Chapter (145-1) - အချစ်ဘန်းတိုး သို့မဟုတ် ထိုက်ကျူဖေး၏ထမင်းဘူး

3.3K 720 5
                                    

Chapter (145-1) - အချစ်ဘန်းတိုး သို့မဟုတ် ထိုက်ကျူဖေး၏ထမင်းဘူး

လီယွီက သူပြောတဲ့အတိုင်း လုပ်လိုက်တယ်။ ဒီအတွက် အထူးတလည် ပြင်ဆင်စရာ မလိုပါဘူး။ သူ့င်္အကျီလက်တွေကို ပင့်တင်ပြီး ထမင်းဘူးအတွက် ချက်ပြုတ်ဖို့ စတင်လိုက်သည်။ ဒါကလည်း သခွားသီးသုပ်လုပ်ခြင်းသာဖြစ်သည်။ ဆီနှင့် မီးခိုးများထွက်မှာမဟုတ်လို့ သူ့ဗိုက်ထဲက မုန့်ချိုလုံးလေးကို ထိခိုက်မည် မဟုတ်ပေ။

အခုကိုယ်ဝန်ဆောင်ကာလ အလယ်လောက်ကို ရောက်နေပြီဖြစ်လို့ ကိုယ်ဝန်ရှိစကလောက် အမြဲတမ်း အိပ်ချင်မနေတော့ပေ။ ယခုအချိန်တွင် သူက နွားတစ်ကောင်လို သန်မာလာသည်ဟု ခံစားရသည်။ ဆင်တွေကို သတ်ရမယ်ဆိုရင်တောင် ရလောက်တာ...သခွားသီးကို ခုတ်ထစ်တာလောက်တော့ မပြောပါနဲ့၊ အဲဒါက ပြဿနာမရှိနိုင်လောက်ဘူး။

လီယွီ သည် အဒေါ်ရွှီကို ကို ကူညီပေးရန် ပြောလိုက်သည်။ စားဖိုခန်းမှ အဒေါ်ရွှီကို သည် ထိုက်ကျူဖေး ၏ အချက်အပြုတ်ကျွမ်းကျင်မှုကို ကျင့်သားရနေပြီဖြစ်ပြီး အရာအားလုံးကို အချိန်မီ လျင်မြန်စွာ ပြင်ဆင်နိုင်ခဲ့သည်။

သခွားသီးကို ဓါးနှင့် စင်းကာ နယ်ရတာက ခွန်အားလိုအပ်သော လှုပ်ရှားမှုအမျိုးအစားတစ်ခုဖြစ်သည်။ အဒေါ်ရွှီကို သည် ကိုယ်ဝန်ဆောင် ထိုက်ကျူဖေး ကို ဘာမှ မလုပ်စေချင်လို့ သူ့ဘာသာသူ လုပ်တော့မည်ဟန်ပြင်ပေမယ့် မထင်မှတ်ပဲ လီယွီသည် ဓား၏ မြောက်ကာ သခွားသီးကို လျှင်မြန်စွာ ခုတ်ထစ်ကာ လှီးလိုက်တော့သည်။

အချိန်တိုအတွင်း သခွားသီးက အပိုင်းပိုင်း တော်တော်များများ ကွဲနေပြီ။ အဒေါ်ရွှီလည်း လီယွီ ၏လက်ထောက်အဖြစ် ဂရုတစိုက်လုပ်ဆောင်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"ဟင်.... ဒါက ဘာလဲ"

မီးဖိုချောင်ကောင်တာ၏ ထောင့်တွင် လီယွီသည် သကြား သို့မဟုတ် ဆားအိုးများကဲ့သို မပေါ်လွင်သော ပုလင်းငယ်တစ်ခုကို တွေ့ရှိခဲ့သည်။

အဒေါ်ရွှီကို လက်ခံပြီး တစ်ချက်ကြည့်လိုက်သည်။ သူမက အားပါးတရ ပြုံးလိုက်ပြီး ပြောခဲ့သည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now