Chapter (93-2) - အရူးတွေ... အားလုံး...အရူးတွေပဲ....

4.7K 997 17
                                    

Chapter (93-2) - အရူးတွေ... အားလုံး...အရူးတွေပဲ....

မင်္ဂလာပွဲရဲ့ အရေးကြီးဆုံး ကဏ္ဍတွေထဲက တစ်ခုကတော့ မင်္ဂလာဝတ်စုံတွေပါပဲ။ ကျင်းဝမ်က သူ၏မင်္ဂလာပွဲကြီးအတွက် သင့်လျော်အောင် ဖန်တီးထားသော ဝတ်စုံများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ပန်းထိုးမှု အသေးစိတ်တစ်ခုစီတိုင်းကို ကျင်းဝမ် ကိုယ်တိုင်စစ်ဆေးခဲ့သည်။ လက်ဝတ်ရတနာများနှင့် အလှဆင်ပစ္စည်းများအားလုံးကို ကျင်းဝမ်၏လက်စွဲ ပန်းတိမ်ဆရာများက ဖန်တီးထားသည်။ ထို့ကြောင့်၊ သူတို့သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်ခုတည်းသာ ရှိကြောင်း အာမခံထားသည်။

လီယွီသည် ဝမ်ဖေး ၏ မင်္ဂလာဝတ်စုံနှင့် ခေါင်းစွပ်ကို အမှန်တကယ် မစမ်းဖူးပေ။သို့သော် ယခင်က ကျင်းဝမ် သူ့အတွက် ဒီဇိုင်းထုတ်ခဲ့သော ဝတ်စုံများအားလုံးအရဆိုလျှင် ထိုအံ့သြစရာကောင်းသည့် အချက်တွေက လုံးဝထိုက်တန် လိမ့်မည်ဆိုတာ သူပြောနိုင်သည် ။

နောက်ဆုံးတော့ မင်္ဂလာဆောင်တဲ့နေ့ရောက်လာတော့မည်ပေါ့။

ကျင်းဝမ် မင်္ဂလာဝတ်စုံကို လီယွီထံသို့ ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာပြီး သူ့ထံ ပေးအပ်လိုက်သည်။ ခြံထဲမှာ အစေခံတွေ အများကြီး မရှိပေ။ လီယွီမှာလည်း မိသားစုမရှိပေ။ ထို့ကြောင့် ကျင်းဝမ် သူ့ကိုယ်သူ ထွက်လာပြီး လီယွီ၏ ဆံပင်ကို စည်းကာ ဝတ်စုံ ဝတ်ဆင်ရန် ကူညီပေးခဲ့သည်။

လီယွီသည် ရွှေရောင်အနားသတ်ထားသည့် အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံသို့ အမြန်ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ ထိုမင်္ဂလာဝတ်စုံ၏ ပစ္စည်းကို အဖိုးတန်လရောင်ပိုးချည်မှ ယက်လုပ်ထားသည်။ လရောင်ပိုးချည်နဲ့လုပ်ထားတဲ့အဝတ်အစားတွေကို ဝတ်ဆင်လိုက်တဲ့အခါ လမင်းလို လှပတဲ့ ရောင်ခြည်ကို ထုတ်လွှတ်နေသလိုထင်ရသည်ဟု ဆိုနိုင်သည်။ လရောင်ပိုးချည်မှလွဲ၍ မင်္ဂလာဝတ်စုံကို ရွှေချည်နှင့် ဖီးနစ်အမွေးချည်များဖြင့် ချည်နှောင်ထားပြီး တိမ်စိုင်တိမ်လိပ်များနှင့် စွဲမက်ဖွယ်ကောင်းသော Koi ငါး ပုံသဏ္ဍာန်ကို ပန်းထိုး ဖန်တီးထားသည်။ ထို Koi သည် နဂါးတံခါးထက်မှ လေထဲသို့ ခုန်တက်နေသည်။ ဝတ်စုံ၏ ကော်လာနှင့် နောက်ကျောတွင် ရှည်လျားသော အပေါ်ဝတ် အင်္ကျီသည် ရွှေကဲ့သို့ တောက်ပြောင်ပြီး အလွန်လှပသော ငါးအကြေးခွံများကဲ့သို့ ချုပ်လုပ်ထားသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now