Chapter (146-2) - ငါးပါးပါးနိုးလာတာကို စောင့်မယ်။ ညီမလေးကို စောင့်မယ်

4K 875 11
                                    

Chapter (146-2) - ငါးပါးပါးနိုးလာတာကို စောင့်မယ်။ ညီမလေးကို စောင့်မယ်

တကယ်တော့ လီယွီသည်  စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်နေသေးသည် ။ အိမ်ရှေ့မင်းသား ရောက်လာတာနဲ့အမျှ သူရဲရင့်လာသည်။

"မကြောက်နဲ့ ငါ မင်းကို အတူရှိနေမယ်"
 အိမ်ရှေ့မင်းသားက လီယွီ၏ နဖူးမှချွေးများကို သုတ်ပေးရင်း ညင်သာစွာပြောလိုက်သည်။

ခေါင်းညိတ်ရင်း လီယွီသည် နောက်ဆုံးတွင် ထိုက်တောင်တန်းကြီးကဲ့သို့ တည်ငြိမ်သော အိမ်ရှေ့စံမင်းသားသည် မျက်နှာအရောင် ဖြူဖျော့ဖျော့ဖြစ်နေသည်ကို အခုမှ သတိပြုမိလိုက်သည်။ သူ့လက်တွေကလည်း တဆတ်ဆတ်တုန်နေသည်။  ယခု သူ၏အသွင်အပြင်သည် "တိုက်ပွဲဝင်တော့မည့်" လီယွီထက်ပင် ပို၍စိတ်လှုပ်ရှားနေသလိုပင်။

လီယွီသည် ကြည်နူးမှုနှင့် ပျော်ရွှင်မှု နှစ်မျိုးလုံးကို ခံစားခဲ့ရသည်။  

 "အရှင်မင်းသား ...ဒီကိုလာဖို့ ခွင့်တောင်းခဲ့သေးလား "

"......ကိုယ် ခွင့်တောင်းဖို့ မေ့သွားတယ်။"

 ရှောင်ယွီ ဖွားမြင်တော့မည့် အကြောင်း သတင်းရရှိပြီးနောက် အိမ်ရှေ့စံမင်းသားသည် အထက်အရာရှိကြီးအား ဘာမှပြောရန် အချိန်မရပဲ အိမ်တော်ကိုသာ တန်းပြန်လာခဲ့သည်။

လီယွီက ထိုစကားကိုကြားတော့ အကျယ်ကြီး ရယ်မောလိုက်သည်။  

အိမ်ရှေ့မင်းသားက ပန်းကန်ကို ကောက်ယူပြီး လီယွီကို ဖက်ထုပ်အချို့နှင့် မက်မွန်ပွင့်ကွတ်ကီး တစ်ပိုင်းကိုလည်း ကျွေးလိုက်သည်။

လီယွီ၏ဗိုက်နာတာက အနည်းငယ်ရပ်သွားသော်လည်း ယခုအခါ ပြန်လည်နာကျင်လာပြန်သည်။ ဒီတစ်ကြိမ်က အရင်အကြိမ်တွေထက် ပိုနာကျင်သဖြင့်  သူ့အတွက် စိတ်မသက်မသာ ဖြစ်စေလောက်အောင် နာကျင်နေတော့သည်။

လီယွီသည် စကားမပြောနိုင်ဘဲ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ထိုနာကျင်မှု လှိုင်းလုံးကြီးကို ဖြတ်ကျော်လို့နေသည်။

အိမ်ရှေ့မင်းသားက သူ့င်္အကျီလက်ကို ဆွဲတင်လိုက်ပြီး သူ့လက်ကို  အနားကို တိုးကပ်ပေးခဲ့သည်။  နီရဲနေသော မျက်လုံးများဖြင့် လီယွီက ခေါင်းခါလိုက်သည်။ ခင်ပွန်းသည်က သူ့ကိုတွေ့ဖို့ လာခဲ့တယ်။ မကိုက်တာ အကောင်းဆုံးပဲ။  

ဒီနာကျင်မှု ဝေဒနာလှိုင်းလုံးကြီးပြီးသွားတဲ့အခါ ဝမ်းဆွဲလက်သည်တွေက လီယွီကို ထပြီး နောက်ထပ်တစ်ဖန် လမ်းလျှောက်ခိုင်းသည်။ လီယွီသည် ယခုမှပင် ခြေထောက်များ ထုံကျင်ကာ နာကျင်နေသည်။ သို့သော်  သူ့တွင် ရွေးချယ်စရာမရှိပေ။ လမ်းလျှောက်ဖို့ လိုနေတယ်။ ရှောင်လျှို က လီယွီ ကို ဖေးမဖို့ ရောက်လာပေမယ့် အိမ်ရှေ့မင်းသားက "သွားတော့" လို့ ပြောလိုက်သည်။

သူသည် လီယွီကို ပွေ့ဖက်လိုက်ပြီး လီယွီအား အလွန်အမင်း ဖြည်းညှင်းစွာ လျှောက်လာရင်းနှင့် လီယွီကို အားကိုးတကြီး ထားလိုက်သည်။

လီယွီ၏အဝတ်အစားများသည် ချွေးများဖြင့် စိုရွှဲနေသည်။ ဒီအချိန်မှာတော့ ဒါက သူခံနိုင်ရည်ရှိတဲ့ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ ခံစားနေရသည်။

လီယွီသည် အချိန်အတိုင်းအတာတစ်ခုအထိ လမ်းလျှောက်ခဲ့သည်။ ဗိုက်ကာ နောက်တဖန် နာကျင်စပြုလာသောအခါတွင် ခေတ္တအနားယူပြီး ထိုင်နေလိုက်သည်။ ပိုကောင်းလာတဲ့အခါ လမ်းလျှောက်သည်။ဒီလိုမျိုး ထပ်တလဲလဲ လုပ်ပြီးနောက် တခါတရံ သားဖွားလက်သည်တွေက  လီယွီ၏ဗိုက်ကို စမ်းသပ်ရန်  လာကြသည်။ နောက်ဆုံးတော့ သူတို့က "သားဖွားဖို့ အိမ်ခန်းထဲဝင်ဖို့အချိန်ရောက်ပြီ" ဟုပြောခဲ့သည်။

"......ကျွန်တော်သွားရတော့မယ်။" လီယွီက တိုးတိုးလေးပြောလိုက်သည်။

နောက်ဆုံး အောင်ပွဲကို ရယူူဖို့ လောင်ကုန်းဆီက အားပေး နောက်ဆုံးအနမ်းတစ်ချက်ကို ယူချင်လို့ လီယွီက မော့ကာ နူတ်ခမ်းကို စူလိုက်သည်။

အိမ်ရှေ့မင်းသားသည် လီယွီ၏ နူတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး လက်ကို ကိုင်ကာ "သွားတော့" ဟု ပြောခဲ့သည်။

လီယွီ : "......"

လီယွီသည် အိမ်ရှေ့မင်းသား သူ ဖြစ်စေချင်သည်နှင့် အနည်းငယ် နားလည်မှု လွဲနေသည်။ အိမ်ရှေ့မင်းသားက သူနှင့် ခွဲဖို့ လုံးဝ ဝန်လေးပုံမပေါ်ပေ။ သို့သော်လည်း လီယွီက အဖြေကို အမြန်ရှာတွေ့ခဲ့သည်။

အိမ်ရှေ့မင်းသားက သူ့ကို သားဖွားလက်သည်တွေ လက်ထဲ  တကယ် မအပ်ခဲ့ပါဘူး။ ယင်းအစား လီယွီအား မွေးခန်းထဲထိ ကိုယ်တိုင် လိုက်ပါလာခဲ့သည်။
 
လီယွီသည် သားဖွားလက်သည်များ၏ စကားကို လိုက်နာကာ ကုတင်ပေါ်တွင် လှဲလိုက်သည်။ အိမ်ရှေ့မင်းသားသည် နောက်ဆုံးတွင် ထွက်သွားတော့မည်ဟု သူ ထင်ခဲ့သော်လည်း အိမ်ရှေ့မင်းသားသည် လုံးဝ ထွက်ခွာရန် ကြံစည်ပုံမပေါ်ဘဲ အိပ်ယာဘေးတွင် ဆက်လက်စောင့်ကြပ်နေခဲ့သည်။

သားဖွားလက်သည် အားလုံးသည် အိမ်ရှေ့မင်းသား၏ တည်ရှိမှုကို လုံးဝလျစ်လျူရှုကာ အလျင်စလို ပြေးလွှားကာ  ကလေးမွေးပေးဖို့ လုပ်နေသည်။ သူကိုယ်တိုင် ဘေးမှ စောင့်မယ်ဆိုတာ လက်သည်တွေကို ကြိုတင်ပြောထားတာ သေချာသည်။ဒ
 
"ခင်ဗျား....."

ဘယ်လိုဖြစ်လို့  အခန်းထဲက မထွက်သေးတာလဲ။ လီယွီသည် မယုံနိုင်လောက်အောင်ဖြစ်ခဲ့သည်။

ရှေးခေတ်က လူ့အဖွဲ့စည်းတွင် သားဖွားခန်းကို  'ညစ်ပတ်သောနေရာ' ဟု သတ်မှတ်ခဲ့သည်။ ရိုသေလေးစားဖွယ်လူများက သားဖွားခန်းထဲ ဝင်ဖို့မပြောနှင့် သာမန်လူတန်းစားထဲက    ယောက်ျားအနည်းငယ်သာလျှင် သားဖွားခန်းထဲ ဝင်ကာ ဇနီးသည်ကို အားပေးကြသည်။  သို့သော် အိမ်ရှေ့မင်းသားသည် အချိန်အတော်ကြာအောင် နေခဲ့သည်။

"ရှောင်ယွီ ၊ မကြောက်နဲ့။ ကိုယ် မင်းနဲ့ အတူတူ ရှိနေမယ်။" အိမ်ရှေ့မင်းသားက ထပ်ပြောခဲ့သည်။

လီယွီသည် နောက်ဆုံးတွင် အိမ်ရှေ့စံမင်းသား၏ အဓိပ္ပါယ်ကို   သဘောပေါက်သွားသည်။ မျက်လုံးမှိတ်ပြီး ခေါင်းညိတ်ပြရင်း မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။

ဓားတောင်တန်းနဲ့ မီးပင်လယ်ကို အခုချက်ချင်း ရင်ဆိုင်ရရင်တောင် သူ့ လောင်ကုန်းရှိနေလို့ သူ  မကြောက်တော့ဘူး၊

နာကျင်မှုတွေ ဘယ်လောက်ပဲ ဖြစ်ပါစေ  သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံက သူ့ကို ခံနိုင်ရည် ခွန်အားနဲ့ သတ္တိတွေ ပေးနေခဲ့သည်။

လီယွီသည် သားဖွားလက်သည်များ၏ ညွှန်ကြားချက်များကို လိုက်နာရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် သတိလစ်မေ့မြောမသွားမီ၊ System ၏အသံ၊ ကလေးငိုသံ တို့နှင့် အတူ သူ့ကိုခေါ်နေသည့် ရင်းနှီးသောအသံကို သူကြားလိုက်ရသည်။  

 အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိတော့ပေ။ သူ  မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အလင်းတွေက သူ့ ပတ်လည်တွင်  ဝိုင်းနေတာကိုတွေ့လိုက်ရသည်။ ဒါက သူ ရှေးခေတ်ကို မရောက်ခင် System ထဲက  ကမ္ဘာကြီးဖြစ်သည်။

ဖြစ်ပျက်ခဲ့သမျှကို တိုတိုတုတ်တုတ် ပြန်သတိရလိုက်မိသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် မူးလဲသွားပုံရသည်။ ဒီအတွက်ကြောင့် System ထဲကို ဒီအတိုင်း ရောက်လာခဲ့တာလား။

သူက ကလေးမွေးဖို့ ကြိုးစားနေတုန်းပဲ။ ချိုမြိန်သော မုန့်လေး အဆင်ပြေရဲ့လား .....အိမ်ရှေ့မင်းသား... သူ့လောင်ကုန်း အိမ်ရှေ့မင်းသားကလည်း သူ့ကို စောင့်နေတယ်။

"...... Host ..... စိတ်မပူပါနဲ့။ မင်းက   "မုန့်ချိုလုံးလေးကို အသေးစိတ်စဉ်းစားပေးခြင်း"  မစ်ရှင်ခွဲကို အောင်မြင်စွာပြီးမြောက်ပြီးဖြစ်တယ်။  မင်းသမီးကို မင်းရဲ့ အဖွဲ့ထဲကို  ထည့်ထားပြီးသွားပါပြီ"

System က  လီယွီကို ချက်ချင်းအကြောင်းကြားလာခဲ့သည်။ ဒါ့အပြင် Screen ပေါ်တွင် အပြင်မှာ ဖြစ်နေသည့် အခြေနေကို   ချက်ချင်းပြသခဲ့သည်။ "မုန့်ချိုလုံးလေးကို အသေးစိတ်စဉ်းစားပေးခြင်း"  မစ်ရှင်၏ အခြေအနေ ပြီးသွားပါပြီ။

ဟား။ ဒါဆို သူ ကလေးမွေးပြီးသွားပြီပေါ့?

ငါ့မျှော်လင့်ထားသလိုပဲ!

လီယွီသည် ယခုအချိန်တွင် ဝေဒနာကို လုံးလုံး မေ့သွားကာ မှိုရသလို ပျော်နေတော့သည်။


ချိုမြိန်သောမုန့်လုံးလေးသည် ငါး မဟုတ်သော်လည်း မွေးပြီးနောက် မွေးကင်းစကလေးဖြစ်ခဲ့သော်လည်း သူ့ လက်အောက်က အဖွဲ့ထဲတွင်ပါဝင်ခဲ့ပြီး "ငါးကလေး၏အခြေအနေကိုစောင့်ကြည့်ခြင်း" လုပ်ဆောင်ချက်ကို အသုံးပြု၍ စစ်ဆေးနိုင်သည်။

ထို့ကြောင့် လီယွီသည် ချက်ခြင်းပင် မုန့်ချိုလုံးလေးကို ကြည့်လိုက်သည်။ ရှောင်လျှို နှင့် ချင်းရှီး သည် ယခုလက်ရှိ ကလေးကို ရေချိုးပေးပြီး ပန်းရောင်အသားအရည်၊ မျက်နှာဝိုင်းဝိုင်း၊ ဆံပင်ထူထူနှင့် ထွားကြိုင်းသော မွေးကင်းစကလေးငယ်ကို သုတ်ပေးနေသည်ကို သူတွေ့လိုက်ရသည်။

လီယွီ၏နှလုံးသားများ အရည်ပျော်လုမတတ်ပင်။ ထိုသည်မှာ သူနှင့် အိမ်ရှေ့မင်းသား၏ သမီးတော်လေး ဖြစ်သည်။

ဒီကလေးက  အတော်လေးကို ကြီးပြင်းလာခဲ့တယ်။ ချိုမြိန်သော မုန့်လုံးလေးကို မွေးထားသော်လည်း သူမ၏ အသားအရည်သည် တင်းတိပ်မရှိလှပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမသည်  ပန်းနုရောင် အသားရေလေးနှင့် အရမ်းကို ကျန်းမာသန်စွမ်းနေပုံရသည်။  

သူမကို ကြည့်နေတာကို သိလိုက်ရသလိုပဲ မွေးကင်းစကလေးငယ်ရဲ့ မူလမှိတ်ထားတဲ့ မျက်လုံးတွေ ရုတ်တရက်ပွင့်လာခဲ့သည်။  အနက်ရောင်မျက်လုံးများက လီယွီရှိနေသည့် အနေရာကို သိသလို နေသကဲ့သို့ လေထဲသို့ စိုက်ကြည့်နေသည်။

လီယွီသည် ချက်ချင်းပင် ပါးစပ်ကို အုပ်ကာ ရယ်လိုက်မိသည်။

ဒီကလေးက သူနဲ့တူသလို မုထျန်းချီ နဲ့လည်းတူတယ်။ အကြည့်တစ်ချက်နှင့်ပင် သူမသည် သူတို့၏ ကလေးဖြစ်ကြောင်း ပြောနိုင်လောက်အောင်ပင်။လီယွီသည် ခဏကြာအောင် အကြည့်မလွဲနိုင်အောင်  ငေးကြည့်နေမိသည်။  

 မစ်ရှင်ခွဲ အတွက် ဆုလက်ခံရန် systemက  လီယွီ ကို သတိပေးခဲ့သည်။ နောက်ဆုံးတွင် လီယွီသည် အခြားအရာတစ်ခုကို  ကြည့်ရန် ဝန်လေးစွာ လှည့်လာရသည်။

ဒီတစ်ကြိမ် ဆုကြေးက အရမ်းထူးခြားသည်။  သူသည် သူ၏ကုသနိုင်စွမ်းကို တိုးမြင့်စေပြီး ကလေးမွေးဖွားရာတွင် နာကျင်မှုကို လျော့နည်းစေသည်။

လီယွီက သူ့ကိုယ်သူ "ဒီဟာကို ငါ့ကို ပေးရတာ ဘာသဘောလဲ" အခက်ခဲဆုံးအပိုင်းကို သူ ရှင်းရှင်းလင်းလင်း ကြုံတွေ့ခဲ့ရပြီးပြီ။ မိုက်မဲတဲ့ systemက  တကယ်ကို နောက်ကျပြီး မှ  ပစ်ခတ်နိုင်တဲ့ အမြောက်တစ်လက်လို သူ့ကို ဒီဆုပေးနေတယ်ပေါ့....

System က Host ၏ အတွေးအမြင်များကို ရှင်းရှင်းလင်းလင်း ဖတ်ရှုနိုင်လို့ ပြန်ဖြေခဲ့သည်- "ဆုလာဘ်ကို မကျေနပ်ရင် Host က ဒါကို ပယ်ဖျက်လိုပါသလား။"  

လီယွီ : ......nooooo!! ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်! နောက်ကျနေရင်တောင် နာကျင်မှုက လျော့ကျနေတုန်းပဲလေ။

လီယွီသည် System ထဲမှ ထွက်လာခဲ့သည်။  ဒီတစ်ခါတော့ နိုးထဖို့က သိပ်မလွယ်လှဘူး။ သူ့မျက်ခွံတွေက အရမ်းလေးလံပြီး မဖွင့်နိုင်လုနီးပါးပါပဲ။ အခုလေးတင် သူက System ထဲမှာ တော်တော်လေး ပေါ့ပါးသွားသလို ခံစားရပေမယ့် အထဲက ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်သည် မည်မျှ အားနည်းသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဆုလက်ခံပြီးသားဖြစ်တာကြောင့် အရမ်း ကျေးဇူးတင်မိတယ်။

သူ့ခန္ဓာကိုယ်က လှိုင်းတွေကြားထဲရောက်နေသလို  နာကျင်နေသေးပေမယ့် ဝေဒနာကို ခံစားရချိန်ထက် အများကြီး ပိုကောင်းလာသည်။  သူ့လည်ချောင်းကလည်း အရမ်းခြောက်ပြီး မီးခိုးတွေထုတ်တော့မလိုပဲ....

လီယွီသည် သူ့မျက်လုံးများကို ရွေ့ကာ လှည့်ကြည့်လိုက်သည်။ သူနေတဲ့အခန်းက မည်းမှောင်နေပြီး ဖယောင်းတိုင်တစ်တိုင်သာ ထွန်းညှိထားသောကြောင့် ထိုအိပ်ခန်းသည် သူတို့ အိပ်ခန်းဖြစ်သည်ကို ဖျတ်ခနဲ မှတ်မိလိုက်သည်။  

သူ့ကို သန့်ရှင်းရေးလုပ်ပြီး အိပ်ခန်းထဲ ပြောင်းလာပေးပုံရတယ်။

လီယွီက သူ့အတွေးတွေကို ရှင်းထုတ်ပြီး တစ်ယောက်ယောက်ကို ခေါ်လိုက်ချင်သည်။ သူ့အနီးရှိ တစ်စုံတစ်ယောက်သည် ဦးစွာပြောလာခဲ့သည်။

 "ရှောင်ယွီ ......"

လီယွီသည် ထို အသံတိုးတိုး နှင့် ရင်းနှီးလွန်းသဖြင့် အံ့အားသင့်ကာ ဝမ်းသာသွားရသည်။

အခန်းထဲက အလင်းရောင်က မှိန်မှိန်တွေအောက်  မုထျန်းချီ ထိုင်နေသည်ကို သူ အစပိုင်းတွင် သတိမထားမပေ။ မည်သူမှ မရှိဟု ထင်ခဲ့သည်။ တကယ်တော့ တဖက်လူက သူ နိုးလာဖို့ စောင့်နေတာဖြစ်သည်။

"ရှောင်ယွီ "

 မုထျန်းချီ က သူ့ကို ထရန် ခွင့်မပြုပေ။ ဦးစွာ သူသည် လီယွီကို လက်ဖက်ရည်ပူပူတစ်ခွက် တိုက်ကျွေးပြီးနောက် တော်ဝင်သမားတော်များအား လီယွီကို လာရောက် စစ်ဆေးရန် ဆင့်ခေါ်ခဲ့သည်။

 သမားတော်များသည် လီယွီကို အိပ်ပျော်နေစဉ် တစ်ကြိမ် စစ်ဆေးပြီးဖြစ်သည်။ အိမ်ရှေ့မင်းသည် ထိုက်ကျူဖေး  နေကောင်းကြောင်း အတည်ပြုရန် သူတို့အား ထပ်မံစစ်ဆေးရန် အမိန့်ပေးခဲ့သည်။

လီယွီ သည် အခန်းအပြင်ဘက်သို့ စိတ်မရှည်စွာ တစ်ချက်ကြည့်လိုက်သည်-

 "မုန့်ချိုလုံးလေး ဘယ်မှာလဲ"

သူ့သမီးကို System ထဲမှာ မြင်ဖူးပေမယ့် သူမကို လူကိုယ်တိုင် ကောင်းကောင်းမမြင်ရသေးဘူး။

မုထျန်းချီ က ပြုံးပြုံးရွှင်ရွှင်နဲ့ပြောခဲ့သည်။

 "အခုထိ သန့်ရှင်းရေးလုပ်နေတုန်းပဲ။ နောက်ထပ်နည်းနည်းစောင့်ပါ။"

သိပ်မကြာခင်မှာပဲ ဝမ့်ရှီး က ပန်းရောင် ပိုးထည်ဖြင့် ထုပ်ပိုးထားတဲ့ ကလေးလေးကို သယ်လာသည် ။ အိမ်ရှေ့မင်းသားက လက်ခံပြီး ကလေးကို လီယွီဘေးမှာ အသာလေး ထားလိုက်သည်။
လီယွီသည် သူ့သမီး၏လက်ကို ကိုင်ကာ ချိုမြိန်သော မုန့်လုံးလေး၏ နှင်းဆီရောင်တောက်နေသော ပါးပြင်များကို ကြည့်လိုက်သည်။ သူမသည် System တွင်တွေ့မြင်ခဲ့ရသည်နှင့် တစ်ထပ်တည်း ဖြစ်သည်။  ငါးပါးပါး က သူ့သမီးမျက်နှာကို ကျေနပ်စွာ နမ်းလိုက်သည်။

လီယွီသည် ယခင်က အလွန်ပင် ပင်ပန်းနေခဲ့သည်။ ဒီအခိုက်အတန့်လေးမှာ နိုးနေလိုက်တာတောင် သူ့စွမ်းအင်တွေ လျော့ပါးသွားခဲ့လို့ ခဏကြာတော့ သူပြန်အိပ်ပျော်သွားတော့သည်။

မုထျန်းချီ သည် သူနှင့်သမီးဖြစ်သူအား စောင်ဖြင့် တင်းကြပ်စွာ အုပ်ထားပြီး နှစ်ယောက်သားကို နဖူးပေါ် ဖွဖွလေး နမ်းလိုက်သည်။

အခန်းအပြင်ဘက်မှ ခြေသံများထွက်လာသည်။ တခြားကလေးတွေ ရောက်လာတာပဲ....

"ပါးပါး  ပါးပါး !" ကလေးတွေ အသားကုန်အော်ခေါ်တော့သည်။

နေ့ခင်းဘက်မှာတော့ ကလေးတွေအားလုံး အတန်းထဲမှာ စာကျက်နေကြသည်။  လီယွီ မွေးဖွားတော့မည်ကို သိပြီးနောက် ဧကရာဇ်က ကလေးများအား ကန်ချင်း  နန်းတော်သို့ အထူးတလည် ခေါ်ဆောင်ခဲ့ပြီး သူတို့အား နာရီအနည်းငယ်ကြာအောင် နေထိုင်စေခဲ့သည်။ အခုနောက်ဆုံးတော့ သူတို့ကို အိမ်တော် ကို  ပြန်ခွင့်ပြုလိုက်တဲ့အတွက် အိမ်ရှေ့မင်းသားအတွက် ကလေးထိန်းရ တာဝန်လျော့သွားခဲ့သည်။

"မလုပ်နဲ့..... ပါးပါးက ပင်ပန်းနေတယ်။ သူ့ကို မနှိုးနဲ့"
 မုထျန်းချီ က ကလေးတွေကို တားလိုက်သည်။

ကလေးတွေက ခေါင်းညိတ်ပြီး မဆူညံတော့ဘူးလို့ ကတိပေးလိုက်သည်။ အိမ်ရှေ့မင်းသားက သူတို့ကို လွှတ်ပေးလိုက်သည်။ ပေါင်းရိ ၊ ပေါင်းအာ့၊ ပေါင်းစန်း  နှင့် ပေါင်းဆု တို့သည် ငါးပါးပါး၏ အိပ်ရာဆီသို့ လှည့်ပတ်လျှောက်လာကြသည်။

ပထမတော့ သူတို့ညီမငယ်ကို ကြည့်သည်။ ညီမငယ်သည် ယဲ့ရှုရှု ၏ အိမ်ရှိ ညီမငယ်ထက်ပင် သေးနေသေးသည်။  ထို့နောက် ငါးပါးပါးကို ကြည့်ကြသည်။ ငါးပါးပါး ကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတုန်းဖြစ်သည်။

"ငါတို့ ပါးပါးနိုးလာတာကို စောင့်နေမယ်.... ညီမလေးကို စောင့်ကြမယ်"

ကလေးတွေက ဝမ်းသာအားရပြောလိုက်ကြသည်။

********-**********

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now