Chapter (152-2) - ငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ခြင်း

3.5K 740 11
                                    

Chapter (152-2) - ငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ခြင်း


ကောင်းတဲ့အချက်က ဖက်တီးလေးကို ကယ်တင်ခဲ့မိတာ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေက သေချာပေါက် ဆိုးရွားနေလိမ့်မယ်။

လီယွီက ဒီတလျှောက်လုံး မေးစရာ မေးခွန်းများစွာရှိခဲ့သည်။  

" ထျန်းချီ  ခင်ဗျားက ငါးခေါင်းကို အမြဲထိနေတာ ဘယ်လိုကြောင့်လဲ။ ဒါ ဘာကို ဆိုလိုတာလဲ?" လီယွီ က စိတ်ဝင်တစား မေးလိုက်သည်။

ဤအမူအရာသည် အရွယ်ရောက်ပြီးသူ မုထျန်းချီ ထံမှ လီယွီ သင်ယူခဲ့သော အရာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ နောက်တော့ ဖက်တီးလေးကို သူ  သင်ပေးခဲ့တယ်။ ဟိုတုန်းကတော့ ဖက်တီးလေးက ငါးရဲ့ ခေါင်းကို ကောင်းကောင်းမပွတ်ပေးနိုင်ခဲ့ဘူး။ ကြီးပြင်းလာပြီးနောက်တွင် လီယွီ ကို ကျွမ်းကျင်စွာ အသုံးပြုခဲ့သည်။ ဒီလျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်တဲ့ လှုပ်ရှားမှုက ဘာကို ဆိုလိုတာလဲ။

ပြုံးရင်း မုထျန်းချီ က သူ့ခေါင်းကို ပွတ်သပ်ပြီး "စိတ်မရှုပ်ပါနဲ့" လို့ လေးလေးနက်နက် ပြောလိုက်တယ်။

အိမ်ရှေ့မင်းသားက ထပ်မံဖြေကြားရန် ငြင်းဆိုခဲ့သည်။ လီယွီ က အနည်းငယ် ငြီးတွားလိုက်သည်။  

"အဲဒီတုန်းက ငါးတစ်ကောင်ကို ဘာလို့ကောက်ပြီး ပြန်သယ်လာတာလဲ" ဒါကို မင်း အနည်းဆုံး ရှင်းပြနိုင်မလား။

လက်ရှိ မုထျန်းချီ သည် ယခုမေးခွန်းကို ဖြေနိုင်နေပြီဖြစ်သည်။ လီယွီ၏ နှုတ်ခမ်းများကို နမ်းရင်း "ငါးမြီး တဖြတ်ဖြတ် ရိုက်ခတ်သံ ရုတ်တရက် ရပ်သွားတာကြောင့်ပါ" ဟု ပြောလိုက်သည်။

လီယွီ : ဟင်??

"အဲဒီတုန်းက မမှတ်မိပေမယ့် မင်းရဲ့အမြီးရိုက်ခတ်သံကို ငါ့ခေါင်းထဲမှာ စွဲလန်းနေမိတုန်းပဲ။ အဲ့ဒီ အသံရပ်သွားရင် ငါးလေး သေသွားလိမ့်မယ်- ငါ မင်းကိုမသေစေချင်ဘူး။"

အိမ်ရှေ့မင်းသားက လေးနက်စွာ  ပြောလိုက်သည် ။


လီယွီသည် ထိုစကားကို ကြားလိုက်ရချိန် လုံးဝမျက်ရည်ကျလာမိသည်။ ဒါကြောင့်မို့ အခုလို ဖြစ်ခဲ့တာပေါ့- အိမ်ရှေ့မင်းသားက သူ့ကို ကယ်တင်ခဲ့တာ အိမ်ရှေ့မင်းသားငယ်စဉ်က သူ ကယ်တင်ခဲ့ခြင်းရဲ့ ရလဒ်နဲ့ အိမ်ရှေ့မင်းသားကို ကယ်တင်နိုင်ခဲ့တဲ့ အကြောင်းအရင်းကြောင့် ဖြစ်တယ်။ ဒီမေးခွန်းက   ကြက်က အရင်ဖြစ်သလား၊ ကြက်ဥက အရင်ဖြစ်သလားဆိုတဲ့ မေးခွန်းလို အရမ်းဖြေရခက်တယ်။ ...... ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့  သံသရာတစ်ခုလိုပါပဲ။

  ဒီလိုဖြစ်ခဲ့လည်း  အိမ်ရှေ့မင်းသားက လုံးဝ စိတ်မဝင်စားဘူး။ သူ ...... ဒီသံသရာထဲမှာ ပိတ်မိနေတာလည်း  ကောင်းပါတယ်။

" ထျန်းချီ ၊ ဒါက ကျွန်တော့်ရဲ့နောက်ဆုံးစမ်းသပ်မှုပဲ။ ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား?" လီယွီက ချစ်ခင်ပွန်းကို တောင်းဆိုလိုက်သည်။

 "ဒီစမ်းသပ်ချက်သာ မအောင်မြင်ခဲ့ရင် ကျွန်တော်က  ငါးအရိုးနဲ့ ငါးပြာအဖြစ် ပြောင်းသွား လိမ့်မယ်"

အိမ်ရှေ့မင်းသား- "......"  

ကောင်းကင်စမ်းသပ်ချက် အတိဒုက္ခတွေ ကျရှုံးရင် အဲ့ဒီလောက်  ပြင်းထန်သလား။

အိမ်ရှေ့မင်းသားက ငါးကြင်းနတ်ဆိုးကို ငါးအရိုးနဲ့ ငါးပြာမှုန့်ဖြစ်အောင် ဘယ်လိုခွင့်ပြုမလဲ။ သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်း ငါ့ကိုဘာလုပ်စေချင်လဲ" အိမ်ရှေ့မင်းသားက မေးလိုက်တယ်။

ရက်ပေါင်းများစွာ ကြာသောအခါ အိမ်ရှေ့မင်းသား သရဖူဆောင်းသည့် အခမ်းအနားကျင်းပသည်။  

ဖုန်းရှန်  နန်းတော်ရှေ့၊ အထက် ဘိုးဘေးများနှင့် ယခင်မျိုးဆက်များ၏ကဗျည်းတိုင် ရှေ့တွင် ဧကရာဇ်သည် မုထျန်းချီ ကို အိမ်ရှေ့မင်းသားအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ တော်ဝင် အမိန့်ကို ကျယ်လောင်စွာ ဖတ်ပြခဲ့သည်။ ဧကရာဇ်မင်းသည် ဒီနေ့တွင် အားလုံးကို ရွှင်မြူးစွာ ပွဲတော် ဆင်နွှဲခွင့်ပြုခဲ့သည်။

လီယွီသည် ငါးပုံသဏ္ဍာန် ချည်ထိုးထားသော ထိုက်ကျူဖေး ၏ တော်ဝင် အခမ်းနား ဝတ်စုံကို ဝတ်ဆင်ထားသည်။ အိမ်ရှေ့မင်းသား၏ အဓိက ကြင်ယာတော်အဖြစ်၊ သူသည် အခြားသူများထက် အိမ်ရှေ့မင်းသားနှင့် ပိုမိုနီးကပ်သော နေရာတွင်   တည်ကြည်စွာ မတ်တပ်ရပ်ကာ နောက်ကျောကို ဖြောင့်မှန်စွာ မတ်ထားသည်။

တော်ဝင်အမိန့်ကို ဖတ်ပြီးနောက် ဧကရာဇ်မင်းမြတ်သည် အိမ်ရှေ့စံမင်းသားအား  ကောင်းကင်ဘုံအား ဂါရဝပြုရန် အမိန့်ပေးခဲ့သည်။ မုထျန်းချီ သည် လီယွီရှေ့တွင် မြှားတစ်စင်းကဲ့သို့  အမြန်နှုန်းဖြင့် လာခဲ့ပြီး အခြားမည်သူမျှမရှိသကဲ့သို့ ထိုက်ကျူဖေး၏လက်ကို ကိုင်လိုက်သောအခါ လီယွီသည် အခြားသူများကဲ့သို့ ထိတ်လန့်ကာ ဒူးထောက်ကျလုလု ဖြစ်သွားမိသည်။

ဒါက သိပ်ကို သင့်လျော်ပုံမပေါ်ဘူး မဟုတ်လား?  

အိမ်ရှေ့စံမင်းသားသည် သူ၏ သရဖူဆောင်းခြင်း အခမ်းအနားနှင့် ကောင်းကင်ဘုံကို ဂါရဝပြုရာတွင် အဓိက ဇာတ်လိုက် ဖြစ်သည်။ ထိုက်ကျူဖေး က ဘာကြောင့် ဒီလို လုပ်ပိုင်ခွင့်ရှိမှာလဲ။
 

 လီယွီသည် လူတိုင်း၏အကြည့်များကြောင့်  တောင်ကြီးတစ်ခု၏အလေးချိန်ကဲ့သို့ ဖိအားတစ်ခုက သူ့အပေါ်တွင် ရောက်လာသလို ခံစားလိုက်ရသည်။

"စိတ်မပူပါနဲ့။ ဒါကို ခမည်းတော်ကို ကြိုပြီး လျှောက်တင်ထားပြီးသားပါ " အိမ်ရှေ့မင်းသားက ပြောခဲ့သည်။

ဒါကိုကြားတော့ လီယွီ က ဧကရာဇ်ကို အဝေးကနေ လှမ်းကြည့် လိုက်တော့  ဧကရာဇ်က သူတို့နှစ်ယောက်ကို လက်ပြနှုတ်ဆက်ခဲ့သည်။

အိမ်ရှေ့မင်းသားနှင့် ထိုက်ကျူဖေးတို့သည် အနာဂတ်ဧကရာဇ်နှင့် ဧကရီတို့ ဖြစ်လာလိမ့်မ်ည်။  ထိုက်ကျူဖေးသည် အိမ်ရှေ့မင်းသားနှင့်အတူ အရိုအသေပေးတာက သင့်လျော်ပါတယ်....


အိမ်ရှေ့မင်းသားသည် အများအားဖြင့် အလုပ်ကို စေ့စေ့စပ်စပ် လုပ်တတ်သည်။ လီယွီသည် ဤအသေး အဖွဲလေးများနှင့်ပတ်သက်၍ စိတ်ပူစရာမလိုပေ။ အိမ်ရှေ့မင်းသား၏ ဆွဲခေါ်မှုကြောင့် လူနှစ်ဦးသည် ဆုတောင်းပွဲအတွက် တည်ဆောက်ထားသည့် ကောင်းကင်ဘုံလှေကားထစ်ဆီသို့ အတူ လျှောက်လာကြသည်။

လှေကားထစ်တွေ၏ အထက်တွင် အတူ မတ်တပ်ရပ်လိုက်ကြသည်။  စင်မြင့်ပေါ်တွင် ဝိညာဉ်ရေးရာ နှင့် ပတ်သတ်သည့် အင်းပြားတစ်ခုကို ချထားခဲ့သည်။ ရှေ့တွင်  မရေမတွက်နိုင်သော ပူဇော်သက္ကာပြုထားသည့် အရာများစွာ ရှိသည်။ နန်းတွင်း သဘင်သည်အဖွဲ့က ရွှင်မြူးသော ဗုံသံများ စတင်လိုက်သည် ။ လီယွီသည် အိမ်ရှေ့မင်းသား၏ လှုပ်ရှားမှုများကို ကြည့်ကာ စိတ်အားထက်သန်စွာ အာရုံစိုက်လျက်  ရှုပ်ထွေးဖွယ်ကောင်းသည့်  ထုံးတမ်းစဉ်လာ အရိုသေပေးရမည့် အစီစဉ်များကို ပြီးမြောက်စေခဲ့သည်။

ထုံးတမ်းစဉ်လာ အရိုသေပေးမှု ပြီးသွားသောအခါတွင် လူနှစ်ဦးသည် လှေကားထစ်အောက်ရှိ လူလှိုင်းလုံးကြီးကို  လှမ်းကြည့်ကြသည်။ နားမလည်နိုင်သော အကြောင်းပြချက်တစ်ခုခုကြောင့် လီယွီသည် အနောက်တောင်တန်းတွင် ဦးညွှတခဲ့သော သာမန်ပြည်သူများကို ပြန်သတိရမိလာသည်။ ဒီလိုမျိုး မြင်ကွင်းမျိုး နောက်တစ်ကြိမ် ကြုံရတော့ သူလည်း အတွေ့အကြုံရှိလာခဲ့လေပြီ။

ဒါမှမဟုတ် ဒါက ကမ္ဘာရဲ့ထိပ်ဆုံးမှာ ရပ်နေတဲ့ လူတစ်ယောက်လို ခံစားချက်မျိုးဖြစ်နိုင်တယ်။  

"ဒီလိုဆိုရင်  အဆင်ပြေလား?" အိမ်ရှေ့မင်းသားက မေးလိုက်တယ်။

"ဟုတ်ကဲ့။" လီယွီသည် မျှော်လင့်ချက်အပြည့်ဖြင့်  ခေါင်းညိတ်လိုက်သည်။

ရှောင်ယွီ သည် ပိုမိုပြင်းထန်သော   မိုးကောင်းကင်ဆိုင်ရာ စမ်းသပ်ချက် အတိဒုက္ခများကို ပြီးမြောက်ချင်ခဲ့သည်။ အခမ်းအနားတစ်ခုရဲ့ ခံစားချက်ကို နားလည်ဖို့ အချိန်အတော်ကြာ စဉ်းစားပြီးမှ အိမ်ရှေ့မင်းသားက ရှောင်ယွီကို စမ်းသပ်မှုအောင်မြင်အောင် ကူညီပေးဖို့ နတ်ဘုရားတွေကို အရိုသေပေးတဲ့ အခိုက်အတန့်ကို ရွေးချယ်လိုက်သည်။

အိမ်ရှေ့မင်းသားက လီကိုကြည့်သည်။

လီယွီ  ၏မျက်လုံးများက တောက်ပလျက် "ကျွန်တော် အရမ်း ကျေနပ်မိတယ် " ဟု တိုးတိုးလေးပြောလိုက်သည်

လီယွီ၏ဦးခေါင်းထဲတွင် System ၏ အသံက အိမ်ရှေ့မင်းသား၏အသံနှင့်အတူ တပြိုင်တည်း ထွက်ပေါ်လာသည်။

  ကတိသစ္စာ နှင့် ချစ်ခြင်းမေတ္တာ၏ အချိုသာဆုံး ဝန်ခံခြင်း မစ်ရှင် နှစ်ခုလုံး ပြီးမြောက်ခဲ့ပြီ....

အိမ်ရှေ့မင်းသားက "ငါ မင်းနဲ့အတူ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဆန္ဒရှိတယ်" လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။


"နိုင်ငံတော် မျှဝေခံစားခြင်း" တာဝန်သည် နောက်ဆုံးတွင် ပြီးမြောက်ခဲ့လေပြီ။

လီယွီက အရမ်း ပျော်သွားခဲ့မိသည်။ ပျော်လွန်းလို့ သူ အိပ်မောကျနေချိန်တွင်ပင် ပြုံးနေမိမှာ သေချာသည်။

  သရဖူဆောင်းသည့် အခမ်းအနားပြီးသောအခါ၊ သူသည် System ထဲ ဝင်ရန်  အားလပ်ချိန်ကို ရွေးချယ်ခဲ့သည်။

သူ အချိန်အကြာကြီး စောင့်မျှော်နေသော ဝန်ထုပ်ဝန်ပိုးကြီးကနေ လွတ်မြောက်ခဲ့ပြီးနောက်၊ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သူ၏ဆုလာဘ်ကို ရယူရမည့်အချိန်ရောက်လာလေပြီ။

System သည် နောက်ဆုံးမစ်ရှင်အတွက် ဆုလာဘ်များစွာကို ထုတ်ပေးပြီးဖြစ်သည်။ လီယွီသည် အရာအားလုံးကို လက်ခံရန် ခလုတ်ကို လေးနက်စွာ နှိပ်လိုက်သည်။ လူသားအဖြစ်သို့ ပြောင်းလဲနိုင်စေသည့် သူ၏ အသွင်ကူးပြောင်းရေးစွမ်းရည်သည်   ငါးအဖြစ် ပြောင်းလဲနိုင်စေရန် ပြောင်းလဲ သွားခဲ့သည်။ ထို့အပြင် အချိန်ကန့်သတ်ချက်များ သို့မဟုတ် အရေအတွက် ကန့်သတ်ချက်များလည်း မရှိတော့ပေ။ အသွင်ပြောင်းမှုကို သူ့စိတ်ကြိုက် အချိန်မရွေး ပယ်ဖျက်နိုင်သည်။ ဒါက သာမန်အခြေအနေမှာ သူက ငါးတစ်ကောင်မဟုတ်တော့ဘူးဆိုတာ ညွှန်ပြနေတယ်။ အဲ့ဒီအစား သူက  လူသားတစ်ဦးဖြစ်လာပြီ။


ပြောစရာမလိုအောင်၊   သူလိုချင်သည့်အချိန်တိုင်း ငါးအဖြစ် ပြောင်းလဲနိုင်သော လူသားတစ်ဦးလည်း ဖြစ်လာသေးသည်။


ရေသူထီး နှင့် ငါးလူသား စွမ်းရည်တို့သည် အတူတူပင်ဖြစ်သည်။ ကန့်သတ်ချက်တွေ လုံးဝမရှိတော့ဘူး။ ယခု သူသည် ငါးကြင်းနတ်ဆိုးလို ဟန်ဆောင်နိုင်ပြီဖြစ်သည်။

သူ့ရဲ့ ကြားခံ နေရာလွတ်က အရွယ်အစား ထပ်ပြီး တိုးလာသည်။  လီယွီ ပင် မသိသည့် အတိုင်းအတာ တစ်ခုအထိ တိုးလာကာ ဘယ်လောက်တောင် ကြီးသွားပြီလဲ။

ဆုပေးပွဲ၏နောက်ဆုံးအပိုင်းအဖြစ် လီယွီ ၏မျက်လုံးများရှေ့တွင် မှော်တံခါးတစ်ခုပေါ်လာသည်။

ဒါက ဘာလဲ? လီယွီ က မေးလိုက်သည်။

System က "ဂုဏ်ယူပါတယ် Host.... မင်းက အဓိက မစ်ရှင်တွေ အားလုံးကို ပြီးမြောက်ခဲ့သလို အာဏာရှင်ဆိုးကြီးရဲ့ စိတ်နေစိတ်ထားကိုလည်း ပြောင်းလဲစေခဲ့တယ်။ ဒီတံခါးကိုသုံးပြီး လက်တွေ့ မင်းရဲ့ ကမ္ဘာကို ပြန်သွားနိုင်ပါပြီ"

လီယွီ : "........"  

လီယွီ သည် ဝတ္ထုတစ်ပုဒ်သို့ ကူးပြောင်းလာခဲ့သည်ကို သတိရလာခဲ့သည်။ ထို့ကြောင့် ဤတံခါးကို ဖြတ်သွားလျှင် သူက ဒီဝတ္ထုထဲကနေ  စွန့်ခွာသွားနိုင်တယ်ပေါ့.....

လီယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီအခွင့်ရေးက တကယ်ကို စွဲမက်စရာကောင်းတယ်ဆိုတာ သူ  ဝန်ခံပါတယ်။ ဒီရှေးခေတ်ကို ရွှေ့ပြောင်းလာတဲ့ ပထမဆုံးနေ့မှာ သူ  အရမ်းကို ထွက်သွားချင်နေခဲ့တယ်။ သို့သော် ယခု သူ အမှန်တကယ် ထွက်သွားနိုင်ပြီ ဖြစ်ပေမယ့် ထွက်ခွာဖို့ ဝန်လေးနေမိသည်။

သူ့ဘဝက  ဤရှေးခေတ်ကမ္ဘာနှင့် ချိတ်ဆက်နေပြီဖြစ်သည်။ သူ့မှာ ချစ်ခင်ကြင်နာတတ်တဲ့ ယောင်္ကျားတစ်ယောက်ရှိနေတယ်။ သူ့မှာ ချစ်ဖို့ကောင်းတဲ့ သားလေးယောက် နဲ့ သမီးတစ်ယောက်ရှိတယ်။ နောင်တမရဘဲ သူတို့ကို   ထားခဲ့နိုင်ပါ့မလား။

System က "Host ...... စိတ်ချပါ။ မင်း ထွက်ခွာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ပြင်ပေးမှာဖြစ်လို့ မင်း လုံးဝ မခံစားစေရဘူးလို့ ကတိပေးပါတယ်  "  

လီယွီ : ???

ဒီလို မှတ်ဉာဏ်ကို  reset ချတဲ့ အကြောင်းကို သူသိတယ်။ သို့သော် မှတ်ဉာဏ် ပြန်လည်ပြင်ဆင်ခြင်းမှာ   သူတစ်ယောက်တည်းသာ ဖြစ်ပြီး သူ့ခင်ပွန်းမဟုတ်ပေ။ သူ ဒီလိုလုပ်လိုက်ပြီး သူ့ခင်ပွန်းနဲ့ သားသမီးတွေကို ထားရစ်ကာ    ထွက်ခွာသွားခဲ့ရင် သူ သိပ်ကို နှလုံးသားမဲ့သူ ဖြစ်သွားလိမ့်မယ်။

ငါ ထွက်သွားမှာမဟုတ်ဘူး.... လီယွီ က ပြောလိုက်သည်။

အိမ်ရှေ့မင်းသားက သူ့ကို ယုံကြည်ပြီး ချစ်ခဲ့တာ့ဖြစ်လို့ သူ ဘယ်တော့မှ နောင်တ ရမှာ မဟုတ်ဘူး။  

အကယ်၍ သူသာ ငါးကြင်းနတ်ဆိုးတစ်ကောင်ဖြစ်ခဲ့လျှင်လည်း  မသေမျိုး ဖြစ်ရန် အခွင့်အရေးကို စွန့်လွှတ်လိုက်ရသည့်အတွက် နောင်တရမည်မဟုတ်ပေ။

System ငါးလေးတစ်ကောင်အနေဖြင့်၊ သူသည် လက်တွေ့ကမ္ဘာသို့ပြန်လာရန် သူ၏အခွင့်အရေးကို စွန့်လွှတ်လိုက်သည့်အတွက် နောင်တရမည်မဟုတ်ပေ။

System က လီယွီ ၏ ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။ မှော်တံခါးသည် နှစ်ကြိမ်ပွင့်လာပြီး လုံးဝပျောက်ကွယ်သွားသည်။

System က "ဒီဆုလာဘ်ကို Host က လက်မခံတဲ့အတွက် တခြားအရာနဲ့ လဲလှယ်လို့ရပါတယ်။"  

မှော်တံခါးရှိတဲ့နေရာမှာ ခလုတ်လေးတစ်ခုပေါ်လာတယ်။ တောက်ပြောင်သော ရွှေရောင် စာတန်း တစ်ခု ပေါ်လာပြီး  အထက်တွင် လွင့်မျောနေသည်- ခေတ်သစ်ကမ္ဘာဆီသို့ နှစ်ရက် ကွင်းဆင်းလေ့လာရေးခရီး....

System က "Host ၊ သင်နဲ့အတူ တွဲဖက် လိုက်ပါမယ့်လူကို သင်ကိုယ်တိုင် ရွေးချယ်ပါ။ ဒီဆုလာဘ်က သင့်ကို ခေတ်မီကမ္ဘာသို့ သွားရောက်လည်ပတ်ဖို့ အခွင့်ရေးရစေတယ်။  ခေတ်သစ်ကမ္ဘာတွင် နှစ်ရက်နေထိုင်ခြင်းသည် ရှေးခေတ်ကမ္ဘာတွင် ၁၅ မိနစ်မျှသာ အချိန်ကြာမှာ ဖြစ်ပါတယ်။ သင်  လက်ခံချင်လား မလက်ခံဘူးလားဆိုတာ ဆုံးဖြတ်ပါ။"

လီယွီ : "......"

အိုး အိုး အိုး ဒါဆို အိမ်ပြန်ဖို့ 15 မိနစ် အလည်ပတ်ခရီး ဖြစ်သွားပြီပေါ့....
 

တခါတရံ အိမ်ကိုပြန်ကြည့်ရတာလည်း မဆိုးပါဘူး။ ထို့အပြင်၊ 15 မိနစ်သာ ထွက်ခွာတာ ဖြစ်လို့ သူတို့ ဘဝကို အနှောက်အယှက်ဖြစ်စေမည်မဟုတ်ပါ။ ပြီးတော့ သူက အဖွဲ့လိုက် ပြန်လို့ရမလား?

သို့သော် သူသည် ဘယ်သူ့ကိုခေါ်သွားရမလဲ ။
 

ကောင်လေး လေးယောက် နှင့် ရွှယ်ပေါင်းတို့ထဲက တစ်ယောက်ယောက်ကို  လီယွီ ခေါ်သွားပါက မျက်နှာလိုက်ရာကျလိမ့်မည်။
 

သို့သော် သူသည် ကလေးငါးဦးကို သူ ကိုယ်တိုင် မသိကျွမ်းသောကမ္ဘာတစ်ခုသို့ ခေါ်ဆောင်ခဲ့မည်ဆိုပါက ဘေးအန္တရာယ်တစ်ခုဖြစ်လာမည်မှာ သေချာသည်။  

အဲသလို ခေါ်လာလို့ရမလားဟု  လီယွီ က မေးလိုက်သည်။

System က "ရပါတယ်"

လီယွီ သည် အိမ်ရှေ့စံမင်းသားကို စိတ်လှုပ်ရှားစွာ သွားကြည့်သည်-

"အရှင်မင်းသား...ခင်ဗျား  ဒီငါးကြင်းနတ်ဆိုးရဲ့ အသိုက်ကို လိုက်လည်ဖို့ ကျွန်တော်ခေါ်မယ်ဆိုရင် ဘယ်လိုလဲ...လိုက်မှာလား...."


*******-***********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now