Chapter (143-2) - ခင်ဗျား နို့စို့တာကို ရပ်တန့်ဖို့ အစီအစဉ် မရှိဘူးလား

4.5K 827 10
                                    

Chapter (143-2) - ခင်ဗျား နို့စို့တာကို ရပ်တန့်ဖို့ အစီအစဉ် မရှိဘူးလား

အအေးနန်းတော် သည် လူများနေထိုင်နိုင်သော နေရာဖြစ်နိုင်ပါ့မလား။ သူ အအေးနန်းတော်သို့  အပို့မခံချင်ပေ။

ချူးရန့်ယွီ ထိတ်လန့်နေချိန်တွင် အိမ်ရှေ့စံမင်းသားက သူ့ကို အပေါ်စီးမှငုံ့ကြည့်ကာ ကြည်လင်အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

 "တုတ်နဲ့ အချက် ၂၀၀ ရိုက်နှက်စေ...သူ့ ကိုယ်လုပ်တော် အဆင့်ကို ဖယ်ရှားပြီး အအေးနန်းတော်ကို ပို့ဆောင်စေ "  

ချူးရန့်ယွီက  ကြမ်းပြင်ပေါ် ချက်ချင်း လဲကျသွားသည် ။   မှိန်းမောရင်း၊ သူက ဧကရာဇ်မင်း၏ ကိုယ်လုပ်တော်ဖြစ်သေးကြောင်း သတိရမိသည်။ အိမ်ရှေ့မင်းသားသည် ဧကရာဇ်မင်းကြီး၏ အလိုကို ကျော်လွန်ကာ ဘယ်လိုဖြစ်ပြီး သူ့ကို ကြိမ်ဒဏ်ခတ်သည့်အပြင် အအေးသောနန်းတော်သို့ပင် စေလွှတ်နိုင်သနည်း။

"အရှင်မင်းကြီး၊ အရှင့်ကို ကျွန်တော်မျိုး တောင်းပန်ပါတယ်။ တစ်ချိန်က အရှင်မင်းကြီးကို ကျွန်တော် ကူညီခဲ့ဖူးတဲ့အချက်ကို သတိရပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ......"

 ချူးရန့်ယွီ က အသဲအသန် တောင်းပန်လိုက်သည်။

သူအရင်က အရိုက်ခံရဖူးတယ်။ ထို ကြိမ်ဒဏ် အချက် ၂၀၀ ပြီးနောက် သူသေမလား သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရမလားဆိုတာ သူ မသိနိုင်ပေ။  အိမ်ရှေ့မင်းသားက ဧကရာဇ်မင်းရဲ့ စကားကို နားထောင်မှာ  သေချာတယ်။

ချူးရန့်ယွီ သည် ယခင်က သူ ကူညီခဲ့ပုံကို ပြောပြသည်ကို ကြားသောအခါ ဧကရာဇ်သည် ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။  ချူးကွေ့ရန်  က အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ ။

ဧကရာဇ်သည် သူ လှည့်စားခံရသည်ကို သိလိုက်ပြီး ချူးရန့်ယွီ ကို လုံးဝ လျစ်လျူရှုလိုက်တော့သည်။ သူက သနားရမည့်အစား ပြစ်ဒဏ် ပေးခံရဖို့ ထိုလူကို အဝေးသို့ ဆွဲထုတ်ရန် အစောင့်များအား အမိန့်ပေးခဲ့သည်။

ချူးရန့်ယွီ က လမ်းတစ်လျှောက်လုံး သနားစဖွယ် အော်ဟစ်ကာ တောင်းပန်လိုက်သည်။

လီယွီသည် ချူးရန့်ယွီ ကို စာနာစိတ်လုံးဝ မရှိပဲ ခေါင်းကို လှည့်လိုက်သည်။  

ချူးရန့်ယွီ သာ သူ့ကို စော်ကားခဲ့မည်ဆိုလျှင် အိမ်ရှေ့မင်းသားအား ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုပေမည်။

သို့သော် ချူးရန့်ယွီ သည် သူ့ကို စော်ကားရုံသာမက ဧကရာဇ်မင်းကိုလည်း စော်ကားကာ အိမ်ရှေ့မင်းသားကို စော်ကားခဲ့သည်။ အရေးကြီးဆုံးကတော့ သူက  ကလေးတွေကိုပင် ချန်မထားခဲ့ပဲ အကောက်ကြံခဲ့သည်။

ပြင်ပမှ အကဲခတ်သူတစ်ဦးအနေဖြင့်  ကြည့်နေသောအခါတွင် ချူးကွေ့ရန်  သည် ဒေါသများပြည့်နေသော မျက်လုံးများဖြင့် ကလေးများကို ကြည့်နေသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

လီယွီ သည် မကြာခဏ စိတ်သဘောထားပျော့ပျောင်းသော်လည်း သူသည် သူ့တွင် အောက်ခြေလိုင်း မရှိတာ မဟုတ်ပေ။ ကလေးတွေက သူ့အတွက် အဓိက ထားရမည့် အချက်ပဲ။ ဝတ္ထုထဲက ချူးရန့်ယွီ က    ကလေးတွေကို နာကျင်စေချင်ရင်တောင် သူက ဒါကို လုံးဝခွင့်မပြုနိုင်ဘူး။  

လီယွီသည် သူ့ခင်ပွန်းကို အတုယူကာ အေးစက်သော မျက်နှာကို ပြုလုပ်ထားသည်။

ချူးရန့်ယွီ ဘယ်လိုအဆုံးသတ်မလဲဆိုတာ သူ လုံးဝမသိချင်ဘူး။

ချူးကွေ့ရန်  ကို ခေါ်ဆောင်သွားပြီးနောက် အိမ်ရှေ့မင်းသားက ဧကရာဇ်ကို တောင်းပန်ခဲ့သည်။ သူသည် ဧကရာဇ်မင်း၏ ကိုယ်လုပ်တော်များထဲမှ တစ်ဦးကို အပြစ်ပေးခဲ့ပြီး အစပိုင်းတွင် ဧကရာဇ်ကို ဘာမှ မသိမပေးခဲ့မိပေ။

သို့သော် ဧကရာဇ်သည် ထိုကိစ္စကို   ငြင်းခုံရန် အစီအစဉ်မရှိပေ။ ဧကရာဇ်သည် လျှို့ဝှက်ထားသော ခံစားချက်ကို ဖုံးကွယ်ထားပြီး သူ့အနားတွင် လျှို့ဝှက်နေသည့်  ကိုယ်လုပ်တော် တစ်ဦး နေထိုင်နေသည့် အဖြစ်ကို မေ့ထားဖို့သာ အလုပ်များနေတော့သည်။  

"ကောင်းပြီ ထျန်းချီ  မင်းရဲ့ငါး......" ဧကရာဇ်က ခေတ္တရပ်လိုက်သည်။

မျက်နှာပြင်ပေါ်တွင် မူထန်းချီသည် လေးလေးစားစား နားထောင်သည်။ သို့သော် အမှန်တကယ်တော့ သူ့နှလုံးသားက လည်ချောင်းဆီသို့ တိုးတက်လာသလိုပင်...

ငါးကိုယ်ပွားက  ရှောင်ယွီ အစစ်နှင့် ဘယ်လောက်တူတယ်ဆိုပေမယ့်  နောက်ဆုံးတွင် ကွဲပြားမှုအချို့ရှိနေဆဲဖြစ်သည်။ ဧကရာဇ်က အဲဒါကို သိနေခဲ့တာလား။

"အမ်... မနေနဲ့။ ဘာမှမဟုတ်ဘူး။" ဧကရာဇ်က ပြောလိုက်သည်။

ဖန်ပုလင်းထဲက ငါးကို ကန်ချင်း  နန်းတော်ထဲကို ယူလာကတည်းက ဧကရာဇ်က အရင်ကနဲ့ ယှဉ်ရင် ဒီငါးက ပိုငြိမ်သက်တယ်လို့ ခံစားခဲ့ရသည်။

သို့ရာတွင်၊ အိမ်ရှေ့မင်းသား၏ငါးသည် ယခင်က ဆိတ်ဆိတ်နေသည့် ငါး မဟုတ်ပေ။ ချူးကွေ့ရန်  သည် 'နတ်ဆိုးကို သုတ်သင်ရန်' တောက် ဘုနးတော်ကြီး တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ထိုငါးသည် ပျော်ရွှင်စွာ ခုန်ပေါက်ကာ ပါးရိုက်မည်ဟု သူမျှော်လင့်ထားခဲ့မိတာလား။

ဧကရာဇ်သည် ငါးအစစ် နှင့် ငါး အတုကြား ခြားနားချက်ကို မရှာဖွေနိုင်ပေ။ ထို့အပြင်၊ ချူးကွေ့ရန်  ၏ သေးငယ်သောကြင်နာမှု အတုအယောင်နှင့်နှိုင်းယှဉ်ပါက၊ ထိုငါးသည် ခက်ခက်ခဲခဲစမ်းသပ်မှုကို ကျော်ဖြတ်နိုင်စေရန် ကူညီပေးခဲ့သူဖြစ်သည်။ ဒီငါးကို သူ ဘယ်လို သံသယဖြစ်မိမှာလဲ။

ထိုငါးသည် ကမ္ဘာ့နံပါတ် (၁) ငါးဘွဲ့ကို သူကိုယ်တိုင် ပေးအပ်ခဲ့သော ငါးဖြစ်သည်။ ဧကရာဇ်ပင်လျှင် ချူးကွေ့ရန်သည် ရယ်စရာကောင်းသည်ဟု ခံစားမိလိုက်သည်။  

"ဒီငါးကို ကောင်းကောင်းမွေးမြူပါ။ နန်းတော်သို့ မကြာခဏ ခေါ်ဆောင်လာဦး။ ဒီငါးမှာ ဘယ်လို လှည့်ကွက်အသစ်တွေ ပါနေလဲ ကြည့်ချင်သေးတယ်"

သူ့မွေးနေ့ပွဲတုန်းက ဒီငါးက သူ့ကို ပန်းတစ်ပွင့်တောင်ပေးခဲ့တာကို ပြန်သတိရတော့ ဧကရာဇ်က နည်းနည်းတော့ မျှော်ကြည့်မိသေးသည်။

အိမ်ရှေ့မင်းသားနှင့် လီယွီ- "........."

ထိုငါးတွင် လှည့်ကွက်များစွာ ရှိ၍ မင်းကြီး စိတ်ကျေနပ်စေမည်ဟု အာမခံပါတယ်...

ဧကရာဇ်သည် အမှန်တကယ် သံသယမဖြစ်သောကြောင့် အိမ်ရှေ့မင်းသားသည် စိတ်သက်သာရာရသွားသည်။  ရုတ်တရက် သူသည် နို့ထိန်း အဝတ်အစားဝတ်ထားသည့် ထိုက်ကျူဖေး က သူ့ကို စူးစူးရဲရဲ ကြည့်ကာ မျက်စိ မှိတ်ပြနေသည်ကို သတိပြုမိသည်။

အိမ်ရှေ့မင်းသား- "......"

အိမ်ရှေ့မင်းသားက ထိုက်ကျူဖေးက ကလေးလိုမျိုးု နည်းနည်းလေး ချစ်စရာကောင်းတယ်လို့ ခံစားရတယ်။

အရာအားလုံးပြီးမြောက်ပြီးတဲ့နောက်မှာတော့ အစေခံတွေဟာ အိမ်ရှေ့စံအိမ်တော်ဆီ ပြန်လာကြသည်။
လီယွီသည်  ထိုနေရာတွင် အကြောင်းပြချက်များ ပေးကာ အချိန်ယူခဲ့သည်။ နောက်ဆုံးတော့ သူက နို့ထိန်း ဝတ်စုံကို မပြောင်းရသေးပေ။

အရင်က မိန်းကလေး ဝတ်စုံမဝတ်ဖူးဘူး။ တခါဝတ် လိုက်တာနဲ့ ရုတ်တရတ် လန်းဆန်းသွားသလိုပင်။  ထို့အပြင် သူပေါ်လာသည်နှင့် ဧကရာဇ်မင်းနှင့်လူအားလုံးကို လှည့်စားနိုင်ခဲ့သည်။ လီယွီသည် နို့ထိန်း အယောင်ဆောင်ရာတွင် အလွန်အောင်မြင်သည်ဟု ခံစားခဲ့ရသည်။ သူ့ဗိုက်ကြီးတာကို ဘယ်သူမှ ရှာမတွေ့ဘူး။ အများစုကတော့  သူက အနည်းငယ်ဝ သည်ဟုသာ ခံစားမိကြသည်။

သူ၏ စိတ်လှုပ်ရှားနေသော အခြေအနေသည် အိမ်ရှေ့မင်းသား၏ အခန်းဆီသို့ တောက်လျှောက် ဆက်သွားခဲ့သည်။ လောင်ကုန်း၏ ရွှင်မြူးသောအကြည့်အောက်တွင် လီယွီသည် ပို၍ပင် ဆော့ကစား ချင်လာခဲ့သည်။

သူသည် မိန်းကလေး အဝတ်စား ပြောင်းလဲရန် အလျင်စလို မလုပ်သေးပေ။ ထိုသို့ ဝတ်စားဆင်ယင်ပြီး အိမ်ရှေ့မင်းသားကို ကျီစားဖို့ သွားခဲ့သေးသည်။

"အရှင်မင်းသား....ဒီလိုမျိုး ဝတ်ထားတာက အရမ်းစိတ်လှုပ်ရှားစရာလို့ မထင်ဘူးလား"

လီယွီသည် တုံးအသော  အပြုံးဖြင့် အိမ်ရှေ့မင်းသား၏လက်ကို ပွေ့ဖက်လိုက်သည်။

နို့ထိန်း အယောင်ဆောင်ရန်အတွက် လီယွီသည် သူ့ကိုယ်သူ လုံးကြီးပေါက်လှ ရင်သားကြီးကြီးပုံဖြစ်ရန် အဝတ် အတွင်း၌ ဖော့များစွာကို ထည့်သွင်းခဲ့သည်။

ဒါဟာ တကယ့်ကို အိပ်ခန်းတွင်း ရင်ခုန်ဖွယ် ကစားရမယ့် အခွင့်ရေး တစ်ခုဖြစ်သည်။  အိမ်ရှေ့မင်းသားကို သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို ခံစားခွင့်ပေးဖို့ လိုအပ်တယ်။

မုထျန်းချီ : "......"  

အိမ်ရှေ့စံမင်းသားသည် ရင်ဘတ်ထဲ ထည့်ထားသည့် အဝတ်များကို တွေ့ကြုံခံစားခဲ့ရပြီး လုံးဝမတုံ့ပြန်ဘဲ သူ့လက်ကို တိတ်တဆိတ် ပြန်ဆွဲထုတ်လိုက်သည်။

ထိုက်ကျူဖေး က ဒီမှာ ဝါးနိုင်တာထက် ပိုကိုက်နေသလို ခံစားလိုက်ရတယ်။ အိမ်ရှေ့မင်းသားသည် လိင်တူချစ်သူဖြစ်သည်။ ဒါတွေကို သူ မကြိုက်လောက်ဘူး....

QQ၊ အရမ်း ကစားချင်တာကို....သူ့ လောင်ကုန်းဖြစ်သူကို စိတ်ဒဏ်ရာရအောင် လုပ်မိရင် ဘာဖြစ်သွား မလဲ။

လီယွီသည် ရင်ဘတ်ထဲ ထိုးထည့်ထားသည့် အဝတ် အားလုံးကို အလျင်အမြန်ဆွဲထုတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် အဝတ်အစားပြောင်းရန် အနာက်သို့ ရွှေ့လိုက်သည်။  

သို့သော် ထိုအဝတ်အစားများသည် အလွန်လိုက်ဖက်လှပြီး ချွတ်ရတာ မလွယ်ကူပေ။  အိမ်ရှေ့မင်းသားက ရုတ်တရက်   လီယွီက ကော်လာပေါ်က ပုလဲ ကြယ်သီးကို ဖြုတ်လိုက်သည်။

"နို့ထိန်းလား.....?" အိမ်ရှေ့မင်းသားက အပြုံးမပျက် ပြောလာခဲ့သည်။

လီယွီ : ?

အသိစိတ် လုံးဝ ဆုံးရှုံးသွားသလို လီယွီသည် သတ္တိမွေးကာ သူ့ လောင်ကုန်း က သူနှင့် အတူ ကစားဖို့ လုပ်နေတယ်ဆိုတာ သတိပြုမိလာသည်။

အိမ်ရှေ့မင်းသားက ဒီငါးကလေးကို ကောက်ပွေ့ပြီး   မြှားတစ်စင်းလို ကုတင်ပေါ်ကို လျှောက်သွားကာ ကုတင်ပေါ်မှာ တင်ထားလိုက်တော့သည်။

လီယွီ၏ဗိုက်ကို မဖိမိစေရန် ဂရုတစိုက်ရှောင်ရင်း လီယွီကို နမ်းလိုက်ရာ ရှောင်ယွီက ကျေနပ်စွာ မျက်လုံးမှိတ်ထားလိုက်သည်။

အိမ်ရှေ့မင်းသားက "တကယ် နို့ထိန်းလား..ဟမ်..." လို့ ပြုံးပြီး မေးတယ်။

လီယွီ၏ဦးခေါင်းသည် အမှိုက်များ ပို၍ပို၍ ပြည့်လျှံနေပြီဖြစ်သည်။ သူက ခေါင်းကို မညိတ်မသွေ ခါလိုက်သည်။  

သူသည် ကလေးအားလုံးကို မွေးဖွားခဲ့သည်။ အရင်ကလည်း သူ့ လောင်ကုန်းကို နို့တိုက်ဖူးတယ်။  ဟုတ်တယ်...သူက နို့ထိန်းပဲလေ....
 

ပြီးတော့ ...... 'ပြီးတော့' ဘာမှ မရှိတော့ဘူး။

နို့ထိန်း လီယွီ ကို ကလေးအဖေက တကိုယ်လုံး ခြောက်ကပ်သွားအောင်  စို့ခဲ့သည်။

ပထမပိုင်းမှာတော့ ရုန်းကန်ခြင်းတွေနဲ့ ပြည့်နှက်နေတယ်။ နောက်ဆုံးတစ်ဝက်တွင် ချိုမြသော ညည်းညူသံများသာ ကျန်ရှိတော့သည်။  

ရုတ်တရက် တစ်စုံတစ်ယောက်သည် အပြင်မှ တံခါးကို ကျယ်လောင်စွာ ရိုက်ခတ်လာသောအခါတွင် ခင်ပွန်းသည် အချင်းချင်း သီးသန့် စကားများကို အိပ်ယာထက်တွင် ဖလှယ်နေကြသည်။

လင်မယားနှစ်ယောက် ဒီလိုမျိုးလုပ်တိုင်း တံခါးကို သော့ခတ်ထားတတ်သည်။  လီယွီသည် စောင်ဖြင့် ကိုယ်ကို အလျင်အမြန် ပတ်ရစ်ပြီး အိမ်ရှေ့မင်းသားအား စူးစူးဝါးဝါး အကြည့်တစ်ချက် ပေးလိုက်သည်။ သို့သော်၊ သူ၏ ရှုပ်ပွနေသည့် ဆံပင်မွေးများ၊  ယုန်မျက်လုံးလို နီရဲရဲ မျက်ဝန်းနှင့်  ဝက်အူချောင်းနှယ် ထူအမ်းယောင်ကိုင်းအောင် အနမ်းခံခဲ့ရသည့် နူတ်တ်ခမ်းများကြောင့် ထိုအကြည့်လေးက  ခြိမ်းခြောက်မှု လုံးဝမဖြစ်ခဲ့ပေ။

ရွှင်မြူးသောစိတ်ဖြင့် အိမ်ရှေ့မင်းသားက သူ့ကို အပြုံးတစ်ချက် ပေးကာ တံခါးကို ကိုယ်တိုင်သွားဖွင့်သည်။

ငါးကလေးတစ်ကောင်သည် တံခါးအပြင်ဘက်တွင် ရပ်နေပြီး ခေါင်းအုံးလေးကို ပွေ့ဖက်ထားသည်။  

"ပါးပါး " ပေါင်းရိ က ပြောခဲ့သည်။  "သား..နို့ထိန်း နဲ့ အတူ  အိပ်ချင်တယ်"

အိမ်ရှေ့မင်းသားက ကလေးတွေကို ငါးပါးပါးကို အနှောက်အယှက်မပေးဘဲ တစ်ယောက်တည်း အိပ်ခိုင်းထားပြီးသား။ ဒါပေမယ့် ပေါင်းရိ က ငါးပါးပါး နဲ့ ရင်းနှီးချင်ခဲ့တယ်။ နောက်ဆုံးတွင် သူသည် အကြောင်းပြချက်တစ်ခုရှာခဲ့သည်။

မုထျန်းချီ : "......"

လီယွီသည် သူ့သားကို မည်သို့ငြင်းနိုင်မည်နည်း။ သူသည် ချက်ချင်းပင် ခင်ပွန်းသည်အား သူတို့၏သားကို ခေါ်ဆာင်လာစေသည်။  

ပေါင်းရိ က ပါးပါး ရဲ့ဘေးမှာ နေနိုင်သရွေ့တော့ သူ အရမ်းပျော်နေပြီလေ။ သူ့ခေါင်းအုံးလေးကို ပွေ့ဖက်ရင်း ပါးပါး တို့ကြားမှာ အိပ်ဖို့ အစပျိုးခဲ့တယ်။

"ပေါင်းရိ က လိမ်မာတယ်.... ဆူညံမှာမဟုတ်ဘူး။" ပေါင်းရိ ဝမ်းသာအားရ မျက်လုံးမှိတ်လိုက်သည်။

လီယွီသည် ခင်ပွန်းသည်အား စိတ်အေးလက်အေး အကြည့်ပေးလိုက်သည်။ လင်မယားနှစ်ယောက်က အိပ်ပျော်သွားသော သားလေးကို ဝိုင်းထိုင်ကြည့်နေသည်။

သိပ်မကြာခင်မှာပဲ တံခါးခေါက်သံ ထပ်ထွက်လာတယ်။  

ဒီအတိုင်းပဲ တံခါးကို စုစုပေါင်း လေးကြိမ်ခေါက်လာခဲ့တယ်။ ပထမငါးကလေးသုံးကောင်စလုံးသည် နို့ထိန်းနှင့် အိပ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ အိမ်ရှေ့မင်းသား ပါးပါးနဲ့ အတူ အိပ်ချင်တဲ့ ငါးကလေး တစ်ကောင်ပဲ ရှိတယ်။

အခု ဘာလုပ်ရမလဲ။ နို့ထိန်းက အံ့ဩသွားသည်။

"........ ဒီတစ်ကြိမ်ပဲ"

အိမ်ရှေ့မင်းသားသည် လီယွီ၏နှာခေါင်းကို ချစ်ခင်စွာပွတ်ဆွဲကာ လီယွီ နှင့်အတူ ကလေးအားလုံးကို ပွေ့ဖက်ကာ သူနှင့်အတူ လှဲချလိုက်သည်။ အခုတော့ အားလုံးကျေနပ်သွားပါပြီ။

သူ့ကို ထပ်ပြီး မစို့လောက်တော့ဘူး မဟုတ်လား? လီယွီက သတိကြီးစွာ တွေးလိုက်သည်။  

ညက မည်သည့်အဖြစ်အပျက်မှမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ နောက်နေ့ကျတော့ ကလေးတွေက တော်ဝင်စာသင်ကျောင်း ကို သွားကြတယ်။ အိမ်ရှေ့မင်းသားသည် တိုင်းပြည်ရေး ကို ဖြေရှင်းဖို့  ထွက်သွားပြီး ချက်ချင်း ပြန်လာခဲ့သည်။


သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် "နို့ထိန်း" ဟုခေါ်လိုက်သည်။

နို့ထိန်း လီယွီ သည် ဒေါသတကြီးဖြင့် မျက်ခုံးမွှေးများ ထောင်လာသည့်အထိ  နီမြန်းလာသည်။

ဟမ့်... ခင်ဗျား မကြာခင် နို့စို့တာကို ရပ်တန့်ဖို့ အစီအစဉ် မရှိဘူးလား။

**********-************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now