Chapter (126-2) - မွေးကြတာပေါ့....

3.9K 829 17
                                    

Chapter (126-2) - မွေးကြတာပေါ့....

ကျင်းဝမ်သည် ငယ်စဉ်ကတည်းက ဤလူသတ်သမားမျိုးနှင့် ကြုံတွေ့လာရသောကြောင့် ထိုအတိုက်အခံများက ကျင်းဝမ်၏ အသက်ကို တချိန်လုံး လိုချင်နေခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျင်းဝမ်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီနေသည်။ ဒါ့အပြင် သူသည် ကျင်းဝမ်ကို အဆိပ်ခတ်ခဲ့သူ၏ အပြုအမူနှင့် ဆင်တူသည့် အသုံးဝင်သော ပစ္စည်း (အလောင်းကို သွေးအိုင်အဖြစ် ပျော်ကျစေသည့် အဆိပ်ရည်) ကိုဆောင်ထားတာခြင်းလည်း တူညီနေသည်။ လီယွီသည် တူညီသော ဦးတည်ချက်ကို ခန့်မှန်းပေမယ့် ဒါတွေက လုံးဝ ယုတ္တိမရှိသလို ဖြစ်နေသည်။

ကျင်းဝမ်က စကားမပြောဘဲလီယွီကို တိတ်တဆိတ်သာ ကြည့်နေသည် ။

လီယွီသည် သူ့အတွေးကို ရွှေ့လိုက်ပြီး ရုတ်တရက် သူ့ကိုယ်သူ တွေးလိုက်မိသည်။ ကျင်းဝမ်သည် ယခင်က ဧကရာဇ်ကို မပြောခဲ့သော အကြောင်းရင်းမှာ ဤလူသတ်အဖွဲ့သည် လုပ်ကြံမှု ကျရှုံးသွားသည်နှင့် မိမိကိုယ်ကို အဆိပ်ရည်ဖြင့် ပက်ဖြန်းကာ သွေးအိုင်အဖြစ် အရည်ပျော် သွားနိုင်သောကြောင့် ဖြစ်သည်။ သူ့မျက်စိဖြင့်သာ မမြင်ရရင်လီယွီတောင် ယုံရခက်နေလိမ့်မည်။ ဒါဆို ဧကရာဇ်က ကျင်းဝမ် ပြောသည်ကို ဘယ်လိုလုပ် ယုံမှာလဲ။ ထို့အပြင် ယခင်က ဧကရာဇ်သည် ယခုကဲ့သို့ ကျင်းဝမ်ကို မယုံကြည်သေးပေ။

ထို့အပြင်........ယခင်ကပင် လုပ်ကြံသတ်ဖြတ်သူသည် အချိန်မီ သေဆုံးသွားခဲ့ပြီး သူမ၏အလောင်းသည် သွေးအိုင်အဖြစ်သို့ ပြောင်းရန်အချိန်မရှိသော်လည်း ဧကရာဇ်ဘုရင်သည် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့သေးပေ။

ဤလျှို့ဝှက်တပ်ဖွဲ့သည် အလွန်အစွမ်းထက်ပြီး ဖိုင်နယ်ဘော့စ်ဖြစ်တဲ့ ဗီလိန် ဆဌမ မင်းသား ထက်ပင် အပုန်းတော်နေတာပေါ့။

အခြားမင်းသားများ လုပ်ကြံမှုကို မလုပ်ခင် ထိုအင်အားကြီးအဖွဲ့သည် နန်းတော်ထဲ အနက်ရှိုင်းဆုံးအထိ ပုံးအောင်းနေနိုင်ကာ တစ်စက်လေးမှ အရိပ်ယောင်ပင် မပြခဲ့ပေ။ အခု သူတို့ ထွက်ပေါ်လာတာက ဘာကြောင့်လဲ....

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now