Chapter (135-1) - ဆက်ဆီကျသည့် လောင်ကုန်းရဲ့ စကားသံ

3.4K 793 6
                                    

Chapter (135-1) - ဆက်ဆီကျသည့် လောင်ကုန်းရဲ့ စကားသံ

လီယွီတစ်ယောက် သူစီးလာသည့် မြည်းကို ဘာကြောင့်ရပ်လို့မရသလဲဆိုတာ နားမလည်တော့ပေ။ အစကတော့ သူပုန်တွေကို နှိမ်နှင်းပြီးချိန် သူ့လောင်ကုန်းကို တွေ့ပါက သိုင်းကားများထဲက မင်းသားများလို လေထဲ  ပျံဝဲကာ ရေဘဝဲလေးလို လောင်ကုန်းကိုယ်ကို ခြေလက်အကုန်သုံးကာ ဖက်တွယ်ထားချင်ပေမယ့် ဒီမြည်းစုတ်က အရေးအကြောင်းမှာ အရှက်လှလှခွဲတော့သည်။
 
ယဲ့ချင်းဟွမ် က သူ့ကို ဆီကြိတ်တဲ့နေရာမှာ သုံးတဲ့ မြည်းကိုများ တမင်ပေးထားလေရော့လား.... တစ်ခါတည်း သူ နှင်တံတို့လိုက်မိတာနဲ့ မရပ်တော့ပဲ မရပ်မနားလှည့်နေတော့သည်။

လီယွီ: အား..................ငါ ဆင်းချင်တယ်

သို့သော်၊ လီယွီက လူသားပုံစံဖြင့် ဖြစ်သလို ခုန်မချရဲပေ။  သူ့ဗိုက်ထဲမှာ ချိုမြိန်တဲ့ မုန့်လုံးလေး ရှိနေသေးသည်။ ငါးကိုယ်ထည်နှင့်ဆိုလျှင် သူ့ဗိုက်ထဲက သမီးလေးကို အကာအကွယ်ပေးနိုင်ပေမယ့်  လူ့ပုံစံနှင့်ဆိုလျှင် ထိရှလွယ်သည်။


ကျင်းဝမ်က ဒီငါးလေးကို မြည်းပေါ်က ချမပေးခင် ခဏလောက် ရင်ခုန်စွာငေးကြည့်နေမိသည်။
  ထူးဆန်းသည်မှာ လီယွီက မြည်းပေါ်က ဆင်းချင်ကြောင်း ကြိမ်ဖန်များစွာ အော်ဟစ်နေခဲ့သော်လည်း မြည်းက သူ၏ကျောပေါ်ရှိလူကို လုံးဝလျစ်လျူရှုကာ စက်ဝိုင်းပမာ မရပ်မနား လှည့်ပတ်နေသည်။ သို့သော် ကျင်းဝမ်ရောက်လာသည်နှင့် တပြိုင်နက် မြည်းသည် ထူးထူးခြားခြား ဘာမှ မလုပ်ရပဲ ရပ်တန့်သွားသည်။

  မြည်းပင်လျှင် ဇာတ်လိုက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိပုံပေါ်သည်။

ကျင်းဝမ်က ဇက်ကြိုးကို ဆွဲကိုင်လိုက်ပြီး မေးလိုက်သည်။

"ရှောင်ယွီ....ပင်ပန်းနေပြီလား"

ဤတိုက်ပွဲတွင်၊ ယဲ့ချင်းဟွမ် သည် အတော်လေး ပင်ပန်းစွာဖြင့် ချာချာလည်အောင် ပြေးလွှားတိုက်ခိုက်ကာ သွေးများချွေးများထွက်လို့နေသည်။ ဒါပေမယ့် လီယွီသည် ခရီးတစ်လျှောက်လုံး မပြေးရသလို မြေပြင်ပေါ် ခြေပင်မချရသဖြင့် ပင်ပန်းတယ်လို့ ဘယ်လိုပြောနိုင်မလဲ။

သူ ပြောချင်တာက သူ မပင်ပန်းဘူး....သို့သော်၊ ကျင်းဝမ်၏ လေးနက်သော အနက်ရောင်မျက်လုံးများကို ကြည့်လိုက်မိသောအခါ၊ သူ့လည်ချောင်းတွေက တဆတ်ဆတ် တုန်ယင်လာမိသည်။


"ကျွန်တော်......အဆင်ပြေပါတယ်။"

 လီယွီသည် နှုတ်ခမ်းကို ကိုက်ကာ အဖြေပြောင်းသွားမိသည်။ ဘာကြောင့်ရယ်မသိ...သူ့ လောင်ကုန်းရှေ့တွင် ချွဲနွဲ့ကာ ပွေ့ဖက်ချင်မိသည်။

  QQ သူ တကယ် လောင်ကုန်းနှင့် ပွေ့ဖက်ချင်ပေမယ့် ဒီမြည်းစုတ်ကြောင့်....

မြည်းက စက်ဝိုင်းလိုပတ်နေရာမှ ရပ်သွားသော်လည်း ဆင်းရန်အခက်အခဲ ရှိနေသေးသည်။

ကျင်းဝမ်၏ မျက်လုံးများသည် နူးညံ့သိမ်မွေ့မှုနှင့် ပြည့်နှက်ကာ လီယွီကိုကြည့်နေသည်။

 ရှောင်ယွီက ဘာပြောနိုင်ဦးမလဲ.....
ဟုတ်တယ်... ဆိုလိုတာက သူ အရမ်းပင်ပန်းနေတယ်၊ ပင်ပန်းလွန်းနေတယ်။

ကျင်းဝမ်သည် ထိုငါးကလေးကို တင်းကျပ်စွာပွေ့ဖက်လျက် သူ့င်္အကျီလက်ထဲ ဝှက်ထားချင်မိခဲ့သည်။  သို့ရာတွင်၊ သူတို့သည် ဧကရာဇ်နန်းတော်၌ ရှိနေကြပြီး ထိုကဲ့သို့   မလုပ်နိုင်ကြပေ။

ကျင်းဝမ်က ပြုံးပြီး ဘာမှ မပြောတော့ပေ။ လီယွီရဲ့ အနောက် မြည်းပေါ် လွှားခနဲ တက်ထိုင်ပြီး   နောက်ကနေ ရှောင်ယွီကို ဂရုတစိုက် ပွေ့ဖက်လိုက်ကာ ပြောခဲ့သည်။


"အိမ်ပြန်ရအောင်။" ကျင်းဝမ်က ပြောလိုက်သည်။

လီယွီက ကျင်းအိမ်တော်ကို အိမ်ဟု ခေါ်ရတာကို ကြိုက်သည်။  အချိန်ကြာလာတော့ ကျင်းဝမ်သည်လည်း လီယွီ၏ လွှမ်းမိုးခံရပြီး အိမ်ပြန်ရသည်ကို  နှစ်သက်လာသည်။

ကျင်းဝမ် စကားပြောသည့်အသံက အက်ရှနေသော်လည်း သူ ပထမဆုံးစပြောတုန်းကထက်စာရင် နည်းနည်း ပိုကောင်းလာသ်။  သို့သော်လည်း သူ ဘယ်လောက်ပဲ ပြန်လည်ကောင်းမွန်နေပါစေ  အနာဂတ်တွင် ပုံမှန်လူတစ်ဦး၏အသံကဲ့သို့ လုံးဝ အသံထွက်နိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ကျင်းဝမ်၏ အက်ရှရှ ထိုအသံက လီယွီ၏နားထဲသို့ စီးဝင်သွားစဉ် သူ့ ဦးရေပြားများပင် ထုံကျင်သွားသည်အထိ လီယွီ၏ရင်ထဲ လှုပ်ခါသွားခဲ့သည်။ ကျင်းဝမ်က စကားပြောလာနိုင်ပေမယ့် သူရှေ့သူရှေ့တွင် သိပ်မပြောပေ။ ဒါက သူ စကားပြောလာနိုင်သည်ကို လျှို့ဝှက်ထားရသည့်အပြင် ကျင်းဝမ်က  စကားနည်းသောကြောင့် တော်ရုံတန်ရုံပြောစရာမရှိလျှင် နူတ်ဖြင့်ထုတ်မပြောတတ်ပေ။
 
 လီယွီက သူ့ကို စကားပြော လေ့ကျင့်စေချင်လို့ ဇာတ်လမ်းများကို အသံထွက် ရွတ်ဖတ်တာကလွဲလို့ ကျင်းဝမ်က သူ့အလိုလို စကားပြောခဲသည်။  အိပ်ရာဝင်ချိန် လင်မယားနှစ်ယောက် သွေးပူ လေ့ကျင့်ခန်းလုပ်ချိန်တွင်  ရှောင်ယွီသည် ကျင်းဝမ်၏ လက်ရှိအသံကို အလွန်အမင်း အာရုံထိရှလွယ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကျင်းဝမ်သည် လီယွီ၏ နားရွက်ဘေးတွင် တီးတိုးပြောရန်   ရည်ရွယ်ချက်ရှိရှိလုပ်ကာ ကျီစယ်လေ့ရှိသည်။
 

ငါးကလေးအတွက် လောင်ကုန်း၏ အက်ရှရှအသံက နားရွက်နားကပ်လျက် ပြောလိုက်သံကို ကြားလိုက်ရတာက သူ့အတွက် မိုးကောင်းကင်ပေါ် လွှင့်နေသလို တလှပ်လှပ် ခံစားရစေသည်။
 
အခုလည်း ကျင်းဝမ်၏ စကားသံကြောင့် လီယွီ၏ မျက်နှာသည် နီရဲလာသည်။ လောင်ကုန်းသည်၏ လက်တွေက သူ့ခါးကို သိုင်းဖက်လာသည့်  အထိအတွေ့က လီယွီကို မငြိမ်မသက် ဖြစ်လာစေသည်။

အား....ကျင်းဝမ်ရဲ့ အသံက ဆက်ဆီကျလွန်းလို့သူ့နားတွေပင် ကိုယ်ဝန်ရသွားတော့မယ်!

ငါး၏ခေါင်းထဲ အိပ်ယာထက်က လှုပ်ရှားမှုမျိုးစုံကို မြင်ယောင်လာစဉ် လီယွီက ချောင်းဟန့်ကာ ပြောလိုက်ရသည်။

"ခင်ဗျား..ကျွန်တော်နဲ့အတူတူ ဒီမြည်းပေါ်မှာ လိုက်စီးရတာ အဆင်ပြေရဲ့လား"


ပုံမှန်အားဖြင့် ကျင်းဝမ်က မြင့်မားထွားကျိုင်းသည့်မြင်းတွေကိုသာ စီးလေ့ရှိသည်။ အခုလို ပုတုတု မြည်းကို စီးနေတာက မင်းသားတစ်ပါး ၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။

လီယွီက မြည်းတစ်ကောင်က သူတို့နှစ်ကောင်ကို သယ်သွားနိုင်သလားလို့ မေးခဲ့သည်။


ကျင်းဝမ်သည် သူ့ဂုဏ်သိက္ခာကိုပင် မလိုအပ်သလို မင်းသားတစ်ပါး ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်ပေ။ သူက လီယွီအနောက်မှာ ထိုင်ပြီး လီယွီကို ပွေ့ဖက်ဖို့ လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ သူ့မျက်နှာကို လီယွီ၏ပခုံးတွင် မြှုပ်ထားရင်း ခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။ ဒါက သူ့တုံ့ပြန်မှုဖြစ်သည်။

ခင်ပွန်းသည်က ဒီလိုကြိုက်နှစ်သက်တယ်ဆိုတော့လည်း လီယွိက မနှောက်ယှက်တော့ပေ။ တကယ်လို့ သူ စီးနေတဲ့ မြည်းက မျှော်လင့်ထားသလို သူတို့ကို မသယ်နိုင်ရင် သူတို့ ပြုတ်ကျသွားနိုင်လောက်မလား....

လီယွီက ဇက်ကြိုးကို အသာလေး ယမ်းလိုက်စဉ် မြည်းက လူနှစ်ဦးကို သယ်ကာ တည်ငြိမ်စွာ ပြေးထွက်လာတော့သည်။


လမ်းခုလတ်မှာ သူတို့ ယဲ့ချင်းဟွမ် နဲ့ တွေ့လိုက်ရသည်။ ယဲ့သခင်လေးက  မြည်းပေါ်တွင် နီးနီးကပ်ကပ်ထိုင်နေသော လူနှစ်ယောက်ကို တွေ့လိုက်တော့ အံ့သြလွန်းလို့ သူ့မေးရိုးက ပြုတ်ကျလုနီးပါး ဖြစ်လာသည်။

လီယွီ၏ အရပ်အမောင်းအရ မြည်းတစ်ကောင်ကို သူ ရွေးပေးခဲ့သည်။ ဤမြည်းသည် ပိန်ပါးသေးကွေးသော လီယွီ စီးရန်သာ သင့်လျော်သည်။ သို့သော် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ကျင်းဝမ်သည် လီယွီ၏နောက်တွင် မြည်းကို ခပ်ကျုံ့ကျုံ့ အတူတူ စီးနေတာက .....
 
ဤမြည်းသည် အမှန်တကယ် ပင် လူနှစ်ယောက်ကို သယ်လာရတာ မလွယ်ကူကြောင်း ချန်အန်းနယ်စားအိမ်တော် အမွေဆက်ခံသူလည်း ခံစားခဲ့ရသည်။ နီးနီးကပ်ကပ်ထိုင်နေသော ဤလူနှစ်ယောက်၏ မြင်ကွင်းက ချိုမြိန်လွန်းလို့ ကြည့်မိသည့် သူ့မျက်လုံးတွေပင် ကိုက်လာသလို ခံစားလိုက်ရသည်။
 

"ယဲ့ချင်းဟွမ် ငါတို့ပြန်သွားပြီ!" လီယွီသည် ယဲ့ချင်းဟွမ်ကို ပျော်ရွှင်စွာ လက်ပြလိုက်သည်။

ယဲ့ချင်းဟွမ် သည် သူ့အတွေးထဲ နစ်နေရာမှ သတိ ပြန်ဝင်လာသည်။

 "မင်းတို့တွေ...... ဒီအတိုင်း ပြန်လာမှာလား။ ကလေးတွေကော။"  

လီယွီ: .......!

လီယွီက သူ့ခေါင်းကိုသာ ရိုက်လိုက်မိတော့သည်။  မကြာသေးမီက သူ့လောင်ကုန်းကို ပြန်တွေ့ပြီး အိပ်ယာထက်က မြင်ကွင်းတွေကို မြင်ယောင်နေမိလို့ ခေါင်းမူးဝေလာခဲ့သည်။ သူ့ဘေးနားက လောင်ကုန်းရှိနေလို့ သူ့ သားတွေကို မေ့လုနီးပါးဖြစ်သွားမိသည်။

သူ့စိတ်ထဲ သားတွေကို သတိရလာတော့ သူက ယဲ့ချင်းဟွမ်နှင့်အတူတူ ချန်အန်းအိမ်တော်ကို ပြန်သွားမှဖြစ်တော့မည်။ ဒါပေမယ့် ကျင်းဝမ်က    ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်သည်။

"ကလေးတွေကို ပြန်ခေါ်ပေးဖို့ ဝမ့်ရှီးကိုပြောလိုက်တော့..." ကျင်းဝမ်က ခပ်မြန်မြန်ပြောလိုက်သည်။  

ယဲ့ချင်းဟွမ်: "......"

ယဲ့ကျင်းဟွမ်က ရုတ်တရက်ထွက်လာသည့် အသံကြောင့်   တုန်လှုပ်သွားသည်။ ဘယ်ညာ ကြည့်လိုက်တော့ တခြားလူကို မတွေ့ရပေ။ ယဲ့သခင်လေးက ထိုအသံ ဘယ်က လာသလဲဆိုတာ စဉ်းစားလိုက်သည်။
   အဲဒါ ဘယ်သူလဲ။ ဘယ်သူက သူ့လို ချန်အန်းအိမ်တော် အမွေဆက်ခံသူကို အမိန့်ပေးရဲတာလဲ....

လီယွီသည် ယဲ့ချင်းဟွမ် စိတ်ရှုပ်ထွေးမှုကို လျင်မြန်စွာ နားလည်သဘောပေါက်ပြီး သူ့နောက်မှလူကို လှည့်ကြည့်ကာ  ပြုံးပြလိုက်သည်။

ယဲ့ချင်းဟွမ်: .......... !

ယဲ့ချင်းဟွမ် သည် လုံးဝ မယုံနိုင်စရာ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အခုပဲ ကျင်းဝမ်က စကားပြောလိုက်တာလား။

"ထျန်းချီ၊ မင်း အခု စကားပြောနိုင်ပြီလား"

 ယဲ့ချင်းဟွမ် နှစ်ယောက်စလုံးကို အံ့သြဝမ်းသာစွာ ကြည့်ကာ မေးလိုက်သည်။

******-**********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now