Chapter (154) - အနမ်းတပွင့်

3.4K 621 3
                                    

Chapter (154-1) - အနမ်းတပွင့်

အိမ်ရှေ့မင်းသားသည် ငါးနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လီယွီ သည် အိမ်ရှေ့မင်းသားငါးနက်ကြီး ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

လတ်ဆတ်သော ပင်လယ်စာဆိုင်၏ အရောင်းစာရေးသည် လီယွီ သည် ငါးနက်ကြီးအား တိတ်တဆိတ် တီးတိုးပြောသည်ကို မကြားလိုက်ပေ။ သို့သော် ဤငါးနက်ကြီးသည် ရုတ်တရက် သူ့အလိုလို ခုန်ထွက်လာပြီး ဖောက်သည် ယောကျာ်းကို ပြင်းပြင်းထန်ထန် ပါးရိုက်ခဲ့သည်။ အရောင်းစာရေးက အံသြနေပြီ။ သူနောက်ဆုံး ပြန်သတိဝင်လာသောအခါ သူက လီယွီအား "ဒီငါးကို လိုချင်သလား" ဟု လိမ္မာပါးနပ်စွာ မေးလိုက်သည်။

လီယွီသည် ထမင်းစေ့ ကောက်နေသော ကြက်ကလေးတစ်ကောင်လို ခေါင်းညိတ်ပြလိုက်သည်-

"ဟုတ် ဟုတ်ကဲ့!"

ဤစာရေးလေးသည် တစ်စုံတစ်ခုကို တွေးတောကာ ဟက်ဟက်ပက်ပက်ရယ်မောကာ အရွှန်းဖောက်လိုက်သည်။

"ဒီငါးက ခုန်ချရင်းနဲ့ လူတစ်ယောက်ကို ရိုက်လိုက်သလို ဒီလောက် တက်ကြွမယ်လို့ ဘယ်သူ ထင်ထားမလဲ "

စာရေးက ရိုးရှင်းစွာပဲ တွေးလိုက်သည်။ အဲဒါက ပုံမှန် ဖြစ်ပျက်နေသလိုပဲ။ နဖူးပေါ်က ချွေးတွေကို သုတ်ရင်း "ဒါဆို ငါးကို အရင်ချိန်နိုင်လား" လို့ ပြောလိုက်တယ်။

လီယွီ : "......"

အိုး. ဤလုပ်ရိုးလုပ်စဉ်က အများအားဖြင့် ငါးဝယ်ခြင်းလုပ်ငန်းစဉ်တွင် လုပ်ရသည့် အဆင့်တစ်ခုဖြစ်သည်။

လီယွီသည် စာရေး၏အကူအညီကိုပင် မတောင်းဘဲ အိမ်ရှေ့မင်းသားငါးနက်ကြီး နက်ကြီးကို ချိန်ခွင်ထဲသို့ သယ်ဆောင်သွားခဲ့သည်။

ကိုယ်အလေးချိန်ချပြီးနောက် အိမ်ရှေ့မင်းသားငါးနက်ကြီး နက်ကြီးသည် ၈ ကျင်း နှင့် ၆ လျံဖြစ်လာသည်။ ရွှယ်ပေါင်း ထက်တောင် ပိုလေးနေသေးတယ်။

လီယွီသည် ဤငါးနက်ကြီးကို ချိန်တွယ်ခြင်းကို လုပ်ပြီးနောက် မြန်မြန်တွက်ရန် စာရေးကို တိုက်တွန်းခဲ့သည်။ ပိုက်ဆံဘယ်လောက်ကုန်တယ်ဆိုတာ ဂရုမစိုက်ဘဲ မျက်လုံးမှိတ်ပြီး ဖုန်းကို ပွတ်ဆွဲကာ ငွေချေလိုက်တယ်။ စာရေးက ငါးကို အလေးချိန်ပြီးသွားတော့ သူ့အရင်က ထိတ်လန့်နေတာကနေ တဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်။ ရင်းနှီးသောပုံစံဖြင့် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ဆွဲထုတ်ခဲ့ကာ မေးလိုက်သည်–

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Onde as histórias ganham vida. Descobre agora