Chapter (107-1) _ ကျင်းဝမ်ရဲ့အားနည်းချက်ကို ဆုပ်ကိုင်မိပြီ

4K 870 14
                                    

Chapter (107-1) _ ကျင်းဝမ်ရဲ့အားနည်းချက်ကို ဆုပ်ကိုင်မိပြီ


မုထျန်းရှောင်သည် ဧကရာဇ်မင်ကြီး၏ အေးစက်သော သဘောထားကို ရိပ်မိသဖြင့် ခွင့်လွှတ်ရန် တောင်းပန်ပြီး စိတ်ဆိုးစွာဖြင့် သူ့ဇနီးကိုလက်ဆွဲကာ နန်းတော်မှခေါ်ထုတ်ခဲ့သည်။

ဆဌမ မင်းသား မုထျန်းရှောင်၏ဇနီး လျန်ဆွန်းယွင်က ကျင်းဝမ်၏ ကလေးများကို နောက်ထပ် ကြည့်ချင်သေးသည်။ အသက်ကြီးသူတွေပြောစကားအရ ကိုယ်ဝန်ရပြီးချိန် ယောက်ျားလေးတွေ များများကြည့်လေလေ သားလေးရနိုင်ခြေ များလေလေဟု ဆိုသည်။ (လျန်ဆွန်းယွင် ) လျန်ရှီသည် သူ့ခင်ပွန်းသည် မင်းသားတစ်ပါးဖြစ်သောကြောင့် ယောက်ျားလေးလိုချင်တယ်ဆိုတာ သူမ သိသည်။

လျန်ရှီ (လျန်ဆွန်းယွင်)က သိပ်စိတ်မဝင်စားပေမယ့် မုထျန်းရှောင်က သူမကို ပြင်းပြင်းထန်ထန် ခွန်အားနဲ့ ဆွဲထုတ်လိုက်သည်။ လျန်ရှီကို ကိုယ်ထိလက်ရောက် မင်းကြီးစံမြန်းရာ ကန်ချင်းနန်းတော် အပြင်သို့ ဆွဲထုတ်ခဲ့သည်။ ကန်ချင်း နန်းတော်အတွင်းတွင် လျန်ရှီသည် ဆဌမ မင်းသား မုထျန်းရှောင်နှင့် တိုက်ရိုက်အငြင်းပွားနိုင်ခြင်းမရှိပေ။ နန်းတော်အပြင်ဘက်ကိုရောက်တော့ သူမက ဒေါသတကြီးဆွဲနေသည့် မင်းသား၏လက်ကို ဆွဲဖြုတ်ကာ လက်ကောက်ဝတ်များကို ပွတ်သပ်လျက် ငြိမ်သက်စွာ ညည်းညူ လိုက်သည်။ လျန်ရှီက လက်မထပ်မီတွင် သူမ၏မိဘများထံမှ ယခုကဲ့သို့ နှိမ့်ချခြင်းကို လုံးဝ မခံရဖူးပေ။ ဆဌမ မင်းသား မုထျန်းရှောင်ကိုလက်ထပ်ပြီးနောက် မုထျန်းရှောင်သည် သူမအား လေးစားစွာ ဆက်ဆံခဲ့ပြီး သူမရှေ့တွင် မည်သည့်ဒေါသ ထွက်သည့် အရိပ်အမြွက်မျှမပြခဲ့ပေ။ အခု ကလေးတစ်ယောက်ရှိ နေပြီဆိုတော့ သူက သူမကို ကြင်နာစွာဆက်ဆံမယ့်အစား ကြမ်းတမ်းစွာ ဆက်ဆံနေတယ်။ ဒါဆို နောင်မှာ သူမ ဘယ်လိုလုပ်မလဲ။

မုထျန်းရှောင်၏ မျက်နှာအရောင်သည် မည်းမှောင်နေပြီး သူမ မသိသောအကြောင်းရာကို တွေးနေသည်။ လျန်ရှီက ညည်းညူလိုက်သည့်နောက် မုထျန်းရှောင်က သူ၏ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့ပြီး စဉ်းစားတွေးခေါ်နိုင်သော အသွင်အပြင်ပုံစံကို ပြန်ပြောင်းလဲသွားခဲ့ကာ သူက လျန်ရှီကို တောင်းပန်စကားဆိုခဲ့သည်–

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now