Chapter (107-2) - အရုပ်လုကြသည့် ကလေးပေါက်စလေးများ

4.4K 986 25
                                    

Chapter (107-2) - အရုပ်လုကြသည့် ကလေးပေါက်စလေးများ


ကျင်းဝမ်သည် ရာဇပလ္လင်အတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ထားသောကြောင့် သူ့ရင်သွေးမဟုတ်သည့် ကလေးများကို ဖုံးကွယ်ကာ ဟ န်ဆောင်ခိုင်းဖို့ဖြစ်နိုင်ချေများသည်။ အမျိုးသား ဝမ်ဖေးက ကလေးမွေးနိုင်တယ်လို့ သေချာပေါက် ဟန်ဆောင်ထားတာဖြစ်ရမည်။

မုထျန်းရှောင်သည် ကျင်းဝမ်က ဒီလို တမူထားသည့် နည်းဗျူဟာကို လုပ်ထားသည်ဟု ယုံကြည်ခဲ့သည်၊ သို့မဟုတ် ထို့ထက်ပို၍ပင်- သူ့ကို ဒေါသကြီးသော အတွေးတစ်ခု ရှိနေသေးသည်... ကလေးလေးယောက်အနက် တစ်ယောက်က ဝမ်ဖေး နှင့် အလွန်တူလှသည်။ ကျန်းမာသောကလေးများသည် အမှန်တကယ်တွင် အမျိုးသား ဝမ်ဖေး နှင့် အခြား အမျိုးသမီးအချို့တို့ ညားပြီးရလာသည့် ကလေးတွေဖြစ်ကာ သူတို့ကို ကျင်းဝမ်၏အမည်အောက်တွင် ထားခဲ့ခြင်း ဖြစ်နိုင်လောက်မလား။

ဒီလိုသာ ဖြစ်ရိုးမှန်မယ်ဆိုရင် ကျင်းဝမ်က တကယ်ရဲရင့်တာပဲ။

မုထျန်းရှောင်သည် ကျင်းဝမ်၏ အားနည်းချက်ကို ဤနေရာတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု နက်နက်ရှိုင်းရှိုင်း ယုံကြည်ခဲ့သည်။ နောက်တဆင့်အနေနဲ့ကတော့ ဒီအချက်ကို အသုံးချပြီး ကျင်းဝမ်ကို တိုက်ခိုက်ဖို့ အစီအစဉ်ကောင်းတစ်ခု ဖန်တီးဖို့ပဲ ဖြစ်တယ်။

သို့သော် ဧကရာဇ်အရမ်း မျက်နှာသာပေးသော ဤမြေးတော်လေးတွေက အမှန်တကယ် ကျင်းဝမ်ရဲ့ သွေးသား မဟုတ်ကြောင်း သိလိုက်ရလျှင် ဧကရာဇ်က ဒီလို ဘက်လိုက်နိုင်ပါဦးမလား ကြည့်ရသေးတာပေါ့...

မုထျန်းရှောင်သည် ဧကရာဇ်မင်း၏ တုံ့ပြန်မှုကို ကြည့်ပြီး စိတ်ထဲ အူလှိုက်သည်းလှိုက် ယားယံနေပြီ ဖြစ်သည်။ တော်ဝင်သွေးများကို အတုအယောင်လုပ်သည့်ပြစ်မှုသာ ထင်ရှားပါက ဧကရီ ရှောင်ဟွေ့ ၏သားတော်ဖြစ်လျှင်ပင် ပြစ်ဒဏ်က သက်သာနိုင်မည် မဟုတ်ပေ။

သို့သော် သူ တွက်ထားတာ မှားခဲ့လျှင်ကော။ သူက ကျင်ဝမ်ကို စွပ်စွဲသည့်အတွက် အပြစ်ပေးခဲ့ရမှာလား။

...... မဟုတ်ဘူး

ဒီတော်ဝင်သွေးသား ဟန်ဆောင်သည့်ဖြစ်ရပ်ကို ပေါ်အောင် ဖော်သည်ဖြစ်ရပ်က "သူနှင့် တိုက်ရိုက် မသက်ဆိုင်သော" အဖြစ်ပြောင်းလဲနိုင်သရွေ့တော့ သူ့ကို အပြစ်မဖြစ်အောင် ကာကွယ်ဖို့ လုံလောက်ပေလိမ့်မည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now