Chapter (148-2) - ငါ့ခင်ပွန်းက ဒီလိုမျိုး ထူးထူးဆန်းဆန်း စိတ်ဝင်စားမှု မရှိဘူး

3.9K 802 10
                                    

Chapter (148-2) - ငါ့ခင်ပွန်းက ဒီလိုမျိုး ထူးထူးဆန်းဆန်း စိတ်ဝင်စားမှု မရှိဘူး


"ဘာမှ မဟုတ်တော့ဘူး။"

 ယဲ့ချင်းဟွမ် က ဆက်ပြောခဲ့သည်။

"အစကတော့ ငါက တံခါးစောင့်တွေက ဂရုမစိုက်မိတဲ့အချိန် ပြောင်စောင် (တစ်ဝမ်းကွဲ ခယ်မ) က အလစ်ဝင်လာတာလို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း အရပ်သားတစ်ချို့က ချန်အန်းအိမ်တော်ကို လာတဲ့လမ်းမှာ ငါးခေါင်းနဲ့ လူကိုယ်ရှိတဲ့ မကောင်းဆိုးဝါးကို ကြုံခဲ့ရတယ်လို့ သူတို့က ပြောနေကြတယ်။ လူတစ်ဝက် ငါးတစ်ဝက် မကောင်းဆိုးဝါးက ချန်အန်းအိမ်တော် အပြင်ဘက် ကပ်လျက်က မြစ်ထဲကို ခုန်ဆင်းသွားတယ်လို့ အခိုင်အမာပြောနေကြတယ်။ အစကတော့ ငါက  သူတို့ပြောတာကို မယုံခဲ့ဘဲ မိုက်မဲတဲ့စကားတွေ ရပ်ဖို့ ပြောပြီး ဒီလူကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မြစ်နဲ့ ကြာကန်က တကယ်ကို ဆက်စပ်နေတာကို တွေ့လိုက်ရတယ်..."

မု ထျန်းချီ ၊ လီယွီ - ".........................."

လီယွီ : အိုး.....ဖား....! ဒါကိုတောင် ဆက်စပ်တွေးလို့ ရလား?!

သူသည် ကျားတံဆိပ် ကို ပေးဖို့ လာသည့်အခါ သူလာရသည့် လမ်းကြောင်းက  ရှုပ်ထွေးသည်။ အကြိမ်ကြိမ် အသွင်ပြောင်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။ သူသည် ချန်အန်း  အိမ်တော်ကို  ရောက်သောအခါ၊ သူသည် လူသားငါး ( ရေသူထီး) ပုံစံဖြင့် ရှိနေသည်။ သူ့အမြီးကို ရေထဲမှာ ကောင်းကောင်းဝှက်ထားခဲ့တယ်။ ယဲ့ချင်းဟွမ် က သူ့အနားကို မလာဘူး။ အားလုံးပြီးသွားတော့ သူက ဘာမှ ပြန်မပြောခဲ့ဘူး။ ထို့ကြောင့် လီယွီသည် အရာအားလုံး အဆင်ပြေသည်ဟု ထင်ခဲ့သည်။ မထင်မှတ်ပဲ ဆက်ခံသူ သခင်လေးယဲ့က  သူ့ကို သံသယဖြစ်နေတုန်းပဲ။

သူ့ငါးခေါင်းကို မြင်ခဲ့သော  မျက်မြင်သက်သေတွေ တကယ်ကို ရှိခဲ့တယ်.... QQ အလျင်လိုနေလို့ ငါးက ် ရွေးချယ်စရာမရှိခဲ့ဘူး..... သူ ယဲ့ချင်းဟွမ် ဆီကို ရောက်ချိန် စိတ်ဒုန်းဒုန်းချလိုက်မိတယ်....
 
 လီယွီသည် ခင်ပွန်းဖြစ်သူကို ကယ်တင်ရန် စိတ်ပူနေပြီး သူတို့ကို လုံးဝမေ့သွားခဲ့သည်။

နက်နဲသော အတွေးဖြင့် မျက်ခုံးပင့်ကာ အိမ်ရှေ့မင်းသားက စကားပြန်မပြောတော့ပေ။ ယဲ့ချင်းဟွမ် က တုန်လှုပ်ချောက်ချားစွာပြောခဲ့သည်-

"တကယ်တော့ ဒါက ဘာကိုမှ သက်သေမပြနိုင်ပါဘူး။ နောက်တော့မှ၊ ထိုက်ကျူဖေး ဟာ မင်းမွေးမြူထားတဲ့ ငါးလို့ ပြောနေတဲ့ ချူးကွေ့ရန် စွပ်စွဲတာကို ကြားလိုက်ရတယ်။  ထိုက်ကျူဖေး  အဲဒီနေ့က သူ ရေထဲမှာ ပုန်းနေခဲ့တာ မှတ်မိတယ်။ ရေထဲမှာ ငွေရောင်အရိပ်တစ်ခု မြင်လိုက်ရသေးတယ်။ မူလက အဲဒါ ဘာလဲဆိုတာ မတွေးဖူးဘူး။ ဒါပေမယ့် ချူးကွေ့ရန် ရဲ့ အဓိပ္ပါယ်မဲ့တဲ့ စွပ်စွဲ စကားတွေကို ငါ ကြားပြီးနောက် အဲ့ဒါက  ငါးမြီးဖြစ်လောက်တယ်လို့ ငါ တွေးမိလာတယ်...."

"ထျန်းချီ ၊ ဒီမှာဘာတွေဖြစ်နေတာလဲ၊ ငါ မင်းကိုအရင်မေးချင်နေမိတယ်"

 ယဲ့ချင်းဟွမ် သည် ထိုအချက်ကို အချိန်အတော်ကြာ တွေးတောခဲ့ပြီး ထိုနေ့တွင် ဖြစ်ပွားခဲ့သည့်အရာများကို ထပ်ခါတလဲလဲ တွေးတောနေခဲ့သည်။ တကယ်တော့ သူက စိတ်ထဲမှာ  ကောက်ချက်တချို့ ချထားပြီးသားဖြစ်သည်။

သူ့ကို ဒီအချိန်အကြာကြီး ဆက်စပ်ပြီးမှာ အိမ်ရှေ့မင်းသားရဲ့ အတည်ပြုချက်ရဖို့  လာမေးခဲ့ခြင်းဖြစ်သည်။ ချူးကွေ့ရန်....ဆိုတာ ဘာကောင်ဖြစ်ဖြစ် ယဲ့ချင်းဟွမ် သည် အိမ်ရှေ့စံမင်းသားကို ထောက်ခံသူဖြစ်သည်။ အိမ်ရှေ့မင်းသား၏ လုံခြုံရေးကို သူ ဂရုစိုက်သည် ။

လီယွီသည် လူသား သို့မဟုတ် အခြားအရာတစ်ခုခုဖြစ်ပါစေ၊ လီယွီသည် အိမ်ရှေ့စံမင်းသား သို့မဟုတ် သူ့မိသားစုအပေါ် မကောင်းသော ရည်ရွယ်ချက်မရှိဟု သေချာသိရဖို့ အရေးကြီးသည်။ ဒါက အချိန်အကြာကြီးတွေးပြီးမှ ပြတ်သားစွာဆုံးဖြတ်ခဲ့သည့် အတွေးဖြစ်သည်။
 
ယဲ့ချင်းဟွမ် ဆက်လက် မှန်းဆခဲ့တာက မှန်နေခဲ့လို့ လီယွီသည် ယဲ့ချင်းဟွမ်နှင့် မျက်နှာချင်းမဆိုင်ဝံ့တော့ပေ။  ဆက်ခံသူ သခင်လေးယဲ့က  သူ့ကို အမှန်တိုင်း ဖြေစေချင်ရင် ဘာပြန်ပြောရမလဲ။

သေဘေးရောက်နိုင်မည့် အန္တရာယ်ကို ဝန်ခံရန် ငြင်းဆိုခြင်းသည် အလွန်လွယ်ကူသည်။ သို့သော် ယဲ့ချင်းဟွမ် သည် သူ့အမြီးကို မြင်ပြီးပြီ....။ လီယွီက ဝန်ခံရန် ငြင်းဆိုရင်တောင် ယဲ့ချင်းဟွမ် ကို သံသယမဝင်အောင် တားဆီးနိုင်မည်တဲ့လား။

အဲဒါက ပြဿနာကို လုံးဝဖြေရှင်းနိုင်တာမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းသာ ဖြစ်သည်။

ထို့အပြင်  သူနဲ့ ယဲ့ချင်းဟွမ်တို့ လင်မယားက မိတ်ဆွေတွေဖြစ်သည်။ တကယ်လို့ ယဲ့ချင်းဟွမ် တစ်ခုခုဖြစ်ရင်လည်း သူက ယဲ့ချင်းဟွမ်ကို စွန့်ပစ်မည် မဟုတ်ပေ။   လီယွီသည် သူငယ်ချင်းများကို မထိခိုက်စေချင်ခဲ့ပေ....ထို့ထက်ပင် အိမ်ရှေ့မင်းသားအား သူ့ကြောင့် သူငယ်ချင်းများကို မထိခိုက်စေချင်ပေ။

အိမ်ရှေ့မင်းသားကိုလည်း ခက်ခဲတဲ့အခြေအနေမှာ မထားခဲ့ရက်ပေ။

 "မင်းသိရင် မင်းဘာလုပ်မှာလဲ။

"ဘာမှမဟုတ်ဘူး။" ယဲ့ချင်းဟွမ် က ဆက်ပြောခဲ့သည်။

 "သူက မင်းကြီးကို ကယ်တင်တယ်၊ မင်းကို ကယ်တယ်၊ ငါ့ကိုလည်း ကယ်တယ်။ သူက မင်းရဲ့ ဆွံ့အခြင်းကို  ကုသပေးပြီး မင်းအတွက် ကလေးတွေကို မွေးဖွားပေးခဲ့တယ်။ ငါ့ဇနီး မင်းသမီးကိုတောင် ငါ မပြောပြခဲ့ဘူး။ အမှန်တရားကို သိချင်ရုံပဲ။ သူ့ကို ဘာမှ မလုပ်ချင်ဘူး"

သူတကယ်သာ တစ်ခုခုလုပ်ချင်ရင် ယဲ့ချင်းဟွမ် က အချိန်အကြာကြီး မယူဘဲ အိမ်ရှေ့မင်းသားကို သီးသန့်လာတွေ့ဖို့ လာခဲ့မည် မဟုတ်ပေ။

လီယွီ :!!!

ယဲ့ချင်းဟွမ် က တကယ်ကို စိတ်ထား ကောင်းလိုက်တာ။ လီယွီကို "ပြောင်စောင် - တဝမ်းကွဲခယ်မ" ဟုခေါ်သော လူနှင့်ထိုက်တန်ပါပေတယ်။

လီယွီသည် စိတ်လှုပ်ရှားသွားခဲ့သည်။  ကျားတံဆိပ်ကို ပေးဆောင်နေတဲ့ နေ့ရက်ကို ပြန်တွေးလိုက်သည်။ မင်းသားလီက  သူ့ကို မယုံသလို သူ့ကို တကယ် ကူညီခဲ့တဲ့သူက ယဲ့ချင်းဟွမ်ပင် ဖြစ်သည်။ သူ့ကို  သံသယရှိသော်လည်း ဆက်ခံသူ သခင်လေးယဲ့က  လီယွီကို တစ်ချိန်လုံး စောင့်ရောက်ပေးခဲ့သည်။

မုထျန်းချီ သည် ယဲ့ချင်းဟွမ် ကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ အိမ်ရှေ့မင်းသားသည် ယဲ့ချင်းဟွမ် ၏ ကိုယ်ရည်ကိုယ်သွေးကိုလည်း အလွန်နားလည်သည်။ တဖက်လူရဲ့အမူအရာက လေးနက်တယ်။ သူ လိမ်ခဲ့တာ မဟုတ်ဘူး။ ထို့ကြောင့် အိမ်ရှေ့မင်းသားသည် သူအား ဖုံးကွယ်ရန် မလိုအပ်ဟု ခံစားရပြီး ခေါင်းညိတ်ကာ "ဟုတ်တယ်။ အဲဒါ မင်းထင်တဲ့အတိုင်းပဲ။"

ယဲ့ချင်းဟွမ်: "..............."

"ဒါဆို သူက တကယ်လား"

"......ဟုတ်တယ်။"

ယဲ့ချင်းဟွမ် သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း အမှန်တရားကို ကြားလိုက်ရချိန်မှာ  သူ့  ပါးစပ်က အကျယ်ကြီး ပွင့်ဟသွားမိဆဲဖြစ်သည်။

လီယွီသည် ကလေးမွေးပြီး အိမ်ရှေ့မင်းသားကို ထိုမျှလောက် ကူညီပေးနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။ ဒါကြောင့် သူတကယ် နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့တယ်။

ဒီကမ္ဘာမှာ နတ်ဆိုးတွေ တကယ်ရှိခဲ့တယ်။

"ဘာလို့လဲ...သူက ဘာကြောင့် မင်းဘေးမှာရှိနေရတာလဲ" ယဲ့ချင်းဟွမ် က စကားထစ်ကာ မေးလိုက်သည်။

ယဲ့ချင်းဟွမ် သည်က နတ်ဘုရားတွေကို ယုံကြည်သလို နတ်ဆိုးတွေရှိသည်ကိုလည်း ယုံကြည်သည်။ အစွမ်းထက်သည့် နတ်ဆိုးတွေက ဘာကြောင့် သေမျိုးလူသားနှင့် လက်ထပ်သည်အထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို သူ နားမလည်တော့ပေ။

အိမ်ရှေ့မင်းသားက အေးအေးဆေးဆေးပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါတို့က တစ်သက်လုံး ခင်ပွန်းတွေဖြစ်ဖို့ ကံကြမ္မာရှိနေလို့ပဲ။ ဒါ ငါတို့ရဲ့ ပထမဆုံး ဘဝပဲ"

လီယွီ : "........................"

လီယွီသည် အိမ်ရှေ့စံမင်းသားသည် မိုးကောင်းကင်စမ်းသပ်ချက် အတိဒုက္ခများ သို့မဟုတ် တစ်ခုခုကို ကျော်ဖြတ်ရန် လိုအပ်သည့်အရာများကို သူနှင့်ပတ်သက်သည့် တစ်ခုခုပြောမည်ဟု ထင်ခဲ့သည်။ သို့သော်လည်း အိမ်ရှေ့မင်းသားက မလုပ်ခဲ့ဘူး။ အိမ်ရှေ့မင်းသားက ဒါက ရှောင်ယွီ ရဲ့လျှို့ဝှက်ချက်လို့ ခံစားရတယ်။ သေတဲ့အထိ အရိုက်ခံရရင်တောင် သူက မပြောဘူး။ သူက တခြားအရာတွေကိုသာ ပြောပြခဲ့သည်။

လီယွီသည် နောက်ဆုံးတွင် သူ့လောင်ကုန်း၏အချစ်ကို ရင်ထဲ နင့်သွားအောင်  ခံစားခဲ့ရသည်။ အိမ်ရှေ့မင်းသားက ဒီနေရာမှာ မုသားစကားတောင် မပြောဘူး။ အဲဒီအစား၊ သူက ခွေးအစာတွေကို နေရာတိုင်းကို  ပစ်ပေါက်နေတာပဲ....


ဆက်ခံသူ သခင်လေးယဲ့သည် အိမ်ရှေ့စံ ပစ်ပေါက်လိုက်သည့် ခွေးအစာကြောင့် မျက်နှာကို ပြင်းပြင်းထန်ထန် မှန်သွားသလို ခံစားလိုက်ရသည်။  သူသည် ရုတ်တရက် သူ့ကိုယ်သူ ပေါင်ကို လက်နှင့် ပုတ်ကာ ပြောလိုက်သည်။

  "ဒါကြောင့် မင်းငါးတွေကို ဒီလိုမျိုး အထူးစိတ်ဝင်စားနေတာလား။ ငါ.... အခုမှ အားလုံးနားလည်ေတာ့ တယ်။"

အိမ်ရှေ့မင်းသား: ?

လီယွီ : "......"

ခဏနေဦး.... မင်း ဘာနားလည်သွားတာလဲ။

 လီယွီသည် သခင်လေးယဲ့၏ စကားကြောင့်  အလွန်ထိတ်လန့်သွားသည်။


အိုး...နိုး..... ငါ့ခင်ပွန်းက ဒီလိုမျိုး ထူးထူးဆန်းဆန်း စိတ်ဝင်စားမှု မရှိဘူး ဟုတ်ပြီလား....


*******-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now