Chapter (86-2) - ဘုရင်ကြီးကို တပတ်ရိုက်ခြင်း

4.6K 922 5
                                    

Chapter (86-2) - ဘုရင်ကြီးကို တပတ်ရိုက်ခြင်း  


"ပါးပါး!" လီယွီက ပါးစပ်က ပြောကာ ရှင်းလင်းစွာပြသခဲ့သည်။

ငါးလေးတွေက သူ့ကို ဘာလုပ်ရမှန်းမသိဘဲ အံ့ဩစွာ ကြည့်နေကြတယ်။  

လီယွီသည် ဤနည်းလမ်း မမှန်ကြောင်း သတိပြုမိသည်။ ခဏလောက်တွေးပြီး မက်မွန်ပွင့်ကွတ်ကီး တစ်ပိုင်းကို ဆွဲယူပြီး အတုံးသေးသေးလေးတွေဖြစ်အောင် ဖြဲလိုက်တယ်။ လီယွီသည် မက်မွန်ပွင့်ကွတ်ကီးပတ်ပတ်လည်တွင် စက်ဝိုင်းပုံကူးကာ ပြောလိုက်သည်။

"ပါးပါး!"

မက်မွန်ပွင့် ကွတ်ကီးတွေ စားဖို့ သင့်တော်တယ် လို့ ပြောကာ  ကလေး တွေလည်း စားနိုင်တယ်ဆိုသည့် သဘောဖြစ်တယ်။ သူ ပြောသလို လိုက်ပြောရင် စားရမယ် ဆိုသည့် သဘောကိုပြနေသည်။

မက်မွန်ပွင့်ကွတ်ကီး၏ အရသာရှိသော ရနံ့သည် ငါးကလေးများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ပေါင်းရိက ခေါင်းကို ငုံ့ကာ မက်မွန်ကွတ်ကီးတွေကို စမ်းကာ စားရင်း ခေါ်လိုက်သည်။

 "ပါးပါး?"  

ပေါင်းရိက အရမ်းစမတ်ကျတယ်။ လီယွီသည် သူ့ငါးဆူးတောင်များကိုစုကာ လက်ခုပ်တီးကာ ချီးကျူးချင်ခဲ့သည်။ ငါးတွေ ငတုံးတွေလို့ ဘယ်သူပြောတာလဲ။

လီယွီသည် ပေါင်းရိကို မက်မွန်ပွင့်ကွတ်ကီး အပိုင်းအစလေးကို ဆုချခဲ့သည်။ ပေါင်းရိက သူ့အမြီးကို ဝမ်းသာအားရ ဝှေ့ယမ်းပြီး မက်မွန်ပွင်ကွတ်ကီးကို စားလိုက်ပါတော့တယ်။

ပေါင်းရိစားစရာရှိတာတွေ့တော့ ပေါင်းအော့နဲ့ ပေါင်းစန်းက မနာလိုဖြစ်လာတယ်။  ပေါင်းရိထံမှ မှ သင်ယူပြီး ပြောခဲ့သည်။

 "ဒါဒါ?"

လီယွီ: "......"

လီယွီက ပေါင်းအော့နဲ့ ပေါင်းစန်းက အသံထွက်မမှန်ပေမယ့် သူတို့ရဲ့ပထမဆုံးအကြိမ် ခေါ်တတ်တယ်ဆိုတော့ မဆိုးဘူးလို့ထင်တယ်။ လီယွီကလည်း ပေါင်းအော့နှင့် ပေါင်းစန်းမက်မွန်ပွင့် ကွတ်ကီးများကို ပေးကာ  စားခိုင်းလိုက်သည်။

အကိုကြီးတွေက စံနမူနာကောင်းတွေပြထားပြီးသား၊ အခု ပေါင်းဆုပဲကျန်တော့တယ်။ လီယွီသည် ပေါင်းဆု ဆီသို့ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။  

မမျှော်လင့်ဘဲ၊ ပေါင်းဆုသည် သူ တကယ်နားမလည်သလို ဗလာကျင်းသည့်မျက်ဝန်းဖြင့် သူ့ကို အံကြိတ်ကာ ကြည့်နေခဲ့သည်။ ဤငါးကလေးသည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်သွားကာ အောက်ကို နစ်မြှုပ်သွားသောအခါတွင် လီယွီသည် သူ ဘာဖြစ်နေသလဲဆိုတာကို အံ့သြနေမိသည်။

လီယွီ: "......"

ထိတ်လန့်တကြားနှင့် လီယွီသည် အလျင်အမြန် ပြေးလာပြီး အလွန်ထိတ်လန့်နေသော ပေါင်းဆုကို ဖမ်းဆုပ်လိုက်သည်။

သူ အိပ်ပျော်သွားတာလား? လီယွီသည် ရယ်မောကာ အနည်းငယ် ကူကယ်ရာမဲ့ဖြစ်နေလေသည်။ ဒီကလေးက ဘယ်သူနဲ့ အတိအကျကို တူနေတာလဲ။
 
"ပါးပါး!" တစ်ဖန် လီယွီသည် ပေါင်းဆု ကို အလေးအနက် ညွှန်ကြားခဲ့သည်။

ပေါင်းဆု လန့်သွားသည်။ ငါးပါးပါးရဲ့ ညွှန်ကြားချက်အရ သေးငယ်တဲ့ ပူဖောင်းနှစ်ခုကို မှုတ်ထုတ်လိုက်တယ်။

လီယွီ: "......"

မဟုတ်ဘူး၊ ပါးပါးလို့ ဘယ်လိုပြောရမလဲဆိုတာ သေချာလေ့လာဖို့ လိုတယ်။  

မက်မွန်ပွင့်ကွတ်ကီးကို ဆွဲဆောင်မှုအဖြစ် အသုံးပြုကာ လီယွီသည် နောက်ဆုံးတွင် ပေါင်းဆု ကို မှန်ကန်စွာ အသံထွက် ရွတ်ဆိစေခဲ့သည်။

ကျင်းဝမ်သည် သူ့ငါးဇနီးသည် နှင့် ငါးကလေးများကို ကြည့်ရှုရန် လာခဲ့သည်။ လီယွီသည် လက်ရှိတွင် ငါးကလေးငယ်များ၏ ကွင်းဆက်ကို ဦးဆောင်ကာ စက်ဝိုင်းပုံစံ ရေကူးခြင်းဖြင့် သူတို့နှင့် ကစားနေပါသည်။

"အရှင်မင်းသား...ကျွန်တော်တို့ သားတွေက ပါးပါးလို့ ပြောနိုင်နေပြီ!!" လီယွီက ဝမ်းသာအားရပြောသည်။

ကျင်းဝမ်က ငါးစကားပြောတာကို နားမလည်ဘူး။ ပြုံးလျက် ရှောင်ယွီသည် နောက်ပြန်လှည့်ကာ ဝှေ့ယမ်းကာ ကြည့်နေသည် ။

လီယွီသည် မက်မွန်ပွင့်ကွတ်ကီးတစ်ပိုင်းကို ကောက်ကိုင်လိုက်ကာ ခင်ပွန်းသည်၏ရှေ့တွင် ထပ်စမ်းကြည့်ချင်ပြီး အရပ်ရှည်ရှည် ချောမောသော ဤငါးကလေးများကိုလည်း သူတို့၏အဖေ့ကို ထိုသို့ခေါ်ရန် ခိုင်းစေလိုခဲ့သည်။

မက်မွန်ပွင့်ကွတ်ကီးကို ထုတ်ယူလိုက်သောအခါတွင် လီယွီက ဘာမှရှင်းပြခွင့်မရသေးခင်မှာ  ငါးကလေးများအားလုံး "ပါးပါး" ဟု တညီတညွတ်တည်း အော်လိုက်သောအခါ၊ ပေါင်းရိ  ဦးဆောင်ကာ ကလေးလေးယောက်စလုံး မက်မွန်ပွင့်ကွတ်ကီးဆီသို့ ပျော်ရွှင်စွာ အားကုန်ပြေးဝင် လာခဲ့ကြသည်။

လီယွီ: "......"

ငါးကလေးများသည် ဤနေရာတွင် မှားယွင်းစွာ အထင်အမြင်လွဲမှားနေပုံပေါက်သည်ဟု သူ ဘာကြောင့်ခံစားရသနည်း။  

ကျင်းဝမ်၏ အခန်းတွင် သူသည် မူလက ငါးတစ်ကောင်သာ မွေးမြူထားသည်။ အခု ရုတ်တရက် ကလေးလေးယောက် ရှိလာတယ်။ သဘာဝအားဖြင့်၊ သူသည် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ကျင်းဝမ်က ဒီငါးလေးတွေဟာ တစ်နေ့လုံး ပုန်းရှောင်နေဖို့မှာကြားပြီး ဒါတွေက ရှောင်ယွီရဲ့ သားသမီးတွေပဲလို့ သူ့အိမ်ကလူတွေကို ရိုးရိုးရှင်းရှင်းပြောခဲ့တယ်။

ကျင်းဝမ်ရဲ့ငါးက အရမ်းကြီးနေပြီ။ ငါးကလေးမွေးရတာက အရမ်းပုံမှန်ပါပဲ။ အစေခံတစ်ဦးတစ်ယောက်မှ အမှားအယွင်းမရှိဟု မခံစားရပါ။ "ငါးဇနီးသည်" က ဘယ်မှာလဲဆိုတာ ဘယ်သူမှ မမေးကြဘူး။ မြင်းများပင် ကလေးမွေး နိုင်သောကြောင့် ငါးက ကလေးမွေးတာက ပုံမှန်ပဲဖြစ်သည်ဟု ယူဆကြသည်။

ဝမ့်ရှီး သည် သခင်လေးရှောင်ယွီကို အလွန်နှစ်သက်သည်။ သေးငယ်သော ငါးကလေး အနည်းငယ်၏အသွင်အပြင်ကြောင့် ဝမ့်ရှီး သည် အလွန်ပျော်ရွှင်နေပြီး အပြုံးပင် မရပ်နိုင်တောေ့ပ။ ကျင်းဝမ်က ဝမ့်ရှီး ကို ငါးကလေးငယ်များ၏ ဘေးကင်းရေးကို အထူးဂရုပြုရန် အမိန့်ပေးခဲ့ပြီး သူကို ဦးစားပေး အဖြစ် သတ်မှတ်ခဲ့သည်။ ဝမ့်ရှီး သည် အလွန်လျင်မြန်စွာ နားလည်လိုက်သည်။ ဝမ့်ကုန်းကုန်း သည်ထိုအချက်ကို သူ၏ခေါင်းထဲတွင် မှတ်သားလိုက်သည်။

အရှင်မင်းသားသ သခင်လေးလီကဲ့သို့ပင် သခင်လေးရှောင်ယွီကို အလွန်ဂရုစိုက်သည်။ ထို့ကြောင့် အရှင်မင်းသားသည် သခင်လေး ရှောင်ယွီ၏ ငါးကလေးများကို အလွန်ဂရုစိုက်တယ်ဆိုတော့ ဒါက  သခင်လေးလီ၏ သားများကို ဂရုစိုက်ခြင်းနှင့် ညီမျှသည်မဟုတ်လော။

တူညီတဲ့ အတွေးအမြင်အရ သခင်လေးလီမှာ သားတကယ်ရှိရင် ဘယ်သူဖြစ်မလဲလို့ တွေးနေမိသည်။

ဟဲ..ဟဲ... ဒီငါးလေးတွေကို သခင်လေးတွေလို ဆက်ဆံဖို့ သူ့ကို သတိပေးဖို့ တခြားနည်းလမ်းကို သုံးနေတာ မဟုတ်ဘူးလား။

ဝမ့်ရှီး သည် သခင်ငယ်လေးများ ရှိချင်လွန်းလို့ သူ့မှာ ရူးသွပ်သွားသည် ။ ချက်ချင်းပင် သူသည် ညွှန်ကြားချက်များကို သေသေချာချာ လိုက်နာခဲ့သည်။  

ဧကရာဇ်စံမြန်းသည့် တော်ဝင်မြို့တော်၊ ကန်ချင်း နန်းတော်။

ကျင်းဝမ်သည် အနောက်နယ်ခြားသို့ သွားပြီးကတည်းက ရက်အနည်းငယ်တိုင်း ဧကရာဇ်သည် ထိုနေရာက အခြေအနေအကြောင်း မေးမြန်းလေ့ရှိသည်။ သူသည် အနောက်တောင်တန်းဒေသမှ အစီရင်ခံစာများကို အကြိမ်ကြိမ်ဖတ်နေသည်။

ကျင်းဝမ်သည် အနောက်တောင်တန်းသို့ ရောက်သောအခါတွင် သူသည် လူသတ်သမားများနှင့် ကြုံတွေ့ခဲ့ရသည်။ ဧကရာဇ်သည် ကျင်းဝမ်၏လုံခြုံရေးအတွက် အလွန်စိုးရိမ်သဖြင့် လက်တုံ့ပြန်ရန်အတွက် အစောင့်များနှင့် တော်ဝင်သမားတော်များကို ထိုနေရာသို့ စေလွှတ်ခဲ့သည်။ ထို့အပြင် သူသည် အဆင့်မြင့် စစ်တပ်ကို တိတ်တဆိတ် အမိန့်ပေးခဲ့သည်။ ကျင်းဝမ်က အကူအညီတောင်းပါက အနောက်တောင်တန်း အနီးရှိ အရာရှိများကို တပ်ဖွဲ့ဝင်များ စေလွှတ်ရန်လည်း အမိန့်ထုတ်ထားသည်။

အစတွင်၊ ဧကရာဇ်သည် ဆိုးရွားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သလို ခံစားခဲ့ရသည်။ ကျင်းဝမ်သည် သူ၏ စာမေးပွဲကို မပြီးမြောက်နိုင်ခဲ့လည်း ကိစ္စမရှိပေ။ ဒါပေမယ့် အဆုံးမှာ ပြန်မလာနိုင်ရင်ကော။  

ဧကရာဇ်၏ နှလုံးသားသည် လပေါင်းများစွာ တုန်လှုပ်နေခဲ့သည်။ ဧကရာဇ်ဘုရင်သည် တိုက်ပွဲမှ အစီရင်ခံစာဖြစ်သည့် အနောက်တောင်တန်းမှ ဒုတိယသတင်းကို လက်ခံရရှိသောအခါတွင် တော်ဝင်သမားတော်များသည် အနောက်နယ်နိမိတ်သို့ပင် မရောက်သေးပေ။

ကျင်းဝမ်သည် ဓားပြများ၏ တိုက်ခိုက်မှုကို တွန်းလှန်ခဲ့ပြီး တိုက်ပွဲတွင် အောင်ပွဲခံခဲ့သည်။

တိုက်ပွဲအစီရင်ခံစာတွင် ကျင်းဝမ်က တိုက်ပွဲတွင်ပါဝင်ရန် ဆုံးဖြတ်ရသည့် အကြောင်းရင်းအပြင် သူက အသုံးပြုသည့် တိကျသောနည်းဗျူဟာကိုလည်း အသေးစိတ်ရှင်းပြထားသည်။

အစပိုင်းတွင်၊ ဧကရာဇ်သည် ဓားပြများ၏ ရဲစွမ်းသတ္တိကြောင့် ဒေါသဖြစ်ခဲ့ပြီး ကျင်းဝမ်၏ အဆုံးအဖြတ်ပေးမှုကြောင့် တုန်လှုပ်သွားခဲ့သည်။ ဧကရာဇ်သည် အတွေ့အကြုံကြွယ်ဝသော စစ်သည်အများအပြားကို အနောက်တောင်တန်းသို့ စေလွှတ်ခဲ့သော်လည်း သူတို့အားလုံးက ဓားပြများကို အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။ ကျင်းဝမ်သည် ယခင်က စစ်ပွဲတွင် တစ်ခါမျှ မတိုက်ခဲ့ဖူးသော်လည်း ဓားပြများနှင့် တိုက်ခိုက်ရန် သတ္တိရှိလှသည်။ ဒါတင်မကသေး ဓားပြတွေကိုတောင် ပြန်တိုက်ထုတ်နိုင်တယ်။ ဧကရာဇ်သည် အရမ်းကို စိုးရိမ်ပြီးနောက်တွင် အလွန်ဝမ်းသာပီတိဖြစ်ခဲ့ရသည်။  

ကျင်းဝမ်သည် ကြီးလေးသောတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိပြီး သူ့ကိုစိတ်မပျက်စေခဲ့ပေ။

ဧကရာဇ်သည် ပျော်ရွှင်နေသော်လည်း ချီးမွှမ်းခြင်း သက်သက်သာဖြစ်ပြီး ဆုချဦးမည်မဟုတ်ပေ။ သူက ကျင်းဝမ်ကို မာနကြီးပြီး စိတ်အားထက်သန်သူ မဖြစ်စေလိုပေ။ ဧကရာဇ်သည် အနောက်တောင်တန်း၌ ကျင်းဝမ်၏ အပြုအမူကို ဆက်လက်မြင်ချင်ဆဲဖြစ်သည်။ အနောက်တောင်တန်းသို့ အရည်အသွေးမြင့် ချပ်ဝတ်တန်ဆာ ပေးပို့ရန် အပါးတော်မြဲလျှို ကို အမိန့်ပေးခဲ့သည်။

ဧကရာဇ်သည် သူ၏သားတော်အတွက် တကယ်ပင် ဂုဏ်ယူမိသည်။ သဲမြေပုံပေါ်တွင် တိုက်ပွဲ အစီရင်ခံစာ ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာရန် စစ်ဝန်ကြီးဌာနကို အမိန့်ပေးခဲ့သည်။ စစ်ဌာနမှ အရာရှိကြီးများ ပင်လျှင် ကျင်းဝမ်သည် စစ်နတ်ဘုရားဖြစ်ပေသည်ဟု ချီးကျူးခဲ့သည်။ ထိုစကားကိုကြားလျှင် ဧကရာဇ်သည် မယုံနိုင်လောက်အောင် ကျေနပ်သွားလေသည်။

တိုက်ပွဲ သတင်းပေးပို့ခြင်းမှလွဲ၍ ကျင်းဝမ်က သူ့ကို ပေးပို့သော အစီရင်ခံစာတွင် လီယွီအမည်ရှိ လူငယ်တစ်ဦးကိုလည်း ဖော်ပြခဲ့သည်။ ထင်ရှားတဲ့အချက်က ဤလူငယ်လေးသည် အလွန်ဗဟုသုတရှိပြီး အတွေ့အကြုံရှိသည့်အပြင် ကျင်းဝမ်ကို များစွာ ကူညီပေးခဲ့သည်။ ကျင်းဝမ်က သူသည် ဓားပြများကို ယခုလို ဗျူဟာကျကျ တိုက်ခိုက်နိုင်သည့် အကြောင်းရင်းမှာ ဤလူငယ်၏ အကြံအစည်ကြောင့် ဖြစ်နေကြောင်း သူ၏ အစီရင်ခံစာတွင် ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သည်။ ကျင်းဝမ်သည် ဤလူငယ်၏ အရည်အချင်းကို အကဲဖြတ်ပြီး ဧကရာဇ်မင်းအား ခွင့်ပြုပေးရန် တောင်းဆိုပြီး သူ့ကို မှန်ကန်စွာ ဆုချချင်ခဲ့သည်။  

ဧကရာဇ်သည် စိတ်ထဲမှာ မရပ်မနား ရယ်မောလိုက်သည်။ ဒီလိုအသေးအဖွဲကိစ္စလေးမို့ ကျင်းဝမ်က ဒီအတွက် သူ့ခွင့်ပြုချက်တောင်းဖို့ လိုသေးလား။

သူ့စုတ်တံကြီးကို ပင့်မလျက်  ဧကရာဇ်ဘုရင်က ခွင့်ပြုကြောင်း   အမိန့်တော်ရေးလိုက်သည်။

တော်ဝင်မြို့တော်နှင့် အနောက်တောင်တန်းသည် အလွန်ဝေးကွာသည်။ သတင်းများအပြန်ပြန်အလှန်လှန် ပေးပို့ခြင်းသည် အလွန် အဆင်မပြေလှပေ။ ဧကရာဇ်သည် ကျင်းဝမ်၏ဒုတိယနှင့်တတိယ အစီရင်ခံချက်များကို လက်ခံရရှိဖို့က အချိန် တစ်လခွဲကြာခဲ့သည်။

ဧကရာဇ်သည် ကျင်းဝမ်အား သူ့လုပ်ရပ်ပေါ်အခြေခံ၍ လီယွီအား အကဲဖြတ်ရန်နှင့် ဆုချီးမြှင့်ရန် ခွင့်ပြုထားသောကြောင့်၊ ကျင်းဝမ်ထံ ပြန်လည်ပေးပို့သော အစီရင်ခံစာနှစ်စောင်တွင် လီယွီအား ပေးဆောင်နိုင်သည့် ဆုလာဘ်အမျိုးမျိုးကို ခေတ္တခဏ စာရင်းပြုစုထားသော်လည်း သူတို့က သူ့အမိန်တော်စာချွန်လွှာကို မရရှိသေးကြောင့် အမြဲ နိဂုံးချုပ်ခဲ့သည်။  ဒါပေမယ့် မင်းကြီးရဲ့ခွင့်ပြုမိန့်ဖြင့် သူတို့ ကျေနပ်နေပုံရသည်။

ကျင်းဝမ်၏ ရပ်တည်ချက်ကို ကြည့်ပြီး ဧကရာဇ်သည် သူကို ဆက်လက်ဆွေးနွေးရန် စီစဉ်ထားသည်ဟု  ခံစားရသည်။ ကျင်းဝမ်သည် ဤနေရာတွင် အလွန်သတိထားလွန်းသည်ဟု ဧကရာဇ်ကတွေးကာ စိတ်မရှည်တော့ပေ။ သို့သော် ထိုလူငယ်လေး လီယွီကို ကြီးမားသည့် ဆုလာဘ်တော်ကို ပေးအပ်ထားပြီဖြစ်လို့  ဧကရာဇ်သည် ကျင်းဝမ်အား သူ့ဖာသာ ဆုချီးမြှင့်ရန် ဆုံးဖြတ်လိုက်ဖို့ ပြောကာ ကျင်းဝမ်အား အကြောင်းပြန်စေခဲ့သည်။

နောက်ထပ်တစ်လ ကုန်သွားတယ်။ ဧကရာဇ်သည် ကျင်းဝမ်၏ စတုတ္ထမြောက် အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။

ကျင်းဝမ်က ထိုစာချွန်လွှာထဲတွင် သူက စေ့စေ့စပ်စပ်စဉ်းစားပြီးနောက် လီယွီကို သူ့ရဲ့ ဝမ်ဖေးရာထူးဖြင့် ချီးမြှင့်ရန် ဆန္ဒရှိခဲ့သည်ဟု ရိုသေစွာလျှောက်တင်ခဲ့တော့သည်။။

***********-*************

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now