Chapter (102-1) - အဖိုးဆီကို စာရေးသည့် ကလေးများ

4.5K 900 9
                                    

Chapter (102-1) - အဖိုးဆီကို စာရေးသည့် ကလေးများ


System သည် နောက်ဆုံးအဓိကမစ်ရှင်ကို မထုတ်ပြန်သေးသောကြောင့် လီယွီ သည် အလုပ်များအတွက် အလျင်စလိုလုပ်ဆောင်ရန် မလိုအပ်ပေ။ ကျင်းအိမ်တော်ကို ဝမ့်ကုန်းကုန်းက ကောင်းမွန်စွာ စီမံခန့်ခွဲခဲ့ သည်။ ဝမ်ဖေးအနေဖြင့် လီယွီသည် အမှန်တကယ် ဘာမှ လုပ်ဖို့ပင် မလိုအပ်ပေ။ သူသည် နေ့စဉ် ကလေးများကို ပြုစုစောင့်ရှောက်ရန်သာ လိုအပ်ပြီး ကျင်းဝမ်အား ရံဖန်ရံခါ အကြံဉာဏ်များ ပေးတတ်သည်။ ထိုရှုထောင့်မှကြည့်လျှင် သူ့ဘဝသည် သူနှစ်သက်သည့်ပုံစံအတိုင်း ဆက်လက်တည်ရှိနေပြီး ဝမ်ဖေးဘွဲ့ကို ရရှိသည်ကလွဲရင် အမှန်တကယ် ပြောင်းလဲခြင်းမရှိပေ။

ဒီလိုဘဝမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်ပြီး အခုလည်း ကျင်းဝမ် ရဲ့ ကြင်နာမှုကြောင့် လီယွီ တစ်ယောက် ပြီးပြည့်စုံသည့် ဘဝကို ပိုင်ဆိုင်နိုင်တာ ဖြစ်သည်။

ကျင်းဝမ် သည် သူ့စကားအားလုံးကို နားထောင်ပြီး နာခံလေ့ရှိသည်။ ဥပမာ ဘဲကင်သီးသန့်ရောင်းသည့် စားသောက်ဆိုင်ဖွင့်တာက လီယွီ က ဘဲတွေကို စားချင်တယ်လို့ တစ်ခါက ထုတ်ပြောလိုက်တာကြောင့်ပါ။ လက်ရှိအချိန်မှာတော့ ဒီဆိုင်ဟာ ကျယ်ကျယ်ပြန့်ပြန့် လူသိများတဲ့ အထူးစားသောက်ဆိုင်တစ်ခု ဖြစ်လာနေပါပြီ။ အဝေးက တော်ဝင်မြို့တော်မှ လညသော ချန်အန်းမြို့စားအိမ်တော်၏ အမွေဆက်ခံသူပင်လျှင် ကောင်းကင်ယံအထိအောင်ကောင်းကြောင့် ဘဲကင် အကြောင်း ချီးမြှောက်ခဲ့သည်။

နေ့ရက်များသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျင်းဝမ် ၏ ကြိုးပမ်းမှုအောက်တွင်၊ အနောက်တောင်တန်း၏ ကြီးမားသော ဘေးဒုက္ခများထဲမှ တစ်ခုဖြစ်သည့် အဖျက်ကျိုင်းကောင်များ အမြစ်ပြတ်ချေမှုန်းခဲ့သည်။ အခြားသော ဘေးဆိုးကြီးဖြစ်သည့် ဓားပြများ အားလုံး သေဆုံးကုန်ပြီ။ သို့မဟုတ် ဒဏ်ရာများ ရရှိပြီး မည်သည့် ပြဿနာမှ မရှာ နိုင်တော့ပေ။အနောက်တောင်တန်း၏ လက်ရှိအခြေအနေမှာ တည်ငြိမ်နေသည်။ နယ်စပ် အနီးနားက မငြိမ်မသက်မှုတွေတောင် တော်တော်နည်းသွားလေပြီ။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now