Chapter (97-1) - ရေသူထီးလေး ရှောင်ယွီ

4K 854 16
                                    

Chapter (97-1) - ရေသူထီးလေး ရှောင်ယွီ


ဟဲ့၊ ဒါက ငါးဖမ်းနေတယ်လို့ မင်းထင်နေလား...

ကျင်းဝမ် ၏ လုပ်ရပ်ကြောင့် လီယွီ ရယ်မောလိုက်မိသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ငါးဆူးတောင်များဖြင့် ဝါတုတ်ချောင်းကို ပတ်ထားသော ဖြတ်ထားသော င်္အကျီလက်ကို ဖမ်းကိုင်လိုက်သည်။

ကျင်းဝမ် သည် ဝါးချောင်းကို ပြန်ဆွဲရန် ကြိုးစားလိုက်သည်။ လီယွီသည် အနည်းငယ်ရွေ့လျားကာ ကျင်းဝမ်၏ အရှေ့သို့ တုတ်နောက်ကနေ လိုက်ခဲ့သည်။

ကျင်းဝမ် သည် ငါးမျှားချိတ်ကို မသုံးပဲ လီယွီ ကိုမျှားနိုင်ခဲ့သည်။

ကျင်းဝမ် သည် ဝါးချောင်းကို စွန့်ပစ်လိုက်ပြီး သူ့လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် လီယွီသည် သူ၏တောက်ပြောင်သော အမှေးပါး နှင့် ကြမ်းတမ်းသော ငါးဆူးတောင်ကို ကျင်းဝမ် လက်ထဲကို ပေးအပ်လိုက်သည်။ ကျင်းဝမ် က မဆိုင်းမတွ ထိုလက်ကို ဆုပ်ကိုင်လိုက်သည်။

မကြောက်ပါနဲ့ ဆိုသည့် သဘောဖြင့် ကျင်းဝမ် က သူ့ကို ဆူးတောင်ပေါ်မှာ ပုတ်လိုက်တယ်။

ဒီအပြုမူလေးက ကျင်းဝမ် မကြာခဏလုပ်ခဲ့သော သေးငယ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ လီယွီသည် ဒီအဓိပ္ပါယ်ကို နားလည်မှုလွဲမည်မဟုတ်ပေ။

အရူး...... လီယွီက မျက်ရည်တွေ ဝဲလာရင်း တွေးနေမိသည်။

ငါ့မျက်နှာကိုမြင်ရင် မင်း ကြောက်သွားမှာကို ငါ ရှင်းရှင်းလင်းလင်း သိနေတယ်။

လီယွီက ပုန်းမနေတော့ဘဲ သူ့ခေါင်းပေါ်ရှိ မျက်နှာသုတ်ပုဝါကို ကျင်းဝမ်၏လက်နှစ်ဖက်ထဲထည့်ကာ ပင့်တင်လိုက်သည်။

ငါးလူသားပုံစံတွင်၊ သူ၏အပေါ်ပိုင်းခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ရေဓာတ်ခန်း ခြောက်သွား သော်လည်း သူ၏ခြေထောက်များသည် အလွန်သွက်လက်နေသေးသည်။ ကျင်းဝမ် က လီယွီ အသက်မရှူနိုင်တော့မှာကို ကြောက်တဲ့အတွက် သူနဲ့အတူလိုက်ကာ ရေထဲမှာနေခဲ့သည်။

ရံဖန်ရံခါ လီယွီသည် ရေကူးနေတတ်သေးသည်။ ငါးလူ့ပုံစံက ငါးဆူးတောင်တွေကို လှော်တက်ကဲ့သို့ သုံးနိုင်ပြီး ရေထဲ ကူးခတ်ဖို့ ခြေနှစ်ချောင်းကို အများဆုံး အသုံးပြုသည်။ ဤကန်အတွင်းရှိရေသည် အမှန်တကယ်မနက်သောကြောင့် လီယွီသည် မကြာခဏ ပျင်းရိကာ ရေထဲတွင် လမ်းလျှောက်ရုံဖြင့် အဆုံးသတ်ကာ သူနဲ့ အခုပုံစံက အဆင်မပြေတာကို ဖော်ပြနေသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now