Chapter (84-1) - ရှောင်ယွီရဲ့ကလေးတွေ

5K 927 6
                                    

Chapter (84-1) - ရှောင်ယွီရဲ့ကလေးတွေ


ငါးအထီး ကိုယ်ဝန်ဆောင်သည်ဖြစ်စေ၊ ယောက်ျားက ကိုယ်ဝန်ရှိစေကာမူ သူတို့နှစ်ဦးစလုံး စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ယခင်ကလည်း လီယွီသည် ကိုယ်ဝန်မရနိုင်ကြောင်း ကျင်းဝမ်အား အတိအကျရှင်းပြခဲ့ဖူးသည်။ အခုအချိန်မှာတော့ သူက ကျောက်ခဲကို ကောက်ပြီး သူ့ခြေဖဝါးပေါ် ပစ်ချလိုက်သလိုပဲ၊ အရှက်ရလွန်းလို့ တွင်းထဲ ဝင်ပုန်းလိုက်ချင်တော့သည်။

ကျင်းဝမ်ကို ဘယ်လိုပြောရမှန်းကို သူ မစဉ်းစားမိသေးဘူး။ လူတွေမှာ ကိုယ်ဝန် 10 လလောက်လွယ်ရတာ ဆိုတော့ လီယွီက သူလည်း အဲ့လောက်တော့   ကိုယ်ဝန်ဆောင်ရတဲ့သက်တမ်းရှိလောက်တယ်ဟု  ခံစားရသည်။ အနည်းဆုံး လအနည်းငယ်စောင့်နိုင်ပြီး ပြောလည်းရသည်။ သူက အလျင်စလိုလုပ်ရန် မလိုပေ။ အစီအစဉ်ဆွဲဖို့ အချိန်ယူရဦးမယ်။

  လူသားအဖြစ်တွင် သူ၏ အစာအိမ်သည်လည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူ့ငါးပုံစံနဲ့ ယှဉ်ရင် တကယ်ကို ထင်ထင်ရှားရှား မရှိလှဘူး။ အဘယ်ကြောင့်ဆိုသော် သူသည် ပုံမှန်အားဖြင့် ခါးပတ်ကို ခပ်ကျပ်ကျပ် ချည်တာမကြိုက်လို့  ပါးလွှာသော ခါးပတ် သို့မဟုတ် ပုလဲကြိုးတစ်ချောင်းကိုသာ အသုံးပြုခဲ့သည်။ သူ့အဝတ်အစားတွေကို နည်းနည်းပိုချောင်ချောင် ဝတ်တတ်လို့ ဒါက ပြဿနာမဟုတ်ဘူး။ သို့သော်လည်း လီယွီသည် အနာဂတ်တွင် သူ၏လူပုံစံ ဗိုက်ပိုကြီးလာပါက ကျင်းဝမ်သည် တစ်စုံတစ်ရာကို ဖော်ထုတ်နိုင်လိမ့်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့်၊ သူသည် ကျင်းဝမ်ထံမှ 'မီးဖွားခွင့်' ကို တောင်းဆိုပြီး လအနည်းငယ်ကြာ ပြုစုပျိုးထောင်ရန် အာရုံစိုက်တော့မည်ဖြစ်ကာ လူသားအဖြစ်သို့  ခေတ္တ လာလို့ မရကြောင်း ပြောပြီး အဆုံးသတ်ခဲ့သည်။ ကျင်းဝမ်သည် ဤငါးကလေးသည် သူ့ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း ခံစားသိရှိနိုင်ပြီး သူ့ကို စုံစမ်း မေးမြန်းကြည့်ပေမယ့်  လီယွီသည် နေရာအနှံ့ တမင်တကာ လှည့်ပတ်ကာ ရှင်းပြခြင်းမရှိခဲ့ပေ။

ကျင်းဝမ်တို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခုတော့ အမြဲရှိနေပုံပေါ်သည်။  သို့သော် သူသည် ကြောင်းကျိုးဆက်စပ်တွေးကြည့်ပေမယ့် ရှောင်ယွီ သူ့ကို ဖုံးကွယ်ထားသည့်   အကြောင်းပြချက် အစစ်အမှန်ကို မသိနိုင်ပေ။ ကျင်းဝမ်သည် ဤငါးကလေး၏ ဆန္ဒအတိုင်း လိုက်လျောကာ သူ့ကို နှစ်သိမ့်ပေးလေ့ရှိသည်။ တိတ်တိတ်ဆိတ်ဆိတ် ကလေးကို မွေးမြူရန် လိုအပ်သည်ဟု ငါးကလေးက ပြောသောကြောင့် ကျင်းဝမ်သည် သူ့အား  အရမ်းကို စိတ်ကျေနပ်စေသည်။


ခဏတာ မတွေ့ရတာကို သူ တကယ် မကြောက်ပေ။ ကျင်းဝမ်သည် ငါးကြင်းနတ်ဆိုးလေးက သူ၏ ကောင်းကင်အတိဒုက္ခ စမ်းသပ်ချက်ကို ပြီးမြောက်ပြီးနောက်တွင်  သူ့ကိုခွဲပြီး ထွက်သွားရမည်ကို ကြောက်ရွံ့နေခဲ့သည်။ လီယွီသည် သူ၏ 'အထောက်အထား' နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိလာချိန်မှစ၍ ကျင်းဝမ်သည် ထိုကိစ္စအတွက် ရံဖန်ရံခါ စိုးရိမ်ပူပန်နေတတ်သည်။ ထိုအချိန်တွင်၊ မကြာသေးမီက သူ၏ဗိုက်ကိုဖုံးအုပ်ရန် လီယွီသည်   မသိစိတ်ဖြင့်  ရှောင်လွှဲနေခဲ့လို့ ကျင်းဝမ်၏ အထင်လွဲမှုကို တိုးများလာစေခဲ့သည်။

ရှောင်ယွီသည် သေချာပေါက် တစ်ခုခုကို ဖုံးကွယ်ထားခဲ့ပြီး သူ့အား မပြောပြလိုသော အရာတစ်ခုရှိရမည်။

အရင်ကတော့ ကျင်းဝမ်ဟာ ရှောင်ယွီရဲ့ မူလဇစ်မြစ်ကို မသိဟန်ဆောင်ပြီး သူ့ကို တိတ်တဆိတ် ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့သလို အခု သူလည်း မသိဟန်ဆောင်ပေးနေလို့ရသည်။  ငါးကန်အတွင်းတွင် ငါးကလေးရှိနေကာ နေ့စဉ်မြင်တွေ့နိုင်သည့်သရွေ့၊ ရှောင်ယွီက သူ့ဘေးတွင်ရှိနေသရွေ့ ကျင်းဝမ်သည် ဒါကို လက်ခံနိုင်စွမ်းရှိပါသည်။

ငါးဗိုက်ကြီးလာပြီး လေးပတ်မြောက်အကြာတွင် လီယွီသည် သူ၏ငါးခန္ဓာကိုယ်သည် ထုံထိုင်းလာသည်ကို ခံစားလိုက်ရကာ အမှန်တကယ် မလှုပ်ရှားချင်တော့ပေ။ သူ ကျင့်ကြံဖို့ လိုအပ်ကြောင်း ကျင်းဝမ်ကို အရင်ကတည်းက ကြိုတင် သတိပေးထားပြီးဖြစ်သောကြောင့် ခုလို ပုန်းနေလို့ရပေမယ့်  ရံဖန်ရံခါတွင် သူကို ကိုယ်ထင်ပြဖို့လည်း  လိုအပ်သေးသည်။ သို့သော် ယခုအချိန်တွင် ငါးကလေးက အနည်းငယ် ရေ ကူးခတ်လာတိုင်း သူ မောပန်းနေသည်။ ဒါ့အပြင် ကလေးဘယ်လိုမွေးမလဲ ဆိုတဲ့ အတွေးက သူ့ကို ပိုပင်ပန်းစေသည်။

လီယွီသည် မကြာခဏ ကျောက်တုန်းခုတင်ထက်တွင် မြစိမ်းရောင်စောင်ခြုံလျက် တွေးတောနေလေသည်။ သို့သော် ထိုသို့တွေးနေရင်း ကိုယ်ဝန်ကြောင့် သူ့ကို အလွန်လျင်မြန်စွာ အိပ်မောကျသွားစေသည်။ မနက်ဖြန်လည်း သူက အပျင်းကြီးတဲ့ ငါးဆားနယ်လေးဖြစ်နေလိမ့်ဦးမည်။

ဒီအချက်ကလွဲလို့ တခြားဘာပြဿနာမှ မရှိဘူး။

လီယွီသည် ဒီလိုနေ့ရက်များကုန်ဆုံးကာ လကိုကူးလာတော့မည့်ချိန် တစ်ညတွင် လီယွီသည် အိပ်ရာမှ နိုးလာပြီးနောက်တွင် အိပ်မက်ထဲတွင် ဗိုက်အနည်းငယ် လေးလံလာပြီး ဖောင်းကားလာသလို ခံစားလိုက်ရသည်။

လီယွီသည် ချက်ချင်းထကာ ဗိုက်ကိုကြည့်သည်။ ဒီအကြည့်က သူ့ကို အတော်လေး ထိတ်လန့်စေတယ်။ သူ့ဗိုက်က တကယ်ကျုံ့သွားပြီး ပိုသေးသွားပုံရတယ်။
လီယွီ: "......"

ဘယ်လိုဖြစ်သွားတာလဲ...?

လီယွီသည် သူ့ဗိုက်ကို စစ်ဆေးရန် ကုတင်ပေါ်မှ အမြန်ထလိုက်သည်။ ကန်၏အောက်ခြေလည်း ဘာမှ   မပြောင်းလဲခဲ့ပေ။ လီယွီသည် နေရာတိုင်း လိုက်ရှာသော်လည်း ဘာမှမတွေ့ရပေ။

အဆုံးတွင် သူသည် တစ်ခုခုကို တွေးပြီး သူ့ငါး ပါးစပ်ကို အသုံးပြုကာ ငွေရောင်ကျောက်ကုတင်ထိပ်မှ ရွှေပိုးမြက်စောင်ကို ဆွဲဖယ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပုန်းနေသော ဘောလုံးလေးလုံးထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ကျောက်စိမ်းကဲ့သို့ကြည်လင်ကာ 'ပုလဲ' ကဲ့သို့ လုံးဝန်းတောက်ပြောင်ကာ ဖြူဖွေးနေပြီး လက်မအရွယ်ခန့်သာ ရှိသည့် ဥလေးတွေ ဖြစ်သည်။

လီယွီ: "............."

ဒါတွေကို သူမွေးခဲ့တာလား။

မဟုတ်ရင် သူ့ဗိုက်က ဘာလို့ ပိုသေးသွားရတာလဲ။

နောက်ဆုံးတော့ မိုက်မဲတဲ့System က  သူ့ကို ဒီအချိန်မှာ မလှည့်စားခဲ့ပါဘူး။ ငါးပုံစံနဲ့မွေးတာတော့ လုံးဝ မနာကျင်ရဘူး။ သို့သော် လီယွီသည် ကလေးမွေးရတာ ဤမျှလွယ်ကူမည်ဟု မထင်ခဲ့ပေ။ အချိန် လေးပတ်ခန့်သာ ကြာသည်။ သူ အတွေးတွေနဲ့ အလုပ်ရှုပ်နေချိန် ...... သူ့အလိုလို ဥက ထွက်ကျလာခဲ့သည်။
 

ပုလဲနဲ့တူတဲ့ ဒီအရာတွေကို ငါးဥလို့ ခေါ်သင့်တယ်။

လီယွီသည် ငိုက်မျဉ်းခြင်း သို့မဟုတ် ထုံထိုင်းခြင်းမရှိတော့ပေ။ သူသည် ငါးဆူးတောင်များကို အသုံးပြု၍ ဤနေရာကို ဟိုဟိုသည်သည် ဂရုတစိုက် ကူးခတ်ကာ ငါးမျက်လုံးများဖြင့် သူတို့ကို အနီးကပ် ကြည့်ရန် တိုးလာသည်။

ဟုတ်တာပေါ့... သူဘာမှ အားမထုတ်လိုက်ရဘူး။

ကျင်းဝမ်ကို ပြောပြဖို့ နည်းလမ်းကောင်းကို သူ မစဉ်းစားရသေးပေမယ့် ကလေးက မွေးပြီးပြီ။ ပြောစရာမရှိအောင် ဥလေးလုံး မွေးလာခဲ့တယ်။ အခု ဒီဟာက ပိုလို့တောင် ရှုပ်ထွေးသွားခဲ့လေပြီ။


ကျင်းဝမ်က သူ့ရင်သွေးလေးတွေဟာ ဥလေးလုံးဖြစ်တာကို လက်ခံနိုင်မလား။ ဘယ်လောက်ခက်ခဲ လိုက်မလဲ။    

သို့သော် အဓိကအချက်ကို ပြန်ကြည့်လျှင် ငါးသည် ပုံမှန်အားဖြင့် ဥဥလေ့ရှိသည်။ လီယွီ၏ မူလမျှော်လင့်ချက်က သူ့ဗိုက်ထဲကနေ ရေသူမငယ်လေး သို့မဟုတ် လူသေးသေးလေးတွေ မွေးလာမယ် ထင်ပေမယ့် အခုလို ငါးဥလေးတွေ ထွက်လာမည်ဟု မထင်ခဲ့ပေ။
 
အဲ့ဒါတွေက ငါးဥလေးတွေဖြစ်လို့  လီယွီက နည်းနည်း စိတ်ပျက်သွားမိပေမယ့် အဲ့ဒါက သူနဲ့ ကျင်းဝမ်ရဲ့ ရင်သွေးလေးတွေဖြစ်လို့ ဒီငါးဥလေးတွေကို သူ သဘောကျနေမိသည်။

အခု ငါးက ဥဥ ပြီးသွားပြီ။ နောက်တဆင့် သူက ဥလေးတွေကို ဘယ်လို ဂရုစိုက်ရမှာလဲ?

ဘယ်လိုလုပ်ရမှန်းမသိလို့ လီယွီက ဥလေးတွေကို နှစ်ပတ်လောက် ပတ်ပြီး ကူးခတ်နေရင်း သူက system ကို သတိရသွားသည်။

လီယွီသည် ငါးဥလေးလုံးကို စောင်ဖြင့် ထပ်မံဖုံးအုပ်ပြီးနောက် system  ထဲသို့ ဝင်ခဲ့သည်။

System သည် သူ့ကို အကြောင်းကြားစာများဖြင့် နှုတ်ဆက်ပြီးဖြစ်သည်-

"Host၊ 'အကိုင်းအခက်များ ပေါက်ရောက်ပြီး အရွက်ကြဲခြင်း'မစ်ရှင် ပြီးမြောက်ခြင်းအတွက် ဂုဏ်ပြုပါသည်။ "မျိုးဆက်သွေးကိုပြန်လည်ရှင်သန်စေခြင်း" ပင်မ မစ်ရှင်သည် ယခု လုံးဝပြီးမြောက်သွားပါပြီ။ ကျေးဇူးပြုပြီး ဆုလက်ခံပေးပါ....."

နောက်ဆုံးတွင် အခြားအဓိကတာဝန်တစ်ခုဖြင့် ပြီးမြောက်ခဲ့သည်။ သို့သော် လီယွီသည် ပျော်ရွှင်ရန် အချိန်မရှိပေ။ အရာအားလုံးကို လက်မခံခင် ဆုပေးပွဲတွေကိုတောင် မကြည့်မိဘူး။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် "ဖ....ဖ....ဖား...ငါက ငါးဥနဲ့ ဘာလုပ်ရမလဲ" ပြောလိုက်မိသည်။

System- "အကိုင်းအခက် မစ်ရှင်က အရွက်ကျဲဖြန့်ခြင်း မစ်ရှင်မှ "ကလေးတွေ ကြီးပြင်းပြီး လူသားဖြစ်လာခြင်း" ဆိုတဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပြီဖြစ်သည်။ ကျေးဇူးပြု၍ မစ်ရှင်စတင်လိုသလား၊ Host  ဆုံးဖြတ်ပါ။"  

ဒီမစ်ရှင်က ကလေးတွေကို ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်တယ်လို့ ထင်ထင်ရှားရှား ပေါ်လွင်နေပုံပဲ... အိုင်း...! ဟုတ်တာပေါ့...ဒီမစ်ရှင်ကို သူစတင်ချင်ခဲ့တာပေါ့။

မစ်ရှင်ခေါင်းစဉ်အမည်ထဲမှာ  ငါးဥများသည် လူသားအဖြစ်သို့ ပြောင်းလဲနိုင်လောက်မလား....  အဲဒါက ပိုကောင်းလာနိုင်လောက်မလား။

System က  သူ့ကို ရှင်းပြခဲ့သည်– "ငါးဥများကို မွေးပြီး လေးရက်မှ ငါးရက်အတွင်း သားဖောက်ရန် လိုအပ်သည်။ Host... သူတို့ကို ကောင်းကောင်းကာကွယ်ပါ။ ငါးကလေးကို သားပေါက်ပြီးပါက ကိုးလကြာ အစာကျွေးပြီး မွေးမြူပေးပါ။ ပြီးတော့ သူတို့လေးတွေက နို့စို့ကလေးဖြစ်လာဖို့ တာဝန်တွေကို ပြီးအောင်လုပ်နိုင်ပါလိမ့်မယ်။"

လီယွီ: ".............................."  

ငါးသေးသေးလေးတွေတောင် မစ်ရှင်တွေ လုပ်ရဦးမလား??

ဒီတော့ System နဲ့ချိတ်ဆက်ထား ငါးက က System နဲ့ချိတ်ဆက်ထားတဲ့  မွေးတယ်။

လီယွီသည် အလွန်အံ့သြသွားကာ ဒူးထောက်လိုက်မိသည်။ ဘာမဟုတ်တဲ့ System က  အခုမှ သဘာဝကို တကယ် အံတုနေတယ်။ ဒီလိုမျိုးတောင် စီစဉ်ပေးနေတယ်တဲ့လား..

လီယွီသည် သူပြီးမြောက်ခဲ့သော စိုးရိမ်စရာနှင့် ပင်ပန်းသည့်အလုပ်များကို တွေးတောနေခဲ့သည်။ ငါးသေးသေးလေးတွေက အရမ်းငယ်သေးတာပဲ၊ မစ်ရှင်တွေမှာကိုသူတို့လေးတွေ လုပ်ရမှာကို သူတို့  စိတ်ပျက်နေမှာလား။  

Host၏အတွင်းစိတ်အတွေးများကို ဖတ်ရှုနိုင်စွမ်းရှိသော System၊ "......"

System က  "စိတ်မပူပါနဲ့ Host၊ သူတို့တွေက  သာမန်နှင့် အရိုးရှင်းဆုံး အလုပ်များသာ လုပ်ရမှာ ဖြစ်ပါတယ်။ သူတို့အားလုံး ပုံမှန်အတိုင်း ပြီးသွားနိုင်တယ်။"


**********-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now