပဲ မေးလိုက်သည့်အတွက် ်ကျင်းဝမ်ရဲ့ အမူအရာ ရှက်ရွံ့သွားသည်။ ဝန်ခံခြင်းမရှိသော်လည်း ရှက်ရွံ့သောအကြည့်ဖြင့် သူ့မျက်လုံးများက အရာအားလုံးကို ရှင်းပြနေသလိုပင်။


အရင်ကဆိုရင်တော့ လီယွီသည် စိတ်အနှောက် အယှက်ဖြစ်ရမည် ဖြစ်ပေမယ့် အခု မတူညီသော  ရှုထောင့်မှနေ၍ သူ့အပေါ် စေ့စေ့စပ်စပ် အကဲခတ်ကာ ချစ်ခင်ကြင်နာတတ်သော ကျင်းဝမ်ရဲ့ စေတနာက ကို မြင်နိုင်လေပြီ။

လီယွီ၏ ရင်ထဲတွင် ကြောင်ကလေးရဲ့ လက်သည်းနဲ့ သူ့နှလုံးသားကို ကုတ်ခြစ်နေသလို ယားကျိကျိ ခံစားလိုက်ရသည်။

 

"ကျေးဇူးပါ အရှင်မင်းသား...ဒီ အဝတ်အစားတွေက အရမ်းကို လှတယ်၊ ကျွန်တော် ဒါတွေကို ဆက်ဝတ်ပါ့မယ်"


လီယွီက သူ့အတွက် ကျင်းဝမ် လုပ်ထားသည့် အဝတ်အစားကိုသာ ဝတ်ထားမည်ဟု သူ့ကိုယ်သူ လျင်မြန်စွာ ပြောခဲ့သော်လည်း ကျင်းဝမ် ၏ အရှက်လေးက သူ့ကို  ကူးစက်သွားပုံရသည်။ သူက ကျင်းဝမ် ကို ခဏလောက်ကြည့်ပြီး ရှက်သွားတယ်။

လီယွီသည် ခေါင်းငုံ့ကာ ဖန်ပုလင်းလက်ကိုင်ပေါ်မှ ရွှေကြိုးကို ဆက်၍ရွှေ့လိုက်သည်။ ကျင်းဝမ် သည် ငါးကလေးကို  သူ့ထံအပ်နှင်းသောအခါ လီယွီက  ငါးပုလင်းကို တာဝန်ယူရသည်။ လီယွီသည် ငါးခေါင်းအုံးကို ကြို၍ ဖုံးထားလေ့ရှိပြီး အချိန်တန်သောအခါ ပုလင်းထဲတွင် ထည့်ကာ ဟန်ဆောင်ထားနိုင်သည်။

ရုတ်တရက်ကြည့်ရင် ငါးအစစ်လား၊ အတုလားဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။



လီယွီ  သည် ကျင်းဝမ်၏ လက်ဖဝါးတွင် ရွှေဆွဲကြိုးကို အထူးကြိုးဖြင့် ပတ်ထားမည်ဖြစ်ကြောင်း  သတိရမိသည်။ လီယွီ သည် ကျင်းဝမ်ကဲ့သို့ လုပ်ဆောင်ရန် သင်ယူခဲ့သည်။ ရွှေဆွဲကြိုးကို လက်ဖဝါးမှာ ရစ်ပတ်ထားပြီး



ဒါပေမယ့် ကျင်းဝမ်က သူ့လက်ထဲက   ရွှေ ကြိုးနှင့် ဖန်ပုလင်းတို့ကို သိမ်းဆည်းလိုက်သည်။

လီယွီက ကျင်းဝမ် လုပ်တာကို နားမလည်နိုင်လောက် အောင်ပါပဲ။ ကျင်းဝမ်သည် ပုလင်းထဲမှ ငါးကို အနီးကပ်ကြည့်ကာ သဲလွန်စကို ရှာတွေ့မည်ကို စိုးရိမ်သဖြင့် သူ့ က ငြင်းဆန်ကာ သူပဲ ငါးပုလင်းကို ဆွဲထားမယ်လို့ ပြောပေမယ့် ကျင်းဝမ် က သူ့လက်ထဲမှာ ခဏလောက် ရစ်ပတ်ထားတဲ့ ရွှေကြိုးကို အပြင်းအထန် ဖြည်လိုက်ပြီး သူ့လက်ထဲကို ပြန် ပတ်လိုက်တယ်။


လီယွီ: ? ? ?


ကျင်းဝမ်သည် စကားမပြောနိုင်သောကြောင့် သူ့လုပ်ရပ်ရဲ့ အဓိပ္ပါယ်ကို တွေးကြည့်ရုံသာ တတ်နိုင်သည်။



လီယွီက ခဏလောက်တွေးနေပေမယ့် ကျင်းဝမ်က သူ့ကို အပြစ်မတင်တာကြောင့် သူ့လက်တွေကို ရွှေကြိုးကြောင့် မသက်မသာဖြစ်မှာ စိုးလို့လားဟု တွေးခဲ့သည်။


 ကျင်းဝမ်က ငါးဖန်ဘူးရဲ့ကြိုးကို သူ့ကို မရစ်ပတ်စေတာက ငါးကို သူ ဂရုမစိုက်တတ်မှာ စိုးရိမ်လို့လား။ ဒါမှ မဟုတ် သူ့လက်ကို မထိခိုက်စေဖို့ ကာကွယ်ချင်တာကြောင့်လား...


အရင်က ကျင်းဝမ်က သူ့ကို ကာကွယ်ပေးဖို့ လက်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည်ကို ပြန်သတိရပြီး လီယွီရဲ့ စိတ်လေးက နွေးထွေး တည်ငြိမ်လာခဲ့သည်။


 ကျင်းဝမ်က သူ့ကို နည်းနည်းချင်းဆီ  ဆွဲဆောင်ဖို့ မမြင်ရတဲ့ ကြိုးကို အသုံးပြုနေပုံရတယ်။


ထိုစဉ် ဝမ့်ကုန်းကုန်းက လျှောက်တင်ခဲ့သည်။


"အရှင်မင်းသား... သခင်လေးလီ... ထွက်ခွာဖို့ အချိန်ရောက်ပါပြီ။"


ဝမ့်ကုန်းကုန်းက အရှင်မင်းသားဆီက နောက်ထပ် ညွှန်ကြားချက်လာ တောင်းတာဖြစ်သည်။



ဈေးသည် နန်းတော်နှင့် ဝေးသောကြောင့် မင်းသားက ရထားတစ်စီး စီစဉ်ပေးပြီး လီယွီသည် သူ့အချိန်ကို တန်ဖိုးထားတယ်ဆိုတာ  သံသယဖြစ်စရာ မရှိပါ။ ရထားလုံးပေါ်ရောက်တော့ လူတချို့က သူတို့ ခန္ဓာကိုယ်ကို လေးဘက်ကုန်းပေးကာ ခြေနင်းအဖြစ် လုပ်ပေးပေမယ့်  လီယွီက ငြင်းလိုက်သည်။ သူက တော်ဝင်မျိုးနွယ်မှ မဟုတ်ပဲ။ ရထားလုံးပေါ် တက်ဖို့ သူ့အတွက်   မခက်ပါဘူး။

ကျင်းဝမ် ၏ ရထားမှာ အနည်းငယ် သေးငယ်သည်။ လီယွီသည် ထသွားကာ ထိုင်ခုံမှ ထိုင်လိုက်သည် ။ များမကြာမီ ကျင်းဝမ်လည်း  တက်လာပြီး နှစ်ယောက်သား ရထားလုံးထဲက နေရာမှာ   ပြည့်ကျပ်သွားလေသည်။ လီယွီသည် ကျင်းဝမ် နှင့် မျက်နှာချင်းဆို်င် ထိုင်ခဲ့ရပြီး ကျင်းဝမ်၏ခြေထောက်များက သူ့ခြေထောက်များကို ဖိထားရသည်။

ထိုစဉ် ရထားက စတင်ထွက်ခွာလာသည်။

  တစ်ခါတစ်ရံတွင် သူသည် ထောင့်တစ်ခုသို့ ချိုးကွေ့ချိန် အရှိန်ပြောင်းသောအခါတွင် သူက ကျင်းဝမ်ဘက်ကို လဲပြိုကျ သွားသည်။

 သို့သော် အလွန် နာကျင်မည်တော့ မဟုတ်ပေ။

လီယွီသည် အလွန်ရှက်သွားပြီး  ကျင်းဝမ်၏ တို့ဟူးကို စားလိုက်ရသည်ဟု ခံစားလိုက်ရသည်။ အကြိမ်ပေါင်းများစွာ ထိတွေ့ပြီးနောက် အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့သည်။ ကျင်းဝမ်သည် သူ့၏ တောင်းပန်စကားများကို အဆက်မပြတ်ကြားနေရပြီး သူ၏မျက်လုံးများသည် သေးငယ်သော အပြုံးများဖြင့် ပြည့်နှက်နေသည်။

လီယွီ: ဟေ့ လူယုတ်မာကြီး၊ မင်း ရယ်လိုက်တဲ့ပုံက ဘာသဘောလဲ၊ မင်းက ငါ့တိုဖူးကို စားနေသလို ခံစားနေရလာတယ်ကွ....  !


(တိုဖူးစား- အသားကို ထိတွေ့ကာ အခွင့်ရေးယူခြင်း )


သူတို့ရဲ့ ရထားလုံးက မကြာမီ ဈေးသို့ ရောက်လာသည်။ ကျင်းဝမ်က လီယွီကို ရထားလုံးထဲမှ တွဲထုတ်လိုက်သည်။ လီယွီ ကိုယ်တိုင် ရထားလုံးပေါ်တက်ခဲ့ပေမယ့် ဆင်းတဲ့အချိန် မြေကြီးက အတော်လေး မြင့်နေလို့ ကျင်းဝမ် ထိန်းပေးတာကို လက်ခံပြီး ခြေတုန်တုန်နဲ့ဆင်းလိုက်ရသည်။

လီယွီကို ကျင်းဝမ်က တွဲခေါ်ကာ ဆင်းလာခဲ့သည်။ ကျင်းဝမ်က သူ့ခါးကို သိုင်းဖက်ကာ လွှားခနဲ ခုန်ဆင်းလိုက်မယ်လို့ သူ ဘယ်ထင်ထားပါ့မလဲ။


ဈေးကို မင်းမျိုးမင်းနွယ်တစ်ယောက်လာမယ်လို့ ပြည်သူတွေက သတင်းကြားလို့ ကြိုတင်စောင့် ဆိုင်းနေကြသည်။

လီယွီက မြေပြင်ပေါ် ခြေချမိပြီး ကျင်းဝမ်ရဲ့ ပွေ့ဖက်ထားတဲ့လက်မောင်းထဲက ရုန်းထွက်ဖို့ ကြိုးစားနေစဉ် ပြည်သူတွေ ပြောနေသည်ကို ကြားလိုက်ရသည်။



 
"တော်ဝင်မျိုးနွယ်က ဘယ်သူလဲ"

"ရထားလုံးက အမှတ်အသားကို ကြည့်ရတာ ကျင်းဝမ်မင်းသားရဲ့ ရထားလုံးဖြစ်ရမယ်။ ကျင်းဝမ်မင်းသားကို မင်း ကြားဖူးတယ် မဟုတ်လား  "

"ဒါပေမယ့် ကျင်းဝမ်အရှင့်သားအကြောင်းကို ငါ ကြားဖူးတာပေါ့။ ငါမေးတာက အရှင်မင်းသားဘေးက လူငယ်လေးက ဘယ်သူလဲလို့မေးတာကွ   "

လီယွီ (Li Yu) သည် သူ့အကြောင်းပြောနေတာကို ကြားရတော့ နားစွင့်လိုက်မိသည်။

 
  "အဲဒီသခင်လေးက ဘယ်သူလဲ"  

"မသိဘူး၊ အရှင်မင်းသားရဲ့ ညီတော် ဖြစ်နိုင်သလား"

"မင်းကလည်း ညီအစ်ကိုတွေက အဲ့လို  ပွေ့ဖက်ပါ့ မလားကွ။  ငါ့အမြင်အရတော့ အရှင့်သားက အဲ့ဒီသခင်လေးကို အလိုလိုက်ပုံရ အဲ့ဒါ ဝမ်ဖေး ဒါမှ မဟုတ် ကိုယ်လုပ်တော် ဖြစ်ရမယ်ကွ....  "

"မဖြစ်နိုင်ဘူး၊ဝမ်ဖေးတွေက အခုလို ဈေးကို လာလည်လို့ရသလားကွ"

"ဝမ်ဖေး မဖြစ်နိုင်ဘူးဆိုရင် အလိုလိုက်ခံထားရတဲ့ အချစ်တော် ကိုယ်လုပ်တော်ဖြစ်ရမယ်  "


လီယွီ: "..."

ကျင်းဝမ်က ပြည်သူတွေရဲ့တီးတိုးစကားကို    ကြားလိုက်ရပြီး သူ့အမူအရာ ပျက်သွားသည်။

လီယွီ(Li Yu) သည် လူအများက အမှန်တရားကို မသိဘဲ ရိုင်းစိုင်းစွာ ပြောဆိုပါက ကျင်းဝမ်က  ဒေါသဖြစ်လာလိမ့်မည် ဟု သူ့ကိုယ်သူ တွေးခဲ့သည်။ သူ ထွက်လာပြီး ရှင်းရှင်း လင်းလင်း လုပ် ရင် ကောင်းမယ်ထင်တယ်။

သူ ဒီအကြောင်းကိုပဲ တွေးကြည့်တော့ ကျင်းဝမ်က သူ့ကို စူးရှတဲ့ မျက်လုံးတွေနဲ့ ဝမ့်ကုန်းကုန်းကို ကြည့်လိုက်တာ တွေ့လိုက်ရသည်။


ဝမ့်ကုန်းကုန်းသည်  ထိတ်လန့်တုန်လှုပ်သွားပြီး   ဘေးသို့ ပြေးသွားကာ သတိမရှိပဲ ထင်ရာမြင်ရာ ပြောနေသည့် လူများစွာကို ဘေးသို့ ဆွဲထုတ်ကာ ဖယ်ရှားလိုက်သည်။


ဝမ့်ကုန်းကုန်းက အရှင်မင်းသား ခိုင်းစေလိုက်တာကို အောင်မြင်စွာလုပ်ပြီး အပြုံးနှင့်ပြန်လာခဲ့စဉ် စောင့်ကြိုနေသည့် ကုန်သည်များ၊ပြည်သူများက အပြုံးဖြင့် ကျင်းဝမ်ကို ကြိုဆိုကာ စိတ်ပါလက်ပါ အော်ဟစ်နူတ်ဆက်လိုက်ကြသည်။


  "ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကြိုဆိုပါတယ်"

ပြည်သူမအများက သံပြိုင်  စိတ်လှုပ်ရှားစွာ အော်လိုက်ပါတော့တယ်။

လီယွီသည် ကျင်းဝမ်က အခု အခြေနေကို သေချာရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေစဉ် ကြားလိုက်ရသည့် စကားတွေကြောင့်.... -  ! !

လျှောက်ပြောလိုက်တဲ့  လျှာတစ်ချောင်းက ဘယ်လိုလုပ်ပြီး ခုလို စကားလုံးတွေ ထွက်လာနိုင်တာလဲ...


သူက ဘယ်လိုဖြစ်ပြီး ဝမ်ဖေး ဖြစ်သွားရတာလဲ....

အနာဂါတ်မှာ သူ့ ဂုဏ်သိက္ခာ ကို ဘယ်လို အဖတ်ဆည်ရတော့မှာလဲ...

 

အဲဒါကို မေ့လိုက်ပါ၊ ငါးတစ်ကောင်က ဘာဂုဏ်သိက္ခာ လိုအပ်နေဦးမှာလဲ....။

လီယွီက သူ့ကိုယ်သူ  အကြိမ်ပေါင်းများစွာ နှစ်သိမ့်နေလိုက်မိသည်။


 

***********-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Tahanan ng mga kuwento. Tumuklas ngayon