Chapter (53)_ ကျင်းဝမ်ရဲ့အိပ်ယာပေါ် တွယ်တက်ချင်တဲ့ ကိုယ်လုပ်တော်လေး

9K 1.7K 28
                                    

Chapter (53)_ ငါးကို အသုံးချပြီး ကျင်းဝမ်ရဲ့အိပ်ယာပေါ် တွယ်တက်ချင်တဲ့ ကိုယ်လုပ်တော်လေး



လီယွီက ဖြူဖွေးသည့် နံရံပေါ်မှာ ပြူးနေသည့် စာလုံးကြီးကို ကြည့်ပြီး အံ့သြသွားသည်။ အဲ့ဒီလူက အရှက် ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမယ် ဆိုတာကို သိရဲ့လား။

အိမ်က လူတိုင်းမြင်လိုက်ရတာ ကောင်းတာပေါ့လေ။  အိမ်တော်ထဲမှာ လူရော ခွေးရော ကလေးရော ဒီလောက် ဝင်ထွက်နေတာ လူတွေအကုန်မြင် သွားပြီပေါ့...

 ဒီလူယုတ်မာက ရှက်စရာကောင်းတဲ့စာလုံးကို နံရံပေါ်မှာ ရေးရဲတယ်ပေါ့....

လီယွီက စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲကို ခုန်ဝင်လာပြီး ငါးကန်ထဲကို  ပြန်ဝင်လာလိုက်သည်။
သူက အခု ဘာမှမစဉ်းစားပဲ အိပ်ဖို့ကြိုးစား လိုက်ပေမယ့် အိပ်လို့မရပေ။
 
  နံရံတွင်ရေးထွင်းထားသော ရိုးရှင်းသောစာလုံးများသည် သူ့နှလုံးသားထဲကို ဝင်ရောက်နေလို့ စိတ်မသက်မသာဖြင့် ဘယ်လိုမှ အိပ်လို့မရပေ။ သူက ကျင်းဝမ် သူ့ကို လုပ်ဖို့ ကြိုးစားတာမှန်သမျှက ကိုယ်လုပ်တော်အဖြစ် သဘောထားတယ်လို့ အထင်လွဲပြီးပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သည်။ ကျင်းဝမ်က သူက ကိုယ်လုပ်တော်အဖြစ် သဘောမထားကြောင်းကို ပြန်လည်ရှင်းပြနိုင်ဖို့ ဒီလိုလုပ်ခဲ့ရတာပဲ။


သူက ကျင်းဝမ်ကို ဘာကြောင့် ပြင်းပြင်းထန်ထန် တုန့်ပြန်သလဲ ဆိုတော့ သူက ကျင်းဝမ်ကို သဘောကျနေလို့ပဲလေ....


 သဘောကျတယ်..သဘောကျတယ်....

လီယွီက ဒီစကားလုံးကို ရေရွတ်လိုက်ပြီး နှလုံးသားထဲမှာ  အနည်းငယ်နာကျင်သွားသလို ခံစားလိုက်ရသည်။

သူနှင့်ကျင်းဝမ်တို့သာ သာမန်လူများဖြစ်လျှင် သူသည် ယခုအချိန်တွင် ကျင်းဝမ်ရဲ့လုပ်ရပ်ကြောင့် တကယ်ကို ရင်ထဲ ထိမိနေပြီး  တဖက်လူရဲ့အဆိုကို လက်ခံပြီးလောက်ပြီ။ ဒါပေမယ့် လူအနည်းစုက သူတို့ရဲ့နှလုံးသားထဲက ခံစားချက် အစစ်ကို ဝန်ခံရတာကို မကြိုက်ဘူး၊ ဒီနည်းနဲ့ သူတို့က အရူးမူးချစ်တာ မဟုတ်ပဲ ဒီအတိုင်းရှိနေသေးတယ် ဆိုတာကို ပြသချင်နေကြတယ်။

 

ဒါပေမယ့် လီယွီက မပျော်မရွှင်ဖြစ်နေသည်၊  သူ့စိတ်က ပိုလေးလံလာတယ်။ ကျင်းဝမ်ဆီမှာ ကိုယ်လုပ်တော်  မရှိဘူးဆိုတာ သူ သိပေမယ့် ကျင်းဝမ်လိုလူကို သာမန်လူတစ်ယောက်လို တောင်းဆိုမိတာက မတရားသလိုပဲ။ ကျင်းဝမ်က သူ့ကို သဘောထားသေးပြီး သိမ်ဖျင်းတဲ့လူတစ်ယောက်လို့ထင်နေမည်ကို စိုးပြီး လီယွီ ရှက်နေမိသည်။ ဒါကြောင့် ကျင်းဝမ်နဲ့ သူ မျက်နှာချင်းမဆိုင်ရဲအောင်ဖြစ်နေမိသည်။

 
ကျင်းဝမ် သူ့ကို ဒီလိုဖွင့်ပြောတဲ့နည်းက မသင့်တော်ပေမယ့် သူ့ကိုပျော်ရွှင်စေတယ်။

 သူတို့အဖြစ်က ရှေးဟောင်းပုံပြင်ထဲက အချစ်ဇာတ်လမ်းလိုဖြစ်နေပြီဆိုတာ သူ သိသည်။

 
 သူက ကျင်းဝမ် မွေးထားတဲ့ အချစ်တော်ငါးဖြစ်ပြီး ကျင်းဝမ် သဘောကျနေတဲ့ သခင်လေးလီက ငါးလုပ်ရမယ့် မစ်ရှင်တွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေသာဖြစ်သည်။

 ဒီ ငါး ရဲ့မစ်ရှင်ကိုသာ ဆက်လုပ်လိုက်ရမယ်ဆိုရင် System ပေးမယ့် နောက်မစ်ရှင်အလုပ်တွေက ဘယ်လိုတွေတောင် ထပ်ဖြစ်လာနိုင်လဲ။ အခုလည်း   "Wind Flower and Snow Moon" ဆိုတဲ့ မစ်ရှင်ကြောင့် သူတို့ကြားက  ဆက်ဆံရေးက လိုအပ်တာထက် ပိုမိုလေးနက်လာခဲ့သည်။ သူသည် အလုပ်တစ်ခုကိုပြီးမြောက်လိုလျှင် ကျင်းဝမ်ကို  ဆွဲဆောင်ရန်ပိုမို လုပ်ဆောင်ရပေတော့မည်။ ဒီဟာက ကျင်းဝမ်ကို အထင်လွဲစေသော လုပ်ရပ်များဖြစ်တယ် မဟုတ်လား။

 ဒီအတိုင်းသာ ဆက်သွားရင် အဆုံးသတ်မှာ သူက ကျင်းဝမ်နဲ့ အတူရှိကောင်းရှိနေရ လိမ့်မည်။

ဒါပေမယ့် သူ မလိုချင်ခဲ့ဘူး။ သူ့ခံစားချက်တွေက သူ့အတွက် အဖိုးတန်ဆုံးအရာပါ။ System ရဲ့ တွန်းအားပေးမှုကြောင့် ဖန်တီးလုပ်ယူရတဲ့ ခံစားချက်က တကယ့်ကို အဆင်မပြေပါ။ သူက အချို့အရာများကိုလျစ်လျူရှုနိုင်ပေမယ့် ခံစားချက်တွေကို လျစ်လျူမရှုနိုင်ပေ။ နှစ်ဦးကြားမှာ ရှိရမယ့် ခံစားချက်ဆိုတာ တွက်ချင်လို့ မရသလို အတင်းတွန်းအားပေးလို့လည်း မရနိုင်ပေ။

 
သူသည် အိမ်မွေး အချစ်တော်ငါး အဖြစ်နေတာ ကြာလာလို့ သခင်ကို တွယ်တာနေခြင်းဖြစ်နိုင်သည်။ အချစ်တော် အိမ်မွေး တိရစ္ဆာန်လေးက သူ့သခင်ကို ချစ်နေတဲ့ အချစ်နဲ့ လူနှစ်ယောက်ကြားက ခံစားချက်ဆိုတာ မတူပေ။

  လူနှစ်ဦးကြားက အချစ်ဆိုတာ တစ် ဦး နှင့်တစ် ဦး အပြန်အလှန်လေးစားခြင်း၊ ယုံကြည်ခြင်း၊ မြတ်နိုးချင်းနဲ့ သာတူညီမျှရှိခြင်းတို့ လိုအပ်သည်။

 အချစ်တော်ငါးကလေးက သခင်လေးလီဆိုတာ ကျင်းဝမ်က မသိသောကြောင့် လီယွီက ကျင်းဝမ်ရဲ့ အချစ်ကို စိတ်ချလက်ချ လက်မခံနိုင်ဖြစ်နေသဖြင့် နောက်ဆုံး စွန့်လွှတ်လိုက်ရုံသာရှိတော့သည်။ ကျင်းဝမ်က ငါးနှင့် သခင်လေးလီက အတူတူဆိုတာ မသိပေမယ့် သူကတော့ သိနေတယ် မဟုတ်လား။ တကယ်လို့သာ ကျင်းဝမ်က အဖြစ်မှန်ကို သိသွားခဲ့ရင် ငါးအဖြစ်နဲ့ရော၊ သခင်လေး လီအဖြစ်နဲ့ရော သူက  ချစ်ပေးနိုင်မှာ မဟုတ်ဘူး။  ပြီးတော့ သူကလည်း ငါးအဖြစ်နဲ့ရော လူအဖြစ်နဲ့ရော ကျင်းဝမ်ကို မချစ်သေးဘူး။


တကယ်လို့ မင်းက မချစ်ပဲ တဖက်သားကို လက်ခံပေးခဲ့မယ်ဆိုရင် နောက်ဆုံး အားလုံး နာကျင်ခံစားရလိမ့်မယ်။


 လီယွီက ဘာဖြစ်နေသည်ကို စဉ်းစားနေစဉ် လူများစွာသည်  အဖြူရောင်နံရံသို့ လာ၍ နံရံပေါ်ရှိ စကားလုံးများကို လက်ညှိုးထိုးကာ ပြောဆိုနေကြမည်ကို သူ မြင်ယောင်နေမိသည်။ ထိုစာလုံးများကို သူ့ကို ဝန်ခံရန် ကျင်းဝမ်ကိုယ်တိုင် ရေးခဲ့တာဖြစ်သည်။

 ကျင်းဝမ်က သူ့ကို ရှင်းပြရန် အလွန်ဂရုတစိုက်လုပ် ှိခဲ့သည်ကို လီယွီ သိသည်၊  ကျင်းဝမ်က သူ့ကို လူပုံစံနဲ့မတွေ့နိုင်တဲ့အပြင် သူက စကားမပြောနိုင်တဲ့ အတွက် မြင်သာတဲ့ နံရံမှာ  သူပြောသောအရာကို ရေးပြရုံသာ တတ်နိုင်ခဲ့သည်၊  သူ မျက်လုံး တချက်ဝင့်ကြည့်တာနဲ့ ဒါကို မြင်နိုင်ပါတယ်။ ဒါက ကျင်းဝမ် သူ့ကို ချစ်ခင် သဘောကျလို့ ရှင်းပြတာဖြစ်တဲ့အတွက် လီယွီ  အနည်းငယ် ဝမ်းနည်းရန် လာမိသည်။

 

သူသည် ကျင်းဝမ် နှင့်အချိန်အတော်ကြာရှိနေခဲ့တဲ့ အတွက် ကျင်းဝမ်ရဲ့ အတွေးအမြင် တချို့ကို နားလည်ခဲ့သည်။

 ကျင်းဝမ်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး လူများကို ကောင်းစွာဆက်ဆံသည်ကို သူ သိသည်။ မူရင်းစာအုပ်ထဲ၌ ကျင်းဝမ်သည် အခြားသူများအား ရက်စက်သော်လည်း သူ့ချစ်သူအပေါ်ကို အလွန်ချစ်ခင်မြတ်နိုးသည်ကို သိပေမယ့် ဒီအချက်က လီယွီကို မဆွဲဆောင်နိုင်ခဲ့ပေ။

 လီယွီက ကျင်းဝမ်ရေးခဲ့သည့် စာကိုမြင်ပေမယ့် ဘာမှ မတုံ့ပြန်သလို လူသားပုံစံနဲ့ မပေါ်လာခဲ့ဘူးဆိုရင် နောက်ဆုံး ကျင်းဝမ်က  သူ့ကို တဖြည်းဖြည်း မေ့သွားလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။

နံရံပေါ်တွင်ရေးထားသော စာက ကျန်သည့် လူတွေအားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့အတွက် မကြာခင် လူတွေက ဖျက်ပစ်မှာ သေချာပါတယ်။  

"တခြားနံရံတွေ အားလုံးမှာ အတူတူပဲ ဒီစာတွေကို မြန်မြန် ရေးထားဖို့ ကျင်းဝမ်မင်းသားက ခိုင်းလိုက်တယ်။ သခင်လေးလီ ပြန်လာတဲ့အခါ တွေ့နိုင်အောင် အထူးဆေးနဲ့ သုတ်ခိုင်းထားသေးတယ်။ ဒါကြောင့် မိုးရွာလည်း ပျက်စီးသွားမှာ မစိုးရိမ်ရတော့ဘူး  "

လူများသည် တစ် ဦး ကိုတစ် ဦးပြောဆိုပြီး ကျင်းဝမ်မင်းသားခိုင်းသည်ကို အမြန်လုပ်နေကြသည် ။ကျင်းဝမ်၏ စိတ်နေစိတ်ထားကို သိသဖြင့် ဘယ်သူမှ အချိန်မဆွဲဝံ့ပေ။

  တခြားလူတွေက နံရံနားမှာ လုပ်ကိုင်နေတာက စာလုံးဖျက်ပစ်ဖို့လို့ထင်နေတဲ့ လီယွီခမျာ ကြောင်အမ်းသွားရသည်။

လီယွီ : ? ? ?

လီယွီ အံ့သြသွားသည်။ ကျင်းဝမ်က တကယ်ကို အရှက်ကို မရှိဘူးပဲ...

 
အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေစဉ်  ရုတ်တရက် အလင်းတစ်ချက် ပြန်လာပြီး  တံခါးသော့သည် ရွေ့သွားပြီး အောက်ကို ပြုတ်ကျသွားသည့် အသံကို လီယွီ၏ နားထဲ ကြားလိုက်ရသည်။

သခင်လေးလီသည် အိမ်ထဲကနေ မကြာခဏ အပြင်ထွက်လေ့ရှိသောကြောင့် ကျင်းဝမ်သည် မည်သူမျှ တံခါးသော့ခတ်ခြင်းကို ခွင့်မပြုခဲ့ပေ။ တံခါးသော့များ အားလုံးတွဲလောင်းချထားခဲ့ရသည်။  

တံခါးကိုတွန်းတဲ့သူက ဒီလိုဖြစ်ဖို့ မျှော်လင့် မထားခဲ့ပုံပဲ။ ဒါကြောင့် သူက လွယ်လွယ်ကူကူနဲ့ အခန်းထဲကို ဝင်လာခဲ့တယ်။

လူရိပ်တစ်ခု အမြန်ပေါ်လာပြီး ကျင်းဝမ်နှင့် ဝမ့်ရှီးတို့ ခြေသံနှင့် မတူသောကြောင့် လီယွီက နားစွင့်လိုက်သည်။

 
အခန်းထဲ ခိုးဝင်လာတဲ့လူက ငါးကန်ကို ကျောခိုင်းပြီး အခန်းထဲကို စေ့စပ်စွာ လိုက်စစ်ဆေးနေသည်။ လီယွီက လောလောဆယ် ကျင်းဝမ်နှင့် သူ့ကြားက ပြသနာကို မေ့သွားပြီး ကြည်လင်သည့် ငါးကန်ထဲကနေ ဝင်လာသည့်လူကို စေ့စေ့ကြည့် လိုက်သည်။

ခိုးဝင်လာသူက သူ့နောက်ကို ဘယ်သူမှ မလိုက်လာကြောင်း အတည်ပြုပြီးနောက် သူသည် သက်ပြင်း အနည်းငယ်ချကာ လှည့်ကြည့်လိုက်ပြီး ခြေလှမ်းအနည်းငယ်ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

လီယွီသည်  ထိုလူရဲ့လှပသောမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ထူးခြားသည်ဟု ခံစားလိုက်ရသည်။ ဒီလူက မူရင်းဇာတ်လမ်းထဲက ကျင်းဝမ်ရဲ့ ကိုယ်လုပ်တော် ချူရန့်ရီ မဟုတ်ဘူးလား။

 လီယွီ  အံ့သြသွားသည်။ ကျင်းဝမ်အိမ်တော်မှာ ပြုလုပ်သောပွဲ၌ သူသည် ဤလူကို မမြင်ခဲ့ဖူးပါ။  ဒီလူဟာ တတိယမင်းသား ဒါမှမဟုတ် ဆဌမမြောက်မင်းသားရဲ့အိမ်တော်မှာရှိမယ်လို့ ထင်ခဲ့တယ်။ ဒီလူက ကျင်းဝမ်ရဲ့ အိမ်တော်မှာ ရှိနေတာကိုတွေ့လိုက် ရတယ်။ သူ ဘာကြောင့် မသိခဲ့တာလဲ။

ချူရန့်ရီသည်တော်ဝင်မိသားစုနှင့် သက်ဆိုင်သော အ ၀ တ်များ ၀ တ်ထားသည်။ သူ့ပုံစံက အနည်းငယ် ရိုးရှင်းပြီး ဖုံးကွယ်ထားခြင်း မရှိသော်လည်း ဒီလိုလူက ကျင်းဝမ်ကို ဆွဲဆောင်နိုင်သည့် အင်အား မရှိနိုင်လို့ ကျင်းဝမ်အိမ်တော်ထဲ ဝင်နိုင်မည်မဟုတ်ဟု ထင်ခဲ့သည်။ ဒါပေမယ့် ချူရန့်ရီက တချိန်လုံး ဒီ ိအိမ်တော်ထဲမှာ ရှိနေခဲ့တာပေါ့လေ...

 
ကျင်းဝမ်အိမ်တော်တစ်ခုလုံးကို ကျင်းဝမ်က
 ထိန်းချုပ်ထားသည်။ ချူရန့်ရီက ဒီအိမ်တော်မှာ ခိုးကြောင်ခိုးဝှက် နေနိုင်မည် မဟုတ်ပေ။ သေချာပေါက် ကျင်းဝမ်က နေခွင့်ပြုထားတာ ဖြစ်ရမည်။

ကျင်းဝမ်က သူ့ကို ဒီမှာ ထားခဲ့တာနဲ့တူတယ်၊ ဒါပေမယ့် မင်းသားသုံးယောက်က အဲဒီ့အချိန်မှာ စားသောက်ပွဲမှာ  တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကျင်းဝမ်က  တိုက်ရိုက်ငြင်းခဲ့တယ်။ ဒါကနောက်တစ်ကြိမ်ပြန်ဖြစ် ဦးမှာလား။

"ဘာကိုယ်လုပ်တော်မှ မရှိဘူး" လို့ ကျင်းဝမ်က ပြောခဲ့တယ် မဟုတ်လား။

လီယွီက ခါးသီးစွာ တွေးလိုက်မိသည်။ ဟုတ်တယ်။ ကိုယ်လုပ်တော်တော့ မရှိဘူး။ တစ်ယောက်ကို သေချာဖုံးကွယ်ထားခဲ့တယ်လေ။

အဲ့ဒါ အရမ်းများလွန်းသွားပြီ...


 အခု ကျင်းဝမ်ဆီမှာ  လူတွေ အများကြီး ရှိနေပါလျက် ငါးနဲ့ ဘာကြောင့် လာရှုပ်ချင်ရတာလဲ....

လှေနံနှစ်ဖက်နင်းတဲ့ ခွေးမသားတွေကို  သူ အရမ်း ိုမုန်းတယ်။

လီယွီသည်  သောက်ကျင်းဝမ်ကို  သူ၏နှလုံးသားထဲမှာ ကြက်ခြေခတ်ကြီးကြီး ခတ်ပစ်လိုက် လေပြီ။

ချူးရန့်ရီသည် ကြည်လင်သောငါးကန်နားသို့ လမ်းလျှောက်လာပြီး ငါးကန်အတွင်းထဲကနေ သူ့ကို  အပြန်ပြန်အလှန်လှန်ကြည့်နေသည့်   ငါး ကို စူးစိုက်ကြည့်လိုက်သည်။ အိမ်ကြီးတစ်ခုလုံးက  ကျင်းဝမ်က ကံကောင်းစေတဲ့ koi  ငါးကို မွေးထားတယ်လို့ ပြောနေကြသည်။

ချူးရန့်ရီက ကျင်းဝမ်၏ငါးကို အဝေးကနေ အရင်ကလှမ်း မြင်ခဲ့ဖူးသည်၊ ဒါပေမယ့် သူက  အနားကို မရောက်နိုင်ခဲ့ပေ။  ထိုစဉ်က ငါးက အနက်ရောင်ပဲဆိုတာကို သတိရခဲ့တယ်၊ ဒါပေမယ့်
အခုငါးက တကယ်ကိုငွေဖြူရောင် ကိုယ်လေးနဲ့ တွေ့လိုက်ရသည်။  ဗိုက်နှင့်အမြီး၌ရွှေရောင် အလွှာလေးရှိကာ ရေကူးခတ်နေစဉ် ရေကြား၌ကြည်လင်တောက်ပနေသည်။

ဤပုံအတိုင်းဖြစ်လျှင် ဒီငါးက koi ငါးပဲဖြစ်နိုင်သည်။ ကျင်းဝမ်က ဒီငါးကိုအလွန်ချစ်တာက  အကြောင်းမဲ့မဟုတ်ဟု ထင်ရသည်။

ချူးရန့်ရီသည်ငါးကိုကြည့်ပြီးနောက် သူက စားပွဲပေါ်တွင် တင်ထားသော ကျောက်စိမ်းသေတ္တာကို ကိုင်ကာဖွင့်လိုက်သည်။ သူတို့ထဲက တစ်ခုက အနီရောင်ငါးစာနှင့်ပြည့်နေပြီး  အခြားကျောက်စိမ်း သေတ္တာက အဆာပြေ စားစရာ မုန့်လေးတွေနှင့် ပြည့်နေတာကို သူ တွေ့ခဲ့ရသည်။

 

ချူးရန့်ရီသည် အဆာပြေမုန်းလေးတွေ ပါ ၀ င်သောသေတ္တာကိုပိတ်လိုက်ပြီး ငါးစာကို ကောက်ယူလိုက်ပြီး အနံ့ခံလိုက်သည်။ ၎င်းသည် ငါးစာဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။ ချူးရန့်ရီက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ငါးစာရဲ့အရသာကို မကြိုက်ပေမယ့် သူ့ လက်ထဲတွင် ငါးစာလက်တစ်ဆုပ်ကို ဆုပ်ကိုင်ထားကာ  ငါးကန်သို့လမ်းလျှောက်လာခဲ့သည်။


လီယွီက ချူးရန့်ရီက အေးအေးဆေးဆေး ဖြင့် ငါးစာ ကျွေးချင်နေသည်ဟု ထင်ခဲ့သော်လည်း ချူရန့်ရီက ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

 "ပိုပြီး နာခံလိုက်စမ်းပါ၊ ဒါက ငါ့အတွက် လွယ်လွယ်ကူကူ ပေးလိုက်တဲ့ အခွင့်အရေးဘဲ ... "

လီယွီ  :  ? ? ?

ချူးရန့်ရီသည် သူ လူသား၏စကားများကို နားလည်နိုင်သည်ကို သိ၍ သူနှင့် စကားပြောနေ သလား။

လီယွီ အနည်းငယ်အံ့သြသွားသော်လည်း ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...

ချူးရန့်ရီသည်   သူက ဝိဉာဉ်ကူးပြောင်းလာတဲ့ ငါးကလေးဆိုတာ ဘယ်လိုမှ မသိနိုင်ပေ။ အခု သူက ဘေးမှာ ဘယ်သူမှ မရှိဘူးဆိုပြီး သူ့ဖာသာ အားရစွာ စကားပြောနေတာဖြစ်မည်။

 
ဒါပေမယ့် သူက အားလုံးကိုကြားနိုင်တယ်လေ၊ အရမ်း ရှက်စရာကောင်းတယ် မဟုတ်ဘူးလား။

လီယွီက ဘာမှ နားမလည် ဟန်ဆောင်ကာ   ပူဖောင်းကို မှုတ်ထုတ်လိုက် သည်။

ချူးရန့်ရီ က သူ့ကို သံသယမ ၀ င်ဘဲဆက်ပြောနေတယ် -

"ငါက ဒီအိမ်တော်ထဲကို ဝင်လာတာ ကြာခဲ့ပြီဖြစ်ပေမယ့် အရည်ချင်း မပြည့်မှီလို့ ကျင်းဝမ်အရှင့်သားကို တွေ့ခွင့်မရခဲ့လို့ငါ့ အလုပ်လည်း မပြီးစီးခဲ့ဘူး။ အဲ့ဒီနောက် သခင်လေးလီက အရှင်မင်းသားရဲ့ အနှစ်သက်ရဆုံးသောလူဖြစ်လာခဲ့တယ်။ ငါ နားကို မလည်နိုင်တော့ဘူး  "

အရှင်မင်းသားရဲ့ အနှစ်သက်ရဆုံးသောလူ .. သခင်လေးလီ... —— လီယွီ : ? ? ?

မင်း ဘာကို နားလည်ချင်သေးတာလဲ။

ချူးရန့်ရီက စကားပြောတာကို ခဏရပ်လိုက်ပြီး မျက်လွှာချကာရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ငါ ဒီသခင်လေးလီကို ိုဘာကြောင့်မယှဉ်နိုင်လဲ ဆိုတာ ငါ နားမလည်ခဲ့ဘူး။ ငါ သူ့ကို အဝေးကနေ တခါ မြင်ဖူးတယ်၊ င့ါရုပ်ရည်က သူ့ထက် နိမ့်ကျတာ တခုမှ မရှိဘူး။ ဒါပေမယ့် အရှင်မင်းသားက သူ့ကိုပဲ ချစ်မြတ်နိုးပြီး ငါ့တည်ရှိမှုကို လေလိုပဲ သဘောထားခဲ့တာလဲ။ အခုတော့ ငါတို့ကြားက ခြားနားချက်ကို ငါသိလိုက်ပြီ။ သူက အရှင်မင်းသားရဲ့နှစ်သက်မှုကို ရမှာပေါ့။ သူက အရှင်အနှစ်သက်ဆုံး ငါးကို ကူညီပြီး ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာကိုး။ အခု မင်း ငါ့ကို အခွင့်ရေးတစ်ခုပေးပါ။ ငါက သေချာပေါက် သူ့ထက် နိမ့်ကျမှာ မဟုတ်တော့ဘူး "

ချူးရန့်ရီက  စိတ်လှုပ်ရှားလာပြီး  အိပ်မက်မက်နေ သလို တယောက်တည်း ရေရွတ်နေသည်။


"ကဲ  အခွင့်အရေးက ဒီမှာဘဲ"

ချူးရန့်ရီ ကဖြည်းညင်းစွာပြုံးပြီး  ပြောလိုက်သည်။

"သခင်လေးလီက မာန်မာနကြီးတယ်၊ သူထွက်သွားတာကို ဘယ်သူ့ကိုမှ  နှုတ်မဆက်သွား ဘူး။ ဒါက အရှင်မင်းသားကို ဖမ်းစားဖို့ လှည့်ကွက်တစ်ခုပဲ။ သူက တော်ဝင်မိသားစုကို သူ့ကို ပို ဂရုစိုက်စေချင်တယ်၊ ဒါပေမယ့် သူ တစ်ယောက်တည်းကပဲ ငါးကို သေချာမွေးမြူနိုင်တာ မဟုတ်ဘူး။ အိမ်ထဲမှာ  ငါ့လိုပဲ ငါးကို သေချာ အစာကျွေးနိုင်တဲ့သူ ရှိနေတယ် ။ ငါ သူ့နေရာမှာ ိုလုံးဝ အစားထိုးနိုင်တယ်၊ ငါ သူ့ထက်သာအောင် လုပ်မယ်"

ချူးရန့်ရီသည်ငါးစာကို လီယွီ၏ ရှေ့သို့ ကျဲချလိုက်သည်၊ သူ့ မျက်နှာသည် အနည်းငယ်ပြုံးလိုက်ကာ အနည်းငယ် တွန့်ကနဲဖြစ်သွားပြီး သူ၏မျက်လုံးများ တဖြည်းဖြည်းအေးစက်လာသည်။

လီယွီ: "... "

လီယွီ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ အသစ်ပေါက်လာတာက သေချာကျွေးမွေးပြုစုလို့ဖြစ်သည်ဟု ချူးရန့်ရီက ထင်နေပုံရသည်။

ချူးရန့်ရီက အိမ်တော်ထဲကို နေလာတာကြာပေမယ့် ကျင်းဝမ်ရဲ့လျစ်လျူရှုမှုကြောင့် ရူးသွပ်လုနီးပါးဖြစ်ပြီး ကယောင်ကတမ်းနဲ့ သခင်လေးလီ မရှိခိုက် သခင်လေးလီရဲ့နေရာကို လုယူဖို့ ကြံနေပုံရသည်။

 
ထွီ..... သူ့မှာ ဘာအစွမ်းစရှိလို့ ဒီနေရာကို ရချင်နေတာလဲ...

သူက ကျင်းဝမ်ရဲ့ အိပ်ယာပေါ်ကို တွယ်တက်ချင်တဲ့ အတွက် ငါးရဲ့မျက်နှာသာပေးမှုကို လိုချင်နေတာပဲ။   

သူက ကျင်းဝမ်နဲ့ လုပ်စရာတခုခုရှိနေပုံပေါ်တယ်...

ချူးရန့်ရီ ကြဲချလိုက်သည့်ငါးစာများသည် ရေအောက်ကြမ်းပြင်တွင် ကျကုန်သည်။ ချူးရန့်ရီက အေးစက်စက်မျက်လုံးဖြင့် ငါးကို စိုက်ကြည့်နေသည်။


လီယွီက နောက်ကို မဆုတ်ပဲ မနေနိုင်တော့ပေ။ လူတွေက မျက်နှာအမျိုးမျိုးရှိကြတာပဲ။ စာအုပ်ထဲက အလိုလိုက်ခံရတဲ့ မာနကြီးမောက်မာတဲ့ ဇနီးလေးက တကယ်တော့ နှလုံးနက် ကြာပန်းမပဲ။

 လီယွီက ချူးရန့်ရီက အရမ်းအန္တရာယ်များတယ်လို့ခံစားခဲ့ရပြီး ချူရန့်ရီ ပေးခဲ့တဲ့ အစားအစာတွေကို စားဖို့သူ ငြင်းဆန်ခဲ့တယ်။

ငါးစာသည် ငါး၏ပါးစပ်ရှေ့ကို ကျနေသော်လည်း ငါးက မဖမ်းခဲ့ပေ။

ချူးရန့်ရီ၏မျက်လုံးများသည် ခဏမျှကြောက်စရာကောင်း သွားခဲ့သည်။

သူသည် ခုတလော ချင်းရှီးဥယျာဉ်၌နေခဲ့စဉ် နေမကောင်းဖြစ်ခဲ့သည်။ သူက ဒီစံအိမ်တော်ကြီးထဲ ဝင်ခဲ့ပေမယ့် ချင်းရှီးဥယျာဉ်ထဲမှာပဲ နေခဲ့ရပြီး အပြင်ကို ခြေတလှမ်းပင် မထွက်ရပေ။ သူ့ကို ကြည့်ပေးမယ့် သမားတော်လည်း မရှိကြပေ။ ဒီပုံတိုင်းနဲ့ဆိုရင် သူက အသက်တိုနိုင်သည်။

 အခြားသူများသည် သူ၏အသက်၊နဲ့ သေရေးရှင်ရေး ကို ဂရုမစိုက်ပဲ အလုပ်များနေကြ သည်။ နောက်ဆုံး ချူးရန့်ရီက  ဆဋ္ဌမမင်းသားထံသို့ စာတစ်စောင်ကို လျှို့ဝှက်စွာပေးပို့ခဲ့သည်။ ပထမအကြိမ်  မအောင်မြင်ခဲ့ပေမယ့်   နောက်ဆုံးအကြိမ်တွင် အောင်မြင်စွာ ပို့နိုင်ခဲ့ပေမယ့် မင်းသား နံပါတ်ခြောက်က သူ့ကို ကျင်းဝမ် နှင့်အတူနေပြီး  သူ၏ယုံကြည်မှုကို ရအောင်ယူဖို့ပဲ အမိန့်ပေးခဲ့သည်။

 ချူးရန့်ရီက ဆဋ္ဌမမင်းသားထံမှ ပေးပို့ခဲ့သည့် စာကို ထပ်ခါထပ်ခါ ဖတ်ရင် း ခိုင်းသည်ကို မလုပ်နိုင်သဖြင့် သူ့နှလုံးသားကို ဓါးနှင့်မွှေနေသလို နာကျင်ခံစားလိုက်ရသည်။

 
သူ၏အချစ်ဆုံးဆဋ္ဌမမင်းသားကို သူက မျှော်လင့်ချက်မြင့်မားနေဆဲဖြစ်သည်။ ဒါပေမယ့် ကျင်းဝမ်ကို တွေ့ခွင့်မရရင်  ဆဌမမင်းသားအတွက် သူ မကူညီပေးနိုင်မည်ကို စိုးရိမ်ပူပန်လာ မိသည်။

ချူးရန့်ရီက နေ့နေ့ညည အကြံထုတ်ရင်း ရူးမလိုဖြစ်လာသည်။ သူသည် ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်ရန်နှင့် မည်သည့်အရာကို မဆိုလုပ်ရန် တောင်းဆို ခဲ့ရင် အခု  အခြေအနေတစ်ခုသို့ ရောက်ရှိ နေလောက်ပြီ။ သူက ကျင်းဝမ် ၏နှစ်သက်ခြင်းကို ခံရနိုင်လိမ့်မည်။

ချူးရန့်ရီ၏လက်ထဲမှာ  ပိုက်ဆံအများကြီးမပါတော့ ဘူး၊ ဒါကြောင့်ရက်အနည်းငယ်အတွင်း အစောင့်တစ်ယောက်နဲ့ အမှုတမဲ့နေဖို့ သူ့ရဲ့အသုံးမ ၀ င်ဆုံးသော နည်းလမ်းတွေကို သုံးခဲ့ရတယ်။

ကျင်းဝမ် ၏အကြိုက်ဆုံး သခင်လေးလီသည် မကြာသေးမီက ဒေါသထွက်ပြီး အိမ်မှထွက်ပြေး သွားသည့် သတင်းကို အစောင့်ဆီက ကြားရသောအခါ ချူးရန့်ရီ စိတ်ကို ဆုံးဖြတ် လိုက်သည်။ ထို့ကြောင့် သခင်လေးလီ မရှိသည်ကို  အခွင့်ကောင်း ယူ၍ ကျင်းဝမ်ကို သူ့မာယာထဲ ကျဆင်းလာစေချင်သည်။

 
သူ စဉ်းစားပြီးနောက် သခင်လေးလီ  ပြန်မလာသည့် တစ်လလောက်အတွင် သေချာ  အခွင့်ကောင်း ယူ၍ ငါးကို မွေးမြူနိုင်သရွေ့ သခင်လေးလီ ပြန်လာလည်း သူ့အတွက ်ဘာပြဿနာမှမရှိနိုင်တော့ပေ။

 
ဒါပေမယ့် လက်တွေ့မှာ  ဒီငါးက သူကျွေးတဲ့ ငါးစာကို မစားဘူးလား။

အရေးမပါလိုက်တာ...

ချူးရန့်ရီက  မျက်မှောင်ကြုတ်လိုက်သည်။ ငါး၏ရှေ့တွင် အညိုရောင်အမှုန့်တစ်ထုပ်ကို လက်ဖက်ရည်ခွက်ထဲသို့လောင်းထည့်ပြီးမွှေလိုက်သည်။

လီယွီ: "... "

အလိုလိုက်ခံရတဲ့ ဇနီးသည်လေးရေ...မင်းက ကျင်းဝမ်ကို ဆေးခတ်ချင်တာလား...

အဲ့ဒါက ငါး ပတ်ပတ်လည်ကို လျှောက်သွားဖို့ ချထားတဲ့ လက်ဖက်ရည်ခွက်တွေလေ။ ဒီခွက်နဲ့ ကျင်းဝမ်က လုံးဝ သောက်တာ မဟုတ်ဘူးကွ။


***-***














(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now