Chapter (140-1) - ယုံးဖူနန်းတော်မှ သူလျှို

3.3K 755 5
                                    

Chapter (140-1) - ယုံးဖူနန်းတော်မှ သူလျှို

"ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှ တစ်ခွန်းမှ မဟရဘူး "

အိမ်ရှေ့မင်းသားက အခု ရှိနေသူတိုင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်သဖြင့် ဝမ့်ရှီးနဲ့ လူတိုင်းဟာ ပါးစပ်ကို ကောင်းကောင်းပိတ်ထားလိုက်ကြသည်။

လီယွီသည် ထမ်းစင် ပေါ်တွင် အချိန်အတော်ကြာ ထိုင်နေသော်လည်း အိမ်ရှေ့မင်းသားက ရှောင်လျှို ကို ဖျောင်းရွှယ် အားခေါ်ပြီး သူ့နားလာရန် အမှန်တကယ် ခွင့်မပြုခဲ့ပေ။

"ဘာဖြစ်တာလဲ?" လီယွီသည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

ထိုကိုယ်ဝန်ဆောင်ရက်များအတွင်း ခင်ပွန်းသည်သည် သူ့အပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုကို စွဲလမ်းလုနီးပါး ဖြစ်နေခဲ့သည်။ လီယွီကို ဒီကြောင်ကို မထိစေချင်ဘူးဆိုရင် လီယွီဟာ အရင်ကလို ဝမ့်ကုန်းကုန်းကိုသာ ထိုနေရာတွင် ကြောင်ကို အစာကျွေးခွင့်ပြုလိုက်မည် ဖြစ်သည်။

ထပ်ခါတလဲလဲ စစ်ဆေးမှုတွေက သူ့အတွက်ကြောင့်ဆိုတာကိုလည်း သူ သိနေသည်။ ကိုယ်ဝန်ရှိ လာပြီးနောက်တွင် သူလည်း ထိန်းမနိုင်သိမ်းမရ တခုခုလုပ်ချင်သည့် စိတ်များ မကြာခဏပေါ်လာ တတ်သည်။ ထို့ကြောင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အလားအလာများကို ရှောင်ရှားရန် ဒီလောက်တင်းကျပ်စွာ စစ်ဆေးရခြင်းလည်း ဖြစ်သည်။

မု ထျန်းချီ သည် ဝမ့်ရှီးကို တိတ်တဆိတ် ထိုသွေးစွန်းနေသည့်အဝတ်ကို ဖယ်ရှားရန် အမိန့်ပေးခဲ့သည်။ ရှောင်လျှို သည် ဖျောင်းရွှယ် ကို ချုပ်ကိုင်ထားဆဲဖြစ်သည်။ သူက လီယွီရဲ့ ထမ်းစင် ဆီ လျှောက်သွားပြီး ပြောလိုက်သည်။

"ဒီနေရာက ကျင်ထိုက် နန်းတော်နဲ့ သိပ်မဝေးဘူး။ ငါတို့ဘာလို့ သွားမကြည့်ရမှာလဲ။"

လီယွီ: ?

လီယွီသည် မည်သည့်နေရာသို့ သွားသလဲ ဆိုတာနဲ့ ပတ်သက်၍ စိတ်ထဲ သိပ်မရှိပေ။ သို့ရာတွင် ဧကရာဇ်က သူတို့ကို စောင့်မျှော်နေသောကြောင့် အခုလို အခြားနေရာကို သွားနေတာက အဆင်ပြေပါ့မလား။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now