Chapter (151-2) -ကျွန်တော် ခင်ဗျား နဲ့ မခွဲပါဘူး

3.6K 790 11
                                    



Chapter (151-2) -ကျွန်တော် ဘယ်ကိုမှ မသွားဘူး၊ ခင်ဗျား နဲ့ မခွဲပါဘူး


အိမ်ရှေ့မင်းသား ရေးနေတာက လျှို့ဝှက်ချက် ဖြစ်လောက်တယ်လို့ သူ ခံစားလိုက်ရတယ်။

အစိုးရကိစ္စနဲ့ ပတ်သက်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒါဟာ လျှို့ဝှက်အမိန့်တစ်ခုပဲ ဖြစ်ကောင်းဖြစ်နိုင်သည်......

လျှို့ဝှက်ချက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေက အတိတ်က၊ အမှတ်တရပါပဲ။ ဤနေရာတွင် အိမ်ရှေ့မင်းသားက သူ့ကို သတိမပြုမိလောက်ပေ။

သူ တစ်ချက်လောက် ကြည့်လိုက်မယ်။

လီယွီသည် လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။

မမျှော်လင့်ဘဲ ဒီတစ်ချက်ကြည့်လိုက်တော့ သူ့နာမည်ကို မြင်လိုက်ရတယ်။

လီယွီသည် ခေတ္တရပ်လိုက်ပြီး ဆက်ဖတ်လိုက်တော့  စကားတစ်ခွန်းကို ယောင်ဝါးဝါး မှတ်မိလိုက်သည်။

"........ လီယွီ ကို ငါကိုယ်တော် နှင့် တန်းတူညီ အခွင့်အာဏာရှိသော ဧကရာဇ် အဖြစ် ခန့်အပ်သည်။"

လီယွီ : !

လီယွီ ချက်ချင်း သဘောပေါက်သွားသည်။ ဒါက အိမ်ရှေ့မင်းသားရဲ့ နန်းတက်ချိန်အတွက် အစီအစဉ်တစ်ခုပဲ။

အိမ်ရှေ့မင်းသား နန်းတက်ရင် လီယွီ ဟာ သဘာဝအတိုင်း ငါးဧကရီ ဖြစ်လာလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးနောက် လီယွီ က ဒါကို လက်ခံနိုင်ခဲ့တယ်။

သူ့ကို ဧကရာဇ်ဖြစ်အောင် လုပ်ရတာ သိပ်တော့ မဟုတ်ဘူး။ အရေးကြီးသောအပိုင်းမှာ ဝါကျ၏ နောက်ဆုံးတစ်ဝက်ဖြစ်သည်။ သူသည် အုပ်စိုးရှင်နှင့် တန်းတူညီမျှသည့် အာဏာကို ပိုင်ဆိုင်လိမ့်မည် ။

ဧကရီ၏မူလအလုပ်မှာ ဧကရာဇ်မင်း၏ အနောက်နန်းဆောင်ကို စီမံခန့်ခွဲရန်ဖြစ်သည်။ အများစုအနေဖြင့်၊ ဧကရာဇ်မင်းအား မှားယွင်းစွာ ဖြားယောင်းသွေးဆောင်သည့် ကိုယ်လုပ်တော်ရှိလျှင် သတိပေးနိုင်သည်။ အုပ်ချုပ်သူဆိုလျှင်တော့ ဒါက မတူညီတော့ပေ။  သူတို့မှာ စစ်မှန်တဲ့ စွမ်းအားနဲ့ ထိန်းချုပ်မှု ရှိနေသည်။


နောက်မှာ သူက တိုက်ပွဲတွေကို ဖန်တီးဖို့ အမိန့်ပေးနိုင်စွမ်း ရှိလာလိမ့်မည်။

  လီယွီ သည် အံကြိတ်ထားရလို့ သွားများ နာကျင်လာသည်။ ခင်ပွန်းသည်က သူ့အတွက် လျှို့ဝှက်စွာ ဘယ်လိုမျိုး ထူးထူးခြားခြား စီစဉ်ပေးနေခဲ့တာလဲ။

ဘုရင်မင်းမြတ်နှင့် တန်ခိုးအာဏာ တူညီသော ဧကရီအပြင် သူက ဘုရင်ခံ သြဇာအာဏာရှိသည့် ဧကရီ ဖြစ်လာမှာလား။

နေဦး..... ဒါက 'နိုင်ငံကို မျှဝေခြင်း' မဟုတ်ဘူးလား။

လီယွီ  တုန်လှုပ်သွားသည်- System ၊ ငါ့ရဲ့ အဓိက တာဝန် ပြီးပြီလား။

System က "Host .... ဝမ်းနည်းပါတယ်။ အာဏာရှင်ကြီးက  ဒါကို ရှင်းရှင်းလင်းလင်း မဖော်ပြတဲ့အတွက် မစ်ရှင်ပြီးပြီလို့ ထည့်မတွက်ပါဘူး။"

ထျန်းချီက စာကို ချရေးထားပြီးသားလေ၊ ဘယ်လိုမှ ရေတွက်လို့ မရတာလဲ...

လီယွီ ထိတ်လန့်သွားသည်။ သူသည် ပြင်းပြင်းထန်ထန် ငြင်းခုံလုဆဲဆဲမှာ အိမ်ရှေ့မင်းသားက စာရေးပြီးသည့်နောက်တွင် စုတ်တံကို ချလိုက်သည်ကို တွေ့လိုက်ရသည်။ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ ရေးထားသည်ကို သေချာဖတ်နေသည်ကို တွေ့လိုက်ရသည်။



ထို့နောက် သက်ပြင်းတစ်ချက်ချကာ အနီးနားရှိ ဖယောင်းတိုင်မီးပေါ်တွင် စာရွက်ကို မီးညှိရင်း စာရွက်ကို မီးရှို့လျက် မီးတောက်ကို ကြည့်ပြီး စကားလုံးအားလုံးကို မျိုချလိုက်သည်။

လီယွီ : "......"

အိမ်ရှေ့မင်းသားက စာရွက်ကို မီးရှို့တယ်။ ဒါကြောင့် မစ်ရှင်ပြီးပြီလို့ ထည့်မတွက်တာ မဆန်းပါဘူး။

သို့သော်လည်း အိမ်ရှေ့စံမင်းသားကို အပြစ်မတင်နိုင်ပေ။ အိမ်ရှေ့မင်းသားသည် ထီးနန်းနှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ ဒီလိုအချိန်မှာ အရမ်း ဂရုစိုက်ရသည်။ ဒါကြောင့် ဒီစာကို  အိမ်ရှေ့မင်းသားက  ဖယ်ရှားပစ်ဖို့ လိုအပ်တာတော့ သေချာတယ်။

ဒါပေမယ့် ဒီလိုဖြစ်ရင် ဘာကြောင့်ရေးနေသေးတာလဲ။

အိမ်ရှေ့မင်းသားသည် သူနှင့်အတူ တိုင်းပြည်ကို မျှဝေအုပ်ချုပ်ရန် ရည်ရွယ်ချက်ရှိနေပြီဖြစ်သောကြောင့် လီယွီ ကို အဘယ်ကြောင့် မပြောပြနိုင်သနည်း။

လီယွီက တိုင်းပြည်နှင့် လူမျိုးအကြောင်းပြောတိုင်း သူ ဘာလို့ နှုတ်ဆိတ်နေရတာလဲ။

အိမ်ရှေ့မင်းသား၏ နှလုံးသားထဲတွင် အတွေးများကို နားလည်ဖို့နေနေသာသာ လီယွီရဲ့ ရင်ထဲ ပို၍ပင် မေးခွန်းထုတ်လာခဲ့သည်။ Systemမှ ထွက်လာပြီးနောက် လီယွီသည် အိမ်ရှေ့စံမင်းသားထံ သွားကာ ရှင်းရှင်းလင်းလင်း အဖြေအချို့ကို မေးမြန်းချင်ခဲ့သည်။

သို့ရာတွင် အိမ်ရှေ့မင်းသားသည် အခွန်ဝန်ကြီးဌာနသို့ သွား၍ အိမ်တော် အတွင်း၌ မရှိခဲ့ပေ။ လီယွီ သည်လွန်ခဲ့သည့ ်ရက်အနည်းငယ်က အမျိုးသမီးအကူအညီအဖွဲ့နှင့် အလုပ်ရှုပ်နေသောကြောင့် မင်းသမီးလေး ရွှယ်ပေါင်း ကို အနည်းငယ်လျစ်လျူရှုထားနေမိသည်။ ဒါကြောင့်  လီယွီ က  ကလေးကို အရင်စစ်ဆေးတာ ပိုကောင်းပါတယ်။

လီယွီသည် ရွှယ်ပေါင်း ၏ အခန်းထဲသို့ ဝင်သွားသည်။ ကလေးငယ်ကို ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသော ရှောင်လော် သည် ပုခက်ရှေ့တွင် အိပ်ပျော်နေသည်ကို သူတွေ့ရှိခဲ့သည်။

ရှောင်လော် သည်  အသက်မပြည့်သေးသော  ရွှယ်ပေါင်း ကို ဂရုစိုက်ရန် လိုအပ်သည်။ တခါတရံတွင် သူမအား ကူညီရန် လီယွီ မှ လက်ထောက်အဖွဲ့ထံ ချက်ခြင်း ဆင့်ခေါ်ခံရဖူးသည်။ သူမသည် တစ်နေ့တည်းနှင့် လုပ်စရာများစွာရှိသည်။

သခင်တစ်ယောက်အနေဖြင့် လီယွီ သည်   ရှောင်လော် ကို ဆက်အိပ်ခွင့်ပြုလိုက်သည်။ ပုခက်ရဲ့တစ်ဖက်မှာ ရပ်နေချိန်မှာတော့ ရွှယ်ပေါင်း ရဲ့ မျက်နှာဟာ တစ်ဖက်ကို မျက်နှာမူနေတာကို တွေ့လိုက်ရပါတယ်။ လီယွီသည်   လှည့်ပတ်ကာ ကြည့်လိုက်တော့ အခြား သားလေးယောက်ကို  ချက်ချင်း ရှာဖွေတွေ့ရှိခဲ့သည်။

ကလေး လေးယောက်က ကြမ်းပြင်ပေါ်မှာ ဝရုန်းသုန်းကားနဲ့ အိပ်နေခဲ့တယ်။ ပေါင်းအော့ ၏လက်ချောင်းများသည် သူ၏ ထွားကျိုင်းသောမျက်နှာပေါ်တွင် တင်ထားဆဲဖြစ်ပြီး သူမ၏ညီမငယ်အား ရီစရာ မျက်နှာထားဖြင့် စနောက်နေသည့် အမူအရာဖြင့်  အိပ်ပျော်နေသည်။

ပေါင်းရိနှင့် ပေါင်းစန်း ၏လက်နှစ်ဖက်စလုံးသည် ပေါင်းအော့ ၏မျက်နှာကို ကိုင်ထားကြသည်။ ပေါင်းဆုသည် သူတို့နှင့် ခပ်ဝေးဝေးတွင် ဘောလုံးတစ်လုံးနှင့် ဖက်ကာ အိပ်နေသည်။ ဟိုဘက်ကို လှိမ့်ပြီး အိပ်ပျော်သွားတာလား ဒါမှမဟုတ် အိပ်ပျော်ပြီး ဟိုဘက်ကို လှိမ့်သွားသလား မသိတော့ပေ။
 

လီယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့သမီးရဲ့ စောင်ကို အရင်ပြင်လိုက်တယ်။ ရွှယ်ပေါင်း ၏ မျက်နှာလေးသည် ပန်းနုရောင်သန်းကာ အိပ်ရာထဲမှာ  နူးညံ့စွာ အိပ်နေသည်။ သူမ၏မျက်လုံးများသည် သူမ၏မျက်ခွံအောက်မှ အနည်းငယ်ရွေ့လျားလာသည်။ လီယွီသည် သူမကို မနှိုးမိအောင် အလျင်အမြန် ကျောခိုင်းလိုက်သည်။ သူမက ပြန်လည် အိပ်မောကျသွားတော့သည်။

လီယွီသည် ကုတင်ပေါ်မှ စောင်နှစ်ထည်ကို ဆွဲယူကာ လှည့်ကြည့်လိုက်သည်။ သူသည် ရှောင်လော် ၏ ပခုံးပေါ် လွှမ်းတင်လိုက်ပြီး ကလေး လေးယောက် အပေါ်မှ စောင် တစ်ထည် အုပ်လိုက်သည်။

ဒီလိုလုပ်ရင်းနဲ့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုယ်သူ ချီးကျူးနေသေးတယ်။ သို့သော်လည်း သူက ပေါင်းရိ ကို စိတ်အနှောက်အယှက်ဖြစ်အောင် စလိုက်သေးသည် ။  ပေါင်းရိ သည် ချက်ချင်းထကာ မျက်လုံးများကို ပွတ်သပ်ကာ အိပ်ချင်မူးတူးပုံစံဖြင့် "ပါးပါးလား?"

လီယွီ က အလျင်စလို အသံထွက်ကာ ချော့သိပ်လိုက်သည်။ ပေါင်းရိ က ရွှယ်ပေါင်း နဲ့တူကာ ပြန်အိပ်ပျော်သွားမယ် ထင်ပေမယ့်   မထင်မှတ်ဘဲ ပေါင်းရိ သည် ပို၍ပင် နိုးထလာခဲ့သည်။

အတူတကွပင် ပေါင်းရိလေးက တာဝန်ရှိသော ငါးအကြီးကဲ့သို့ပင်  ငါးပါးပါးနှင့်အတူ သူ့ညီညီမလေးကို စောင်ဖြင့် အတူတူ လွှမ်းခြုံပေးလိုက်သေးသည်။   ညီမငယ်လေး ရွှယ်ပေါင်းကိုလည်း ဂရုတစိုက်နှင့် စောင်ခြုံပေးလိုက်သေးသည်။

ပေါင်းရိ က တကယ်ကို အားကိုးအားထားပြုစရာကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ပု။ လီယွီက မပြုံးပဲ မနေနိုင်တော့ပေ။

မကြာခင်မှာပဲ ရှောင်လော် နိုးလာတယ်။ သူမ မတော်တဆ အိပ်ပျော်သွားပြီး ထိုက်ကျူဖေး က ကလေးတွေကို ပြုစုနေတာကို တွေ့လိုက်ရတော့ ရှောင်လော် ဟာ အလွန် အပြစ်ရှိသလို ခံစားလိုက် ရသည်။

သို့သော် လီယွီက သူမကို အပြစ်မတင်ဘဲ အနားယူဖို့ သူမကို  ရက်ရက်ရောရော လက်ယမ်း ပြလိုက်သေးသည်။

ရှောင်လော် သည် အလွန်ကျေးဇူးတင်မိပါသည်။ လီယွီကို ဦးညွှတ်ကာ အခန်းထဲက ထွက်သွားသည်။ သခင်လေးတွေ နိုးလာတဲ့အခါ သူတို့ ဗိုက်ဆာတော့မှာ သေချာတယ်လို့ ထင်ပြီး ရှောင်လော် က စားစရာ ပြင်ဆင်ဖို့ သွားလိုက်တယ်။

မူလက ရာသီဥတုက အရမ်းကောင်းပြီး အရမ်းပူနွေးနေတယ်။ အခန်းတွင်းရှိ ပြတင်းပေါက်ကို နည်းနည်း ဖွင့် ထားလိုက်သည်။ လီယွီသည် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။

ကောင်းကင်ကြီးက အရမ်းပြာလွင်နေတယ်။ လီယွီကို ဖျတ်ခနဲ စိုက်ကြည့်လိုက်သည်။ မိုးကုပ်စက်ဝိုင်းကနေ မီးခိုးပြာရောင် တိမ်တချို့ လွင့်ပျံလာတယ်။

လွန်ခဲ့သည့်ရက်အနည်းငယ်က မုထျန်းချီ သည် အခွန်ဝန်ကြီးဌာနတွင် စတင်အလုပ်ဝင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အအေးဓာတ်ပါသည့် လေပြင်းတိုက်ခတ်သောအခါ အခွန်ဝန်ကြီးက အခွန်ဝန်ကြီးဌာန၏ အဓိကကျသော ကိစ္စရပ်များကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသခဲ့သည်။

အိမ်ရှေ့စံမင်းသားသည် ခေါင်းကို မြှောက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ မော့ကြည့်လိုက်သည်။ အရင်တစ်မိနစ်က ကောင်းကင်က တောက်ပပြီး လှပနေသေးတယ်။ ဒီအချိန်တိုလေးအတွင်းမှာ ကောင်းကင်မှာ တိမ်မည်းတွေ လျှပ်စီးလက်သလို မိုးကြိုးပစ်တာတွေ ဖုံးလွှမ်းသွားခဲ့တယ်။

" ကျေးဇူးပြု၍ သတိထားပါ အရှင်မင်းသား " အခွန်ဝန်ကြီးက စိုးရိမ်ကြောင်း ပြောခဲ့တယ်။

သို့သော် မုထျန်းချီ နားမထောင်ပေ။  အစီရင်ခံစာတွေကို ကိုင်ဖို့ သူအသုံးပြုနေတဲ့ လက်က ပြတင်းပေါက်အပြင်ဘက်ကို ဆန့်တန်းကာ ဂရုတစိုက်ကြည့်ရင်း ရပ်တန့်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကို လျှပ်တစ်ပြက် လျှပ်စီးလက်ကာ မိုးခြိမ်းသံနှင့်အတူ ချက်ချင်း ဆင်းသက်လာသည်။

ဒီမိုးခြိမ်းသံက ခါတိုင်းလို မဟုတ်ဘူး...။

ထို့နောက် အိမ်ရှေ့မင်းသားသည် လျှပ်စီးလက်သည့်နေရာကို လှမ်းကြည့်သည်။ အိမ်ရှေ့မင်းသား၏ အိမ်ယာဘက်မှ ဖြစ်ပုံရသည်။

ရှောင်ယွီ သည် ခြံဝင်းအတွင်းတွင် ရှိနေဆဲဖြစ်သည်။ မုထျန်းချီ ၏ မျက်နှာသည် လျှပ်စီးရောင်အောက်တွင် ် ရုတ်တရက် ဖြူဖျော့သွားသည် ။ သူသည် မသေမျိုးတွေ ကျင့်ကြံခြင်းနှင့်  ပတ်သက်၍ ယခင်က ဖတ်ဖူးသည့် ရှေးကျမ်းများစွာကို ပြန်သတိရလာသည်။ ပြင်းထန်သောလေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းချိန် ဒီလောက် ကြီးမားသောမိုးခြိမ်းသံနှင့် လျှပ်စီးလက်ခြင်းမျိုး၊ ဒါက မိုးကောင်းကင် အတိ ဒုက္ခ စမ်းသပ်မှုကြီး ဖြစ်ရမည်။

အိမ်ရှေ့စံမင်းသားသည် သူ၏ စုတ်တံကို ချက်ချင်းချလိုက်ပြီး  ခြေလှမ်းကျဲများဖြင့် အပြင်သို့ ပြေးသွားခဲ့သည်။

အခွန်ဝန်ကြီးနှင့် အခြားအရာရှိများ အားလုံး အံ့အားသင့်သွားကြသည်။ အိမ်ရှေ့မင်းသားကို ခေါ်ရန် ပြေးလာကြသော်လည်း အိမ်ရှေ့မင်းသားက နားပင်းသွားသလိုပင်။  အခွန်ဝန်ကြီးသည် အိမ်ရှေ့မင်းသားကို မဆွဲဆောင်နိုင်ခဲ့ပေ။ သူတို့က အစီအစဉ်ပြောင်းပြီး မိုးကာအင်္ကျီနှင့် ဝါးဦးထုပ်ယူရန် လူများကို ထပ်ခါတလဲလဲ အမိန့်ပေးခဲ့သည်။ သို့သော် ထိုပစ္စည်းများကို ယူဆောင်လာသောအခါ အိမ်ရှေ့မင်းသား ပျောက်ကွယ်သွားသည်မှာ ကြာမြှင့်လှလေပြီ။
 

မြင်းကို ဒုန်းစိုင်းရင်း  မုထျန်းချီ သည် မိုးရေထဲ လျှပ်စီးလက်ကာ  မိုးကြိုးပစ်ချနေသည့် အိမ်ရှေ့မင်းသား၏ အိမ်သို့ အမြန်ပြန်သွားခဲ့သည်။

အိမ်ရှေ့မင်းသားသည် မြင်းပေါ်မှဆင်းရန် အချိန်မရှိသဖြင့် ခြံထဲသို့ မြင်းဖြင့် စိုင်းကာ ဝင်လာလိုက်သည်။

ဝမ့်ကုန်းကုန်းသည် အိမ်ရှေ့မင်းသား၏ ရုတ်တရက် အရေးတကြီးပေါ်လာသည့် အသွင်အပြင်ကြောင့် ထိတ်လန့်သွားပြီး ဘာကိစ္စရှိသလဲလို့  စိတ်လှုပ်ရှားစွာ မေးလိုက်ပေမယ့်  အိမ်ရှေ့မင်းသားက ပြန်မဖြေဘူး။

အိမ်ရှေ့မင်းသားက အိပ်ဆောင်ကို တောက်လျှောက်ပြေးလာခဲ့ချိန် ကလေးငိုသံကို ကြားလိုက်ရတယ်။ နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း တံခါးကို တွန်းထုတ်ကာ အရာအားလုံးကို လုံးဝဂရုမစိုက်နိုင်တော့ပေ။

ပေါင်းရိ သည် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ မျက်လုံးများကို အဆက်မပြတ်ပွတ်သပ်နေသည် ။ လီယွီသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး အဝတ်အစားများ လေထဲတွင် လွင့်နေသည်။ ထိုအခိုက်အတန့်တွင် တစ်ဖက်လူက မိုးကောင်းကင်သို့ပျံတက်ကာ ထွက်ခွာတော့မည်ဟု သူ ထင်လိုက်မိသည်။

ရှောင်ယွီ ၏မေးခွန်းကို သူ မည်ကဲ့သို့ ရှောင်ခဲ့သည်ဖြစ်စေ နောက်ဆုံး စမ်းသပ်မှုသည် အဆုံးတွင် ရောက်ရှိလာဆဲဖြစ်သည်။

မိုးကြိုးဘေးသင့်သည့် မိုးကောင်းကင် စမ်းသပ်မှု အတိဒုက္ခသည် အန္တရာယ်ရှိသော ပြဿနာ တစ်ခုဖြစ်သည်။ အကယ်၍ နောက်ဆုံးစမ်းသပ်မှု အောင်မြင်ပါက ရှောင်ယွီက သူတို့ကို ခွဲကာ အထက်ကောင်းကင်ကို ထွက်ခွာသွားတော့မည်.....

"ရှောင်ယွီ မသွားနဲ့!" မုထျန်းချီ က ပြင်းပြင်းထန်ထန် အော်လိုက်မိသည်။

သူက ဤငါးကလေးကို လေတွေ မိုးတွေနဲ့ ဝေးရာကို ဆွဲခေါ်လိုက်ပြီး လီယွီ အား သူ့ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် သိုင်းဖက် ထားလိုက်သည်။

ပေါင်းရိ က သူ့မျက်လုံးထဲကို လေတိုက်လို့ မျက်ရည်ကျခဲ့ခြင်း ဖြစ်သည်။
 မိုးကြိုးမုန်တိုင်းကြောင့် ပြတင်းပေါက်တွေပိတ်ဖို့ ကြိုးစားနေတဲ့ လီယွီ -  ???

ပေါင်းရိ က ငိုတာကို မေ့သွားပြီး ပါးပါး နှစ်ယောက်ကို ကြည့်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။

"ထျန်းချီ..... ဘာကိစ္စရှိလို့လဲ" လီယွီက နားမလည်ဘဲ တိတ်ဆိတ်စွာ မေးလိုက်သည်။

အိမ်ရှေ့မင်းသား၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် မိုးရေကြောင့် စိုစွတ်နေသည်။  သူ့အဝတ်အစားတွေက စိုစွတ်နေတော့မယ် မဟုတ်လား။ ဒါပေမယ့် သူက လီယွီ ကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ ဘာပဲဖြစ်ဖြစ် လွှတ်ရန် ငြင်းဆန်နေသည်။

"မသွားနဲ့......" အိမ်ရှေ့မင်းသားက ဝမ်းနည်းစွာပြောလိုက်သည်။


ဒီစကားတွေကို အထပ်ထပ်ပြောနေတာကိုကြားတော့ လီယွီ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားတယ်။

လီယွီ က ငါးကြင်းနတ်ဆိုးလို့ ပြောထားတာကြောင့် အိမ်ရှေ့စံမင်းသားသည်  သာမာန်မိုးကြိုးမုန်တိုင်းကို ကောင်းကင်ဒုက္ခအဖြစ် လွဲမှားထင်မြင်ခဲ့သည်။

သူက  ဘာစမ်းသပ်မှု ဘေးဒုက္ခ ကြုံခဲ့ရမှာလဲ။ ဒီလူက ဘာလို့ ဒီလောက် တုံးအ နေတာလဲ....

လီယွီက  ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူ့နှာခေါင်းထဲ ချဉ်စူးတက်လာသဖြင့် လေကို ခပ်ပြင်းပြင်း ရှူရှိုက်ရင်း အားအင်အပြည့်ဖြင့် အိမ်ရှေ့မင်းသားကို ပြန်လည် ပွေ့ဖက်လိုက်သည်။

"ထျန်းချီ.....စိတ်မပူပါနဲ့" လီယွီ က ဆက်ပြောလိုက်သည်။

"ကျွန်တော် ဘယ်ကိုမှ မသွားဘူး၊ ခင်ဗျား နဲ့ မခွဲပါဘူး"


*********-********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Donde viven las historias. Descúbrelo ahora