Chapter (112-2)- ကတုံးပေါ်ထပ်ကွက်ခြင်း

3.6K 813 9
                                    

Chapter (112-2)- ကတုံးပေါ်ထပ်ကွက်ခြင်း


ချင်းရှီ၏နှလုံးသည် လျင်မြန်စွာခုန်လာသည်။ ကျင်းအိမ်တော်အတွင်းရှိ သခင်ငယ်လေးများသည် အမွှာ လေးယောက်အဖြစ် ဖွားမြင်လာသဖြင့်  အကာအကွယ်အဆောင်အဆောင်တစ်ခုအဖြစ် ကလေးများ ၏ အသုံးအဆောင်ကို ယူကာ ကိုယ်နှင့်မကွာဆောင်ထားပါက   အိမ်တွင် ကိုယ်ဝန်ရှိနေ သော ဇနီးသည်က ကောင်းမွန်စွာမွေးဖွားနိုင်ကြောင်း ဒီမင်းဆက်က လူတွေက ယုံကြည်ကြသည်။
 
  တကယ်တော့ ကလေးလက်ကောက် ဒါမှမဟုတ် လက်ကိုင်ပုဝါလောက်ကို ဆောင်ထားလျှင် လုံလောက်သဖြင့်  ချင်းရှီထံတွင် သခင်လေးတွေရဲ့ အသုံးဆောင်ဟောင်းတွေ အများကြီးရှိနေသည်။ ဒါကြောင့် သူမက မစဉ်းစားပဲ သဘောတူလိုက်စဉ် တဖက်လူက မထင်မှတ်သည်ကိုပြောလာခဲ့သည်။

 "ကျုပ်က တခြားဘာမှ မလိုချင်ပါဘူး။ အမွေဆက်ခံသူရဲ့ သွေးတစ်စက်ပဲ လိုချင်တယ်။"  

တစ်ဖက်တွင်၊ သူမသည် ကျင်းအိမ်တော်မှငွေဖြင့် အကြွေးကို ရိုးရိုးသားသား ပြန်ပေးနိုင်သည်။ တစ်ဖက်တွင်လည်း ဒီလူ ညွှန်ကြားတဲ့အတိုင်း လုပ်နိုင်သည်။ သူမသည် အခြားသူများထက် အမွေဆက်ခံသူလေးနှင့် နီးစပ်ရန် အခွင့်အရေးပိုများသည်။ သွေးတစ်စက်မျှသာ ရအောင် လုပ်ဖို့ဆိုတာ  အမွေဆက်ခံသူလေး အိပ်ပျော်နေချိန်ကို စောင့်ဆိုင်းဖို့သာ လိုအပ်ပြီး ခက်ခဲသောအလုပ်မဟုတ်ပေ။

ချင်းရှီသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သူမလက်က သူမ၏ရင်ခွင်ထဲသို့ ရောက်သွားကာ ဝမ်ဖေး ပေးသော ငွေစက္ကူကို ထိလိုက်သောအခါ၊ ချင်းရှီနှုတ်ခမ်းကို ကိုက်လိုက်မိသည်။

ဝမ်ဖေး က သူ့ကို စေတနာနဲ့ ကူညီခဲ့တယ်။ ဒါကို သူမ ဘယ်လို လျစ်လျူရှုနိုင်မလဲ၊ ကျွေးတဲ့လက်ကို ကိုက်ပြီး အမွေဆက်ခံသူလေးကို   နာကျင်စေခြင်းနဲ့ပြန်ပေးဆပ်မှာလား။

ဒီလူရဲ့ ရည်ရွယ်ချက်ကို မသိရသေးပေမယ့် ချင်းရှီ က ဒီလူကို အရင်နှောင့်နှေးအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် သူကိုစဉ်းစားရန် အချိန်အနည်းငယ်လိုအပ်ပြီး ကျင်းအိမ်တော်သို့ လက်တွေ့ကျကျ ပြန်သွားကာ သူမ သိခဲ့သည်ကို  ပြောကြားရန်လုပ်ခဲ့သည်။ ထို့နောက် သူမက ကျင်းဝမ် ၏ စာဖတ်ခန်း တံခါးကို ခေါက်လိုက်သည်။

စာဖတ်ခန်းတွင်းရှိ ဖယောင်းတိုင်မီးသည် ညအချိန်တွင် အတော်ကြာအောင် ထွန်းညှိထားသည်။ ချင်းရှီထွက်သွားပြီးနောက် ဝမ့်ရှီး ဝင်လာပြီး အချိန်အတော်ကြာအောင်နေခဲ့သည်။

နောက်တစ်နေ့တွင် ချင်းရှီသည် ကြွေးမြီရှင်ကို ရှာတွေ့ခဲ့ပြီး သူမသည်  ကူညီရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ထိုလူ၏ မျက်လုံးများသည် ကျေနပ်သော အပြုံးများဖြင့် ပြည့်လျှံနေတော့သည်။

ချင်းရှီက သူ့ဘာသာသူ လုပ်မည်ဟုပြောပေမယ့် ထိုလူက ပြောခဲ့သည်။

 "ငါ့ကို ခြံထဲကို ခေါ်သွားပါ။ ငါလုပ်မယ်။"

တဖက်လူက သူမကို တကယ်မယုံကြည်ဘူးဆိုတာ ချင်းရှီ သိသည်။ ထို့ကြောင့် သူမသည် တစ်ဖက်လူ၏စကားကိုသာ လိုက်နာရုံသာ ရှိတော့သည်။ တစ်ဖက်လူက သူမ၏ ဆွေမျိုးဖြစ်ကြောင်း အယောင်ဆောင်ကာ ကျင်းအိမ်တော်ထဲကို ခေါ်သွင်းလာခဲ့သည်။  ဝမ့်ကုန်းကုန်း ကို  သူ့ကို အလုပ်ပေးနိုင်အောင်  တောင်းဆိုခဲ့သည်။

အကြိမ်ပေါင်းများစွာ စစ်ဆေးမေးမြန်းပြီးနောက် ဝမ့်ရှီးသည် ထိုလူကို အိမ်ထဲသို့ ဝင်ခွင့်ပြုရန် သဘောတူခဲ့သည်။

ဂိတ်ပေါက်ထဲဝင်ပြီး ချက်ခြင်းပင်၊ ထိုလူသည် ကျင်းအိမ်တော်အတွင်း နေရာအနှံ့ စီးဆင်းနေသော ရေတွေကြောင့် အမူယာက မှိန်ဖျော့သွားခဲ့သည်။ ချင်းရှီက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောခဲ့သည်။

"အရှင့်သားက ငါးမွေးရတာ ကြိုက်တယ်။ ဒါကို ငါးသခင်လေးအတွက် ပြင်ဆင်ထားတာဖြစ်တယ်။"

ထိုလူက မသိချင်ယောင်ဆောင်ကာ ခေါင်းညိတ်လိုက်သည်။ ကျင်းဝမ် သည် ငါးမွေးမြူခြင်းကို နှစ်သက်သည်မှာ တော်ဝင်မြို့၌ ကျော်ကြားသည်။

ကျင်းအိမ်တော်ကို တင်းကြပ်စွာ အစောင့်အကြပ် ချထားခဲ့သည်။ အဲဒီနောက် ချင်းရှီနဲ့ အဲဒီလူကို အစောင့်တွေက အကြိမ်ကြိမ် စစ်ဆေးခဲ့သေးသည်။ နောက်ဆုံးတွင် သူမသည် ထိုလူကို ခြံဝင်းတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ထိုခြံဝင်းအတွင်း၌ အဆီအစ်နေသော ဘဲနှစ်ကောင်ကို မွေးမြူထားသည်။ သူတို့က ဆူညံပွက်လောရိုက်အောင် အော်နေပြီး အရမ်းစိတ်အနှောင့်အယှက်ဖြစ်စေသည်။  ထိုလူသည် အထဲသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အဆီအစ်နေတဲ့ ဘဲနှစ်ကောင်ဟာ တကယ်ပဲ ပျံဝဲပြီး သူ့ခေါင်းပေါ်ကနေ ထိုးဆိတ်နေသေးသည်။

ထိုလူသည် လက်ဖဝါးကို မြှောက်၍ ရိုက်ချရန် လုပ်စဉ် ချင်းရှီက အမြန်အော်လိုက်သည်။

 "သူတို့ကို မထိနဲ့။ သူတို့ကို အနောက်နယ်ခြားကနေ ယူဆောင်လာတဲ့ သခင်ငယ်လေးတွေရဲ့ အိမ်မွေး ဘဲတွေဖြစ်တယ်။ သူတို့ကို ရိုက်လို့ ဘဲတွေ ဒဏ်ရာရရင် အပြင်က အစောင့်တွေက တွေ့သွားလိမ့်မယ်။ ဘဲအမွေးတစ်ခု ကျွတ်ရင်တောင် ရိုက်နှက် ပြစ်ဒဏ်ပေးခံရလိမ့်မယ်။"

ထိုယောင်္ကျား: "......"

ပထမတော့  အိမ်မွေးငါး၊ အခု အိမ်မွေး ဘဲ။ ထိုအရာတွေက မင်းသားကြီးကျင်းဝမ်ကို ဘယ်လိုမှ အနှောက်အယှက် မဖြစ်စေဘူးလား။  

အနောက်တောင်တန်းက သယ်လာတဲ့ဘဲတွေက အရမ်းကို စိတ်အားထက်သန်ကြပြီး ထိုလူကို သူတို့၏နှုတ်သီးဖြင့် အနည်းငယ်နာကျင်အောင် ဆိတ်ကြသည်။ သို့သော် အကြံအစည်ကြီးရှိသည့်  ထိုလူသည် ဘဲဆိတ်သည့်ဒဏ်ကို တိတ်တဆိတ်သာ ကြိတ်ခံရုံသာရှိတော့သည်။

ချင်းရှီသည် သူမ၏ လမ်းလျှောက်သည့် အရှိန်ကို လျှော့ချလိုက်ပြီး ထိုလူကို အတွင်းခန်းထဲသို့ ခေါ်သွားခဲ့သည်။ ကုတင်ပေါ်တွင် ကလေးတစ်ယောက် လဲလျောင်းနေပြီး အတွင်းဘက်သို့ မျက်နှာမူကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။



ချင်းရှီက ခြေလှမ်း မြန်မြန်ဆန်ဆန် လျှောက်သွားပြီး "သခင်ငယ်လေး" ဟု ပေါ့ပေါ့ပါးပါး ခေါ်လိုက်သည်။

တစ်ဝက်လောက် အိပ်ပျော်သွားတော့ ကလေးက လှည့်ကြည့်လာခဲ့သည်။  အဝေးကလူက ကလေးရဲ့အသွင်အပြင်ကို စိုက်ကြည့်နေသည်။ ထိုကလေးရဲ့ရုပ်ရည်က  သူ့လက်ထဲမှာရှိတဲ့ ပန်းချီကားနဲ့ အတူတူပါပဲ၊ ထို့ကြောင့် သူက ထိုကလေးက ဆက်ခံသူ သခင်လေးဆိုတာ ယုံကြည်လာခဲ့သည်။

ကလေးနိုးလာတော့မှာကို မြင်လိုက်ရတော့ ထိုအမျိုးသားက ချင်းရှီကို ကလေးကို ပြန်အိပ်ဖို့ အလျင်စလို သိပ်ခိုင်းလိုက်သည်။ ကလေး အိပ်ပျော်သွားပြီးနောက် အမျိုးသားက လက်ကိုင်ပုဝါကို ဆွဲထုတ်ကာ ကလေးမျက်နှာကို ခဏကြာအောင် အုပ်ထားခဲ့သည်။

ချင်းရှီသည် အမွေဆက်ခံသူလေးကို အန္တရာယ်ပြုရန် ရည်ရွယ်သည်ဟု ထင်ကာ အမြန်ကယ်တင်ရန် ကြိုးပမ်းခဲ့သည်။ ထိုလူက သူမကို လက်တစ်ဖက်ဖြင့် ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်လိုက်သည်။ အချိန်လုံလောက်ပြီဟု ထင်ကာ နောက်ဆုံးတွင် လက်ကိုင်ပုဝါကို ချွတ်လိုက်သည်။

ထိုလက်ကိုင်ပုဝါသည် တင်းတင်းကြပ်ကြပ် မဖုံးထားလို့ အသက်တော့ မသေစေပေ။  သို့သော်၊ အိပ်စေမှုန့်ကို လက်ကိုင်ပုဝါပေါ်တွင် သုတ်ထားသဖြင့် ကလေးကို နှစ်ခြိုက်စွာ အိပ်မောကျစေသည်။
 
ကလေးက တကယ်အိပ်ပျော်နေတာလို့ မြင်မှသာ ထိုလူက သူ့င်္အကျီလက်ထဲဝှက် ယူလာသည့်  ငွေအပ်တစ်ချောင်းနှင့် အဖြူရောင်ကြွေပုလင်းကို ဆွဲထုတ်ကာ သွေးဖောက်ရန်လုပ်လိုက်သည်။

ချင်းရှီ လဲကျသွားပြီး ကြမ်းပြင်ပေါ်ထိုင်ကာ ထိုသွေးဖောက်သည့်မြင်ကွင်းကို  မကြည့်နိုင်ခဲ့ပေ။

ကလေးရဲ့သွေးကိုရပြီးနောက် ထိုလူသည်လည်း ထိုကြွေအိုးကို ယူသွားတော့သည်။ ကလေးဝတ်ထားတဲ့ လိုက်ဖက်တဲ့ ငွေလက်ကောက်နှစ်ခုကို ချန်ကာ   ဘာမှ မတွေးဘဲ လျှောက်သွားတော့သည်။ ဒါကို ဘေးအိမ်က စောင့်နေတဲ့လူတွေက မြင်လိုက်ရသည်။  

"သူ သွားပြီလား။" ပေါင်းရိကို ပွေ့ထားသည့် လီယွီက ကျင်းဝမ်ကို လက်ဟန်ပြလိုက်သည်။

ကျင်းဝမ်က ခေါင်းညိတ်လိုက်သည်။

ပေါင်းရိသည် ဖေဖေ၏ လက်နှစ်ဖက်ကို ကိုင်ကာ ကျယ်လောင်စွာ အသက်ရှုဖို့ပင် မဝံ့မရဲဖြစ်ကာ ကျုံ့ကျုံ့လေး  ထိုင်နေတော့သည်။ သူက ထိုမြင်ကွင်းကို အခုမှမြင်ပြီး အရင်က ငါးပါးပါးပြောတဲ့ 'ကြောက်စရာ' ဆိုတာ ဘာလဲဆိုတာ သေချာ  ရိပ်မိသွားတော့သည်။

ပေါင်းရိက သူ ငယ်သေးလို့ ဘာမှ မလုပ်နိုင်တာကို သိသည်။  သူသည် အလိုလို ထိုလူ၏မျက်နှာကို မှတ်ထားကာ နောင်တွင် အဘိုးတော်ဧကရာဇ်ကို ပြောပြချင်ခဲ့သည်။

ကျင်းဝမ် သည်  အားလုံး လုံခြုံကြောင်း သေချာအောင်လုပ်ပြီးနောက် ကျောက်စိမ်းခေါင်းလောင်းကို ယမ်းလိုက်သည်။ မကြာခင်မှာပဲ ဝမ့်ရှီးက ချင်းရှီကို သူတို့ရဲ့အခန်းထဲကနေ ခေါ်ထုတ်သွားလိုက်သည်။

ချင်းရှီသည် ထိုနေရာတွင် ပြတ်ပြတ်သားသား ရပ်လိုက်သည်။ ကျင်းဝမ် က ဝမ့်ရှီးကို ချင်းရှီ၏ အကြွေးပြေစာအား ဆုတ်ဖြဲရန် အမိန့်ပေးခဲ့ပြီး သူမအား ဆုငွေအဖြစ် သိမ်းဆည်းထားရန် အမိန့်ပေးခဲ့သည်။ ချင်းရှီက ကျင်းဝမ်ကို ကျေးဇူးတင်စကား ထပ်ခါထပ်ခါ ပြောခဲ့သည် ။

ကုတင်ပေါ်တွင် လှဲနေသော 'ကလေး' လည်း ခုန်တက်လာပြီး ကျင်းဝမ် ရှိသည့် အခန်းထဲသို့ ဝင်သွားသည်။ ကျင်းဝမ် ရှေ့မှာ သူက ဆေးရည်ပုလင်းကို ဆွဲထုတ်ပြီး သူ့မျက်နှာကို ကျွမ်းကျင်စွာ သုတ်လိုက်သည်။

မူလက ပေါင်းရိနှင့် ဆင်တူသော ထွားကျိုင်းသော မျက်နှာလေးသည် ချက်ချင်းပင် လူကြီး၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့အသံက လူကြီးတစ်ယောက်လိုပင်။

ဒါက တကယ်တော့ ကျင်းဝမ် ရဲ့ အထူးလျှို့ဝှက် အထောက်တော်တွေထဲက ကလေးအရွယ် သက်ကြီးပု တစ်ယောက် ဖြစ်သည်။  ကျင်းဝမ် သည် ချင်းရှီနှင့် ဝမ့်ရှီးတို့ ပူးပေါင်းလုပ်ဆောင်ရန်အတွက် သူ့ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

လျှို့ဝှက်အထောက်တော်က နှုတ်ဆက်ပြီး ခေါင်းကို မော့လိုက်သည်။ လီယွီ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ လီယွီသည် ဤလျှို့ဝှက်အထောက်တော်သည် အလွန်အထင်ကြီးစရာ ကောင်းသည်ဟု ထင်ခဲ့သည်။ ပေါင်းရိအဖြစ် ဟန်ဆောင်တဲ့အခါ အနည်းဆုံး 50% ထပ်တူနေသည်။  သို့သော် အနည်းငယ်ကွဲပြားသော ကိုယ်လုံးကိုယ်ပေါက်ကို သတိမထားမိစေရန် သူ လှဲနေခဲ့ရသည်။

ပေါင်းရိကို တစ်ခါမှမမြင်ဖူးပဲ ပုံလေးတစ်ပုံသာ ယူလာတဲ့လူကို  လှည့်စားတာက လုံးဝကို လောက်နေသေးသည်။

"ဒါက မျက်နှာကို ခြယ်သပြီးရုပ်ဖျက်တာလား" လီယွီက စိတ်လှုပ်ရှားစွာပြောသည်။

သူသည် စာအုပ်ထဲကို  ကူးပြောင်းခဲ့ပြီး၊ ငါးအဖြစ်သို့ ပြောင်းလဲကာ ကလေးများကို မွေးဖွားခဲ့သည်။ ဒီတစ်သက်မှာ မျက်နှာရုပ်ပြောင်းရုပ်လွဲလုပ်သည်ကို  မြင်နိုင်မယ်လို့ ထင်မထားမိပေ။

လျှီု့ဝှက်အထောက်တော် က  ခေတ္တမျှ အေးခဲသွားပြီး ပြောခဲ့သည်။

"ဒီငယ်သားက ရုပ်ပြောင်းရုပ်လွဲဆိုတာ ဘာကို ဆိုလိုမှန်း မသိပါဘူး။ ဒါဟာ  မိတ်ကပ်လိမ်းတာ သက်သက်ပဲဖြစ်ပြီး  အရေးမပါတဲ့ အရည်အချင်းလေးတစ်ခုပါ။"

"မျက်နှာကို ရုပ်ပြောင်းရုပ်လွဲ လုပ်တာမဟုတ်ရင်တောင် သိပ်ကို အထင်ကြီးစရာပါပဲ။ မင်း ဘယ်လိုလုပ်လိုက်တာလဲ" လီယွီသည် သူ၏ သိချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။

လျှို့ဝှက်အထောက်တော် သည် မူလက လီယွီအား အသေးစိတ်ရှင်းပြတော့မည်ဖြစ်သော်လည်း အိုးဖင်ကဲ့သို့ မည်းနက်နေသည့် ကျင်းဝမ် ၏ အလွန်နက်မှောင်မိုက်သောမျက်နှာကို စိုက်ကြည့်ပြီးနောက် လျှို့ဝှက်အထောက်တော် က  သခင်နှစ်ဦးထံ လေးစားစွာ အရိုသေပေးကာ ပြတ်ပြတ်သားသား ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်သည်။


လီယွီ: "......"

စိတ်ပျက်နေသော ဝမ်ဖေးသည် ခင်ပွန်းဖြစ်သူ၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်ကို အာရုံစိုက် ခဲ့သည်။ကျင်းဝမ် နဲ့ တွဲကာ တစ်စုံတစ်ယောက်ကို ဆန့်ကျင်ဖို့ ကြံစည်နေတဲ့ ဒီခံစားချက်က ပျော်စရာကောင်းပြီး ကျေနပ်စရာကောင်းလွန်းလှသည်။

အထူးသဖြင့် တစ်ဖက်သားက အောင်ပွဲခံပြီး အမွေဆက်ခံသူ၏သွေးကို ရရှိနေပြီဟု ယုံကြည်သောအခါ၊ သူတို့က တစ်ဖက်လူရဲ့ နောက်ကြောင်းကို လျှို့ဝှက်စွာ တူးဆွနေပြီ ဖြစ်သည်။

ဒီလူက ဘယ်သူလဲ၊ လီယွီက သူ့ခြေချောင်းတွေနဲ့တောင် ခန့်မှန်းနိုင်တယ်လေ။ သူက  ဆဌမ  မင်းသားက ဒီသွေးကို သံသယရှိနေမလားလို့ စိတ်ပူနေသည်။

"အရှင့်သားကို သူက ယုံမှာလား။" လီယွီက မေးသည်။

သူ ယုံမှာပါ။ ကျင်းဝမ် က တော်တော်သေချာနေသည်။

ဆဌမ  မင်းသားသည် သတိရှိသောသူဖြစ်သည်။ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားရင် သူ သံသယဖြစ်မှာ သေချာသည်။  ထို့ကြောင့် ကျင်းဝမ် သည် အစောင့်များအား အကြိမ်ကြိမ် စစ်ဆေးရန် အမိန့်ပေးခဲ့သည်။ လီယွီသည် ဘဲနှစ်ကောင်ကို တမင်သက်သက် အိမ်စောင့်ခိုင်းစေကာ ထိုလူကို အကြိမ်ကြိမ် ထိုးဆိတ်စေခဲ့သည်။

'အန္တရာယ်' ပိုများလေလေ၊ တစ်ဖက်သားကို 'အစစ်အမှန်' ပိုခံစားရလေဖြစ်သည်။

ဆဌမ  မင်းသားသည် သူ့အားနည်းချက်ကို တချိန်လုံး ရှာဖွေနေမှန်း ကျင်းဝမ် သိသည်။ အခု သူ့ ဆန္ဒအလျောက် လုပ်နိုင်ဖို့ လမ်းလွှဲပေးလိုက်သည်။

အကယ်၍ ဆဌမ  မင်းသားသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် ငုပ်လျှိုးသွားပါက သူ့ကို ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်။ သို့သော် ကျင်းဝမ် ကို အလွန်အမင်း ထိခိုက်စေသော အချက်အလက်များသာ ဆဌမ မင်းသားထံ ပေးအပ်ပါက သူ ဘာလုပ်မလဲ။

ထိုအချက်အလက်သည် အတုအယောင်ဖြစ်သော်လည်း ဆဌမမင်းသားက အမှန်ဟု ယုံကြည်နေသမျှ လုံလောက်နေပြီဖြစ်သည်။
*******-*********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now