Chapter (151-1) - ချောင်းကြည့်ခြင်း

3K 607 4
                                    

Chapter (151-1) - ချောင်းကြည့်ခြင်း

အိမ်ရှေ့မင်းသားက သူ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား။

လီယွီ၏အလိုလိုသိစိတ်အရ ဒီလိုညွှန်ပြနေသဖြင့် သူ့ရင်ထဲ အတော်လေး အဆင်မပြေ ဖြစ်ခဲ့ရသည်။ သူတို့ နှစ်ယောက် အတူတူပေါင်းသင်းနေခဲ့ပြီး သားသမီး (၅)ယောက် ရှိနေပြီ ။ အိမ်ရှေ့မင်းသားက သူ့ကို ယုံကြည်တယ်ဆိုရင် ဘာကြောင့် ရိုးရိုးသားသား မပြောနိုင်တာလဲ။

သို့သော် လီယွီသည် သူ ဖန်တီးခဲ့သော အဓိပ္ပါယ်မရှိသော အရာအားလုံးကို ပြန်သတိရသောအခါ အိမ်ရှေ့စံမင်းသားအား မေးမြန်းရန် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။

ဒီခေတ်မှာ ခင်ပွန်းသည်တွေမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးတွေ ရှိဖို့ ခွင့်မပြုနိုင်ဘူးလား။

....... နားလည်ပြီ!

လီယွီ၏ခေါင်းပေါ်မှ အလင်းပွင့်သွားခဲ့သည်။ သူ့တွင် လျှို့ဝှက်ချက်များကို မြင်နိုင်စေသော အရာတစ်ခု ရှိသည်ကို သူ ဘယ်လိုမေ့နေရတာလဲ။

လီယွီ သည် အချိန်အတော်ကြာအောင် မဝင်ရသေးသော System ထဲ သို့ ချက်ချင်းဝင်သွားသည်။ သူ အလုပ်တွေမပြီးခင်မှာ သူကြည့်လို့မပြီးခဲ့တဲ့ သူ့ ခင်ပွန်းသည်ရဲ့လျှို့ဝှက်ချက်တွေကို သိမ်းဆည်းခဲ့သေးတယ်။ အခု ဒါကို သူ သုံးရမယ်။

အရင်က သိမ်းဆည်းထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ကြည့်ချင်တယ်...... လီယွီ က ပြောလိုက်သည်။

System သည် အိမ်ရှေ့မင်းသား၏လျှို့ဝှက်ချက်များကို ချက်ချင်း ပြသခဲ့သည်။

ဒီထဲတွင် ရှင်းလင်းပြတ်သားသော ဖော်ပြချက်မရှိသည့် အဆက်မပြတ်ပြောင်းလဲနေသော မြင်ကွင်းများဖြစ်သည်။

လီယွီသည် အနည်းငယ် မှင်သက်သွားသည်။ ဒါက ကျပန်းမဲနှိုက်ခြင်းတစ်ခုလို မဟုတ်ဘူးလား။ မကြာသေးမီက အိမ်ရှေ့မင်းသား၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် သူ့အတွက် မလွယ်ကူတော့ပေ။

...... ကြည့်ဦး၊ ဒါက တိုတိုတုတ်တုတ် စကားလုံးတွေနဲ့ ဖော်ပြချက် နီးနီးပဲ ....

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now